Zayar Pharmacy

Zayar Pharmacy Care

19/08/2026

PN:Kids — ကလေးတို့အတွက် နေ့စဉ်ကျန်းမာဖွံ့ဖြိုးရေး 💙

👶 ကလေးလေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့ မိဘတိုင်းက ဂရုစိုက်ပေးကြပါတယ်နော်။

🧠 PN:Kids Memory — Omega-3 DHA ပါဝင်ပြီး ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူပြုရန်
🦴 PN:Kids Grow — Calcium + Vitamin D ပါဝင်ပြီး အရိုးနဲ့ သွားကျန်းမာရေးအတွက်
🌈 PN:Kids Multi Vitamin + Minerals — လိုအပ်နိုင်တဲ့ Vitamin နဲ့ Minerals များ ဖြည့်တင်းပေးရန်

✨ ကလေးတိုင်းရဲ့ ကျန်းမာဖွံ့ဖြိုးမှုကို PN:Kids နဲ့ ဂရုစိုက်လိုက်ပါ။

📍 Zayar Pharmacy တွင် ရရှိနိုင်ပါတယ်ရှင့်
📦 အိမ်အရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်ရှင့်

#ကလေးအားဆေး

💊 ဆေးသောက်တဲ့အခါ လူအများ မှားတတ်တဲ့အချက် ၅ ချက်❌ ကိုယ်တိုင်စိတ်ကြိုက် ဆေးပမာဏပြောင်းသောက်ခြင်း❌ သက်သာလာတာနဲ့ ဆေးကို ချက်...
17/08/2026

💊 ဆေးသောက်တဲ့အခါ လူအများ မှားတတ်တဲ့အချက် ၅ ချက်

❌ ကိုယ်တိုင်စိတ်ကြိုက် ဆေးပမာဏပြောင်းသောက်ခြင်း
❌ သက်သာလာတာနဲ့ ဆေးကို ချက်ချင်းရပ်ခြင်း
❌ ဆေးနှစ်မျိုးကို အာနိသင်တူမတူ မသိဘဲ တွဲသောက်ခြင်း
❌ အစာမစားဘဲ သောက်ရမယ့်ဆေး/စားပြီးမှ သောက်ရမယ့်ဆေးကို မခွဲခြားခြင်း
❌ ဆေးသောက်ပြီး မသက်မသာဖြစ်လာတာကို လျစ်လျူရှုခြင်း

👉 ဆေးတစ်မျိုးသောက်မယ်ဆိုရင် မသေချာတာရှိရင် Pharmacist/ဆရာဝန်ကို မေးပြီးမှ သောက်ပါရှင့်။

ကျန်းမာရေးအတွက် ဆေးသောက်တာထက်
မှန်ကန်စွာ သောက်တတ်ဖို့က ပိုအရေးကြီးပါတယ် 💙

📍 Zayar Pharmacy
🚚 အိမ်အရောက်ပို့ဝန်ဆောင်မှုလည်း ရှိပါတယ်ရှင့်

ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုများနေချိန် ⚠️မိမိနဲ့ မိသားစုအတွက် ဒီအချက်လေးတွေ ဆောင်ရန် / ရှောင်ရန် သိထားပါ 💙💧 ...
14/08/2026

ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုများနေချိန် ⚠️

မိမိနဲ့ မိသားစုအတွက် ဒီအချက်လေးတွေ ဆောင်ရန် / ရှောင်ရန် သိထားပါ 💙

💧 ဆောင်ရန်
• သန့်ရှင်းတဲ့ ရေကိုသာ သောက်ပါ
• ရေကို ကျိုချက်ပြီး သောက်တာ ပိုစိတ်ချရပါတယ်
• အစားအစာကို သေချာကျက်အောင် ချက်စားပါ
• အစားမစားခင်၊ အိမ်သာတက်ပြီးနောက် လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ
• ဝမ်းပျက်ဝမ်းလျှောဖြစ်လာရင် ရေဓာတ်မလျော့အောင် ORS သောက်ပါ

🚫 ရှောင်ရန်
• မသေချာတဲ့ သောက်ရေ၊ ရေခဲ မသုံးပါနဲ့
• လမ်းဘေးအစားအစာတွေကို အထူးဂရုစိုက်ပါ
• မကျက်သေးတဲ့ အစားအစာတွေကို ရှောင်ပါ
• အန်တာ၊ ဝမ်းလျှောတာ ပြင်းထန်နေချိန်မှာ ကိုယ့်ဘာသာ ဆေးမြီးတိုနဲ့ မကုသပါနဲ့

⚠️ အရေးကြီးပါတယ်
ဝမ်းလျှောတာများလာခြင်း၊ အန်တာမရပ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ မူးဝေခြင်း၊ ဆီးနည်းလာခြင်းတို့ရှိရင် ဆေးရုံ/ဆေးခန်းကို အမြန်ပြသပါ။

ကျန်းမာရေးကို ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါ 💙

Zayar Pharmacy မှ မိဘပြည်သူများအတွက် ကျန်းမာရေးအသိပညာပေး မျှဝေပေးခြင်းဖြစ်ပါတယ်။

ဇေယျာဆေးဆိုင်မိသားစု ၂၀၂၅ နှစ်ကုန် အပန်းဖြေငွေဆောင်ခရီးစဉ်အမှတ်တရ ပုံလေးတွေပါ😍🏝️⛱️🌊🌴
29/12/2025

ဇေယျာဆေးဆိုင်မိသားစု ၂၀၂၅ နှစ်ကုန် အပန်းဖြေငွေဆောင်ခရီးစဉ်အမှတ်တရ ပုံလေးတွေပါ😍🏝️⛱️🌊🌴

ဇေယျာဆေးဆိုင် (အင်းစိန်) ရဲ့ ၂၉ နှစ်မြောက် နှစ်ပတ်လည် နေ့လေးဖြစ်တဲ့ ၁၂ . ၁၂ . ၂၀၂၅ ရက်နေ့မှာ ဆေးဝယ်ယူသူ customers များကိ...
12/12/2025

ဇေယျာဆေးဆိုင် (အင်းစိန်) ရဲ့ ၂၉ နှစ်မြောက် နှစ်ပတ်လည် နေ့လေးဖြစ်တဲ့ ၁၂ . ၁၂ . ၂၀၂၅ ရက်နေ့မှာ ဆေးဝယ်ယူသူ customers များကို ကျေးဇူးတုန့်ပြန် အမှတ်တရ အစီအစဉ်လေး အနေဖြင့် ဒီကနေ့ မှာ ကျပ် ၁၂၀၀၀၀ နှင့် အထက်ဝယ်သူသော customers များကို ဇေယျာဆေးဆိုင်အမှတ်တံဆိပ်ပါ အကျီ ၁ ထည်အမှတ်တရလက်ဆောင်ထည့် ပေးမည်ဖြစ်ပါသည်။🥰

၁၂.၁၂.၁၉၉၆ မှ ယနေ့အထိ ၂၉ နှစ်တာ ရွှေလက်တွဲခဲ့ကြသော မိတ်ဟောင်းမိတ်သစ် customers များကို ဇေယျာဆေးဆိုင်မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်။😍

25.11.2025 ဇေယျာဆေးဆိုင်မိသားစု ၁၉ ကြိမ်မြောက် သံဃာအပါး (၁၂၀)မေတ္တာဝါဒီ အာရုံဆွမ်းအလှူ🙏
25/11/2025

25.11.2025 ဇေယျာဆေးဆိုင်မိသားစု
၁၉ ကြိမ်မြောက် သံဃာအပါး (၁၂၀)မေတ္တာဝါဒီ အာရုံဆွမ်းအလှူ🙏

ဒီနေ့မှာတော့ မြန်မာနိုင်ငံမှာ အဖြစ်များဆုံးနဲ့ ကုသမှုခံယူရမှုအများဆုံးဖြစ်တဲ့ နာတာရှည် ဆီချိုရောဂါအကြောင်း ဗဟုသုတ ပြောပြ...
22/11/2025

ဒီနေ့မှာတော့ မြန်မာနိုင်ငံမှာ အဖြစ်များဆုံးနဲ့ ကုသမှုခံယူရမှုအများဆုံးဖြစ်တဲ့ နာတာရှည် ဆီချိုရောဂါအကြောင်း ဗဟုသုတ ပြောပြပေးချင်ပါတယ်။

ဆီချိုရောဂါဆိုတာ ကမ္ဘာတစ်ဝှမ်းမှာ လူသန်းပေါင်းများစွာကို ထိခိုက်စေတဲ့ နာတာရှည် ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပါတယ်။ သင့်မှာ ဆီချိုရောဂါ ရှိနေတယ်ဆိုရင် သင့်ခန္ဓာကိုယ်က သကြားဓာတ် (ဂလူးကို့စ်) ကို ထိထိရောက်ရောက် မသုံးစွဲနိုင်တော့ပါဘူး။ ဒီလိုအခြေအနေကို မကုသဘဲထားမယ်ဆိုရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောပျက်စီးခြင်းနဲ့ မျက်စိမမြင်တော့ခြင်းစတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဆီချိုရောဂါ အမျိုးအစားများ

ဆီချိုရောဂါကို အဓိကအားဖြင့် အုပ်စုနှစ်စုခွဲထားပါတယ်။

အမျိုးအစား ၁ ဆီချိုရောဂါ: (Type 1 Diabetes)

ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အင်ဆူလင်ကို ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို ဖျက်ဆီးလိုက်တဲ့အခါ ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် အင်ဆူလင် လုံးဝမရှိတော့ပါဘူး။ ဒီအမျိုးအစားကို ကလေးဘဝနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ အများဆုံးတွေ့ရပြီး အင်ဆူလင်ထိုးဆေးထိုးပြီး ကုသရပါတယ်။

အမျိုးအစား ၂ ဆီချိုရောဂါ:(Type 2 Diabetes)
ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းစွာ မတုံ့ပြန်နိုင်တဲ့အခါ (အင်ဆူလင်ကို ခံနိုင်ရည်ရှိလာတဲ့အခါ) ဖြစ်ပေါ်ပါတယ်။ အချိန်ကြာလာတဲ့အခါ ပန်ကရိယက လိုအပ်တဲ့ အင်ဆူလင်ပမာဏကို မထုတ်နိုင်တော့ပါဘူး။ လူကြီးတွေမှာ ပိုအဖြစ်များပြီး နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ ဆေးဝါးသောက်သုံးခြင်းနဲ့ ကုသနိုင်ပါတယ်။

ဆီချိုရောဂါ၏ လက္ခဏာများ

အောက်ပါလက္ခဏာတွေ ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

· ပုံမှန်ထက်ပိုပြီး ရေငတ်ခြင်း
· ဆီးခဏခဏသွားခြင်း
· ပင်ပန်းနွမ်းနယ်ခြင်း
· မျက်စိမှုန်ဝါးခြင်း
· ပန်းနာရင်ကြပ်သလို ချောင်းဆိုးခြင်း
· အချိန်ကြာမြင့်စွာ အနာကျက်နှေးခြင်း
· အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း (အမျိုးအစား ၁)
· လက်ဖဝါး၊ ခြေဖဝါးများတွင် ယားယံခြင်း (အမျိုးအစား ၂)

ကာကွယ်ခြင်းနှင့် ထိန်းသိမ်းခြင်း

အမျိုးအစား ၂ ဆီချိုရောဂါကို ကာကွယ်ဖို့ ဒါမှမဟုတ် နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်အောင် ထိန်းသိမ်းဖို့အတွက် အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

· ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးခြင်း: သကြားနှင့် ကျွေးကျေလွယ်သော ကာဗိုဟိုက်ဒရိတ်များကို ရှောင်ကြဉ်ပါ။ အသီးအရွက်၊ သစ်သီးများ၊ ပရိုတင်းဓာတ်နှင့် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို ပိုမိုစားသုံးပါ။
· ကိုယ်ကာယလှုပ်ရှားမှု ပြုလုပ်ခြင်း: တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပါ။
· ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း: ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားပါ။
· ဆေးလိပ်ဖြတ်ခြင်း: ဆေးလိပ်သောက်ခြင်းက ဆီချိုရောဂါနှင့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွားနိုင်ခြေကို များစေပါတယ်။
· သွေးတွင်းသကြားဓာတ် ပုံမှန်စစ်ဆေးခြင်း: ဆီချိုရောဂါရှိပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်စစ်ဆေးပါ။

ဆီချိုရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်ပြီး သင့်လျော်တဲ့ ကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ပြီး ပုံမှန်လူနေမှုဘဝကို ရရှိနိုင်မှာဖြစ်ပါတယ်။

ကျနော်တို့ဇေယျာဆေးဆိုင်(အင်းစိန်) မှာလည်း ဆီချိုရောဂါနဲ့ ပတ်သက်သောဆေးဝါးများ ဆီချိုတိုင်းစက်များကိုအမျိုးအစား စုံလင်စွာ ဝယ်ယူရရှိနိုင်ပါတယ်။

❌🚫လူလိမ် သတိ🚫❌‼️အကြွေအများလဲရာတွင် အလိမ်ခံရခြင်း‼️ယနေ့ ခေတ် လက်လီစျေးဆိုင်များတွင် အကြွေရှားပါးမှု ပြသာနာ မှာ ဆိုင်တိုင်...
19/11/2025

❌🚫လူလိမ် သတိ🚫❌
‼️အကြွေအများလဲရာတွင် အလိမ်ခံရခြင်း‼️

ယနေ့ ခေတ် လက်လီစျေးဆိုင်များတွင် အကြွေရှားပါးမှု ပြသာနာ မှာ ဆိုင်တိုင်းပင်ဖြစ်သည်။ ၂၀၀ တန် ၁၀၀ တန် ၅၀ တန် မဆိုထားနှင့် ၅၀၀ တန်ပင်လျှင် အလွန် ရှားပါနေရာ စျေးဝယ်သူများ ပြန်အမ်းရန်အလို့ငှါ ဆိုင်များမှာ % များပေး၍ အကြွေလဲနေရသည်။ မိမိတို့ဆိုင်သည်လည်း အကြွေလဲပေးသောသူများနှင့် ချိတ်ဆက်ကာ ရသလောက် %ပေး၍အမြဲလဲနေရသည်ပင်ဖြစ်သည်။

ဖြစ်စဉ်မှာ ယနေ့ ၁၉.၁၁.၂၀၂၅ ရက်နေ့ ညနေ ၄:၃၀ ခန့်တွင် ကျွန်တော်တို့ဆိုင်သို့ ပုံပါ အသက် ၄၀ ခန့် မိန်းမတစ်ဦး သည် Bus ကားဂိတ်မှုများထံမှ အကြွေ ရ၍ အကြွေ၂၀၀တန် အများ(၁၇သိန်း)လဲပေးမည်ဟု ကမ်းလှမ်းလာသဖြှင့် အကြွေလဲလှယ်ရာ ထိုအမျိုးသမီးမှ ကားစောင့်နေသဖြှင့် အချိန်မရဟုပြောရာ ဆိုင်မှ ကလေးများမှ လည် အကြွေ ရချင်ဇောဖြင့် အမြန် စစ်ဆေးရာတွင် ပေါ့လျှော့စွာဖြှင့် အကုန်တစ်အုပ်ခြင်း မစစ်ဆေးပဲ ထိုအမျိုးသမိး ကမ်းပေးခဲ့သော ၃ သိန်းခန့်ကိုသာ ရွက်ရေမှန်မမှန် အုပ်အချို့ကိုသာစစ်ဆေးခဲ့ပါသည်။ ထို့နောက် အုပ်ရေပြည့်သဖြင့် ကျသင့်ငွေ ၁၇သိန်း ကို ငွေသားပေးချေရာ ထိုအမျိုးသမီးမှာ ဆိုင်ဘက်မှ ပေးချေသောငွေကိုပင် မရေတွက်တော့ပဲ အချိန်မရဟုပြောကာ ခပ်သုတ်သုတ် ထွက်သွားခဲ့ပါသည်။
ထိုအမျိုးသမီးထွက်သွားပြီးမှ ထို ၂၀၀တန်အကြွေအုပ်များကို သိမ်းဆည်းရန် ပြန်စီသောအခါ ထို ၂၀၀ တန် အုပ်များကြား တွင် ၁၀၀ တန်များ ထက်ဝက်နီးပါးခန့် ရောပါနေသည်ကို တွေ့ရှိလိုက်ရပါသည်။ ရေတွက်ကြည့်သော့အခါ ၁၇သိန်းဟုပြောသော ၂၀၀ တန် အကြွေအုပ်များထဲမှာ ၂၀၀ တန် ၇သိန်းခန့်နှင့် ၁၀၀ တန် ၃သိန်းခန့်သာ ပါဝင်ခဲ့ပါသည်။ မိမိတို့ဆိုင်ဘက်မှ ၇ သိန်းခန့်နစ်နာခဲ့ရပါသည်။ မိမိတို့ဆိုင်ဘက်မှ ပေါ့လျှော့ခဲ့သည်မှ အဓိက ဖြစ်သဖြှင့် မည်သူ့ကိုမျှအပြစ်မတင်လိုပါ။
သို့ဖြစ်ပါ၍ လက်လီ စျေးဆိုင်များအနေဖြင့် ကျနော်တို့ဆိုင်ကဲ့သို့သော ပေါ့လျှော့မှုမျိုးမှ ရှောင်ရှားနိုင်ကြစေရန် အကြွလဲသောကိစ္စများနှင့်ကြုံတွေ့သောအခါ မည်မျှပင်ရင်းနီးကျွမ်းဝင်သူဖြစ်ပါစေ မည်မှပမာဏများပြားသည်ပင်ဖြစ်ပါစေ အချိန်ပေးပြီး စစ်ဆေးကြပါရန် အသိပေးအပ်ပါသည်။
❗️❗️❗️လူအများသိစေလိုခြင်း အလို့ငှါ share ပေးခြင်းဖြင့် ကူညီကြရန် မေတ္တာရပ်ခံပါသည်❗️❗️❗️

အလားတူ ဖြစ်ရပ်များရှိပါကလည်း comment တွင် မျှဝေပေးကြပါဦး

ကျေးဇူးတင်ပါသည်
ဇေယျာဆေးဆိုင်မိသားစု

( 23 ) ကြိမ်မြောက် ထမနဲ အလှူ11 .2 .25 တပို့တွဲလ အဖိတ်နေ့   ဇေယျာဆေးဆိုင် မိသားစု  ထမနဲ အလှူပါရှင့်ဇေယျာဆေးဆိုင်မိသားစုနှ...
11/02/2025

( 23 ) ကြိမ်မြောက် ထမနဲ အလှူ
11 .2 .25 တပို့တွဲလ အဖိတ်နေ့
ဇေယျာဆေးဆိုင် မိသားစု ထမနဲ အလှူပါရှင့်
ဇေယျာဆေးဆိုင်မိသားစုနှင့် အမြဲယုံကြည် စိတ်ချစွာ ယနေ့တိုင် အားပေးကြသော Customer များ၏ အလှူမို့
ကြည်နူး၀မ်းသာ သာဓုခေါ်ဆို နိုင်ပါသည် ရှင့်❤️🥰

16/08/2024

09 255885599 ဖုန်းလိုင်းလေး Error တတ်နေပါသဖြင့် 09 756706734 သို့ ပြောင်းလဲ ခေါ်ဆို ဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံပါတယ်ရှင့်။

ဇေယျာဆေးဆိုင် အင်းစိန်

Address

No. (3), Gandamar Street, West Zaygone, Insein Yangon
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Zayar Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share