17/07/2026
ကလေးတယောက်မေးတယ်
ဘုရားကို နင်မြင်ဘူးလားတဲ့
မမြင်ဘူးဘူးလို့ နောက်တယောက်ကဖြေတယ်
နောက်မေးခွန်းထပ်မေးတယ်
ဘုရားကိုနင်ထိတွေ့ကိုင်တွယ်လို့ရလားတဲ့
မရဘူးလို့ နောက်တယောက်ကဖြေတယ်
အဲ့တော့ မေးတဲ့ကလေးကပြောတယ် အဲ့ဒါကြောင့် ဘုရားဆိုတာတကယ်မရှိဘူးလို့ပြောလေရဲ့
စိတ်ဝင်စားဘို့ကောင်းတာက ဖြေခဲ့တဲ့ကလေးကမဆိုင်းမတွဘဲ သူ့ကိုမေးခွန်းမေးတဲ့ကလေးကိုပြန်မေးလေရဲ့
နင်ဦးနှောက်ကိုမြင်ဘူးလားဆိုတော့ မမြင်ဘူးဘူးတဲ့
ဒါဆိုဦးနှောက်ကိုရော ကိုင်တွယ်ဘူးလားဆိုတော့ဟင့်အင်းတဲ့
ကဲအဲ့ဒါဆိုနင့်မှာဦးနှောက်မရှိဘူးပေါ့တဲ့…..
လောကကြီးမှာ သက်သေပြလို့မရတဲ့ဖြစ်ရပ်မှန်တွေ သမိုင်းကြောင်းတွေရှိနေတယ်ဆိုတာ သတိပေးသွားတဲ့ ဇာတ်လမ်းတိုလေးပါ…..