HAGL Myanmar

HAGL Myanmar HAGL Myanmar Centre is a major Vietnamese investment in Myanmar, featuring mixed-use development.

ဇွန်လ(၁) ရက်နေ့မှာကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ ကလေးများနေ့” ကို ကြိုဆိုသောအားဖြင့် ကျွန်ုပ်တို့ HAGL Myanmar မှဝန်ထမ်းမိ...
01/06/2026

ဇွန်လ(၁) ရက်နေ့မှာကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ ကလေးများနေ့” ကို ကြိုဆိုသောအားဖြင့် ကျွန်ုပ်တို့ HAGL Myanmar မှဝန်ထမ်းမိသားစုများ၊ ကလေးများစုံညီစွာနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 🌟

ဒီနေ့ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်တော့ - ကလေးတိုင်း ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိစေဖို့၊ ခေတ်မီတဲ့ ပညာရေးစနစ်နဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့အပါအဝင် ကလေးငယ်‌လေးတွေ အမြတ်ထုတ်ခံရမှုနဲ့ အကြမ်းဖက်ခံရမှုတို့မှ ကင်းဝေးပြီး လုံခြုံစိတ်ချစွာ နေထိုင်နိုင်စေဖို့အတွက် လူတိုင်းသိရှိပါဝင်လာနိုင်စေရေး အတွက် အလေးပေးပြုလုပ်တဲ့ campaign တစ်ခုအနေနဲ့ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 🛡️📚🩺

ဒီနှစ်ရဲ့ “Together for every child” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကလေးငယ်များအားလုံး တန်းတူညီမျှတဲ့အခွင့်အရေးတွေရရှိပြီး ၎င်းတို့ရဲ့စွမ်းဆောင်ရည်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမယ့် အစီအစဉ်တွေကို စနစ်တကျ ထည့်သွင်းပြုလုပ်ပေးခဲ့ပါတယ်။ 🌱🤝

စွမ်းရည်ပြိုင်ပွဲမှာ ကလေးငယ်လေးတွေဟာ အက၊ ပန်းချီ၊ ဂီတတူရိယာတီးခတ်မှု၊ ပုံပြောခြင်း စတဲ့စွမ်းရည်တွေနဲ့ စင်မြင့်ထက်မှာ ရဲဝံ့စွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ 🎨🎶
ဒါ့အပြင် ကလေးလေးတွေရဲ့စိတ်ကူးဉာဏ်တွေ ပိုမိုပွင့်လန်းစေမယ့် ဆေးရောင်ခြယ်ခြင်း၊ ပူဖောင်းအရုပ်ပုံဖော်ခြင်း၊ အသင်းအဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်တတ်စေဖို့အတွက် အဖွဲ့လိုက်ပူဖောင်းသယ်ပြိုင်ပွဲများကိုလည်း ထည့်သွင်းပြုလုပ်ပေးခဲ့ပါတယ်။ 🏆

ကလေးငယ်တစ်ဦးချင်းစီရဲ့ ဖြစ်တည်မှုတိုင်းကို တန်းတူညီမျှအသိအမှတ်ပြုတဲ့အနေနဲ့ HAGL Myanmar နှင့် Melia Yangon မှဝန်ထမ်းမိသားစုများရဲ့ ကလေးငယ်စုစုပေါင်း (၂၉၀)အတွက် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်မှုတိုင်းအတွက်လည်း အသိအမှတ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ပါတယ်။ 🎁

HAGL Myanmar အနေနဲ့ နောင်အနာဂတ်မှာလည်း ကလေးငယ်တွေအတွက် လုံခြုံစိတ်ချပြီး သာယာလှပတဲ့ အသိုက်အဝန်းတစ်ခု ဖြစ်ထွန်းလာစေဖို့ ဆက်လက်ပံ့ပိုး ကူညီပေးသွားမှာပဲ ဖြစ်ပါတယ်။ ❤️

Celebrating International Children's Day 2026 with HAGL Myanmar 🎈

In celebration of International Children's Day on June 1st, HAGL Myanmar hosted a vibrant gathering for our employee families and their children. 🌟

This event was driven by a meaningful mission, acting as a dedicated campaign to raise awareness and ensure that every child enjoys quality healthcare, receives modern schooling, and lives securely, free from exploitation and abuse. 🛡️📚🩺

Aligned with this year's global theme, "Together for every child," we carefully curated activities to promote equal opportunities while fostering the children's individual capabilities and collaboration skills. 🌱🤝
• 🎤 Talent Show: The children confidently took the stage to express their unique creativity through dancing, painting, playing musical instruments, and storytelling. 🎨🎶
• 🎈 Creative & Interactive Games: A variety of engaging activities were organized to spark their imagination, including coloring sessions and balloon twisting, alongside team-based balloon carrying games aimed at building essential teamwork skills. 🏆
• 🎁 Celebrating Every Child: To honor each child's unique presence, we distributed special gifts to a total of 290 children from the employee families of HAGL Myanmar and Meliá Yangon, alongside recognition awards to applaud their wonderful participation. 📸

Moving forward, HAGL Myanmar remains deeply committed to supporting and building a safe, happy, and nurturing community where the next generation can truly thrive. ❤️

“Dream BIG, little ones ~ the future belongs to you.” ✨

🩸စေတနာရှေ့ထား အသက်ကယ်ဖို့ သွေးလှူဒါန်းကြစို့ 🩸နေ့စဉ်နှင့်အမျှ နာမကျန်းတဲ့လူပေါင်းများစွာဟာ အရေးပေါ်အခြေအနေတွေနဲ့ ခွဲစိတ်...
16/05/2026

🩸စေတနာရှေ့ထား အသက်ကယ်ဖို့ သွေးလှူဒါန်းကြစို့ 🩸
နေ့စဉ်နှင့်အမျှ နာမကျန်းတဲ့လူပေါင်းများစွာဟာ အရေးပေါ်အခြေအနေတွေနဲ့ ခွဲစိတ်ကုသမှုတွေအတွက် အလှူရှင်တွေရဲ့ သွေးကို အားကိုးနေကြရပါတယ်။

သင်သိပါသလား?
ကျန်းမာသန်စွမ်းသူတစ်ဦးဟာ (၄) လ တစ်ကြိမ် ပုံမှန်သွေးလှူဒါန်းနိုင်ပါတယ်။ ဒီလို ပုံမှန်လှူဒါန်းခြင်းဟာ အရေးပေါ် သွေးလိုအပ်နေတဲ့ လူနာတွေအတွက် အချိန်မရွေး သွေးအဆင်သင့်ရှိနေစေဖို့ အလွန်ကူညီရာရောက်ပါတယ်။

ဒီလို ပုံမှန်သွေးလှူခြင်းအလေ့အထကို ဖော်ဆောင်ဖို့အတွက် We Care, We Share နဲ့ Meliá Yangon တို့မှ အမျိုးသားသွေးဌာန နဲ့အတူပူးပေါင်းပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပပြုလုပ်မယ့် "စေတနာ သွေးလှူဒါန်းပွဲ" သို့ လာရောက်ပါဝင်ဖို့ လူကြီးမင်းတို့ကို နွေးထွေးစွာ ဖိတ်ကြားအပ်ပါတယ်။
📍 နေရာ - Inya Ballroom၊ | Meliá Yangon
📅 နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃) ရက်
⏰ သွေးလှူဒါန်းနိုင်မည့် အချိန်များ -
နံနက် ၉:၀၀ နာရီ မှ မွန်းတည့် ၁၂:၀၀ နာရီအထိ
နေ့လယ် ၁:၀၀ နာရီ မှ ၂:၃၀ နာရီအထိ

📝 စာရင်းပေးသွင်းလိုသူများအနေနဲ့ မေလ (၂၃) ရက်နေ့၊ နေ့လယ် (၁၂) နာရီထက် နောက်မကျစေပဲ အောက်ပါလင့်ခ်မှ တစ်ဆင့်စာရင်းပေးသွင်း နိုင်ပါတယ်။
🔗 စာရင်းပေးသွင်းရန် - https://bit.ly/4uqD9zu

🥪 သွေးလှူရှင်များအတွက် We Care, We Share နှင့် Melia Yangon ဟိုတယ်တို့မှ လိုအပ်သော ဖြည့်စွက် အစားအစာနှင့် မေတ္တာလက်ဆောင်များ ပေးအပ်ပေးသွားမှာ ဖြစ်ပါတယ်။

🩸လူကြီးမင်းရဲ့ ပုံမှန်သွေးလှူဒါန်းမှုက လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်တဲ့အပြင် မိသားစုများစွာအတွက်လည်း မျှော်လင့်ချက်ရောင်ခြည်တွေ ပေးစွမ်းနိုင်ပါတယ်။
❤️ အခုလိုမွန်မြတ်လှတဲ့ လှုပ်ရှားမှုမှာ ပါဝင်ဆင်နွှဲပြီး ပုံမှန်သွေးလှူဒါန်းတတ်တဲ့ အလေ့အထတစ်ခုကို သွေးလှူဒါန်းဖို့စာရင်းပေးသွင်းရင်း ဝိုင်းဝန်းလုပ်ဆောင်ကြရအောင်။
--------------------------------------
🩸 Give Freely, Give Often 🩸
Every day, many patients rely on donated blood for emergencies, surgeries, and medical treatments. Yet, many people only think about blood donation when someone they know is in need.

Did you know?
A healthy person can donate blood once every 4 months. Regular voluntary blood donation helps ensure that blood is always available for patients who urgently need it.

In celebration of World Blood Donor Day 2026, We Care, We Share and Meliá Yangon, in collaboration with the National Blood Center Myanmar, warmly invites you to join our Voluntary Blood Donation Event under the theme:
✨ Normalizing Voluntary Blood Donation ✨
📍 Venue: Inya Ballroom |Meliá Yangon
📅 Date: June 3rd, 2026
⏰ Donation Sessions:
9:00 AM – 12:00 PM
1:00 PM – 2:30 PM
📝 If you would like to join, please register via the link below not later than 12:00 PM on May 23.
🔗 Register here: - https://bit.ly/4uqD9zu

🥪 We Care, We Share and Melia Yangon Hotel will be offering light refreshments and thoughtful gifts to all donors.
🩸Your regular donation may save multiple lives, and your simple action can bring hope to many families.
❤️ Be a part of this meaningful movement and help us encourage a culture of regular voluntary blood donation.

See less

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့(မေဒေး)တွင် ကျွန်ုပ်တို့၏ မိတ်ဖက်များနှင့် လူထုတစ်ရပ်လုံး၏ ကြိုးပမ်းအားထုတ်မှုနှင့် စိတ်ဓာတ်...
01/05/2026

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့(မေဒေး)တွင် ကျွန်ုပ်တို့၏ မိတ်ဖက်များနှင့် လူထုတစ်ရပ်လုံး၏ ကြိုးပမ်းအားထုတ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုတို့ကို HAGL Myanmar မှ ဂုဏ်ပြုအပ်ပါသည်။

သင်နှင့် သင်၏ ချစ်ခင်ရသူများအားလုံး ပျော်ရွှင်ဖွယ်ရာ မေဒေးနေ့ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Happy May Day from HAGL Myanmar! We celebrate the hard work and dedication of our partners and entire community.

Happy May Day to you and your loved ones.

12/04/2026

HAGL Myanmar Thingyan Festival 2026 💦🔫💧

💦🔫💧သင်္ကြန်ရေပတ်ဖြန်းပြီး လင်းလတ်တောက်ပတဲ့နှစ်သစ်ကိုပိုင်ဆိုင်နိုင်ပါစေကြောင်းHAGL Myanmar ဝန်ထမ်းမိသားစုများမှဆုမွန်ကောင်းတောင်းအပ်ပါတယ်🙏

DISCLAIMER:
No copyright infringement intended.
I do not own the audio in this video. They belong to their rightful owners.




HAGL Myanmar ၏ဝန်ထမ်းများအတွက်နှစ်သစ်ကူးမေတ္တာလက်ဆောင်မြန်မာလူမျိုးတို့မြတ်နိုးရတဲ့မြန်မာ့နှစ်ကူးသင်္ကြန်ပွဲတော်ကာလမှာ H...
11/04/2026

HAGL Myanmar ၏ဝန်ထမ်းများအတွက်နှစ်သစ်ကူးမေတ္တာလက်ဆောင်

မြန်မာလူမျိုးတို့မြတ်နိုးရတဲ့မြန်မာ့နှစ်ကူးသင်္ကြန်ပွဲတော်ကာလမှာ HAGL Myanmar နှင့် Melia Yangon မှတန်ဖိုးထားရသော ဝန်ထမ်းများအား တစ်နှစ်တာပတ်လုံး ကြိုးစားအားထုတ်မှုများအတွက် ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် 'ချစ်ခြင်းမေတ္တာလက်ဆောင်များ' ကို ပေးအပ်ခဲ့ပါသည်။

ကျရောက်လာမည့် နှစ်သစ်တွင် အေးမြလှသော သင်္ကြန်အတာရေပက်ဖျန်းမှုနှင့်အတူ အားလုံးပဲကျန်းမာရွှင်လန်း အေးချမ်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

——————————————————————————————————————————

HAGL Myanmar’s New Year Gift of Love

To kick off our Myanmar New Year celebrations, we were delighted to share "Gifts of Love" with our incredible team members at HAGL Myanmar and Meliá Yangon.

These tokens are a heartfelt thank you for another year of excellence and dedication. We truly believe that a happy, inspired team is the heart of a great company.

May the cooling waters of Thingyan bring you and your loved ones peace, prosperity, and good health in the year to come!

14/03/2026

🌸💜အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့က "Give to Gain" အနှစ်သာရနဲ့ပြုလုပ်ကျင်းပခဲ့တဲ့ HAGL Myanmar ရဲ့ အောင်မြင်မှုနောက်ကွယ်က အမျိုးသမီးစွမ်းပကားတွေကို ဒီ Video လေးနဲ့အတူ ပြန်လည်မျှဝေလိုက်ရပါတယ် 🌸💜

🌸💜"Celebrating International Women's Day with the spirit of 'Give to Gain.' Check out this video to see the incredible women behind the success of HAGL Myanmar!"🌸💜

11/02/2026

💜 အသိသတိရှိခြင်းက အသက်ကို ကယ်တင်နိုင်ပါတယ် 💜
အခုကျရောက်တဲ့ ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့မှာ 'We Care, We Share' အဖွဲ့အနေနဲ့ ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်း ရဲ့ မွန်မြတ်တဲ့ လုပ်ငန်းစဉ်တွေမှာ တတပ်တအား ပါဝင်ကူညီခဲ့ပါတယ်။ ဒီဖောင်ဒေးရှင်းဟာ အဆင့် (၄) ကင်ဆာဝေဒနာရှင်တွေ သူတို့ရဲ့ နောက်ဆုံးအချိန်ကို အေးချမ်းစွာနဲ့ ဝေဒနာသက်သာစွာ ဖြတ်သန်းနိုင်ဖို့အတွက် ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကင်ဆာရောဂါ ကာကွယ်ရေးနဲ့ ကူညီဖေးမရေးအတွက် အားလုံးအတူတကွ လက်တွဲပြီး အသိပညာပေးသွားကြရအောင်ပါ။

💜 Awareness saves lives 💜
This World Cancer Day, the 'We Care, We Share' team visited the U Hla Tun Hospice Cancer Foundation to support their vital mission. This foundation provides compassionate, end-of-life care for Stage 4 cancer patients, ensuring they spend their final days in peace and comfort. Let’s keep sharing, caring, and raising awareness together.

#ကင်ဆာရောဂါ

ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့ (World Cancer Day) တွင် HAGL Myanmar အနေဖြင့် ကင်ဆာဝေဒ...
04/02/2026

ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့ (World Cancer Day) တွင် HAGL Myanmar အနေဖြင့် ကင်ဆာဝေဒနာရှင်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ တစ်သားတည်း ရှိနေပါကြောင်း ဖော်ပြအပ်ပါသည်။ ၂၀၂၅ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ သတ်မှတ်ထားသော"United by Unique" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ၊ လူနာတစ်ဦးချင်းစီ၏ မတူညီသော ဖြတ်သန်းမှုအတွေ့အကြုံများကို လေးစားတန်ဖိုးထားပြီး လူနာကို ဗဟိုပြုသည့် စောင့်ရှောက်မှုစနစ်ဖြစ်ပေါ်လာစေရန် ကျွန်ုပ်တို့ အနေဖြင့် တိုက်တွန်းအားပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့၏ လူမှုအကျိုးပြုလုပ်ငန်းစဉ်များမှတစ်ဆင့် လူတိုင်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာဗဟုသုတများကို ရရှိနိုင်မည့် အနာဂတ်ကို ဖော်ဆောင်ပေးရန် ရည်မှန်းထားပါသည်။

မတူကွဲပြားခြားနားမှုများ အားလုံးပေါင်းစည်းပြီး၊ အတူတကွ လက်တွဲဆောင်ရွက်ခြင်းက ပိုမိုခိုင်မာသော အင်အားကို ဖြစ်စေပါသည်။



*Together We Are Stronger!*

On World Cancer Day, 4th February, HAGL Myanmar stands in solidarity with those affected by cancer. Following the 2025–2027 theme "United by Unique," we advocate for person-centered care that respects the unique journey of every patient.

Through our ongoing CSR initiatives in healthcare and community development, we aim to support a future where everyone has access to the care and awareness they deserve.

We are united by our differences, and stronger when we take action together.

# #

🎗️ကင်ဆာဝေဒနာရှင်များကိုဖေးမခဲ့တဲ့ We Care We Share ရဲ့ မေတ္တာခရီးစဉ်🎗️"ကင်ဆာ" ဆိုတဲ့ စကားလုံးဟာ ကြားလိုက်ရုံနဲ့တင် လူတို...
30/01/2026

🎗️ကင်ဆာဝေဒနာရှင်များကိုဖေးမခဲ့တဲ့ We Care We Share ရဲ့ မေတ္တာခရီးစဉ်🎗️

"ကင်ဆာ" ဆိုတဲ့ စကားလုံးဟာ ကြားလိုက်ရုံနဲ့တင် လူတိုင်းကို တုန်လှုပ်စေနိုင်ပါတယ်။ ကင်ဆာရောဂါဟာ ကုသစရိတ် အလွန်ကြီးမားသလို ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအတွက်တော့ စီးပွားရေးအရ ချွတ်ခြုံကျစေပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြီးလေးတဲ့ ဒုက္ခတွေကို ခံစားပြီးမှ သေဆုံးကြရတာမျိုး ဖြစ်ကြရပါတယ်။

ရန်ကုန်မြို့ အရှေ့ဒဂုံမှာရှိနေတဲ့ ဦးလှထွန်း (မေတ္တာရိပ်မွန်) ကင်ဆာဖောင်ဒေးရှင်း - U Hla Tun Hospice (Cancer Foundation) ဆိုတာ ဘဝရဲ့ နောက်ဆုံးခရီးကို စောင့်ဆိုင်းနေကြတဲ့ ကင်ဆာဝေဒနာရှင်တွေရဲ့ ခိုနားရာတစ်ခုပါ။ ဆေးပညာအရ ကုသဖို့ နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်တဲ့ အဆင့် (၄) ကင်ဆာဝေဒနာရှင်တွေကို သူတို့ရဲ့ နောက်ဆုံးအချိန်မှာ အေးချမ်းစွာ နားခိုနိုင်ဖို့နဲ့ ဝေဒနာသက်သာအောင် ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ ဖောင်ဒေးရှင်းဖြစ်ပါတယ်။

ဒါကြောင့် ယခုလဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ HAGL Myanmar ရဲ့ “We Care, We Share” အဖွဲ့ဟာ ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းသို့ သွားရောက်ပြီး လှူဒါန်းမှုနဲ့ မေတ္တာမျှဝေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ လှူဒါန်းမှုများအနေနဲ့ ဖောင်ဒေးရှင်းမှလိုအပ်သောနေရာတွင်အသုံးပြုရန် အလှူငွေကျပ် သိန်း (၃၀) နှင့် ဝေဒနာရှင်တစ်ဦးချင်းစီအတွက်
တစ်ဦးလျှင် (၁) သိန်းကျပ်စီ မေတ္တာငွေများ ပေးအပ်ခဲ့ပါတယ်။

ကင်ဆာရောဂါဟာ ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် မဖြစ်သေးခင်မှာ ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ဖြစ်ပြီးသူတွေကို ကူညီမျှဝေတတ်ကြဖို့ - ကင်ဆာအသိပညာပေးလှုပ်ရှားမှု (Cancer Awareness Campaign)တွေ လိုအပ်နေပါတယ်။ ကျွန်တော်တို့ HAGL Myanmar ရဲ့ လှုမှုအကျိုးပြုရည်မှန်းချက်တွေထဲမှာ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေးဖို့ကလည်း အဓိကအနေနဲ့ ပါဝင်နေပါတယ်။ ဒါကြောင့်လည်း အခုလို သွားရောက်လှူဒါန်းရင်း တာဝန်ရှိသူတွေ၊ ဝေဒနာရှင်တွေနဲ့ အမေးအဖြေတွေ ပြုလုပ်ပြီး ဗဟုသုတတွေ ရယူလာခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ (၄) ရက်နေ့မှာ ကျရောက်မယ့် “ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့”နဲ့ ကင်ဆာအသိပညာပေးလှုပ်ရှားသူတွေကို လေးစားဂုဏ်ပြုသောအားဖြင့် ယခုအလှူဒါနကို ကြည်နူးဝမ်းမြောက်စွာ ပြုလုပ်လိုက်ရပါတယ်။

------------------------
🎗️ We Care, We Share: A Journey of Compassion 🎗️

The word "Cancer" brings immense challenges—not just physically, but financially and mentally. To support those in their toughest moments, HAGL Myanmar’s “We Care, We Share” team visited U Hla Tun Hospice (Cancer) Foundation in East Dagon on January 29th.

The foundation provides a peaceful sanctuary and palliative care for Stage 4 cancer patients. To support their incredible mission, we contributed:
•3,000,000 MMK for the Foundation’s essential operations.
•100,000 MMK directly to each patient as a gesture of love and support.

Beyond donations, we believe in the power of Cancer Awareness. By understanding the risks and lifestyle factors, we can work toward prevention and better support for those affected.

As we approach World Cancer Day (Feb 4), we honor the fighters, the survivors, and the caregivers. Together, we can make a difference. 🤝❤️

❤️အခြေခံမိသားစုတွေအတွက် “We Care, We Share “ရဲ့ဆေးဖိုးဒါနအလှု❤️စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အခြေခံမိသားစုတွေမှာ ကျန်းမ...
29/01/2026

❤️အခြေခံမိသားစုတွေအတွက် “We Care, We Share “ရဲ့ဆေးဖိုးဒါနအလှု❤️

စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အခြေခံမိသားစုတွေမှာ ကျန်းမာရေးဖြစ်လာရင်အတော်ကို ဒုက္ခအခက်အခဲနဲ့ရင်ဆိုင်ရပါတယ်။ ဒီဒဏ်ကို ပိုပြီးခံစားနေရတဲ့သူတွေကတော့နာတာရှည်ရောဂါအခံရှိပြီး ဆေးဝါးအမြဲတမ်းမှီဝဲနေရတဲ့ သက်ကြီးရွယ်အိုတွေပါ။

ကြပ်တည်းမှုတွေကြောင့် ကျန်းမာရေးကိုလှည့်မကြည့်နိုင်တဲ့ ဘိုးဘွားတွေအတွက် ဒဂုံမြိုသစ်အရှေ့ပိုင်းမှာ ပရဟိတဆေးခန်းလေးတစ်ခုရှိနေပါတယ်။ ဆယ့်ခြောက်နှစ်သက်တမ်းရှိတဲ့ စေတနာရှင် ပရဟိတဆေးခန်းလေးဟာ အပတ်စဉ်ကြာသပတေးနေ့တိုင်း ဆေးခန်းလာပြတဲ့ သက်ကြီးရွယ်အို အယောက် ငါးဆယ်ခန့်နဲ့ သက်ဝင်လှုပ်ရှား ကုသပေးနေလျက်ရှိနေပါတယ်။ ဆရာဝန်ပြသခွင့်နဲ့ လိုအပ်တဲ့ဆေးဝါးအားလုံး အခမဲ့ဖြစ်ပါတယ်။ အလှူငွေအခက်အခဲနဲ့ ဆေးဝါးရှားပါးမှုတွေကြားမှာ ဒီဆေးခန်းလေးဟာ သူ့အနီးအနားက ဘိုးဘွားတွေအတွက် အသက်ဆက်ပေးနေဆဲ ဖြစ်ပါတယ်။

ပြည်သူ့ကျန်းမာရေးနဲ့ ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေတဲ့ ကျွန်ုပ်တို့ HAGL Myanmar ရဲ့ We Care, We Share အဖွဲ့သားတွေဟာ ဒီကနေ့မှာတော့ စေတနာရှင်ဆေးခန်း တည်ရှိရာကို ရောက်ခဲ့ကြပါပြီ။ စေတနာရှင်ရဲ့ ဆောင်ရွက်မှုတွေကို တဖက်တလမ်းကအကူအညီဖြစ်စေဖို. ဆေးပဒေသာပင်အလှူငွေကျပ်သိန်း(၂၀)နဲ့ ဘိုးဘွားတစ်ဉီးချင်းစီအတွက် မေတ္တာငွေ (၃)သောင်းကျပ်စီကို ကြည်နူးစွာလှုဒါန်းနိုင်ခဲ့ကြပါတယ်။

သက်ကြီးရွယ်အိုတွေဆိုတာ ကျွန်ုပ်တို့ရဲ့ မိဘဘိုးဘွားတွေ ဖြစ်ပါတယ်။

''ပြည်သူ့ကျန်းမာရေးအတွက် အတူတကွအလေးထားဆောင်ရွက်ကြပါစို့''

❤️ Restoring Hope: A Day of Giving with “We Care, We Share” ❤️

For families struggling to get by, a health crisis can be devastating—especially for the elderly with chronic illnesses. In East Dagon, the Saytanarshin Charity Clinic has been a lifeline for 16 years, providing free medical care to seniors in need.

At HAGL Myanmar, we believe in the power of giving back. Our ‘We Care, We Share’ team spent the day at this local charitable clinic, reaffirming our commitment to the health and well-being of our community.

We were honored to contribute:
•2,000,000 MMK to the clinic’s medical fund.
•30,000 MMK each to the elderly patients for their personal care.

The elderly are the foundation of our families. By supporting their health, we are building a stronger, more compassionate Myanmar.

Address

192, Kabar Aye Pagoda Road, Bahan Tsp
Yangon

Alerts

Be the first to know and let us send you an email when HAGL Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HAGL Myanmar:

Share