Now & Ever Skin Care ပင်ရင်းဆိုင်

Call Directions

Now & Ever Skin Care ပင်ရင်းဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Now & Ever Skin Care ပင်ရင်းဆိုင်, Shopping & retail, B1, B2, B3, B4, B5, B6, B7, B8 ဒုတိယထပ်၊ဂျေဒိုးနပ် ကော်ဖီဆိုင်အနီး၊ယုဇနပလာဇာ၊ရန်ကုန်မြို့, Yangon.

10/06/2025

#သစ္စာကြီးသော်မိန်းမတစ်ယောက်ရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်

ထိန်းသိမ်းတတ်ခြင်းရဲ့ နောက်ကွယ်မှာ
တန်ဖိုးတရားတွေ ပါတယ် ...

ဆင်ခြင်နိုင်စွမ်းတွေရဲ့ နောက်ကွယ်မှာ
အဆင့်အတန်းတွေ ပါတယ် ...

နှုတ်ဆိတ်သွားခြင်းရဲ့ နောက်ကွယ်မှာ
ဝမ်းနည်းကြေကွဲမှုတွေ ပါနေတယ် ...

မြိုသိပ်နေတတ်ခြင်းရဲ့ နောက်ကွယ်မှာ
စွန့်လွှတ်ခြင်းတွေ ပါတယ်...

တည်ငြိမ်သွားခြင်းရဲ့ နောက်ကွယ်မှာ
စိတ်ပျက်စွာ လက်လျော့ ပေးလိုက်ခြင်းတွေ ပါတယ်...

ခွင့်လွှတ်လိုက်ခြင်းရဲ့ နောက်ကွယ်မှာ
ဥပေက္ခာတရားတွေ ပါတယ် ...

ဘာကိုမှ သူမ မတုံ့ပြန်တော့တဲ့ တနေ့....
သေချာတယ်..
အဲ့ဒီအမျိုးသမီးကို တကယ်ဆုံးရှုံးလိုက်ရပီ ဆိုတာကို
သိထားလိုက်...🤎

#မသိမ့်✍️
ူခြင်းသီးခံပါ

10/06/2025

ဘယ်လောက်ပဲ အခက်အခဲ တွေရှိရှိ
ရန်သူ့ ခြေဖဝါးအောက်မှာ
ဘယ်တော့မှ ဒူးမထောက်တဲ့သူက သိက္ခာရှိတဲ့သူပဲ..

ဘယ်လောက်ပဲ ဆာဆာ
မစားသင့်တဲ့ အစာကို မစားတဲ့သူက
စိတ်ဓာတ်ကြံ့ခိုင်တဲ့သူပဲ...

ဘယ်လောက်ပဲ အထီးကျန်နေလည်း
စိတ်ဓာတ် အကျင့် မကောင်းတဲ့သူကို
တကြော့ပြန် လက်မခံတဲ့သူက
ဥာဏ်ပညာရှိတဲ့သူပဲ...

ဘယ်လောက်ပဲ ဒေါသထွက်ထွက်
မပြောသင့်တဲ့ စကားကို ထိန်းသိမ်းတတ်တဲ့သူက
စည်းအစောင့်နိုင်ဆုံးသူပဲ...

လူဆိုတာက
လူ့ကျင့်ဝတ်နဲ့ ညီမှသာ
လူလို့ သတ်မှတ်လို့ ရတာပါရှင့်...😊

#မသိမ့်

 #သီတင်းကျွတ်အထူးဈေးရောင်းပွဲတော် #18000တန်တစ်ဗူးယူ18000တန်တစ်ဗူးလက်ဆောင်  & Ever Hair Tonic (Offcial)ပင်ရင်းလက်လီစျေး.....
03/10/2024

#သီတင်းကျွတ်အထူးဈေးရောင်းပွဲတော်
#18000တန်တစ်ဗူးယူ18000တန်တစ်ဗူးလက်ဆောင်
& Ever Hair Tonic (Offcial)
ပင်ရင်းလက်လီစျေး....18000 ကျပ်

ဦးရေပြားတွေ ခြောက်သွေ့ပြီး ဆံသား
တွေ မွဲခြောက်နေပြီလား...??

ခေါင်းဖီးလိုက်တိုင်း ဗောက်အဖတ်တွေ
လွင့်ကျ ကျလာလို့ စိတ်ရှူပ်နေရပြီလား...??

လူကြားထဲမှာမှ သန်းတွေ ဗောက်တွေ
နှိပ်စက်မှူကြောင့် ရှုံ့မဲ့မဲ့နဲ့ ကုတ်ရ ဖဲ့ရခက် နေပြီလား...??

ဖုံးအကြည့်များ စာအကြည့်များလို့ မျက်
ရိုးကိုက် ခေါင်းမူးဝေ ဇာတ်ကြောထိုး
နေတာတွေကြောင့် နေရထိုင်ရ ခက်နေပြီလား...??

သွေးတက်စာတွေ အကြောတတ်စာ
တွေ အစားများလို့ မျက်ကြောတွေ စင်းပြီး ခေါင်းအုံ
ခေါင်းကိုက် ခေါင်းမထူနိုင် အောင် ဖြစ်နေရပြီလား...??

ဆံပင်အုံတွေ ရှူပ်ထွေး ချွေးတွေ အထွက်များပြီး
မိမိကိုယ်ကို ယုံကြည်မှူတွေ ပျက်နေရပြီလား...??

ကောက်လိုက် ဖြောင့်လိုက် မျိုးစုံ လုပ်ထားလို့ ဆံသား အဖျား နှစ်ခွ ဖြစ်ဆံသားတွေ ကျိုးကြေ နေပြီး ခေါင်းဖီး
လိုက်တိုင်း ဆံပင်တွေ ကျွတ်လွန်းလို့
စိတ်အားတွေ ငယ်နေရပြီလား...??

ကဲ...ဒါတွေ ဒီလိုတွေကြောင့် ဆိုရင်တော့ လုံးဝ လုံးဝ
စိတ်ညစ်စရာ မလိုတော့ဘူးနော်...😍

သဘာဝ တောရှောက်ခါးသီး အပါအဝင် သစ်သီး သစ်ဥ
သစ်ဖု တို့ရဲ့ အဆီအနှစ်တွေနဲ့သာ စနစ်တကျ
စီမံ ထုတ်လုပ်ထားပါသော
ထိုင်းနိုင်ငံရဲ့ FDA ထောက်ခံချက် လက်မှတ်ရ
Now & Ever Hair Tonic လေး က ကူညီနိုင်ပါတယ်ရှင်💚💚

အသုံးပြုပုံလေးကလည်း အရမ်းရိုးရှင်း
လွယ်ကူတယ်နော်..💕💕

ဦးရေပြား အနှံ့ ဆံသား အနှံ့ ဖျန်းပြီး အချိန် (2) မိနစ်ခန့် နှိပ်နယ်ပေးရုံပါပဲရှင်..👧👧👦👶👶

မွှေးရနံ့ သင်းသင်းလေးနဲ့ အတူ အေးမြတဲ့ အထိ အေးမြကြည်လင်လာအေးမြကြည်လင်လာပြီး ဦးခေါင်းတခုလုံး တဖြည်းဖြည်းနဲ့ လန်းဆန်းပေါ့ပါး လာစေတာကို
လက်တွေ့ ခံစားသိရှိစေရမှာ အသေအချာပဲပေါ့ရှင်..👍

ဆက်သွယ်မှာယူလိုပါက
Royal Rose မသိမ့် Skincare & Cosmetic Shop
Ph+Viber :09 778415594/09 420082828

fb page :Now & Ever Skin Care Products.
fb page: Royal Rose Ma Theint Skincare & Cosmetics Whole Sale Shop.

10/09/2024

#အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးကိုအမြင်ကျဥ်းတဲ့သူတွေကအိမ်ထောင်ရှိခြင်းမရှိခြင်းနဲ့ပဲဆုံးဖြတ်ကြတာပါပဲ

အိမ်ထောင်မကျသေးတဲ့
အပျိုကြီးတွေဆိုရင်ပဲ လှောင်စရာ
ပြောင်စရာ အဖြစ် မှတ်ယူထားသူ က များတတ် ပါတယ်

ယူမယ့်သူမရှိလို့ပဲ အပျိုကြီးဖြစ်နေရ သလိုလို၊
အားနည်းချက် တစ်ခုခု ကြောင့် လိုလို၊
အပျိုကြီးတွေကပဲ ပစိပစပ် သိပ်များနေ သလိုလို၊
အထင်သေး တတ်ကြပါတယ်...

တကယ်တော့ လောကမှာ တစ်ယောက်ထဲ
ရပ်တည်နိုင်နေတာကိုက ဂုဏ်ယူစရာ ပါပဲ...

အိမ်ထောင်ဘက် သေဆုံးသွားတဲ့ အမျိုးသမီးများ ဆိုရင်လည်း အနေအထိုင် သိပ်ဆင်ခြင်ကြရတယ်...

သားမရှိဘဲ သမီးတွေနဲ့ပဲ ကျန်ရစ်တဲ့ မိသားစုဆို ပိုဆိုး
တတ်ပါတယ်...

ပါတ်ဝန်းကျင်ကို သိပ်ဂရုထားရပြီ...
သမီးတွေကို အရမ်းသွန်သင်ရပြီ...

ပါတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကို အခံရဆုံးက
အိမ်ထောင်ကွဲသွားရတဲ့ အမျိုးသမီးတွေပါပဲ...

ရပ်ကွက်ထဲက ယောကျာ်းတွေက အကူအညီပေးချင်သလိုလို နဲ့ တကယ်က အချောင်နှိူက်ချင်နေကြသလို

မိန်းမတွေကလည်း အချင်းချင်း နစ်နစ်နာနာ ပြောချင်ကြပြန်ရော....

ယောကျာ်းတစ်ယောက်ယောက် နဲ့ ရိုးရိုးသားသား စကားပြောရင်တောင် ရှာကြံအပြစ် လို့ တင်ကြပြန်ပါတယ်....

ရှေးစကားပုံတွေကိုလည်း ကြည့်ပါဦး....😊

အလံမရှိတဲ့ ရထား တို့....မောင်တစ်ကျိပ် ရှိပေမယ့် လင်တစ်ယောက် မရှိရင် မသင့်တော် ဘူး ဆိုပြီး တော့
အမျိုးမျိုး ပါပဲ....

မုဆိုးမ အိမ်က ဘာဖြစ် နေတာပဲတို့ စသဖြင့်ပေါ့လေ...

အမှန်တော့မိန်းမတစ်ယောက် ဘဝမှာ ဘယ်လိုအခြေအနေပဲ ရောက်နေရောက်နေ

ယောကျာ်းရဖို့ဆိုတာ သိပ်ခက်ခဲတဲ့ကိစ္စ မှ မဟုတ်တာ...

တကယ်သာ အိမ်ထောင်ပြုချင်ရင် ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ ကိုယ်နဲ့ အဆင့်အတန်း မတိမ်းမယိမ်း
ယောကျာ်း တစ်ယောက်ကို
အချိန်တိုအတွင်း ယူနိုင်ကြတာချည်းပဲ...

မယူတာက မလိုချင် ကြလို့ဆိုတာ သေချာ သိထားကြပါ

တကယ်တော့ ယောကျာ်းယူပြီး ဘဝကိုတည်ဆောက်နေတဲ့ အမျိုးသမီးတွေထက်

ယောကျာ်းမယူပဲ
မိမိတာဝန်၊ မိဘတာဝန်၊ သားသမီးတာဝန်တွေကို
တစ်ယောက်တည်းထမ်းနေတဲ့၊
ထမ်းနိုင်တဲ့ အမျိုးသမီးတွေကမှ
တကယ်သတ္တိရှိတဲ့ အမျိုးသမီးတွေပါ ....❤️

ဘဝမှာ တစ်ယောက်တည်း ရပ်တည်နေနိုင်တဲ့
အမျိုးကောင်းသမီးတွေကို တန်ဖိုးထားပြီး လေးစားကြပါ

ကိုယ်တိုင်လည်း သူတို့တွေလို အာဂသတ္တိနဲ့
မရပ်တည်နိုင်ရင်နေပါ...
ကိုယ်ချင်းမစာ မနာ တဲ့ စကားမျိုးနဲ့တော့ ချုံခို
မတိုက်ခိုက်ကြပါနဲ့လို့...😊

#၀ဋ်ဆိုတာကပြန်လည်ရင်နှစ်ဆတိုးနဲ့ဆိုတာမမေ့ပါနဲ့ရှင့်

#မသိမ့်
ူခြင်းသီးခံပါ

08/09/2024

ကိုယ်က မာန ရှိတယ်...
မာနကြီးတာ မဟုတ်ဘူး... မာနရှိတာ...

မာနဆိုတာ မာန်ဆိုတဲ့ စကားက လာတာတဲ့...
မာနဟာ ပျက်စီးစေတတ်တယ်တဲ့...
ကိုယ်လက်ခံပါတယ်...
ဒါပေမယ့် လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့
မာနတော့ ရှိရမယ်လို့ ခံယူတယ်...

ငယ်ငယ်ကထဲက အပေါင်းအသင်း ကြားထဲမှာတောင် ကိုယ်က ပြန်မကျွေးနိုင်ရင် လိုက်မစားဘူး...

သူကျေးဇူးပြုဖူးရင် ကိုယ့်ဘက်က ပြန်ကျေးဇူးပြုနိုင်ဖို့ ကြိုးစားတယ်...

Give and Take ဆန်ဆန် ငါ့ကိုပေးလို့ ပြန်ပေးတာ ဆိုတာမျိုးထက် ငါ့အပေါ် စေတနာ ရှိသူကို စေတနာပြန်ရှိရမယ်ဆိုတဲ့ မေတ္တာကို အခြေခံတဲ့ Give and Take မျိုး....

ကိုယ်က သူတပါးဆီကချည်း အမြဲ ယူနေရတာမျိုးကို ရှက်တယ်...

အဲ့လိုပဲ... ကိုယ့်ဆီကချည်း ယူနေတာမျိုးကိုလည်း နှစ်သက်လေ့ မရှိဘူး...

Give and Take ဆိုတာ နားထဲ ကြားရတာ နှစ်သက်စရာ မရှိလှပေမယ့် ဒီလောကမှာ အရာရာဟာ Give and Take နဲ့ တည်ဆောက်ထားကြတာပါ...

ယဉ်ကျေးအောင် ပြောရရင် ကျေးဇူးတရားပေါ့...

နောက်ထပ် မာနတစ်ခုက ကိုယ့်ရပိုင်ခွင့်မဟုတ်တဲ့ အရာတွေကို မလိုချင်တတ်အောင် နေထိုင်တယ်...အမှန်တကယ်လည်း မလိုချင်ခဲ့ဘူး...မယူခဲ့ဘူး...

ချမ်းသာတိုင်းလည်း အထင်မကြီးသလို ဆင်းရဲတိုင်းလည်း အထင်မသေးဘူး...

ချမ်းသာသူ ရာထူးရှိသူတွေကို အောက်ကြို့ ပီး
မဆက်ဆံဘူး...
ဆင်းရဲလို့လည်း နှိမ့်ချမဆက်ဆံဘူး...

သူ့ဟာသူ ချမ်းသာလို့ မကလို့ စင်္ကြဝတေးမင်းပဲဖြစ်ဖြစ် သူချမ်းသာတာ ကိုယ်နဲ့မဆိုင်ဘူး...

ကိုယ်ရမှာလည်း မဟုတ်ဘူး...

အဲ့အတွက် သူချမ်းသာသာ မသာသာ ပေါင်းသင်းဆက်ဆံရေးမှာတော့ အဲ့အတွက် တစ်ထစ်လျှော့ ဆက်ဆံနေမှာ မဟုတ်ဘူး...

အဲ့လိုပဲ
ဆင်းရဲသူအပေါ်လည်း ကိုယ့်အမြင်က ဒီအတိုင်းပဲ...

ဆင်းရဲဖူးတယ်....
အခုလို အနေအထားတစ်ခု မရောက်ခင်မှာ
ဆင်းရဲဖူးခဲ့တယ်...
မပြည့်စုံခဲ့ရတဲ့ အချိန်တွေကို ဇွဲအပြည့်နဲ့
ရိုးရိုးသားသားပဲ နေထိုင်လုပ်ကိုင်ရင်း ဖြတ်သန်းကျော်လွှားခဲ့တယ်..

ဆင်းရဲတာ ရှက်စရာမှ မဟုတ်တာ...
ဆင်းရဲချိန်မှာလည်း မာနကို လက်လွှတ်မထားခဲ့ဘူး..

လူ့အောက်ကျလို့ မသေပါဘူး ဆိုပေမယ့်
လူနင်း ခံရရင်တော့ ဘဝပါသေတတ်တယ်..

​ဘယ်ဘဝရောက်နေနေ လူလူချင်း ချနင်းတာတော့
ဘယ်တော့မှ မခံဘူး...
ရှိတဲ့အင်အားနဲ့ တိုက်ခိုက်မှာပဲ..
အဲ့မာနကို လက်မလွှတ်ခဲ့လို့သာ အခုချိန် မှာ အခုလို မတ်မတ်ရပ်နေနိုင်ခဲ့တာ..

လျှာပေါ် မြက်ပေါက်ပါစေ..
မဟုတ်တာ မလုပ်ဘူးဆိုတဲ့ မာနမျိုး...

သေအောင်ဆင်းရဲပါစေ...
လက်မဖြန့်ဘူးဆိုတဲ့ မာနမျိုး....

ကိုယ့်ရပိုင်ခွင့်မဟုတ်တာတွေကို မယူဘူးဆိုတဲ့ မာနမျိုး..

ဆင်းရဲလည်း ပြောင်ပြောင်ရောင်ရောင် ဆင်းရဲမယ်.. ဘယ်လူချမ်းသာကိုမှ ဒူးမထောက်ဘူးဆိုတဲ့ မာနမျိုး..

ကိုယ်မှန်နေလို့ကတော့ ဘယ်သူ့ဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုတဲ့ မာနမျိုး....

ဒီမာနမျိုးတွေနဲ့ပဲ ကျမ ဘဝကို ကျမ
တည်ဆောက်ခဲ့တယ် ...တည်ဆောက်နေတယ်... တည်ဆောက်ဦးမယ်....

လျှော့တွက်ခဲ့ကြတဲ့ သူတွေကို
ဘယ်တော့မှ မေ့မထားပါဘူး...😊

လဲပြိုကျမှာပဲလို့ ယုံကြည်ထားကြသူတွေရှေ့မှာ မတ်မတ်ရပ်ပြရတာဟာ သိပ်အရသာရှိတာပဲကွယ်...😊

#မသိမ့်✍️
#မူရင်းအမည်ကိုဖြုတ်ပီးCopyယူခြင်းသီးခံပါ

Address

B1, B2, B3, B4, B5, B6, B7, B8 ဒုတိယထပ်၊ဂျေဒိုးနပ် ကော်ဖီဆိုင်အနီး၊ယုဇနပလာဇာ၊ရန်ကုန်မြို့
Yangon
11111

Telephone

+959778415594

Website

Alerts

Be the first to know and let us send you an email when Now & Ever Skin Care ပင်ရင်းဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share