08/10/2026
12X Zoom Len With Mini Tripod
Price ; 39500 Kyats
# ဟန်းဖုန်းကိုင်တဲ့သူတိုင်းလိုလို အသုံးအများဆုံး Function တစ်ခုကတော့ Camera ပါ။ ဖုန်းဝယ်ရင်တောင် ကင်မရာ ကြည်လင်ပြတ်သားမှုကို ပထမဦးစားပေး ထည့်စဉ်းစားဆုံးဖြတ်ကြပါတယ်။ တကယ့် အစစ်အမှန် Professional Camera ကြီးတွေ ဝယ်သုံးမယ့်အစား ဖုန်းထဲက ကင်မရာ အရည်အသွေး ကောင်းဖို့ကို ပိုဇောင်းပေးလေ့ရှိကြပါတယ်။ ကင်မရာကြီးတွေက နေရာတိုင်း ယူသွားလို့ မဖြစ်နိုင်ပေမယ့် ဖုန်းကိုတော့ သွားလေရာ ယူသွားလေ့ရှိတာကလည်း အကြောင်းတစ်ချက်ပေါ့။
# ဖုန်းအကောင်းစားက တချို့ကင်မရာတွေဟာ ကင်မရာကြီးတွေရဲ့ ရိုက်ချက်မျိုးကို မှီပါတယ်။ အရည်အသွေးလည်း အတော်ကောင်းလာပါတယ်။ ဒါပေမယ့် အဝေးမြင်ကွင်း ရှုခင်းတွေကိုတော့ ကင်မရာကြီးတွေလို အနီးကပ် ဆွဲမရိုက်နိုင်ပါဘူး။ ဒီတစ်ချက်တည်း ကွာခြားသွားတာပါ။
# ဒီအချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ Phone Zoom Lens တွေ ထွက်ပေါ်လာပါတယ်။ ၈ဆ၊ ၁၂ဆ၊ အဆ၂၀၊ အဆ၈၀ စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။ အဆနည်းပြန်တော့လည်း ခပ်ဝေးဝေး မဆွဲနိုင်။ အဆများပြန်တော့ ခပ်ဝေးဝေးဆွဲလို့ရပေမယ့်လဲ ပမာဏက ကြီးနေတော့ ခရီးဆောင်ယူသွားဖို့မလွယ်။ ခုရောင်းတဲ့ ၁၂ဆ မှန်ပြောင်းလေးက တောင်ပေါ်ဒေသ ရှုခင်းကောင်းတွေကိုတောင် အနီးကပ်ဆွဲရိုက်နိုင်တဲ့အပြင် လက်တစ်ဆုပ်စာသာ ရှိတာမို့ အိတ်ကပ်ထဲ ထည့်ယူသွားလို့တောင် ရပါတယ်။ ရွေးချယ်ဖို့အတွက် နှိုင်းယှဉ်ပြတာပါ။ ခပ်ကြီးကြီးနဲ့ အဆများများဆွဲနိုင်တဲ့ မှန်ပြောင်းမျိုးတွေလည်း ဆိုင်မှာရောင်းပါတယ်။
# ကင်မရာပါရှိတဲ့ ဘယ်ဖုန်းမှာမဆို Aluminium Clip နဲ့ ညှပ်ပြီး မှန်ပြောင်းတပ်ရိုက်နိုင်ပါတယ်။ ( ထောင့်ဖြတ်မျက်နှာပြင် ၆လက်မထက်ပိုတဲ့ ဖုန်းများနဲ့တော့ တပ်လို့မရနိုင်ပါ။) ပြီးရင် မှန်ပြောင်းမှာ အသင့်ပါလာတဲ့ Tripod လေး တပ်ပြီး အငြိမ်ထားလို့ ရိုက်ကူးနိုင်ပါတယ်။ Tripod မတပ်ပဲ လက်နဲ့ကိုင်ရိုက်လည်း ရပေမယ့် အဆများများနဲ့ ခပ်ဝေးဝေးဆွဲကြည့်မယ်ဆိုရင် ရုပ်ထွက်မဝါးအောင် အငြိမ်ထားဖို့တော့လိုပါလိမ့်မယ်။
# ၁၂ဆချဲ့ မှန်ပြောင်းဖြစ်တာမို့ တမျှော်တခေါ် အတော်ဝေးဝေးက မြင်ကွင်း၊ ရှုခင်း၊ ပစ်မှတ်၊ ကျေးငှက်သာရကာ၊ တောတောင်ရေမြေသဘာဝအလှတို့ကို ကြည်ကြည်လင်လင် အနီးကပ်မြင်ရသလို ဆွဲယူချဲ့ကြည့်နိုင်ပါတယ်။ ဥပမာ……. ၁၂မိုင်အကွာအဝေးက မြင်ကွင်းကိုကြည့်ရင် ၁မိုင်အကွာကနေ ကြည့်နေရသလို မြင်ရတဲ့သဘောပါ။
# ဟိုးယခင်ကဆိုရင် မှန်ပြောင်းဆိုတာ ပြောင်းရှည်မှ အဝေးဆွဲနိုင်တာလို့ မှတ်ယူကြပါတယ်။ ပြောင်းရှည်လေ အဆပိုချဲ့နိုင်လေပါပဲ။ ဒါပေမယ့် Prism ခေါ် အလင်းယိုင်သုံးမြှောင့်ဖန်တုံးစနစ် ပေါ်လာပြီးနောက်ပိုင်း ပြောင်းရှည်စရာ မလိုတော့ပဲ ပြောင်းတိုထဲမှာပဲ ဖန်တုံးရဲ့ဆွဲချဲ့နိုင်မှု အရည်အသွေးပေါ်မူတည်ပြီး မှန်ပြောင်းရဲ့ အဝေးဆွဲအမြင်တွေ ပိုပိုကောင်းလာပါတယ်။ ဒါ့ကြောင့် ရှေးတုန်းက ၁ပေကျော်လောက် တယ်လီစကုပ်တွေရဲ့အမြင်ကို ဒီလိုဖုန်းမှန်ပြောင်းတိုတိုလေးက မြင်နိုင်တယ်ဆိုတာ ယုံမှားသံသယဖြစ်ဖွယ် မရှိနိုင်တော့ပါ။
# ဖုန်းနဲ့ တပ်သုံးဖို့ သေးငယ်အောင်ပြုလုပ်ထားပြီး အဆများများ ချဲ့ကြည့်နိုင်တဲ့အမျိုးမို့ အတွင်းက Prism အရည်အသွေးအကောင်းဆုံးကို ရွေးချယ်ထည့်သွင်းထားပါတယ်။ ကိုယ်ထည်မှာ အလူမီနီယံသတ္ထုထည်မို့ အကြမ်းပတမ်းခံပြီး ပေါ့ပါးပါတယ်။ မြင်ကွင်း အနီးအဝေးပေါ် မူတည်ပြီး ပြောင်းကိုလှည့်ကာ Focus ချိန်ညှိနိုင်ပါတယ်။
# အပြင်ထွက်ရင်၊ ခရီးဝေးသွားရင် ဟန်းဖုန်းတစ်လုံး မပါမဖြစ် ယူသွားကြသလို သတင်းမီဒီယာသမား၊ ဓါတ်ပုံပညာရှင်များ၊ မှတ်တမ်းသမားများကလည်း ကင်မရာအကြီးမယူသွားနိုင်ရင်တောင် Zoom Lens တစ်မျိုမျိုးတော့ ယူသွားသင့်ပါတယ်။ Tripod နဲ့ တည်ထားလို့ရတာမို့ Live လွှင့်တာမျိုး ကြာရှည်ရိုက်ကူးတာမျိုးမှာ လွန်စွာ အဆင်ပြေစေပါတယ်။
# မူရင်းကောင်းမှ မိတ္တူကောင်းမှာပါ။ ဖုန်းကင်မရာ အရည်အသွေးကောင်းမှ ရုပ်ထွက်ကြည်လင်မှာပါ။ Zoom Lens ဆိုတာ အဝေးကမြင်ကွင်းကို အနီးကပ်ဆွဲချဲ့ပေးတာမို့ ကြည်လင်ပြတ်သားတာတွေ Megapixel တွေက ဖုန်းကင်မရာရဲ့ တည်ဆောက်မှုပေါ်ပဲ မူတည်ပါတယ်။
# ၁၂ဆ ချဲ့နိုင်တဲ့ မှန်ပြောင်း ဟုတ်/မဟုတ် ဆိုတာကို ဖုန်းနဲ့ပဲ လက်တွေ့စမ်းသပ်ကြည့်နိုင်ပါတယ်။ မှန်ပြောင်းမတပ်ပဲ မြင်ကွင်းတစ်ခုကို ဓါတ်ပုံရိုက်ပါ။ အဲ့ဒီမြင်ကွင်းကို ၁၂စိပ် စိပ်ပြီး ၁စိပ်ရဲ့ မြင်ကွင်းကို မှတ်ထားပါ။ ပြီးရင် အဲ့ဒီတစ်စိပ်နေရာကိုပဲ မှန်ပြောင်းတပ် (အနီးအဝေးပေါ်မူတည်ပြီး Focus ကြည်လင်အောင်ချိန်) ဓါတ်ပုံရိုက်ပါ။ ပထမရိုက်ထားတဲ့ ၁၂စိပ်၁စိပ်ထဲက မြင်ကွင်းကို ဖုန်းမှန်ပြင်အပြည့်ထဲ ယခင်မမြင်နိုင်တဲ့ ကြည်လင်ပြတ်သားမှုမျိုးနဲ့ မြင်တွေ့ရပါလိမ့်မယ်။
=========================================================
Doctor Moon Online Store
09976800069, 09768800069