24/08/2025
🏆 အောင်မြင်မှုဟာ ကြိုးစားခြင်းရဲ့ အသီးအပွင့်ပါ ✨
အောင်မြင်မှုဟာ ကံကြောင့်လည်း မဆိုင်သလို နေ့တွင်းချင်း၊ ညတွင်းချင်း ပိုင်ဆိုင်ခွင့် ရရှိနိုင်တဲ့ အရာလည်း မဟုတ်ပါဘူး။
နေ့စဉ် အပတ်တကုတ် ကြိုးစားအားထုတ်ခြင်းဟာ တကယ့် အောင်မြင်မှုရဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့အိပ်မက်တွေ လက်တွေ့မှာ အကောင်အထည်ပေါ်လာဖို့ ဖြည်းဖြည်းနဲ့ မှန်မှန် တည်ဆောက်သွားဖို့ လိုအပ်ပါတယ်။ လက်လျှော့တတ်တဲ့ အကျင့်ကို ဖျောက်ပြီး ဇွဲရှိရှိနဲ့ ပုံမှန်လေး ကြိုးစားနေပေးဖို့ပါပဲ။
ဒါကြောင့် IGCSE Exam ကို အောင်မြင်စွာ ဖြေဆိုနိုင်ဖို့ ကြိုးစားလေ့လာနေကြတဲ့ လူငယ်လေးတွေလည်း ပန်းတိုင်မရောက်ခင် လမ်းခရီးတဝက်မှာတင် ပြတ်ကျမကျန်ခဲ့ဘဲ နေ့စဉ်လေ့လာကြိုးစားမယ်ဆို ကြိုးစားမှုလေးတွေ စုပေါင်းပြီး အောင်မြင်မှု ရရှိမှာ အသေအချာပါပဲ။
လူငယ်လေးတွေရဲ့ ကြိုးစားမှုလေးတွေ အရာထင်စေဖို့ LiteLearn ရဲ့ ပညာရေးစာအုပ်များမှလည်း အကောင်းဆုံး ပံ့ပိုးပေးဖို့ အသင့်ရှိနေပါတယ်…🧡