စာတို ငညိဳ

စာတို ငညိဳ စာအုပ်ရောင်းဝယ်ရေး

စာအုပ်သန့်၂-အုပ်တန်ဘိုး 35000 Ks.
09/01/2025

စာအုပ်သန့်
၂-အုပ်တန်ဘိုး 35000 Ks.

P 1632003Price 6000 Ks
09/01/2025

P 163
2003
Price 6000 Ks

စက္ကူကို ဘယ်သူတွေရှာဖွေတွေ့ရှိခဲ့တာလဲဟိုး နှစ်ပေါင်း ၄ဝဝဝ ကျော်ကတည်းက ရှေးဟောင်း အီဂျစ် လူမျိုးတွေက စာရေးလို့ရတဲ့ အရာဝတ္...
13/11/2024

စက္ကူကို ဘယ်သူတွေရှာဖွေတွေ့ရှိခဲ့တာလဲ


ဟိုး နှစ်ပေါင်း ၄ဝဝဝ ကျော်ကတည်းက ရှေးဟောင်း အီဂျစ် လူမျိုးတွေက စာရေးလို့ရတဲ့ အရာဝတ္ထုပစ္စည်းကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ ပေပိုင်းရပ်စ် အပင်ရဲ့ ရိုးတံတွေကို ထုထောင်း ပြားချပ်စေပြီး စက္ကူလုပ်ယူတာဖြစ်ပါတယ်။

အဲဒီ အဖတ်တွေကို ဖိသိပ်ပေးပြီး အခြောက်ခံရပါတယ်။ ခြောက်သွားတဲ့ အဲဒီအပြားချပ်တွေပေါ်မှာ စာရေးနိုင်ပါ တယ်။ အေဒီ ၁ဝ၅ ခုနှစ်က တရုတ်ပြည်မှာ စက္ကူကို တီထွင် ထုတ်လုပ်ခဲ့ပါတယ်။
Ts'aiLun တာအိုင်လွန်း ဘုရင်ကြီး လက်ထက်ကဖြစ်ပါတယ်။

ပိုးစာပင်ရဲ့ အခေါက် အတွင်း သား အမျှင်များနဲ့ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အဲဒီ အခေါက် တွေကို ရေထဲစိမ်ပြီး အမျှင်တွေဆွဲရတယ်။ ပြီးတော့ အမျှင် တွေကို ဝါးနှီးပါးလေးတွေနဲ့ ယက်ထားတဲ့ဗန်းထဲမှာ ထည့် ထားတယ်။ ရေစစ်သွားတဲ့အခါမှာ နူးညံ့ပျော့ပျောင်းတဲ့ ဖျာနဲ့ နူးညံ့လာပြီဖြစ်တဲ့ အမျှင်တွေကို အုပ်ထားရတယ် အဲ့ဒီကနေ စက္ကူဆိုတာစတင်ဖြစ်ပေါ်လာတာပါ။

01/11/2024

ဇင်ပုံပြင်လေးတွေဟာ တဖြည်းဖြည်းဖတ်၊ တစိမ့်စိမ့်တွေးမှ အရသာပေါ်လာတတ်တာမျိုး၊ ထိထိမိမိ ခံစားရတာမျိုးပါ။ ကျွန်တော်ဘာသာပြန်တဲ့ ဇင်ပုံပြင်အများစုကို ဖတ်မယ်ဆိုရင် တပုဒ်ကို ငါးမိနစ်ကနေ ဆယ်မိနစ်လောက် အချိန်လိုပါတယ်။

အခုခေတ်က စားသုတ်သုတ်၊ သွားသုတ်သုတ်မို့ phone screen ကို အားတဲ့အချိန်လေးမှာ ခပ်မြန်မြန်ပွတ်ရင်း ဘာအသစ်တွေ တင်ထားသလဲဆိုပြီး ကြည့်ရတာမျိုး၊ တချို့ post တွေက ဖတ်ချင်ပေမယ့်၊ ဖတ်သင့်တဲ့ post မှန်းသိပေမယ့် အချိန်မလောက်တာနဲ့ မဖတ်ဖြစ်ပဲ ကျော်သွားလိုက်ရတာမျိုးတွေ ကြုံရဖူးပါတယ်။ သိပ်ကြိုက်လွန်းမှသာ save လုပ်ထားပြီး ပြန်ဖတ်ဖြစ်တာမျိုးပေါ့။

ကျွန်တော့် တွေကို ကျွန်တော်ဘာသာပြန်တဲ့ ဇင်ပုံပြင်လေးတွေကို အေးအေးလူလူ အချိန်မှာ ကော်ဖီလေးတခွက်ဘေးမှာချပြီး နှလုံးသားထဲကို တစိမ့်စိမ့်ဝင်သွားတဲ့အထိ ဖတ်စေချင်တဲ့ စေတနာရှိပါတယ်။ အဲဒါကြောင့် ဘာသာပြန်ထားပြီးသား ဇင်ပုံပြင်လေးတွေကို တနေရာထဲမှာ စုထားပေးပါတယ်။ ဒါဆို မဖတ်ရသေးတဲ့ ပုံပြင်အသစ်တွေကိုလည်း လက်မလွတ်သွားတော့ဘူး၊ ပြီးတော့ ကိုယ်ကြိုက်တဲ့ ပုံပြင်တွေကိုလည်း နောက်တခါ ပြန်ဖတ်ချင်စိတ်ပေါ်လာရင် ဝေးဝေးလံလံ ရှာဖွေနေစရာ မလိုတော့ဘူးပေါ့။

ဒီ post တခုကို save လုပ်ထားလိုက်ရုံနဲ့ ဘာသာပြန်ပြီးသမျှ ပုံပြင်တွေအားလုံးကို ဖတ်ချင်တဲ့အချိန် ပြန်ဖတ်နိုင်မှာပါ။ နောက်အသစ်ပြန်တဲ့ ပုံပြင်တွေကိုလည်း ဒီ post မှာပဲ ဆက်ပြီး update လုပ်သွားမှာမို့ အိတ်ဆောင်ပုံပြင်စာအုပ်လေးလို ဖြစ်နေပါလိမ့်မယ်။

follow မလုပ်ရသေးတဲ့သူများ ကျွန်တော်ဘာသာပြန်တဲ့ စာတွေကို သဘောကျတယ်ဆိုရင် Love, Kindness and Tranquility ဆိုတဲ့ ဒီ page လေးကို follow လုပ်ပေးကြပါဦး။

အားလုံးပဲ အေးချမ်းကြပါစေ။

ကျော်စွာ



၁။ လက်ဖက်ရည်ပွဲ
https://www.facebook.com/share/p/WV9PSAP6bfJEtWY4/
၂။ ဘုန်းတော်ကြီးနှင့်လိပ်ပြာ
https://www.facebook.com/share/p/MthjRnVJvNEsHJqN/
၃။ ခွက်အလွတ်
https://www.facebook.com/share/p/RR86RYdfdSmTCxqh/
၄။ ဆိတ်ငြိမ်သောတောင်
https://www.facebook.com/share/p/KvXLdvnYyvhbXV2S/
၅။ ရေအလှူ
https://www.facebook.com/share/p/kqnnhgygKxvpWWJt/
၆။ ဘုန်းတော်ကြီးနှင့်ပစ္စည်းဥစ္စာ
https://www.facebook.com/share/p/nk4H5swE6iA8nUSR/
၇။ ဘုန်းတော်ကြီးနှင့်ချယ်ရီပင်
https://www.facebook.com/share/p/YHTLWaoAvQhoPzgZ/
၈။ ကွဲသွားတဲ့ပန်းကန်
https://www.facebook.com/share/p/kjyYts2rQmMAJ1Ce/
၉။ နောက်ဆုံးသစ်ရွက်
https://www.facebook.com/share/p/152GeYxTZu/

တစ်နေ့တွင် ထိုစဥ်က မိုးဝေ မဂ္ဂဇင်းတည်ရှိရာ ၁၀၇-လမ်း|နံ့သာတိုက်သို့ စာရေးဆရာဦးဘဝင်းနှင့်ဦးခင်ညွန့်(သခင်ခင်ညွန့်)တို့ ရောက...
23/09/2024

တစ်နေ့တွင် ထိုစဥ်က မိုးဝေ မဂ္ဂဇင်းတည်ရှိရာ ၁၀၇-လမ်း|နံ့သာတိုက်သို့ စာရေးဆရာဦးဘဝင်းနှင့်ဦးခင်ညွန့်(သခင်ခင်ညွန့်)တို့ ရောက်ရှိလာကြသည်။မလိခ ကလောင်အမည်ဖြင့် မိမိတို့ရေးသားခဲ့သော မြန်မာဝတ္ထုအညွှန်းစာအုပ်များကို ဒုတိယအကြိမ်ပြန်ရိုက်လိုကြောင်း ဦးခင်ညွန့်က လာပြောခြင်းဖြစ်သည်။ဦးဘဝင်းကို အဖော်ခေါ်လာခြင်းဖြစ်သည်။ဤတွင် မိမိက....
"ဪ ဦးခင်ညွန့်ရယ်| ဒါများ ကျွန်တော်က ဘာများလဲမှတ်လို့။ဘာဖြစ်လို့ တကူးတကလာနေရတာလဲ|ဦးခင်ညွန့်တို့ဆိုင်ကို ကျွန်တော် နေ့တိုင်းလောက် ရောက်နေတာပဲ"
"ဘယ်ဟုတ်မလဲဗျ| စာရေးဆရာဆီက စာမူကို လေးလေးစားစား တောင်းမှပေါ့"
ဦးခင်ညွန့်က အလေးအနက်ပြောသည်။
"ဟုတ်တယ်|သူက ခင်ဗျားဆီကို သွားမယ်ဆိုပြီး ကျွန်တော့်ကိုခေါ်လာတာ|ကိုနတ်နွယ် အဆင်ပြေအောင်လုပ်ပေးလိုက်ပါ"
ဦးဘဝင်းက ဝင်ပြောသည်။
"ဟာ ဘာအဆင်မပြေစရာရှိမလဲ|ဒါပေမယ့် မလိခက ကျွန်တော်တယောက်တည်းမဟုတ်တော့ ကိုမင်းကျော်ကိုတိုင်ပင်ရအုံးမယ်။မနက်ဖြန် ကျွန်တော်အကြောင်းပြန်မယ်လေ| အားလုံးအဆင်ပြေမှာပါ။မနက်ဖြန်နေ့ခင်း ကျွန်တော်ဆိုင်ဝင်လာခဲ့မယ်"
"အဲဒါဆိုကောင်းတယ်။ကျွန်တော်လည်း ဆိုင်မှာ ရှိနေမယ်။ဒါပေမယ့်ပုံနှိပ်တိုက်နဲ့ ထုတ်ဝေရေးလုပ်ငန်းတွေကို ကျွန်တော့်သား မောင်မျိုးညွန့်ကို လွှဲထားတယ်။သူကစာအုပ်ထုတ်ဝေရေး လုပ်ချင်တယ်။ကျွန်တော်သူ့ကို လွှဲကြည့်တာ မဆိုးပါဘူး| သူလုပ်တတ်ပါတယ်။သူ့မှာ စိတ်ကူးကလေးရှိတယ်။လူငယ်ဆိုတော့ ခေတ်အမြင်လည်းရှိတယ်။သူ့သူငယ်ချင်းတွေကလည်း သူ့ကိုဝိုင်းကူညီကြတယ်။သူ့သူငယ်ချင်းတွေကို ကိုနတ်နွယ်သိမှာပေါ့။ဒေါတ်တာငွေစိုးတို့|မောင်ဖေမြင့်တို့|မောင်ဇေယျတို့"
"ကျွန်တော်သိပါတယ်|ကိုမျိုးညွန့်ကိုရော|သူ့သူငယ်ချင်းရော ကျွန်တော်သိနေတာပဲ။မနက်ဖြန် ကျွန်တော်လာခဲ့မယ်"
ထိုနေ့ညနေက မင်းကျော်ကို အကျိုးအကြောင်း ပြောသောအခါ မိမိကြိုက်သလိုလုပ်ရန် လွှဲအပ်လိုက်ပါသည်။သို့ဖြင့် နောက်တစ်နေ့တွင် စာပေလောကသို့ မိမိရောက်ရှိပြီး ဦးခင်ညွန့်|ကိုမျိုးညွန့်တို့နှင့် စာအုပ်ထုတ်ဝေရေး အစီအစဥ်များဆွေးနွေးကြသည်။ကိုမျိုးညွန့်က စာမူခကို စာအိတ်ကလေးတအိတ်နှင့်ထည့်ပြီး ချက်ချင်းပင် ပေးလိုက်သည်။
သို့ဖြင့် မလိခ၏ မြန်မာဝတ္ထုအညွှန်း ၁|၂ တစ်တွဲနှင့် ၃|၄|၅ တစ်တွဲကို စာပေလောကမှ သပ်ရပ်ခံ့ညားစွာ ထွက်လာသည်။

တောအကြောင်း|တောင်အကြောင်း(နတ်နွယ်)

လမ်းသူလမ်းသားတွေ မြတ်နိုးစွာထိန်းသိမ်းထားတဲ့ စာပေလမ်းကြားလူစည်ကားတဲ့ ရန်ကုန်မြို့လည်ခေါင်မှာ ခမ်းနားမှင်တက်ဖွယ် ဗိသုကာအမ...
22/09/2024

လမ်းသူလမ်းသားတွေ မြတ်နိုးစွာထိန်းသိမ်းထားတဲ့ စာပေလမ်းကြား

လူစည်ကားတဲ့ ရန်ကုန်မြို့လည်ခေါင်မှာ ခမ်းနားမှင်တက်ဖွယ် ဗိသုကာအမွေအနှစ်အဆောက်အအုံတွေနဲ့အပြိုင် သက်ဝင်လှုပ်ရှားနေတဲ့ စာပေအမွေအနှစ်လမ်းကြားလေးတစ်ခုကလည်း ရှိနေပါတယ်။

လူကြိုက်များတဲ့ ဘာသာပြန်စာပေတွေကအစ ပုံနှိပ်တိုက်တွေက ထပ်မထုတ်တော့တဲ့ ရှားပါးစာအုပ်အဟောင်းတွေအဆုံး အရောင်စုံတဲ့စာအုပ်တွေကို လမ်းဘေးက ခုံတန်းလျားတွေပေါ်မှာ ခပ်မြင့်မြင့်ပုံတင်ထားပြီး စာဂျပိုးတွေကို လက်ယပ်ခေါ်နေတဲ့ ၃၇လမ်းဟာ ရန်ကုန်မြို့လည်ခေါင်က ထင်ရှားတဲ့ စာပေလမ်းကြားတစ်ခုပါ။

ဒီလမ်းရဲ့ နောက်ထပ်ထူးခြားချက်ကတော့ လမ်းဘေးစာအုပ်အဟောင်းဆိုင်လေးတွေ ရေရှည်တည်တံ့နေအောင် ၃၇လမ်းထဲမှာ နေထိုင်သူတွေက စာအုပ်သမားတွေကို ငွေကြေးမယူဘဲ လမ်းဘေးမှာ အခမဲ့ဖွင့်ခွင့်ပေးထားတာပါ။

၃၇လမ်းထဲမှာ အောင်သူ၊ ဇွဲသစ်၊ မပေါက်၊ ဂျက်စာပေလို လမ်းဘေးစာအုပ်အဟောင်းဆိုင်တွေနဲ့ မြေညီထပ်မှာဖွင့်လှစ်ထားတဲ့ အဟောင်းဆိုင်တွေလည်းရှိပါတယ်။ တစ်ချို့ဆိုင်တွေဆိုရင် သက်တမ်းအားဖြင့် နှစ်ပေါင်း၂၀ အထက်ရှိနေကြပါပြီ။

ဟိုးအရင်က ရန်ကုန်မြို့ရဲ့ နာမည်ကြီး စာအုပ်လမ်းဟာ ပန်းဆိုးတန်းလမ်းဖြစ်ခဲ့ပြီး ခေတ်ကာလတွေ ပြောင်းသွားတော့ ပန်းဆိုးတန်းလမ်းမကြီးပေါ်မှာ စာအုပ်အဟောင်းဆိုင် အနည်းအကျဉ်းသာကျန်တော့ပြီး တော်တော်များများက ဘေးကပ်လျက်က ၃၇လမ်းထဲရောက်လာ ကြတာပါ။

၃၇ လမ်းက လမ်းဘေးမှာ ဆိုင်ဖွင့်တာ ဆိုင်ခန်းခ မပေးရပါဘူး။ စာအုပ်ဆိုင်တွေရဲ့ သက်တမ်းကလည်း မနည်းတော့ဘူး။ ကျွန်တော်တို့ဆိုင်တွေကို အမွေအနှစ်တစ်ခုအနေနဲ့ လမ်းထဲက လူတွေကလည်း လက်ခံထားတာပါ လို့ ၃၇လမ်းထဲမှာ အောင်သူစာအုပ်အဟောင်းဆိုင် ကိုဖွင့်လှစ်ထားတဲ့ ကိုစိုးအောင်သူက ပြောပါတယ်။

၃၇လမ်းထဲမှာ စာရေးဆရာ၊ စာပေနဲ့ပတ်သက်တဲ့သူတွေ အများကြီး နေထိုင်ကြပြီး သူတို့တွေက လမ်းထဲမှာ စာအုပ်အဟောင်းဆိုင်လေးတွေ ရှိနေတာကို သဘောကျကြပါတယ်။

စာအုပ်အဟောင်းဆိုင်တွေမှာ အင်္ဂလိပ်စာ လေ့လာချင်သူတွေအတွက် အင်္ဂလိပ် ၀တ်ထုစာအုပျကောငျးတှေ၊ နိုင်ငံတကာက ကာတွန်းစာအုပ်တွေ၊ Reader's Digest နဲ့ National Geographic တို့လို မဂ္ဂဇင်းတွေကိုလည်း သက်သာတဲ့ ဈေးနဲ့ရှာဖွေတွေ့နိုင်ပါသေးတယ်။

ကျွန်တော်တို့က စာအုပ်သမားတွေဆိုတော့ မညစ်ပတ်ဘူး။ အမှိုက်မထွက်ဘူး။ သပ်သပ်ရပ်ရပ် ပြန်သိမ်းပေးခဲ့တာဆိုတော့ လမ်းထဲက လူတွေနဲ့လည်း အဆင်ပြေတယ်။ မနက်ခင်း ကျွန်တော်တို့ ဆိုင်လာခင်းတဲ့အခါ ရပ်ထားတဲ့ကားတွေကိုတောင် သူတို့ဘာသာသူတို့ လာရွှေ့ပေးကြတယ်။ ညဘက်သူတို့ပြန်ရောက် လာတဲ့အခါကျရင်လည်း ကျွန်တော်တို့ဆိုင်နေရာကို ပြောင်နေအောင် တံမြက်စည်း ပြန်လှည်းပေးခဲ့တယ်။ ၃၇ လမ်းနေတဲ့သူတွေက ကျွန်တော်တို့အပေါ်ကောင်းကြတယ် လို့ သူကပြောပါတယ်။

စာပေလမ်းကြားထဲက စာပေချစ်သူ လမ်းသူလမ်းသားတွေရဲ့ ကျေးဇူးကြောင့် ဒီလမ်းထဲမှာ စာရနံ့တွေ ထုံမွမ်းနေဦးမှာပါ။


ကောင်းသာ

#လှည်းတန်းကစာအုပ်တန်း
https://www.facebook.com/100080977601118/posts/551953027513946/

22/09/2024
စာဝင်္ကပါ...စာဝင်္ဂပါ
27/01/2024

စာဝင်္ကပါ...စာဝင်္ဂပါ

1956-
26/01/2024

1956-

AI ကဖြေပေးတဲ့ Rare Books သက်မှတ်ချက်အကြောင်းတွေ။အကုန်လုံးနီးပါးက ​ကိုယ်တွေလက်ခံထားတာနဲ့တူညီတယ်။   Certainly! Rare books ...
21/01/2024

AI ကဖြေပေးတဲ့ Rare Books သက်မှတ်ချက်အကြောင်းတွေ။အကုန်လုံးနီးပါးက ​ကိုယ်တွေလက်ခံထားတာနဲ့တူညီတယ်။

Certainly! Rare books are books that are difficult to find due to factors such as limited printings, age, unique characteristics, or historical significance. Here are a few categories of rare books:

1. **First Editions:** The first printing of a book is often considered rare, especially if it is in good condition. First editions can be highly sought after by collectors.

2. **Limited Editions:** Some books are released in limited quantities, often signed by the author or containing special features. These limited editions can become rare and valuable over time.

3. **Antiquarian Books:** Books that are very old, typically dating back to before the 19th century, fall into the category of antiquarian books. These can include early printed books, manuscripts, and incunabula.

4. **Association Copies:** Books that have a direct connection to the author or an important figure, such as being inscribed to a friend or family member, are considered association copies and can be quite rare.

5. **Books with Unique Features:** Books that have unique characteristics, such as special illustrations, bindings, or annotations, may be considered rare.

6. **Out-of-Print Books:** Books that are no longer in production and have become scarce in the market are often sought after by collectors.

Collectors, historians, and bibliophiles often value rare books not only for their content but also for their historical and cultural significance. The rarity and condition of a book can significantly impact its value in the collector's market.

Address

Yangon
±95

Telephone

+95943153884

Website

Alerts

Be the first to know and let us send you an email when စာတို ငညိဳ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to စာတို ငညိဳ:

Shortcuts

Share

Category