24/05/2023
တန်ဖိုးအစစ်ဆိုတာ
ငွေတစ်ကျပ်ရဲ့တန်ဖိုးကို တစ်ကျပ်မှမရှိတဲ့အခါမှ သိလိမ့်မယ်။
ရေတစ်စက်တန်ဖိုးကို ရေတစ်စက်မှ မရနိုင်တဲ့အခါမှ သိလိမ့်မယ်။
ကြင်နာမှုဆိုတဲ့စကားကို ကိုယ်တိုင် ရက်စက်ခံလိုက်ရမှ သိလိမ့်မယ်။
အချိန်ရဲ့တန်ဖိုးကို ကိုယ်တိုင် အချိန်မမီတော့တဲ့အခါမှသာ သိလိမ့်မယ်။
ကြိုးစားပါဆိုတဲ့စကားကို ကိုယ်တိုင် မကြိုးစားနိုင်တော့တဲ့အခါမှ သိလိမ့်မယ်။
ကိုယ်ချင်းစာစိတ်ဆိုတဲ့အဓိပါ္ပယ်ကို ကိုယ်တိုင်အဲဒီ့နေရာရောက်လာမှ သိလိမ့်မယ်။
ကတိတစ်လုံးရဲ့တန်ဖိုးကို ကတိအခါခါပျက်တဲ့သူနဲ့ ပတ်သက်တဲ့အခါမှ သိလိမ့်မယ်။
တကယ်တော့ တန်ဖိုးတစ်ခုရဲ့ အစစ်အမှန်ဆိုတာ အတုအယောင်နဲ့ ကြုံဖူးချိန်မှသာ သိတာပါ။
အဲဒါကြောင့် အကြပ်အတည်းနဲ့ကြုံရချိန်မှာ ရခဲ့တဲ့ သင်ခန်းစာတွေကို ဘဝတစ္ခုလုံးမှာ
ပြန်အသုံးချနိုင်မှ တန္ဖိုးအစစ္ကို ပိုင်ဆိုင်နိုင်တာဖြစ်ပါတယ်။