15/12/2025
Vision board လေးတွေက လောလောဆယ်တော့ Size 3ခုမှာ L size ပဲ instock ရတော့တာမလို့ instock ရတုန်းဝယ်ထားရင် အကြာကြီးလဲစောင့်စရာမလိုပါဘူးရှင့်🫶🏻
💫 2026အတွက်Vision board လုပ်ကြရအောင်💫
🎁🏆 လိုချင်တာတွေအရယူနိုင်မဲ့Vision board /Dream Board
Vision boardဆိုတာဘာလဲ?
Vision board ဆိုတာက ကိုယ်လိုချင်တဲ့အရာတွေလက်တွေ့ဖြစ်လာဖို့၊ ဘဝတိုးတက်ဖို့နဲ့ အိမ်မက်တွေအကောင်အထည်ဖော်ဖို့အတွက် Wallpaper လုပ်ရတာမျိုးပါ။ Dream Board လို့လည်းပြောလို့ရပါတယ်။
✨️2026အတွက်Vision Board ဘယ်လိုလုပ်ရမလဲ?
ကိုယ်လိုချင်တဲ့အရာတွေလက်တွေ့ပိုင်ဆိုင်ရဖို့ manifestလုပ်လို့ရအောင်ကိုယ့်ရဲ့ရည်မှန်းချက်ပုံလေးတွေ၊ ကိုယ်ဖြစ်ချင်တဲ့ affirmation တွေ၊ ဆုတောင်းတွေ၊motivation ဖြစ်စေမဲ့စာသားလေးတွေကိုစုစည်းထည့်သွင်းပြီး ဖန်တီးထားတဲ့ wallpaper ကားချပ်ဖြစ်ပါတယ်။ Vision Board ထဲမှာ ပိုက်ဆံတွေအများကြီးရချင်တယ်ဆို ပိုက်ဆံပုံ၊ အချစ်ရေးအဆင်ပြေချင်တာဆိုအချစ်ရေးနဲ့ဆိုငိတဲ့ပုံလေးတွေ၊ Oversea သွားချင်တာဆို Overseaနဲ့ဆိုင်တဲ့ပုံတွေ၊ ဆုတောင်းတွေစသဖြင့်မိမိစိတ်ကြိုက်ထည့်လို့ရပါတယ်။
Vision board ကအလုပ်ရောဖြစ်ရဲ့လား⁉️
တကယ်ဖြစ်ပါတယ်နော် 💯
ကိုယ်လိုချင်တဲ့အရာကိုပုံဖော်ကြိုးစားဖို့Reminderလို့လည်းပြောလို့ရပါတယ်။ လိုချင်တဲ့goalsအတိုင်းစိတ်ကြိုက် vision boardဖန်တီးပြီးပြီဆိုရင် ဖုန်းမှာwallpaper ဖြစ်စေ၊ Printထုတ်၍ဖြစ်စေ၊ ကိုယ်အမြဲမြင်နိုင်မဲ့နေရာမှာထားရပါမယ်။ နေ့စဉ်မြင်ပါများရင် motivation ရလာပြီးကြိုးစားချင်စိတ်တွေဖြစ်လာပါတယ်။ မြင်ပါများလို့စိတ်ထဲစွဲသွားရင်းနဲ့ ကိုယ့်ရဲ့Mind powerအားကောင်းလာပြီး ကြိုးစားရင်းလက်တွေ့ရလာတာပါ။
ကိုယ်တိုင်မလုပ်ချင်ရင် မာရီယာ fee တခုယူပြီး energy run ပြီးလုပ်ပေးပါတယ်။ အရမ်းလည်းမခက်တာမို့ကိုယ်တိုင်ကြိုးစားလုပ်ကြည့်ကြဖို့တိုက်တွန်းပါတယ်
အဆင်ပြေကြပါစေရှင့်❤️❤️❤️
Tarot Card Readings by Mariya