Create by DiDi

Create by DiDi Macrame Instructor & Artist
Premium Luxury Handmade Products/
Eco Friendly /Crafted in Myanmar

Junction City မှာ အပ်ချည်လုံးပြုလုပ်တဲ့ ပွဲ​လေးမှာတုန်းက​​ပေါ့။ အခုချိန်ထိ မညည်းမညူ ကို ကြိုက်နှစ်သက်ရတဲ့ ဟန်းမိတ်​​လေး ...
09/09/2026

Junction City မှာ အပ်ချည်လုံးပြုလုပ်တဲ့ ပွဲ​လေးမှာတုန်းက​​ပေါ့။ အခုချိန်ထိ မညည်းမညူ ကို ကြိုက်နှစ်သက်ရတဲ့ ဟန်းမိတ်​​လေး Macrame

Micro macrame အတန်း​ကိုလဲ 40%off ​ပေးထားတယ်​နော်။ ဒီည ၁၂ နာရီထိပဲ။
09/09/2026

Micro macrame အတန်း​ကိုလဲ 40%off ​ပေးထားတယ်​နော်။ ဒီည ၁၂ နာရီထိပဲ။

မာခရာမီနှင့်ဒီဒီ2018/2019 ကာလအပိုင်းခြားတုန်းက Vietnam ,Hanoi မြို့မှာ လေယာဥ်မယ်အလုပ်လုပ်ခဲ့တဲ့အချိန်တုန်းက နေတဲ့ နေရာမှ...
09/09/2026

မာခရာမီနှင့်ဒီဒီ

2018/2019 ကာလအပိုင်းခြားတုန်းက Vietnam ,Hanoi မြို့မှာ လေယာဥ်မယ်အလုပ်လုပ်ခဲ့တဲ့အချိန်တုန်းက နေတဲ့ နေရာမှာ Wall Hanging ချိတ်ပြီးအလှဆင်ချင်ပေမယ့် ကိုယ်ပိုင်နေရာမဟုတ်လို့ အချိန်တန်အိမ်ပြန်တဲ့အခါ ကထိကထများမှာဆိုးလို့မဝယ်ပဲနေခဲ့ပြီး သရေကျခဲ့ရတာ နံရံအလှဆင်ဟာ Macrame (မာခရာမီ)ဆိုတာကို နောက်ပိုင်းမှသိခဲ့ရပါတယ်။

2020 , Covid တွေဖြစ်လို့ အိမ်မှာနေရတဲ့အချိန် အမှတ်မထင် Alice ဆိုတဲ့ညီမလေးရဲ့လက်ပတ်Online Classလေးတက်ပြီး ကြိုးကျစ်ခြင်းနဲ့ ရင်းနှီးခဲ့ရတဲ့ အချိန်ကာလတစ်ခုပေါ့။ အတန်းလေးပြီး ကံကောင်းချင်ပြန်တော့ Modern Macrame သင်ဖို့အခွင့်ရေးကို မနေဆီကရခဲ့ပြန်ရော။

တဖြေးဖြေးနဲ့မသိလိုက်ခင်မှာပဲ မာခရာမီက Di ကို ချည်နှောင်နေခဲ့တာပါ။ Page လေးစထောင်တော့ သိတာဆို တခုမှမရှိတဲ့ Deli Service, packaging, logo,label tag ,supplies အများကြီးပေါ့ Price သတ်မှတ်ရတာလဲမသိနဲ့အမျိုးစုံကို နားမလည်တာကနေ စခဲ့ရတဲ့ Create by DiDi ပေါ့။

Macrame Canvas Tote Bag , Jute Bag တွေကနေ လူသိလာခဲ့ပြီး တွဲမြင်ရတဲ့အထိ ဖြစ်လာ Interview တွေ Pop Up store တွေထိဖြစ်လာခဲ့ပြီး studio အသေးလေးထိ ဒီနေ့ လုပ်နိုင်တဲ့ Create by DiDi ဟာ ၆ နှစ်ထိ ရောက်လာခဲ့ပါပြီ။

Customer တွေ မာခရာမီချစ်သူ ညီအမတွေ သေဘာကျရတဲ့ လက်ရာဖြစ်လာဖို့ ကြိုးပေါင်းများစွာ ပစ်ခဲ့ရပြီး စမ်းခဲ့ရတဲ့အလေလွင့်တွေဟာ နည်းတဲ့ပမာဏမဟုတ်ခဲ့ပါဘူး။ အခုချိန်ထိလဲ လုပ်ချင်တဲ့ Project တွေဟာ notes ထဲမှာအပြည့်ပါ။ ဒါပေမယ့် မာခရာမီကျစ်နေတဲ့အချိန်တိုင်းဟာ ကိုယ့်ကိုကိုယ်ရှာဖွေတွေ့ရှိနေတာမလို့ ဒီအလုပ် ဒီလက်မှုကို အမြဲလုပ်နေမှာပါ။

သင်တန်းပို့ချတာရော၊ order လက်ခံ၊ဖန်တီးတာရော၊ကုန်ကြမ်းအပို့ေရာ တစ်ယောက်ထဲ handle လုပ်နေတာဖြစ်တော့ miss out ဖြစ်တဲ့အပိုင်းတွေလဲရှိတာပေါ့။

ဒါပေမယ့် ကိုယ်သဘောကျတဲ့လက်မှုလုပ်ငန်းနဲ့ပဲ စီးပွားရေးလုပ်ရတာဖြစ်တော့ ရှေ့လဲရောက် ပျော်လဲပျော်ရတယ်။ အဲဒါကြောင့် Di ရဲ့ သင်တန်းသူတွေကလေ အရမ်းကံကောင်းတာနော် အခြေခံကစပြီး သင်ရတယ် စနစ်ကျတယ်။ ကုန်ကြမ်းလား၊ လုပ်ပြီးသား အိတ်ကို ေစျးသတ်မှတ်ဖို့လား၊ အရောင်စပ်ဖို့လား၊ packaging အတွက်လား၊ Logo ဆွဲတာ page ထောင်တာ အကုန်လုံးကို အဆင်သင့်ပဲ။ အရာအားလုံး အရန်သင့်ဖြစ်နေတာမလို့ ကြိုးစားဖို့ Consistency ရှိရင်ကို ကိုယ့်ရဲ့အချိန်ဆိုတာရောက်လာမှာပါ။

မာခရာမီကိုချစ်လို့ လုပ်နေကြတဲ့အမတွေ ညီမေလးတွေကလဲ အားမလျော့ပဲ ဆက်သာလုပ်နေပါလို့ အားပေးချင်ပါတယ်။ တနေ့တလှမ်း ပုဂံလဲ ဘယ်မှမရွေ့သလို ဘားအံလဲမရွေ့ပါဘူးလို့နော်။

​လေ့လာချင်သူများအတွက်လဲ 9:9 promotion အ​နေနဲ့ online class ​တွေကို 40% off ​ပေးထားပါတယ်။

ကိုယ်လဲမာခရာမီကိုဘယ်ကစသိတယ် ဘာလို့ဆက်လုပ်ဖြစ်နေတယ်ဆိုတာလေးလဲ မိတ်ဆက်ပေးပါအုံး။

Find Yourself in Macrame 🪢

#ကြိုးကျစ်လက်မှု

9:9 သင်တန်း Promotion 💫 40% offDi ဖန်တီးသလို အိတ်လှလှ​လေး​တွေ၊ wall hanging လှလှ​လေး​တွေ ​တွေကို ကိုယ်တိုင်ဖန်တီးနိုင်ဖိ...
08/09/2026

9:9 သင်တန်း Promotion 💫 40% off

Di ဖန်တီးသလို အိတ်လှလှ​လေး​တွေ၊ wall hanging လှလှ​လေး​တွေ ​တွေကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့အတွက် အရင်ဆုံး Basic Class ​လေးကို အရင်တက်ရပါမယ်ရှင်။ သင်တန်းမှာ အ​ခြေခံကစပြီး စနစ်တကျ ​သင်​ပေးထားတာမလို့ လိုက်မလုပ်တဲ့သူကလွဲရန် ကျန်တဲ့သူအကုန်တတ်မြောက်ပါတယ်ရှင်။

သင်တန်း အမျိုးစား ( 2 ) ရှိတာ​ကြောင့် သင်တန်းမယ်ဆိုရင် Type ​လေး ​ပြော​ပေး​နော်။

Type A (Modern Macrame)
Class - 01
Macrame(အခြေခံ) Foundation Online Class မှာဆိုရင်
• အခြေခံကြိုးထုံးနည်း
• အရေးကြီးဆုံးဖြစ်တဲ့ ကြိုးတွက်နည်း
• မာခရာမီဆိုင်ရာ ဗဟုသုတ
• Tools အသုံးပြုခြင်း
• Keychain
• ခေါင်းစီးကြိုး
• ဘီးကုတ်
• Mini Wall Hanging
• Mini pouch bag
-ကော်ဖီအောက်ခံပြား
• Plant hanger တွက်နည်း/ ကျစ်နည်း
• bonus lesson
စတာတွေကို စနစ်တကျသင်ကြားရမှာဖြစ်ပါတယ်။
သင်တန်းကြေး -50,000 ကျပ် ➡️ 30,000ကျပ်

Class - 02
မာခရာမီ Advanced Level ရောက်တဲ့အခါကျတော့ အိတ်အကြီးအောက်ခြေပိတ်တတ်ခြင်းဟာ 99% အရေးကြီးတဲ့ နည်းဖြစ်ပါတယ်။ ဒီအိတ်ပိတ်နည်းလမ်းကို ဆရာမပါဘဲ video ထပ်ကြည့်စရာမလိုဘဲ ပိတ်တောင်အောင်
• လက်ကိုင်းအိတ်ဘေးစားခြင်း
• ဘေးတန်းခြင်း
• heart shape design ဖော်ခြင်း
• အိတ်ပိတ်နည်းပုံသေးနည်းရှင်းလင်းခြင်း၊ပုံသေနည်း
• အိတ်ပိတ်ခြင်း ကို သင်ရိုးဆွဲစနစ်တကျသင်ကြားရမှာဖြစ်ပါတယ်။
သင်တန်းကြေး - 50,000 ကျပ်➡️30,000ကျပ်

Class - 03
နောက်ထပ် Advanced Level တစ်ခုဖြစ်တဲ့ အိတ်အတန်းကတော့ trick & technique အဓိကထားတဲ့ အိတ်အတန်းမှာ
• ရိုးရာအိတ်ရဲ့design ဖော်ခြင်း
-ကြိုးအယူအဆ
• tote bag မှာ အဖုံးအတွက် ကြိုးယူကျစ်ခြင်း စတဲ့ Adv level သမားများအတွက် ပညာရမယ့် သင်ခန်းစာကို သင်ကြားရမှာဖြစ်ပါတယ်။
သင်တန်းကြေး - 50,000 ကျပ် ➡️30,000ကျပ်

Class - 04
မာခရာမီမှာ အိတ်အပြင် အလှဆင်တဲ့ Interior decor သဘောကျတဲ့သူများအတွက် အခြေခံအတန်းပြီးတာနဲ့ တန်းတက်လို့ရမယ့် ဒီအတန်းမှာ
• နာရီဖန်တီးရာမှာလိုအပ်တဲ့ သဘောတရားနဲ့ design ဖော်ခြင်း
• လှပတိကျတဲ့ သစ်ရွက်ဖန်တီးခြင်းအတွက် လိုအပ်သော technique
• ဇီးကွက် ဖန်တီးရာတွင် ဇီးကွင်တစ်ကောင်မှာ အရောင်မတူနှစ်ရောင်သုံးပြီး ဖန်တီးခြင်းရဲ့ trick
• ဇီးကွက်တစ်ကောင်လုံးဖန်တီးခြင်း များကို လေ့လာသင်ယူနိုင်အောင် စနစ်တကျသင်ကြားပေးထားပါတယ်။
သင်တန်းကြေး -65,000 ကျပ် ➡️39,000ကျပ်

Class - 05
• မတူညီတဲ့အိတ်ပိတ်နည်းအသစ် (မြိုင်အိတ်)
• ကြိုးချုပ်နည်းသစ်
• Ending Knot အလှ
• လွယ်ကြိုးနဲ့အိတ်တွဲကျစ်ခြင်း စတာတွေကို သင်ကြားရမှာဖြစ်ပါတယ်။
သင်တန်းကြေး -50,000ကျပ်➡️30,000ကျပ်

Class -06
-Grace အိတ်ရဲ့ ဘေးချုပ်နည်းအသစ်
• လက်ကိုင်အလုံးကျစ်နည်း
-လွယ်ကြိုးရှည် ကျစ်ခြင်း စတာတွေကိုသင်ကြားရမှာဖြစ်ပါတယ်။ (ချွင်းချက် level up လုပ်ချင်သူတွေအတွက်သာ)
သင်တန်းကြေး -50,000ကျပ်➡️30,000ကျပ်

Type B( Micro Macrame)
Class 01
လက်ပတ်ပြုလုပ်ခြင်းသူများအတွက်အခြေခံလက်ပတ်ကျစ်နည်းမှစပြီး လက်ပတ် design (9)မျိုးနှင့်အတူ bonus lesson တမျိုးကိုပါ သင်ကြားပေးထားတာဖြစ်ပါတယ်။
သင်တန်းကြေး - 50,000 ကျပ်➡️30,000ကျပ်

Class - 02
လက်ပတ်အဆင့်မြင့်အတန်းမှာကျ‌
တော့ လူတိုင်းသိချင်ကြတဲ့အပေါက်မပါတဲ့ကျောက်တွေကို ကြိုးပတ်ခြင်းနှင့်အတူ( type B class 01 ပြီးမှ တက်လို့ရပါမယ်)
• ကီးချိန်း
• နားကပ်
• လက်စွပ်
• လက်ပတ်
• ကျောက် wrapping
• design ဖော်ခြင်း စတာတွေကိုအပြည့်ဝ သင်ကြားရမှာဖြစ်ပါတယ်။
သင်တန်းကြေး-90,000 ကျပ် ➡️ 54,000ကျပ်

💥Type A Class 01 to 06 တခါထဲအပ်တဲ့သူများအတွက် 189,000 ကျပ် အစား ➡️ 170,000 ကျပ်
💥Type B Class 01 to 02 တခါထဲအပ်မယ့်သူများအတွက် 84,000 ကျပ် အစား ➡️ 65,000 ကျပ်

သင်တန်း​ကြေးသီးသန့်များဖြစ်ပြီး သင်တန်း​ကြေးသွင်းပြီးတာနဲ့စတင်​လေ့လာလိူ့ရပါပြီရှင်။

ကုန်ကြမ်းဝယ်လို့ရမယ့် ဆိုင်​တွေကိုလဲ ​ပြောပြ​ပေးပါတယ်။

Facebook private group မှာ သင်ရိုးဆွဲရိုက်ကူးသင်ကြားထားတဲ့ video သင်ခန်းစာများကို မိမိအားတဲ့အချိန်မှ ဝင်ကြည့်ပြီးလေ့လာနိုင်တာဖြစ်ပြီး လုပ်ပြီးသားတွေကို သက်ဆိုင်ရာသင်ခန်းစာရဲ့postအောက်မှာပြပေးပြီးနားမလည်တာရှိရင် page chatbox မှာအချိန်မ‌ေရွးမေးနိုင်တဲ့သင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။(viber, telegram ကနေ တဦးတယောက်ဆီအတွက် video file သီးသန့်မပို့ပါ)
သင်တန်းကြေးသွင်းပြီးတာနဲ့ စတင်လေ့လာလို့ရပြီဖြစ်ပါတယ်။

💥 9 Sep ,2026 ည ၁၂နာရီထိသာ
သင်တန်း​ကြေးများကို Kpay,AYApay,Wavepay,UABpay နဲ့ လက်ခံ​ပေးပါတယ်ရှင်။

ချစ်သူအိတ် ခဲစပ် sold out ​နော်။ ​ခေတ်​ရှေးပျို ခဲစပ်​လေး​တော့ ရပါ​သေးတယ်ရှင်။
08/09/2026

ချစ်သူအိတ် ခဲစပ် sold out ​နော်။
​ခေတ်​ရှေးပျို ခဲစပ်​လေး​တော့ ရပါ​သေးတယ်ရှင်။

08/09/2026

ကျွန်မ ပညာကို ​စော်ကားတယ်လို့ ခံစားရရင် ဘယ်သူ့ကိုဖြစ်ဖြစ် full refund ပြန်လုပ်​ပေးခြင်းဖြင့် ဖန်တီးခဲ့တဲ့ အိတ်ကို မ​ပေး​တော့ပါဘူး။ တန်ဖိုးထားမယ့်အိတ်ပိုင်ရှင်ဆီပဲ ပို့ပါမယ်။

07/09/2026

ယူတို့ကြိုက်ကြတဲ့အိတ်​တွေကြီးပဲ ဟုတ်တယ်မလား

07/09/2026

Color Theme တူ​ပေမယ့် vibes ကွဲတဲ့ မာခရာမီအိတ်​​လေး၂အိတ်။ ​

ခေတ်​ရှေးပျို Macrame Pattern Bag Instock Grey & Black never goes wrong.
07/09/2026

ခေတ်​ရှေးပျို Macrame Pattern Bag
Instock

Grey & Black never goes wrong.

07/09/2026

ခေတ်​ရှေးပျို အိတ်​လေး instock

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Create by DiDi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Create by DiDi:

Shortcuts

Share