07/02/2024
[REVIEW] IN2IT - LASH & BROW PRO-MASCARA
My best beauty find from Thailand.
IN2IT Myanmar က အခု Junction City မှာ booth ဖွင့်ထားပြီး sale event လုပ်နေတာမို့လို့ လှမ်းဖိတ်တာနဲ့ sale price နဲ့ရအောင် တခါတည်းဒါကိုရေးလိုက်တာ။ အမှန်အတိုင်းပြောရရင် ဖူးပွင့်ဒါကိုကြိတ်သုံးနေတာ ၃ လလောက်ရှိပြီ။ ထိုင်းမှာ ၄ လပိုင်းကသွားနေနေတုန်းက ဈေးလိုက်ဝယ်ရင်းနဲ့ ဒါကိုမြင်ပြီးစိတ်ဝင်စားလို့ဝယ်လိုက်တာ။ Lash serum ကို ထိုင်းကထုတ်တာမျိုးကိုမသုံးဖူးဘူး။ စမ်းကြည့်ကြည့်မယ်ဆိုပြီးတော့ဝယ်လိုက်တာ။ အဲ့ဒီတည်းကနေပြီးတော့ သုံးနေတာ အခုဆိုရင် ၃ လလောက်ရှိပြီပေါ့။
အရင်ဆုံးပြောရရင်တော့ “Highly recommended” ပဲ။ ဒီစာကိုမြင်ရင်ပြေးပြေးပြီးတော့ဝယ်တဲ့ ကိုယ့် reader အုပ်စုကပြေးဝယ်လို့ရပြီနော်။ ပြီးမှ review ဆက်ဖတ်တော့။
ဒါကိုဝယ်တုန်းက ဖူးပွင့်လေ ဘာ expectation မှကိုမရှိခဲ့တာ။ ဝယ်တုန်းကထိုင်းပြည်တွင်းထုတ်မို့ ကောင်းမှကောင်းပါ့မလား ဘာလားပေါ့။ သိတယ်မဟုတ်လား။ လူ့ psycho လေ။ အဲ့ဒါနဲ့ဝယ်ပြီးတော့ ဖူးပွင့်ညတိုင်းသုံးဖြစ်တယ်။ အစက ဖာသိဖာသာပဲ။ “ငါ့မျက်တောင်လေးတွေမကျွတ်ရင်အဆင်ပြေပါပြီ” ပေါ့။ အဲ့ဒါနဲ့ဖူးပွင့်သုံးရင်းနဲ့ ၂ လဝန်းကျင်လောက်ရောက်လာတော့ ဖူးပွင့်မျက်တောင်တွေထူလာတာကိုသတိထားမိတယ်။ မျက်တောင်တုတပ်သလိုမျိုး၊ ဘောလိဝုဒ်ကမင်းသမီးတွေလိုမျိုးတော့မဟုတ်ဘူးပေါ့။ ကိုယ့်မျိုးရိုးကလည်းရှိသေးတာကိုး။
မျက်တောင်ထူလာတယ်ဆိုတာမျိုးပြောရတာကို ဘယ်လိုပြောရမလဲ။ မျက်တောင်တွေကအရင်ကလိုမကျွတ်တော့ဘဲနဲ့ မျက်လုံးပေါ်မှာတော်တော်ကြာကြာရှိနေတာ။ ပြီးတော့ မျက်တောင်လေးတွေကလည်းရှည်လာတယ်။ မျက်တောင်တုလိုမျိုး မယုံနိုင်စရာရှည်နေတာမျိုးမဟုတ်ဘူးနော်။အဲ့ဒီလိုဖြစ်ချင်ရင်မျက်တောင်တုတပ်။ အခုဟာက ရှိရင်းစွဲထက်ကို သိသိသာသာလေးကိုသဘာဝဆန်ဆန်လေးရှည်လာတာ။ မျက်လုံးမှာပေါက်တဲ့မျက်တောင်တွေမှာသိတယ်မဟုတ်လား အပြင်အစွန်းဘက်မျက်တောင်တွေက တိုတိုလေးဖြစ်နေတာလေ။ (ကိုယ်ပဲဖြစ်နေတာလားမသိ) အဲ့ဒီမျက်တောင်လေးတွေကတော်တော်လေးကို သိသိသာသာရှည်လာတာ။ အဲ့ဒါလေးကိုသတိထားမိတာ။ နောက်ပြီးတော့ မျက်တောင်တွေကျွတ်တာသက်သာတယ်။ ဖူးပွင့်နောက်ပိုင်း ရုံးမှာအပြင်ထွက်ရတာများတော့ နေ့တိုင်းနီးပါးကို မိတ်ကပ်လိမ်းဖြစ်တော့ mascara တွေသုံး၊ Remover နဲ့ဖျက်လုပ်တာ မျက်တောင်တွေက အရင်က lash serum မသုံးသလိုမျိုးမကျွတ်ဘူး။ အများဆုံးကျွတ်မှာ ၂ ပင်၊ ၃ ပင်လောက်ပဲ။
အဲ့ဒီအချိန်ကျမှ ingredient list ကောက်ကြည့်တာ။ (အရမ်းတော်တာနော်) ဘာကြောင့်လဲပေါ့။ အဲ့ဒါနဲ့ သူ့အထဲမှာ ဖူးပွင့် ingredient အဆန်းတစ်ခုသွားတွေ့တာ။
ဆန်းတယ်ဆိုတာထက် သိပ်မမြင်ဖူးတဲ့ ingredient လို့ပြောရမလားပဲ။ Biotinoyl Tripeptide-1 လို့ခေါ်တယ်။ လိုက်ဖတ်ကြည့်တော့ သူ့ရဲ့အဓိကလုပ်ဆောင်ချက်က ဆံပင်တွေမကျွတ်အောင်နဲ့ အထူးသဖြင့် မျက်တောင်တွေမှာ ရှည်ပြီးထူလာအောင်နဲ့ မကျွတ်လွယ်အောင်လုပ်ပေးတယ်လို့ရေးကြတယ်။ မျက်လုံးထဲမြင်အောင်ပြောရရင် မျက်တောင်အရင်းကအမြစ်သိတယ်ဟုတ်? အဲ့ဒီအမြစ်လေးကိုသူကအားဖြည့်ပေးပြီးတော့သန်အောင်လုပ်ပေးတာ။ Biotinoyl Tripeptide-1 အပြင်ကို သူ့ထဲမှာမျက်တောင်အတွက်အကျိုးရှိတဲ့ glycerin တို့ aloe vera juice တို့ပါတယ်ပေါ့။ အဲ့ဒါကိုဖတ်ပြီးမှ ကိုယ်လည်း “ဪ ဒါကြောင့်ကိုး” ပေါ့။
ကောင်းတာချည်းပဲပြောပြီးတော့ အနည်းငယ်သတိထားရမယ့်အချက်လေးတွေပြောရအောင်။ သူ့ formula ထဲမှာ alcohol ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ lash serum ထဲမှာ alcohol ပါရင် မျက်လုံးကစပ်တတ်တဲ့သူတွေသုံးရင်သတိထားသင့်တယ်။ သူ့ texture ကတော့ gel ကိုမှခပ်ပျစ်ပျစ်လိုပုံစံမျိုးမို့လို့ ကိုယ့်မျက်တောင်ပေါ်တင်ပြီးရင်တော့ မျက်လုံးထဲဝင်တာမျိုးဖြစ်ဖို့တော့ရာနှုန်းနည်းတယ်။ (အများကြီး အများကြီးတော့ပုံပြီးမလိမ်းနဲ့ပေါ့) အဲ့ဒါလေးကလွဲပြီး ကျန်တာကတော့ အထွေအထူးပြောစရာတော့မရှိပါဘူး။ သူ့ formula အတိုင်းပဲပေါ့။ ဆက်ပြောရင်လည်း organic chemistry classroom ဖြစ်တော့မယ်။
ဖူးပွင့်ကဒါကို ပုံမှန်တော့ night time skincare လုပ်ပြီးသွားရင်မျက်တောင်မှာသုံးလိုက်တယ်။ ပိတ်ရက်တွေအိမ်မှာတနေ့လုံးနေမယ် ဘယ်မှမသွားဘူးဆိုရင် lash care လုပ်တဲ့အနေနဲ့ နေ့၊ည သုံးတယ်။ မနက်တစ်ခါ နေ့လည်တစ်ခါပေါ့။ Brand ကတော့ 2 weeks ဆိုရင်ရှည်တာကိုမြင်ရပြီလို့ပြောတယ်။ ဖူးပွင့်ကတော့ သတိမထားမိလိုက်တော့ ၁ လ ၂ လလောက်နေမှ ရှည်လာတာကိုသတိထားမိတယ်။ Result ကောင်းတာကတော့ တကယ်ပဲ။
Highly recommended နော်။ ဝယ်။ ဒါမျိုးကို Rosie က ခဏခဏမပြောဘူး။ ကောင်းတယ်ဆိုမှပြောတာ။
ဝယ်ချင်ရင်တော့IN2IT Myanmar မှာရတယ်။ ဈေးကတော့ဖူးပွင့်သေချာမပြောတတ်ဘူး။ ဖူးပွင့်ဝယ်တုန်းက Thai Baht နဲ့ဝယ်တာမို့။ ဈေးလည်းသေချာမမှတ်မိဘူး။ ဈေးတော့မကြီးဘူး။ သုံးပျော်တဲ့ amount ပဲ။
ကဲ။ Eye lash care လုပ်ချင်တဲ့သူတွေ၊ မျက်တောင်ကို သဘာဝအတိုင်းရှည်ချင်သူတွေအတွက်ညွှန်းပေးလိုက်ပြီနော်။
See you in the next post.
Love,
Rosie
Disclaimer - NOT sponsored. Product is purchased with my own money in Thailand.