The Forest Bookshop

The Forest Bookshop 🌳တိုက်ထုတ်ဈေးဖြင့်ရောင်းချသော စာအုပ်အမျိုးအစားအစုံ အိမ်အရောက်ငွေချေစနစ်ဖြင့် ဝယ်ယူရရှိနိုင်ပါပြီ🌳📚
(1)

"တစ်နေ့တာလုံးကို ချစ်ခြင်းမေတ္တာနဲ့ လွှမ်းခြုံထားပါ"**************************************************တကယ်လို့သာ ကျွန်တေ...
09/09/2026

"တစ်နေ့တာလုံးကို ချစ်ခြင်းမေတ္တာနဲ့ လွှမ်းခြုံထားပါ"
**************************************************

တကယ်လို့သာ ကျွန်တော်တို့ဟာ ဒီနည်းကို အပြည့်အဝ အသုံးချမယ်ဆိုရင် ကရုဏာရှင်မကြီး “မာသာထရီဆာ” လို စံနမူနာထားသင့်တဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ် ဖြစ်လာနိုင်ပါတယ် ။ ဒီနည်းဟာ ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ဖို့ ခက်ပေမယ့် ကျွမ်းကျင်အောင် အားထုတ်ကြိုးပမ်းမှု ပမာဏ အလျောက် ထိုက်သင့်တဲ့အကျိုးကို ရမှာဖြစ်ပါတယ် ။

အမှန်မှာ ဒီနည်းဟာ ခက်ခက်ခဲခဲ ရှုပ်ရှုပ်ထွေးထွေးမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းလေးပါ ။ တစ်နေ့တာလုံးကို ချစ်ခြင်းမေတ္တာနဲ့ ပြည့်နှက်နေစေခြင်း ၊ ချစ်ခြင်းမေတ္တာကို ဘဝရဲ့ ဦးစားပေးမှုမှာ ထိပ်ဆုံးဖြစ်တယ်လို့ ခံယူခြင်း ဖြစ်ပါတယ် ။ ဒီအခါ မျက်လှည့်ပြသလို ထူးဆန်းတာ ဖြစ်လာပါမယ် ။ အရင်က စိတ်ညစ်ခဲ့ရတဲ့ အသေးအဖွဲလေးတွေကို ဂရုမစိုက်မိတော့ဘူး ။ ဘဝရဲ့ အလှအပတွေကို မြင်တွေ့ခံစားမိလာမယ် ။ ပျော်ရွှင်မှုကို ရလာမယ် ။ နေ့စဉ် သာမန်လို ဖြစ်နေတဲ့ဘဝဟာ ထူးထူးကဲကဲ ထူးခြားလာတယ်လို့ ခံစားမိလာမယ် ။ ဘဝမှာ ဘယ်ဟာတွေက အရေးကြီးဆုံးတွေလဲဆိုတာကို နားလည်လာမယ်

ချစ်ခြင်းမေတ္တာနဲ့ လွှမ်းခြုံအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြပါမယ် ။

🌻တစ်နေ့တာကို ချစ်ခြင်းမေတ္တာနဲ့ စတင်ပါ ။

ဒါက ဘာကိုပြောချင်သလဲဆိုတော့ မနက် အိပ်ရာက နိုးထတဲ့အချိန် ဘဝမှာ အရေးပါသူတွေကို မေတ္တာပို့ပါ ။ သူတို့နဲ့တွေ့ရင် ချစ်ခင်ကြင်နာစွာ ပြောဆိုဆက်ဆံမယ်လို့ ဆုံးဖြတ်ထားပါ ။

🌻တစ်နေ့တာကို ချစ်ခြင်းမေတ္တာနဲ့ နေပါ ။

တစ်နေ့တာလုံး လုပ်သမျှ ကြံသမျှ အရာအားလုံးဟာ ချစ်ခြင်းမေတ္တာနဲ့ ဆက်နွယ်နေတဲ့ ကြင်နာသနားခြင်း ၊ သည်းခံခွင့်လွှတ်ခြင်း ၊ သိမ်မွေ့ ခြင်း စတာတွေကို အတတ်နိုင်ဆုံး လုပ်ပါ ။ အရာရာကို လောဘ ၊ ဒေါသ ၊ မနာလိုမှုကင်းပြီး အရှိကို အရှိအတိုင်း ရှုမြင်တတ်ပါ ။ နောက်ပြီး ပေးကမ်း စွန့်ကြဲခြင်း ၊ ဟန်ဆောင်မှု မပါတဲ့ ချီးမွမ်းခြင်း ၊ ရိုးသားခြင်း ၊ နှိမ့်ချခြင်းတို့ကိုလည်း လုပ်ပါ ။

🌻တစ်နေ့တာကို ချစ်ခြင်းမေတ္တာနဲ့ အဆုံးသတ်ပါ ။

အိပ်ရာဝင်လို့ မအိပ်ခင်မှာ တစ်နေ့တာလုံး ကျန်းကျန်းမာမာရှိပြီး ဘေးမသီရန်မခ နေနိုင်ခဲ့တဲ့အတွက် လောကကြီးကို ကျေးဇူးတင်ပါ ။ ဘုရားရှိခိုးတာ ၊ ကမ္မဋ္ဌာန်းထိုင်တာ လုပ်နိုင်ရင် ပိုကောင်းပါတယ် ။

🌻တစ်နေ့တာ လုပ်ရပ်တွေဟာ ချစ်ခြင်းမေတ္တာနဲ့ နီးကပ်သွားစေသလား ၊ ပိုပြီး ဝေးကွာသွားစေသလားဆိုတာကို သုံးသပ်ပါ ။

ချစ်ခြင်းမေတ္တာနဲ့ နီးကပ်စေမယ့် အလုပ်တွေကို နောက်နေ့တွေမှာလုပ်ဖို့ ဆုံးဖြတ်ပါ ။ အဲဒါတွေ လုပ်ခြင်းဟာ သင့်ကို တစ်စုံတစ်ယောက်က ဖိအားပေးလို့ မဟုတ်သလို ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဖို့လည်း မဟုတ်ပါဘူး ။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာ လွှမ်းခြုံထားတဲ့ ငြိမ်းချမ်းသောဘဝကို ရရှိပိုင်ဆိုင်ဖို့ပဲ ဖြစ်ပါတယ် ။

တန်ဖိုး - 12000 ကျပ်

#မိသားစုအတွက်အသေးအဖွဲလေးတွေနဲ့စိတ်ညစ်မနေပါနဲ့
#ဗန်းမော်သိန်းဖေ

"ရင်းနှီးမြှုပ်နှံမှုအားလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြှုပ်နှံခြင်းက အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲ" - ကိုယ့်ကို...
09/09/2026

"ရင်းနှီးမြှုပ်နှံမှုအားလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြှုပ်နှံခြင်းက အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲ"

- ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြှုပ်နှံခြင်း (Investing In Yourself) ဆိုတာ အလုပ်၊ စီးပွားရေးနဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေအတွက်တင်မကပါဘူး။ ကိုယ့်ရဲ့ကျန်းမာရေး၊ ပျော်ရွှင်မှု၊ ပေါင်းသင်းဆက်ဆံရေး စတာတွေအတွက်လည်း အရေးကြီးတာပါပဲ။

- ပိုကောင်းတဲ့အနာဂတ်ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်ရဲ့အချိန်၊ ငွေကြေး၊ Energy တွေကို အရင်းအနှီးပြုပြီး ရင်းနှီးမြှုပ်နှံဖို့ အရေးကြီးပါတယ်။

- ဒီစာအုပ်မှာ Personal Development နဲ့ Career Development အပိုင်းနှစ်ပိုင်း ပါဝင်ပြီး အဓိကအားဖြင့် ကိုယ့်ရဲ့အလုပ်နဲ့ ဘ၀မှာတိုးတက်ပြောင်းလဲဖို့၊ အသက်မွေးဝမ်းကျောင်းနဲ့ ဝင်ငွေဖန်တီးမှုမှာ နောက်တစ်ဆင့်မြှင့်တင်ဖို့အတွက် ဝေမျှမှုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

တန်ဖိုး - 17000 ကျပ်

#ဟိန်းဇော်

ဘယ်စာအုပ်လက်ဆောင်လိုချင်လဲ 😍လိုချင်တာမန့်ခဲ့ အသစ်တွေထဲက ရွေးပေးထားတယ်မင် နောက်တစ်ပတ်နေရင် ကံထူးရှင်ရွေးပေးမယ်နော်မှတ်ချက...
08/09/2026

ဘယ်စာအုပ်လက်ဆောင်လိုချင်လဲ 😍

လိုချင်တာမန့်ခဲ့ အသစ်တွေထဲက ရွေးပေးထားတယ်
မင် နောက်တစ်ပတ်နေရင် ကံထူးရှင်ရွေးပေးမယ်နော်

မှတ်ချက် - ကံစမ်းသူတွေက Page ကို Like & Follow သေချာလုပ်ပေးထားပါနော် ကံထူးလို့ Mention ခေါ်ရင် မလုပ်ထားတာမျိုးဆို မန့်တွေပြန်ရှာပြီး ဆက်သွယ်နေရတာ မင်မင့်အတွက် အဆင်မပြေလို့ပါ

#စာအုပ်လက်ဆောင်

သားသားမီးမီးတို့အတွက် 🥰🥰8000 ကျပ်စီပါရှင့် 🌿ပို့ခ ရန်ကုန်တိုင်း - 1500/ ကျန်မြို့ - 3000 ကျပ်
08/09/2026

သားသားမီးမီးတို့အတွက် 🥰🥰

8000 ကျပ်စီပါရှင့် 🌿
ပို့ခ ရန်ကုန်တိုင်း - 1500/ ကျန်မြို့ - 3000 ကျပ်

“လူတွေက ဘာလို့ အမှတ်တရတွေကို မဖျက်ပစ်နိုင်တာလဲ သိလား ကိုကို။ တကယ်တော့ အမှတ်တရဆိုတာ ဖြစ်ခဲ့တဲ့အရာ မဟုတ်ဘူး။ ကိုယ်ဖြစ်ချင်...
08/09/2026

“လူတွေက ဘာလို့ အမှတ်တရတွေကို မဖျက်ပစ်နိုင်တာလဲ သိလား ကိုကို။ တကယ်တော့ အမှတ်တရဆိုတာ ဖြစ်ခဲ့တဲ့အရာ မဟုတ်ဘူး။ ကိုယ်ဖြစ်ချင်ခဲ့တဲ့ ဘဝပဲ”

ဘုရားအိုများက မြက်ရိုင်းများကြားတွင် တိတ်တိတ် ဆိတ်ဆိတ်။ လေအလျင်ထဲ ပျံ့လွင့်လာသည့် ကိုယ့်အသက်ရှူသံ ကိုယ်ပြန်ကြားနေရသည်။ နံရံဆေးရေးပန်းချီများကား ပျက်ယွင်းနေပြီဖြစ်သော်လည်း အချိန်၏လက်ရာကြောင့် ပိုမိုတင့်တယ်လာသလိုမျိုး။

ကျွန်တော် ဂူဘုရားအတွင်းသို့ ဝင်သွားခဲ့သည်။ ဂူထဲတွင် အေးမြမှောင်မိုက်နေပြီး အပြင်က နေရောင်ခြည်သည် တံခါးပေါက်မှတစ်ဆင့် မျဉ်းတစ်ကြောင်းကဲ့သို့ ထိုးဝင်နေသည်။ ထိုအလင်းတန်းအောက်တွင် ဖုန်မှုန့်လေးများ တဝဲဝဲလွင့်လျက်။ ရုတ်တရက် ကျွန်တော့်စိတ်ထဲတွင် မေညို၏အသံ ပြန်လည်ပဲ့တင်ထပ်လာသည်။

ထိုစဉ်က ကျွန်တော်နားမလည်ခဲ့ပါ။ ယခုတော့ ဂူအတွင်း အမှောင်ထဲတွင် ရပ်နေရင်း ထက်ထက်သန်သန် နားလည်လာခဲ့ပါပြီ။ ကျွန်တော် လွမ်းဆွတ်နေမိသည်မှာ မေညိုတစ်ဦးတည်းကို မဟုတ်။ မေညိုနှင့်အတူ ဖြစ်တည်ခွင့်ရနိုင်ခဲ့မည့် ဘဝတစ်ခုကိုသာ ဖြစ်ပါသည်။

တန်ဖိုး - 8000 ကျပ်

#လွမ်းရစ်လေဦးပုဂံမြေ
#ကေဇော်မိုး

ကမ္ဘာတစ်ဝှမ်း ဘာသာစကား ၂၃ မျိုးဖြင့် ဘာသာပြန်ဆိုထားပြီး အုပ်ရေ ၁ သန်းခွဲနီးပါး ရောင်းချထားရသည့် Cognitive Behavioral The...
08/09/2026

ကမ္ဘာတစ်ဝှမ်း ဘာသာစကား ၂၃ မျိုးဖြင့် ဘာသာပြန်ဆိုထားပြီး အုပ်ရေ ၁ သန်းခွဲနီးပါး ရောင်းချထားရသည့် Cognitive Behavioral Therapy (CBT - သိမှု-အပြုအမူကုထုံး) ဆိုင်ရာ ကမ္ဘာ့အကျော်ကြားဆုံး လမ်းညွှန်စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။

"သင့်စဉ်းစားပုံကို ပြောင်းလဲခြင်းဖြင့် သင့်ခံစားမှုများကို ပြောင်းလဲပါ" ဆိုသည့်အတိုင်း၊ မကောင်းသော စိတ်ကူးစွဲများနှင့် စိုးရိမ်ပူပန်မှုများကို စနစ်တကျ ခွဲခြားစိတ်ဖြာနည်းကို သင်ယူရမည်။

စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်လွန်ခြင်း၊ ဒေါသထွက်လွယ်ခြင်းနှင့် အကြောက်လွန်ခြင်းတို့ကို မိမိကိုယ်တိုင် ကုစားဖြေရှင်းနိုင်မည့် လက်တွေ့ကျ လေ့ကျင့်ခန်းများ ပါဝင်သည်။

စိတ်ဖိစီးမှုများကို ရင်ဆိုင်နေရသူများ၊ ကိုယ်တိုင် စိတ်ဓာတ်မြှင့်တင်လိုသူများနှင့် စိတ်ပညာ လေ့လာလိုက်စားသူများအတွက် မရှိမဖြစ် ဆောင်ထားသင့်သည့် စာအုပ်ဖြစ်သည်။

တန်ဖိုး - 42000 ကျပ်

#စိတ်ကိုစိတ်ဖြင့်ကုစားခြင်း #ဒေါက်တာမြင့်လွင်

လူတစ်ယောက်ကို မုန်းနေတဲ့အခါ..ပထမဆုံး ပူလောင်နာကျင်မှုတွေနဲ့အတူ..ပင်ပန်းဆင်းရဲနေရတာက..ကိုယ့်ရဲ့နှလုံးသားလေးပဲဖြစ်ပါတယ်..။...
08/09/2026

လူတစ်ယောက်ကို မုန်းနေတဲ့အခါ..
ပထမဆုံး ပူလောင်နာကျင်မှုတွေနဲ့အတူ..ပင်ပန်းဆင်းရဲနေရတာက..ကိုယ့်ရဲ့နှလုံးသားလေးပဲဖြစ်ပါတယ်..။ အမုန်းဆိုတဲ့ အကုသိုလ်ထုပ်ကြီးကို..တနင့်တပိုး သယ်ဆောင်ထားရတဲ့ ကိုယ့်ရဲ့စိတ်ဟာ..ဘယ်လောက်များ လေးလံလိုက်မလဲ..။ မုန်းနေတဲ့စိတ်ဖြစ်နေချိန်မှာ..ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ စိတ်ကူးစိတ်သန်းတွေ..အိပ်မက်တွေ..မျှော်လင့်ချက်တွေအကြောင်းကို..အာရုံမစိုက်နိုင်တော့ပါဘူး..။ ကိုယ့်အတွက် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့..စိတ်ရဲ့အကြည်ဓါတ်ကလေးကိုလည်း..လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်..။ မုန်းနေတဲ့စိတ်ဟာ..ကိုယ့်ရဲ့နှလုံးသားကို ဓါးပါးပါးလေးနဲ့ တနုပ်နုပ်စင်းနေသလိုပါပဲ..။

ကိုယ်က သူ့အတွက် အချိန်တွေပေးပြီး သူ့ကိုမုန်းနေရတဲ့အချိန်မှာ..ကိုယ်မုန်းနေတဲ့သူက ကိုယ့်ကိုသတိတရတောင်ရှိမှာမဟုတ်ပါဘူး…။ သူ့ဘာသာသူ စိတ်နှလုံးအေးချမ်းစွာနဲ့ သူ့ဘဝအတွက် ရှေ့သို့ခရီးဆက်နေမှာပါ..။ သူ့ကို ဘယ်သူက မုန်းနေမလဲ..လို့လည်းသူတွေးနေမှာမဟုတ်ပါဘူး..။ သူ့ဘဝတိုးတက်ရာတိုးတက်ကြောင်းအတွက်..လုပ်စရာရှိတာတွေ ဆက်လုပ်နေမှာပါပဲ..။ သူ့မှာ အလုပ်လည်းမပျက်..အအိပ်အစားမပျက်..စိတ်အကြည်ဓါတ်မပျက်ဘဲ..နေနိုင်လိုက်ပါဘိခြင်း..။

မုန်းနေတဲ့သူနဲ့ အမုန်းခံရတဲ့သူမှာ..တကယ်တော့ မုန်းတဲ့သူက ရှုံးပါတယ်..။ လူတစ်ယောက်က ကိုယ့်ကို ဘယ်လောက်ပဲ စိတ်အနှောင့်အယှက်ဖြစ်အောင်..ထိုးနှက်တိုက်ခိုက် စော်ကားသွားပါစေ..သူ့ရဲ့အမူအရာ အပြုအမူတွေက ဘယ်လောက်ပဲ မုန်းစရာကောင်းနေပါစေ..သူ့ကိုမုန်းမနေလိုက်ပါနဲ့..။ သူ့ကိုမုန်းနေရတာဟာ..ကိုယ့်ရဲ့စိတ်တွေ..အချိန်တွေ..အကြည်ဓါတ်တွေပေးလိုက်ရတာဖြစ်ပါတယ်…။

#လွန်းထားထား
#စိတ်ရှင်းရင်ဘဝရှင်းပါတယ်

ဂုဏ်သိက္ခာဆိုတာ လူငယ်တစ်ယောက်ရဲ့ အပြင်ပန်းအလှထက် ပိုတန်ဖိုးရှိတဲ့အတွင်းစိတ် ပိုင်ဆိုင်မှု တစ်ခုပါ။ကိုယ့်တန်ဖိုးကို ကိုယ်...
07/09/2026

ဂုဏ်သိက္ခာဆိုတာ လူငယ်တစ်ယောက်ရဲ့
အပြင်ပန်းအလှထက် ပိုတန်ဖိုးရှိတဲ့
အတွင်းစိတ် ပိုင်ဆိုင်မှု တစ်ခုပါ။

ကိုယ့်တန်ဖိုးကို ကိုယ်သိခြင်း၊ ကိုယ့်စကားကို ကိုယ်တည်ခြင်း နဲ့ကိုယ့်လုပ်ရပ်တွေအပေါ် တာဝန်ယူခြင်းက ဂုဏ်သိက္ခာရဲ့ အခြေခံတွေဖြစ်ပါတယ်။ သူများအမြင်နဲ့ ကိုယ်ဘဝကို မတိုင်းတာဘဲ မှန်ကန်တာကို ရွေးချယ်ရဲဖို့ လိုပါတယ်။ အောင်မြင်မှုရတာတဲ့အခါ နှိမ့်ချတတ်ခြင်း၊ ကျရှုံးတဲ့အခါ ကိုယ်တန်ဖိုးကို မပျောက်စေခြင်းဟာ လူငယ်တစ်ယောက်ရဲ့ ရင့်ကျက်မှုပါ။

ဒီစာအုပ်မှာ လူငယ်ဘဝနဲ့အတူ လိုက်ပါသင့်တဲ့
ဂုဏ်သိက္ခာ၊ တာဝန်ယူမှုနဲ့ ကိုယ်ကျင့်တရား
အကြောင်းတွေကို ရိုးရှင်းစွာ ဆွေးနွေးထားပါတယ်။
ကိုယ်ဘဝကို တန်ဖိုးရှိရှိ ရပ်တည်ချင်တဲ့ လူငယ်တိုင်းအတွက် ဒီစာအုပ်ဟာ ကိုယ့်ကိုယ်ကို ပြန်ကြည့်စေမဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

တန်ဖိုး - 9000 ကျပ်

#အထွန်း(တမာမြေ)
#ဂုဏ်သိက္ခာရှိတဲ့လူငယ်

ရာဘင်ဒြာနတ်တဂိုးရဲ့ ပထမဆုံးရေးသားခဲ့တဲ့ ဝတ္ထု  #ချိုခါဘာလီ ရုပ်ရှင်အဖြစ်၊ တီဗီဇာတ်လမ်းတွဲအဖြစ် အကြိမ်ကြိမ်ပြန်ရိုက်ခဲ့ကြ...
07/09/2026

ရာဘင်ဒြာနတ်တဂိုးရဲ့ ပထမဆုံးရေးသားခဲ့တဲ့ ဝတ္ထု #ချိုခါဘာလီ

ရုပ်ရှင်အဖြစ်၊ တီဗီဇာတ်လမ်းတွဲအဖြစ် အကြိမ်ကြိမ်ပြန်ရိုက်ခဲ့ကြရပြီး မရိုးနိုင်တဲ့ #ချိုခါဘာလီ

#တင်ဇာမွန် ရဲ့ မြန်မာဘာသာပြန်လက်ရာ

တန်ဖိုး - 25000 ကျပ်
ပို့ခ ရန်ကုန်တိုင်း - 1500/ ကျန်မြို့ - 3000 ပါရှင့် 🌿

မသေချာ မရေရာတဲ့ ဆက်ဆံရေးတွေမှာ အချိန်ကုန်ခံ၊ ပိတ်မိမနေဖို့လည်း လိုသေးတယ် 🩵ချစ်တယ်ဆိုတာ ပါးစပ်က ပြောနေရုံနဲ့ မရသလို တစ်ယေ...
07/09/2026

မသေချာ မရေရာတဲ့ ဆက်ဆံရေးတွေမှာ
အချိန်ကုန်ခံ၊ ပိတ်မိမနေဖို့လည်း လိုသေးတယ် 🩵

ချစ်တယ်ဆိုတာ ပါးစပ်က ပြောနေရုံနဲ့ မရသလို တစ်ယောက်ကို တစ်ယောက်က ချစ်တယ်ဆိုတာကို လက်တွေ့ ခံစားရဖို့ လိုတယ်။ ချစ်ရခြင်းမှာလည်း ဝန်လေးနေဖို့ မလိုသလို အချစ်ခံရခြင်းတွေမှာလည်း ပေါ့ပါး ပျော်ရွှင်နေရဖို့ လိုအပ်တယ်။

ကိုယ်နားလည်ထားတဲ့ တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းဟာ ဒါပါပဲ။ ကိုယ်ကနေလည်း စပြီး ချစ်ဖူးတယ်။ အချစ်လည်း ခံဖူးတယ်။ ချစ်ရတဲ့ နေရာကနေရော၊ အချစ်ခံရတဲ့ နေရာကနေရော နားလည်လာတာ တစ်ခုက ပေါ့ပါး ပျော်ရွှင်နေရဖို့ပဲ။

ချစ်ရခြင်းဟာလည်း ပျော်စရာဖြစ်သလို အချစ်ခံရခြင်းဟာလည်း ပျော်စရာလို့ ခံစားနေရဖို့က အဓိကပဲ။ အဲ့လို အပေးအယူတည့်မှပဲ တစ်ယောက်ကို တစ်ယောက် ချစ်ရတာ ပျော်စရာကောင်းတာပါ။

အဲဒီလိုမှ မဟုတ်ဘဲ ချစ်တော့ ချစ်ပါရဲ့၊ သဘောတော့ ကျပါရဲ့ ချစ်ရခြင်းကိုလည်း ဝန်လေး၊ ဘာ effortမှမလာ၊ ဘာ commitmentမှ မရှိ၊ တူညီတဲ့ တုံ့ပြန်မှုလည်း မလာရင် သေချာတယ် သဘောကျတယ်ဆိုတဲ့ အဆင့်ပဲ။ တကယ် မချစ်သေးဘူး။ သေချာတဲ့ ခိုင်မာတဲ့ ဆက်ဆံရေးလည်း ဖြစ်မလာဘူး။

ဘဝဆိုတာ တိုတိုလေးမလား။
မသေချာ မရေရာတဲ့ လူတွေနဲ့ ခရီးအရှည်ကြီး လျှောက်ဖို့ဆိုတာ မလွယ်ဘူးမလား။

သဘောကျရုံကတော့ လူတိုင်း သဘောကျတတ်ပါတယ်။ ချစ်တတ်ဖို့ကတော့ အတတ်ပညာမဟုတ်သလို သင်ပေးလို့လည်း မရဘူး။

ဒါကြောင့် မသေချာတဲ့ ကမ်းပါးစွန်းတွေမှာ မရပ်နဲ့။
မချစ်တာ သေချာရင် လှည့်ပြန်။
အချစ်မခံရတာ သေချာရင် လှည့်ပြန်။

မသေချာမှုတွေကို သေချာမှုပြုဖို့အတွက်
ဘဝမှာ အချိန်တွေ အများကြီး မရှိပါဘူး။

#စူးရှမေ
#ကိုယ့်ဘဝကိုယ့်စိတ်ကြိုက်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Forest Bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category