13/06/2026
ဇွန်လဖွားတို့ရဲ့ အလှတရားဖြစ်တဲ့ နှင်းဆီပန်း (Rose) 🌹
ဇွန်လမှာ မွေးဖွားလာသူတွေရဲ့ Birthflower ကတော့ ပန်းတကာ့ပန်းတို့ရဲ့ ဘုရင်မလို့ တင်စားကြတဲ့ “နှင်းဆီပန်း (Rose)” ပဲ ဖြစ်ပါတယ်။
နှင်းဆီပန်းဟာ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိပြီး ရာစုနှစ်ပေါင်းများစွာကတည်းက လူသားတို့ရဲ့ အချစ်၊ အလှတရားနဲ့ ခံစားချက်တွေကို ဖော်ကျူးဖို့ အသုံးအများဆုံး ပန်းတစ်ပွင့်လည်း ဖြစ်ပါတယ်
ဒါအပြင် နှင်းဆီဟာ စစ်မှန်တဲ့အချစ်ကို ဖော်ပြတဲ့နေရာမှာ အနှိုင်းမဲ့တဲ့ ပန်းဖြစ်သလို အနုပညာဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ဖော်ညွှန်းပေးနိုင်တဲ့ ပန်းတပွင့်ပါ ။
နှင်းဆီပန်းလေးတွေလိုပဲ ဇွန်လဖွားတွေဟာ များသောအားဖြင့် ဆွဲဆောင်မှုရှိပြီး လူချစ်လူခင် ပေါများတတ်ကြပါတယ်။
သူတို့ဟာ အတွင်းစိတ် နူးညံ့သိမ်မွေ့ပြီး အချစ်ကို တန်ဖိုးထားတတ်သူတွေ ဖြစ်သလို၊ တစ်ဖက်မှာလည်း မိမိကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ နှင်းဆီဆူးလေးတွေလိုမျိုး မာန်မာနနဲ့ ခံယူချက် ခိုင်မာသူတွေလည်း ဖြစ်ကြပါတယ်။
ဒါကြောင့် ဇွန်လမွေးနေ့ရှင်လေးတွေအတွက်ပဲဖြစ်ဖြစ် / ဇွန်လထဲမှာ Anniversary/ Monthsary / Congratulations ပြုလုပ်ဖို့ ပန်းရွေးချယ်ရခက်နေရင်
နှင်းဆီပန်းလေးတွေကို ရွေးချယ်ပေးဖို့ အကြံပြုပေးလိုက်ပါရစေရှင် ။
#ပန်းဆိုင် #ပန်းစည်း #ဒဂုံဆိပ်ကမ်းမြို့နယ် #တောင်ဥက္ကလာပမြို့နယ်