Baby Gue Gue Online Shop

Baby Gue Gue  Online Shop ယိုဒယားတိုက်ရိုက် ကလေးအထည် လက်ကား

Social ကောင်းဖို့ တွေ့သမျှ လူ၊ အတင်း ဝင်လုံးစရာ မလိုဘူး။အနေအထားရှိ၊ ရာထူးရှိ၊ ငွေ ရှိတဲ့ လူ၊ နာမည် ကြီးတဲ့ လူတွေကို၊ အတင...
13/07/2023

Social ကောင်းဖို့ တွေ့သမျှ လူ၊ အတင်း ဝင်လုံးစရာ မလိုဘူး။

အနေအထားရှိ၊ ရာထူးရှိ၊ ငွေ ရှိတဲ့ လူ၊ နာမည် ကြီးတဲ့ လူတွေကို၊ အတင်း လိုက်ကပ်နေစရာ မလိုဘူး။

တကယ့် Social ကောင်းတဲ့ သူတွေက၊ သူတို့ ပင်ကို Talent နဲ့ကို လူရာဝင် နေတာ။

သူတို့ ပြုလုပ်တဲ့ အပြုအမူ၊ သူတို့ ပြောဆိုတဲ့ စကား၊

သူတို့ ရင်ထဲက၊ စိတ်ကိုက လူတွေ လက်ခံချင်စရာ၊

လူတွေ ယုံကြည်ချင်စရာ၊ ချစ်ခင်ချင်စရာ ကောင်းနေတာ။

သူတို့မှာ လုပ်ယူထားတာ နည်းတယ်။

ဟန်ဆောင်ထားတာ နည်းတယ်။

ပင်ကို အရည်အသွေး ကိုက လူချစ်လူခင် များနေတာဖြစ်တယ်။

အရည်အချင်းတွေ ရှိလို့သာ နေရာတစ်ခုမှာ နာမည်ရနေတာ ဖြစ်တယ်။

အရည်အချင်း ရှိလို့သာ၊ လူချစ်လူခင် များနေတာဖြစ်တယ်

များများစားစား ဟန်ဆောင် လုပ်ယူထားတာမျိုး၊ မရှိလို့သာ လူတွေက ကြာရှည် လက်ခံထားကြတာ။

ဒါပေမယ့် လူမှုရေး ကျယ်ပြန့်ဖို့၊
ငါ့မှာ မိတ်ဆွေ အများကြီး ရှိတယ် ဆိုတာ ပြဖို့၊

လိုအပ်ရင် ဝိတ်သုံးဖို့ ဟန်ဆောင်မှုတွေနဲ့ အလျော်အစား လုပ်ပြီး အတင်း ဝင်ရောနေရင်

သူကသာ မသိတာ၊ လူတွေက သိတယ်။

Cele တွေနဲ့ ရောတယ်၊

သူဌေး ဆိုရင် ပြေးကပ်တယ်၊

သူဌေးတွေရဲ့ Comment တိုင်းကို အသဲ ❤️ လိုက်ပေးတယ်၊ 😆

နာမည်ကြီး တွေ့ရင်၊ ပြေးကြိုတယ်။

ဓာတ်ပုံထဲ သူပါအောင် ဝင်ရိုက်တယ်၊

တစ်နိုင်ငံလုံးက သူဌေးတွေက၊ သူ့သူငယ်ချင်းတွေ၊

တစ်နိုင်ငံလုံးက ဆယ်လီတွေ သူသိတယ်၊

တစ်လောကလုံးကို သူသိတယ်လို့ ပြောနိုင်အောင် မမောနိုင် မပန်းနိုင် ကြိုးစားရတာ။

သူကသာ မသိတာ လူတွေက သိတယ်။

ဒီလူ ဒီအသိုင်းအဝိုင်းထဲကို ဘာကြောင့်ရောက်လာသလဲ ဆိုတာ လူမှုရေးပါးဝနေတဲ့ လူတွေက သိတယ်။

သူတို့ အချင်းချင်း တွေ့ရင် ဒီလူ ငါတို့ကိုလာရောနေတယ် သတိထားလို့ Information ပေးကြတာ။ ဒါကို သူက မသိရှာဘူး။

ဒါ့ကြောင့် ရှက်ကြစမ်းပါ။

လုပ်ယူလို့ မရတဲ့ တချို့အရာတွေကို အတင်း လုပ်ယူနေကြတာ။

ကိုယ်ပိုင် အရည်အချင်းနဲ့သာ၊ ကိုယ့်ပတ်ဝန်းကျင်ကို၊ ကိုယ်နဲ့ တန်သလောက် တည်ဆောက်
ကြစမ်းပါ။

ဒါကြောင့် ဘယ်သူ့ကိုမှ မဖားဘူး၊ ဖားစရာ မလိုအောင် ကိုယ်အထာနဲ့ကိုယ် နေနိုင်တယ်။

အဲ့လို နေနိုင်အောင် ပြိုင်ကြစမ်းပါ ကိုယ့်လူ။

ကိုယ့်ဘဝရှင်သန်ဖို့ လူအများကြီး မလိုအပ်ဘူး။

လူရင်း မိတ်ဆွေရင်း အနည်းစုနဲ့ဆို လုံလောက်ပြီ။

- မူရင်း ရေးသားသူ စာသားပိုင်ရှင်အား ကျေးဇူးတင်၊ လေးစားစွာဖြင့် Credit ပေးပါသည်။

မိတ်ဆွေရဲ့ ဘဝအရေး၊ မိသားစုရေး၊ အိမ်ထောင်ရေး၊ လုပ်ငန်းနဲ့ Relationship များ ယခုထက် ပိုပြီး အဆပေါင်း များစွာ အောင်မြင်၊ ပျော်ရွှင်၊ ငြိမ်းချမ်းပါစေ။

:

ဇနီးကိုချီးမွမ်းပါမိန်းမတစ်ယောက်က စိတ်ကုန်သွားပြီးဆိုရင်အဲယောကျာ်းက ဘာကြီးဘဲ ဖြစ်နေဖြစ်နေလှည့်မကြည့်တတ်တော့ဘူး။ရန်ဖြစ်လိ...
07/10/2022

ဇနီးကိုချီးမွမ်းပါ
မိန်းမတစ်ယောက်က စိတ်ကုန်သွားပြီးဆိုရင်
အဲယောကျာ်းက ဘာကြီးဘဲ ဖြစ်နေဖြစ်နေ
လှည့်မကြည့်တတ်တော့ဘူး။

ရန်ဖြစ်လိုက် ပြန်တည့်လိုက် ဒီလိုပဲ သွားနေပေမယ့်

မင်း မသိလိုက်တာက.......
မိန်းမတွေက မှတ်ထားတတ်တယ် ဆိုတာပဲ
မိန်းမတွေက ဘယ်နေ့ ဘယ်အချိန်က
ဖြစ်တဲ့အကြောင်းအရာဘဲဖြစ်ဖြစ်
အကုန်လုံးမှတ်ထားတတ်တယ်။

အဲ့ အချက်တွေကို စုပြီး မင်းကို တဖြည်းဖြည်း
စိတ်နာလာလိမ့်မယ်

သိုသော် မပြောသေးဘူး.......
ချစ်လွန်းလို့ အချိုးပြောင်းမလား
သည်းခံ စောင့်ကြည်းနေလိုက်မယ်
အချိုးတွေ မပြောင်းလာတဲ့အခါ
သူ စိတ်ကုန်လာလိမ့်မယ်...။

စိတ်ကုန်သွားတဲ့ မိန်းမတစ်ယောက်ကို ပြန်လာဖို့
ဘယ်နည်းလမ်းမှ မသုံးပါနဲ့ ပြန်လာမှာမဟုတ်ပါဘူး

( နောင်တ က နောင်မှ ရတာပါ )

ကိုယ့်အပေါ် ကောင်းတဲ့သူကို မဆုံးရှုံးပါစေနဲ့

တကယ်မချစ်တဲ့ သူတစ်ယောက်က
သူ့ထမင်းသူစားပြီး မင်း စကားလုံးတွေအောက်မှာ
မျက်ရည်ပေါက်ကြီးငယ် ကျနေမှမဟုတ်ဘူး။

တန်ဖိုး ထားတတ်ပါ......

ကျွန်တော့်မိန်းမက ကျွန်တော့်ဘေးကပ်​ပြီးအိပ်ပျော်နေသည်။.. ရုတ်တရက် Facebook က နိုတီလေးတတ်လာပြီ အမျိုးသမီးတစ်ယောက်က သူကို ...
07/10/2022

ကျွန်တော့်မိန်းမက ကျွန်တော့်ဘေးကပ်​ပြီးအိပ်ပျော်နေသည်။.
. ရုတ်တရက် Facebook က နိုတီလေးတတ်လာပြီ အမျိုးသမီးတစ်ယောက်က သူကို မိတ်ဆွေအ​ဖြစ် လက်ခံ ခိုင်းပါတယ်။

ဒါနဲ့ ကျွန်တော် သူမကို လက်ခံ လိုက်တယ်။

သူမရဲ့ သူငယ်ချင်း အဖြစ် တောင်းဆိုမှုကို လက်ခံပြီးနောက်...

"ငါတို့ အချင်းချင်း သိကြလို့လား" လို့ မေးတဲ့ စာတစ်စောင်ကို စာကားပြောတဲ့နေရာက ပို့လိုက်ပါတယ်။

သူမက...

"နင်အိမ်ထောင်ကျတယ်လို့ကြားပေမယ့် ငါနင့်ကိုချစ်တုန်းပဲ" ဆိုတဲ့ စာတစောင်ပြန်ပို့ပါတယ်။

သူနှင့် ကျွန်တော်သည် တစ်ချိန်က သူငယ်ချင်းဖြစ်ခဲ့​ကြပါသည်။ ပုံထဲမှာတော့ သူမသည် ယခင်ကအတိုင်း အရမ်းလှနေဆဲပါ။

ကျွန်တော် စာပို့​နေတာရပ်​ပြီး ကျွန်တော့်ဇနီးကိုလှည့်ကြည့်လိုက်တဲ့အခါ တနေကုန်အလုပ်တွေလုပ်ပြီး ပင်ပန်းနေတဲ့သူမဟာ ကျွန်တော့်နဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါတယ်။

သူမကို ကြည့်ပြီး တွေးလိုက်မိတာက သူမသည် ယုံကြည်စိတ်ချစွာဖြစ် ကျွန်တော်ရှိတဲ့ အိမ်အသစ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါသည်။

သူမသည် သူမ၏မိဘအိမ်နှင့် ဝေးကွာပြီးကျွန်တော်နှင့်အတူ လာနေသည်။

သူမ၏အိမ်တွင် သူမမိသားစုက သူမအား ဝိုင်းရံကာ နေထိုင်ခဲ့သည်။

သူမစိတ်မကောင်းဖြစ်တဲ့အခါ ဒါမှမဟုတ် ဝမ်းနည်းတဲ့အခါ သူမအမေက သူ့အားရင်ခွင်မှာ ငိုခိုင်းလိမ့်မည်။

သူ့အစ်မ သို့မဟုတ် အစ်ကိုက ဟာသတွေပြောပြီး ရယ်အောင်လုပ်မည်။

သူ့အဖေက အိမ်ပြန်လာပြီး သူကြိုက်တာမှန်သမျှ ဝယ်လာပေးလိမ့်မည်။၊

သူမသည် ထိုအရာအားလုံးကို စွန့်ခွာပြီး ကျွန်တော့်အား ယုံကြည်စွာ လက်တွဲခဲ့သည်။

ဒီအတွေးတွေ အားလုံး သတိရလာတော့ ဖုန်းကို ပြန် ကောက်ကိုင်လိုက်ပြီး ခုနက စကားပြောသူနှင့် "BLOCK" ခလုတ် ကို နှိပ်လိုက်သည်။

ကျွန်တော် မိန်းမဘက်ကိုလှည့်ပြီး သူဘေးမှာ အိပ်လိုက်သည်။

ကျွန်​တော်ဟာ ကလေးမဟုတ်ပါဘူး၊ ကျွန်​တော့်ဇနီးအပေါ် သစ္စာရှိဖို့ ကတိသစ္စာပြုခဲ့ပြီး ဒါကို စောင့်ထိမ်းရပါလိမ့်မယ် ။

ကိုယ့်မိန်းမကို မလိမ်ညာဘဲ မိသားစုကို တစ်စစီ ​ပြိုကွဲ​အောင်လုပ်တဲ့ ယောက်ျားမဖြစ်ဖို့ ထာဝရ တိုက်ပွဲဝင်သွားမှာပါ။

Saya U Khin Zaw ( ဘာသာပြန် )

တန်ရာတန်ကြေး__________အကြီးကြီး ချစ်ပြရင် စိတ်ချ    အကြီးကြီးစော်ကားခံရလိမ့်မယ် ။အရမ်းနှမျောပြီး သဝန်တိုပြရင်ကောင်းကောင်...
07/10/2022

တန်ရာတန်ကြေး
__________

အကြီးကြီး ချစ်ပြရင်
စိတ်ချ
အကြီးကြီးစော်ကားခံရလိမ့်မယ် ။

အရမ်းနှမျောပြီး သဝန်တိုပြရင်
ကောင်းကောင်းကြီးကိုကန်ထုတ်ခံရလိမ့်မယ် ။

တအားတန်ဖိုးထားပြီး
လိုက်ထိန်းသိမ်းရင်
သေသေချာချာကို
နောက်ကျောဓါးနဲ့ထိုးသွားလိမ့်မယ် ။

အကောင်းဆုံး သစ္စာတရားကို ကိုးကွယ်ပြီး
သံယောဇဉ်ထားကြည့်လေ
လှလှပပလေးကို
မုန်းတီးနာကျင်မှုတွေပေးသွားလိမ့်မယ် ။

အကောင်းဆုံးတွေကူညီပေးခဲ့ရင်
စိတ်ချ
ကောင်းကောင်းကြီး စော်ကားခံရလိမ့်မယ် ။

နည်းနည်းလောက်ပဲ ကူညီခဲ့ရင်
စော်ကားခံရတာ ပိုသက်သာပါလိမ့်မယ် ။

ကျေးဇူးရှိသူသာ ကျေးဇူးကန်းပြီး
စော်ကားတတ်တာလေ ။

အချစ်ကြီးသူတွေသာ
နောက်ဆုံးနာကျင်ရတာ သဘာဝပဲ ။

ဒါကြောင့်

ဘယ်လောက်ပဲချစ်ချစ်
အလိုက်အထိုက်ပဲ
ကောင်းပါတယ် ။

ဘယ်လောက်ပဲ သံယောဇဉ်ရှိရှိ
ဥပက္ခာတရားကို
ဆုပ်ကိုင်ထားတာပဲ
ကောင်းပါတယ်လေ ။

ဘယ်လိုပဲ ခင်တွယ်မိပါစေ
လိုတာထက် ပိုမပေးမိတာပဲ
သင့်တော်ပါတယ် ။

တန်ဖိုးရှိတဲ့အရာဆိုတာ
တန်ဖိုးထားသူလက်ထဲမှာပဲ
သင့်တော်တယ် ဆိုတဲ့စကားလိုပဲ
ရှင်ဘုရင်ရဲ့ နန်းတော်ဟာ
သူတောင်းစားအတွက်
ငရဲခန်းလို ခံစားနေရမှာပဲ

ဇရပ်ဆိုတဲ့နေရာကသာ
သူ ပျော်တဲ့နေရာ
သူနဲ့တန်ရာတန်ရာမို့
ဘယ်လောက်ကြီးချစ်ပါစေ
ထိုက်တန်သလောက်ပေးလိုက်ပြီး
တန်ရာတန်ကြေး
ပြန်ယူလိုက်တာက
ကိုယ့်စိတ်ဒဏ်ရာတွေသက်သာစေမှာပါ ။

မေတ္တာဖြင့် "
ပန်းပျိုးလက် (ရသစာပေ )

#ကျွန်မဖတ်ဖို့

မမ ညီမလေးတို့ အန်တီ မေမေ တို့အတွက်ခံစားချက်နဲ့ ဘဝနေထိုင်နည်းလေးတွေ တင်ပေးနေတာမလို့ သမီး Page လေးကို Like နှိပ်ပေးကြပါအုံးရှင့်

လေ့ကျင့်ခန်းလုပ်နေတာကိုကြည့်နေရင်းနဲ့ အလိုလိုပိန်လာတာကို ကျမသဘောကျတယ် 😍Crd. 😂
15/08/2022

လေ့ကျင့်ခန်းလုပ်နေတာကိုကြည့်နေရင်းနဲ့
အလိုလိုပိန်လာတာကို ကျမသဘောကျတယ် 😍
Crd. 😂

သူကလည်း မင်းနဲ့မှ ဖြစ်မှာ မင်းကလည်း သူနဲ့မှ ဖြစ်မှာအချိန်တိုင်း ရန်တွေဖြစ်ရင်း နားရက်မရှိလောက်အောင် ထထသ-တ်နေတဲ့ အတွဲတစ်တ...
15/08/2022

သူကလည်း မင်းနဲ့မှ ဖြစ်မှာ
မင်းကလည်း သူနဲ့မှ ဖြစ်မှာ

အချိန်တိုင်း ရန်တွေဖြစ်ရင်း
နားရက်မရှိလောက်အောင် ထထသ-တ်နေတဲ့
အတွဲတစ်တွဲဟာ ဘာလို့ မပြတ်ကြတာလဲတဲ့။

ဒါဟာ ရှင်းပါတယ် ။
တစ်ယောက်ပေါ်တစ်ယောက် ထားရှိတဲ့
ချစ်ခြင်းမေတ္တာကြောင့်ပဲပေါ့ ။
တစ်ယောက်နဲ့တစ်ယောက် မပြတ်နိုင်တဲ့
သံယောဇဉ် အရှိန်အဟုန်တွေကြောင့်ပေါ့။

🌻🤍
#ခဲတံ

တစ်ခါက လှပတဲ့ မိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်ရေးမှာ ငြီးငွေ့လာပြီး သူမရဲ့အိမ်ထောင်ဖက်ကို သတ်ပစ်ချင်ခဲ့တယ်။ တစ်မနက်မှာ သူ့အ...
15/08/2022

တစ်ခါက လှပတဲ့ မိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်ရေးမှာ ငြီးငွေ့လာပြီး သူမရဲ့အိမ်ထောင်ဖက်ကို သတ်ပစ်ချင်ခဲ့တယ်။

တစ်မနက်မှာ သူ့အမေဆီ ပြေးလာပြီး

"အ​မေရယ်၊ သမီးခင်ပွန်းကို သမီး ငြီးငွေ့နေပြီ၊ ဒီအရူးရဲ့ တာဝန်တွေလည်း ဘာမှ မလုပ်ပေးချင်တော့ဘူး... သမီး သူ့ကို သတ်ချင်ပေမယ့် အဖမ်းခံရမှာလည်း ကြောက်လို့ ဘယ်လို လုပ်ရမယ်ဆိုတာ ကျေးဇူးပြုပြီး အ​ကြံပေးနိုင်မလား...."လို့ အကူအညီတောင်းတယ်။

အမေကဖြေတယ်

-'' မေမေ သမီကို ကူညီပေးနိုင်ပါတယ် ဒါပေမယ့် မေမေပြောသလိုတော့ လုပ်မှဖြစ်မယ်....''

သမီးက "ဘာလုပ်​​ပေးရမလဲအ​မေ၊ ဘာပဲ လုပ်ရလုပ်ရ လုပ်ပါ့မယ် ''

" ဟုတ်ပြီ '' အမေကပြောတယ်၊

သမီး သူနဲ့အဆင်ပြေအောင်နေ ဒါမှသူသေသွားရင် ဘယ်သူမှ သမီးကို သံသရ မရှိမှာ

သမီး ဒီနေ့ကစပြီး ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်မှုရှိတဲ့ပုံပေါက်ဖို့အတွက် သမီကိုသမီး လှလှပပ နေရမယ်...

သမီး သူ့ကို ကောင်းကောင်း ဂရုစိုက်ပြီး ချစ်ခင်မြတ်နိူးတဲ့ပုံစံနဲ့နေရမယ်

သမီးသူ့ကိုစိတ်ရှည်ရမယ်၊ သူ့စကား နားထောင်တဲ့ပုံ​ပေါက်ရမယ်၊ သူကိုရိုသေပုံ​ပေါ်ရမယ်၊

သူလိုအပ်မယ်ထင်တာအတွက် သမီးပိုက်ဆံသုံး​ပြီး သူက သမီးကို ပိုက်ဆံမပေးရင်တောင် စိတ်မဆိုးတဲ့ပုံနဲ့နေရမယ်

သမီး သူကိုဆန့်ကျင်​ပြီး အော်တာ ဟစ်တာမလုပ်နဲ့ ၊ သူက မကြာခင် သေခြာပေါက် သေတော့မှာပဲလေ လို့တွေးပြီး သူ့ကို မေတ္တာစိတ်နဲ့ အေးအေး ဆေးဆေး ဆက်ဆံရမယ်။

အဲဒါတွေအားလုံးကို သမီးလုပ်နိုင်ပါ့လား?
အမေက မေးတယ်။

" ရတယ် သမီးလုပ်နိုင်တယ်..'' လို့ သူမက ပြန်ဖြေတယ်။

" ကောင်းပြီ ''လို့ အမေကပြောပြီး နောက်​ဘေးသို့ ဝင်သွားတယ်။ခဏအကြာမှာ အထုပ်လေး တစ်ထုပ်နဲ့ ပြန်ထွက်လာပြီး

" ဒီအမှုန့်ကို သူ့စားတဲ့ အစာထဲမှာ နေ့တိုင်း နည်းနည်း ခပ်ထည့်လိုက်ရင် သမီးယောက်ျား ဖြည်းဖြည်းချင်း သေသွားလိမ့်မယ်။ ''

ရက်ပေါင်း 30 လောက်အကြာမှာတော့ သမီးဖြစ်သူက ပျာရိပျာယာနဲ့ သူ့အမေဆီ ပြန်ရောက်လာတယ်။

" မေမေ၊ သမီးကို ကယ်ပါဦး သမီးသူ့ကို သတ်ဖို့ ရည်ရွယ်ချက်မရှိ​တော့ဘူး။ အခုချိန်မှာတော့ သူလုံးဝပြောင်းလဲသွားတဲ့အတွက် သူ့ကိုသမီးချစ်နေပြီ အခုတော့ သူက သမီးစိတ်ကူးထားတဲ့ ခင်ပွန်းကောင်း တယောက်ဖြစ်နေပြီ။''

" သူ့ကို အဆိပ်နဲ့မသေဘို့ သမီးဘာလုပ်ရမလဲ..'' လို့ မျက်ရည်တွေနဲ့မေးတယ်။

" ကျေးဇူးပြုပြီး ကူညီပေးပါဦး အမေရယ်...'' ဆိုပြီး ငိုလေသည်။

အမေက ပြုံးပြီး ပြန်ပြောသည် ။

" စိတ်မပူပါနဲ့ သမီးရယ်။ အမေ ပေးခဲ့တာက ရိုးရိုး ဟင်းခေတ်အမှုန့်တွေပါ ။ သမီးယောက်ကျားမသေပါဘူး...'' တဲ့။

တကယ်တော့ သင်ကိုယ်တိုင်ကသာ သင့်ခင်ပွန်းကို ဖြည်းဖြည်းချင်း သေစေနိုင်တဲ့ အဆိပ်ပါပဲ။

သူ့ကို ချစ်ဖို့၊ ရိုသေပြီး မြတ်နိုးလာဘို့​ကြိုးစားချိန်ကစပြီး သူ့ဟာ ချစ်စရာကောင်းတဲ့ ခင်ပွန်းအဖြစ် သင့်အမြင်မှာ ပြောင်းလဲသွားတာပါ။

သင်တို့ရဲ့ ဆက်ဆံပုံကြောင်း ၎င်းတို့၏ တုံ့ပြန်မှုနှင့် ခံစားချက်များလည်း သင်တို့အပေါ် ပြောင်းလဲစေနိူင်ပါတယ်။

အမျိုးသမီးတွေကသာ ခင်ပွန်းအပေါ် လေးစားမှု၊ ချစ်ခင်မှု၊ ဂရုစိုက်မှုတွေကိုသာ ပြသနိုင်မယ်ဆိုရင် သူက သင့်အတွက် 100% ရှိနေမှာပါ။

( ဘာသာပြန် )
#ချစ်ခြင်းအားဖြင့်D_Nine.
.

ငါ့သားလေး အိမ်ထောင်ပြုတဲ့အခါ မိန်းမရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့ယောက်ျားဖြစ်ပါစေ ငါ့သား.....မိန်းမအရိပ်မခိုပါနဲ...
15/08/2022

ငါ့သားလေး
အိမ်ထောင်ပြုတဲ့အခါ မိန်းမရှေ့မှာ
မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့
ယောက်ျားဖြစ်ပါစေ ငါ့သား.....

မိန်းမအရိပ်မခိုပါနဲ့
မိန်းမ အကူအညီမယူပါနဲ့
အထင်သေးခံရမယ်ငါ့သား....


မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ့
စကားရှိပေမယ့် တတ်နိုင်ရင်တော့
ကိုယ်ချစ်ရတဲ့ဇနီးသည်ရဲ့ပခုံးပေါ်
ဝန်ထုတ်ဝန်ပိုးကြီး မတင်ပေးပါနဲ့
တတ်နိုင်ရင်လေ ငါ့သားပဲထမ်းပြီး
သားပဲရွက်လိုက်ပါ

အိမ်ထောင့်တာဝန်
သားသမီးတာဝန်နဲ့ပိနေတဲ့သူ့ခမျာ
မယ်တစ်ရွက်လေးတောင် မရွက်နိုင်တဲ့
အခြေအနေဆို ငါ့သားက သေချာပေါက်
ကူရွက်ပေးလိုက်ပါ

စကားကို ဆိုခဲစေမြဲစေထုံးနှလုံးမူပါ
ငါ့သားလေး ကတိမတည်
စကားလက်လွတ်စပါယ်ပြောတတ်တဲ့
ယောက်ျားကို မိန်းမက မလေးစားဘူး ငါ့သား...

အမေကိုချစ်တဲ့သားဟာ
မယားမချစ်ဘူးဆိုတာမျိုးမဖြစ်ပါစေနဲ့ငါ့သား

အမေနဲ့မိသားစုကိုလဲချစ်ပါ
မိခင်မျိုးနွယ်ဝင်ဇနီးသည်ကိုလဲချစ်ပါ....

အမေ့အတွက်သားကောင်း
အစ်မညီမအတွက် မောင်ကောင်း၊
အစ်ကိုကောင်းဖြစ်ပေမဲ့ ဇနီးသည်ကို
မကောင်းဘူး ဆိုတာမျိုး မဖြစ်စေနဲ့ကွဲ့
မိသားစုကိုချစ်သလို ဇနီးသည်ကိုချစ်ပေးပါ.....

မိဘအိမ် မောင်နှမအိမ်
ဇနီးသည် မသိဘဲမသွားနဲ့ငါ့သား
သူတို့မိသားစုတွေ ငါ့ကွယ်ရာ
ငါ့ယောက်ျားကိုဘာသွေးထိုးနေပါလိမ့်လို့
သူ့ဖက်ကအမြင်မျိုးဖြစ်စေတတ်လို့
တတ်နိုင်ရင် ငါ့သားမိသားစုဆီသွားရင်
ဇနီးကိုခေါ်သွားကွဲ့

မလိုက်တာတော့သူ့အပိုင်းပေါ့
ခေါ်ပါရဲ့နဲ့မလိုက်ပဲ စကားနာထိုးတာ
သွေးထိုးတာလဲလက်မခံနဲ့ငါ့သား
မိသားစုနဲ့ဇနီးသည်ကြား
သမာသမတ်ကျကျ မျှမျှတတဖြစ်ပါစေ...

ငါ့လုပ်စာပဲ ငါ့မိဘ မောင်နှမ ပေးတာ
မိန်းမပြောစရာမလိုဘူး မထင်နဲ့ငါ့သား
အမှားကြီးမှားမယ်

အမေကမွေး အမေပြုစုယုယပေးပေမယ့်
အိမ်ထောင်ကျရင်အမေ မပိုင်ဘူး
ငါ့သားလေးရဲ့....

မိန်းမ မသိအောင်ခိုးပေးခြင်းဟာ
အမေ့သိက္ခာထိခိုက်သလို
ချွေးမ အနေနဲ့ကြည့်ရင် သူ့မာန
ထိခိုက်စေတယ် ငါ့သားလေးရဲ့..

မိန်းမရေ ဒီလောက် ဒီမျှတော့
မိဘတွေကန်တော့ရအောင်ကွာ
ငါမပေးဘူး မင်းလက်နဲ့ပေးလို့ပြောတဲ့အခါ
ယောက္ခမအပေါ် သိတတ်တဲ့ချွေးမအဖြစ်
သူဂုဏ်တတ်ရလို့ ကြည်ဖြူကျေနပ်မှာပါ.....

လျို့ဝှက်အပ်ရာ အရာရာကို
အစ်ကိုညီသား မိဘကိုထား
မယားသော်မှမပြောရ ဆိုပေမယ့်
အရာရာအတိုင်းလျှိ ု့ဝှက်စရာမလိုဘူးငါ့သား

ဇနီးသည်ကို အလေးထားပါ တိုင်ပင်ပါ
ဇနီးသည်ရဲ့ဂုဏ်ကို မြှင့်တင်ပေးပါ ငါ့သား....

ငါ့သားများအိမ်ထောင်ပြုခဲ့ရင်လေ........
မှာချင်တာတွေအများကြီးပါသားကြီးရေ
ဒီနေ့တော့ ဒီမျှသာ။

မူရင်း Post ပိုင်ရှင်ကို ရိုသေလေးစွာ Creditပေးပါတယ်

ထွက်ငွေ ကတော့ ပုံမှန်ပဲဝင်ငွေတောင် မမှန်ချင်တော့ဘူး 🙂Crd photo  #ကားတွန်းစိုးကြီး ပေါင်းတည်
14/08/2022

ထွက်ငွေ ကတော့ ပုံမှန်ပဲ
ဝင်ငွေတောင် မမှန်ချင်တော့ဘူး 🙂
Crd photo #
ကားတွန်းစိုးကြီး ပေါင်းတည်

♥️ နေကြည့်ပါ ♥️မိန်းမတစ်ယောက်ဟာ ကိုယ့်ဘဝကို တန်ဖိုးထားရကောင်းမှန်း မသိရင်ခပ်လည်လည် ယောက်ျားတွေရဲ့ လက်ထဲမှာကစားစရာ အရုပ်တ...
13/08/2022

♥️ နေကြည့်ပါ ♥️

မိန်းမတစ်ယောက်ဟာ ကိုယ့်ဘဝကို
တန်ဖိုးထားရကောင်းမှန်း မသိရင်
ခပ်လည်လည် ယောက်ျားတွေရဲ့ လက်ထဲမှာ
ကစားစရာ အရုပ်တစ်ရုပ် ဖြစ်သွားလိမ့်မယ်။

ဒါကြောင့် ထက်မြက်တဲ့
မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ။

မိန်းမတစ်ယောက်ဟာ ရှိသင့်ရှိထိုက်တဲ့
မာနကို လက်ကိုင်မထားမိရင်
ခပ်ဆိုးဆိုး ယောက်ျားတွေရဲ့ ပေါ့ပျက်ပျက်
သဘောထားတွေနဲ့ ကြုံရလိမ့်မယ်။

ဒါကြောင့် မာနကြီးတဲ့
မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ။

မိန်းမတစ်ယောက်ဟာ
အယုံလွယ်ပြီး တုံးတုံးအအဖြစ်နေရင်
ခပ်ပွေပွေ ယောက်ျားတွေရဲ့
လှည့်စားတာ ခံရလိမ့်မယ်။

ဒါကြောင့် ပြတ်သားတဲ့
မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ။

မိန်းမဖြစ်ရတာ နိမ့်ကျတယ် မထင်ပါနဲ့
ဘုရားကပေးတဲ့ အလှတွေ ပိုင်ဆိုင်ထားတယ်
နူးညံ့တဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်ထားတယ်။

ကိုယ့်ဘဝ ကိုယ့်အနာဂါတ်ကို
ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတယ်
ဖြစ်ချင်တာ ဖြစ်ခွင့်မရှိဘူး ဆိုပေမယ့်
ဖြစ်သင့်တာတော့ အကုန်ဖြစ်ခွင့်ရှိတယ်။

ဒါကြောင့်
လောကမှာ ရှင်သန်တတ်ဖို့
ခြင်္သေ့လို ရဲရင့်ပြတ်သားစွာ နေကြည့်ပါ။

မိန်းကလေးတိုင်းရဲ့ ဘ၀ကို လှပစေချင်တဲ့
ချစ်တဲ့
#ယွေးCrd

အစားအသောက်ရွေးစားတဲ့အခါ  calorie ကိုတွက်ချက်စားပါ။🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။စမူဆ...
12/08/2022

အစားအသောက်ရွေးစားတဲ့အခါ calorie ကိုတွက်ချက်စားပါ။
🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။

စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊

ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပၲတဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍

ကယ်လိုရီတန်ဖိုးများ
----------------------
🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ

🥩🍗🍖အသားဓာတ် (protein)🍖🍗🥩
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ

🧀🧈အဆီဓာတ် (fat )🧈🧀
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ

🥭🍇🥑သစ်သီး🍇🥭🥑
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)

🥬🍅ဟင်းသီးဟင်းရွက်🍅🥬
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)

🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ

(🔺ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။
🔺ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။
🔺ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။
🔺ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။)

Credit
Photo crd Ha Hoang

Address

Yangon

Telephone

+959774786143

Website

Alerts

Be the first to know and let us send you an email when Baby Gue Gue Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share