KaungHtet Onlinestore

KaungHtet Onlinestore Brake/Clutch repair and service

 #နှစ်ပေါင်း ( ၂၀ ) နီးပါး Migraine ( ခေါင်းတခြမ်းကိုက် ဝေဒနာ ) ခံစားခဲ့ဖူးသော အတွေ့အကြုံကို အခြေခံပြီးဤစာကို မေတ္တာ စေတ...
19/07/2025

#နှစ်ပေါင်း ( ၂၀ ) နီးပါး
Migraine ( ခေါင်းတခြမ်းကိုက် ဝေဒနာ )
ခံစားခဲ့ဖူးသော အတွေ့အကြုံကို အခြေခံပြီး
ဤစာကို မေတ္တာ စေတနာ အရင်းခံ၍ ရေးသားပါသည်။

👧🏻 ကျမ ဟာ ငယ်စဥ် ကလေးဘဝမှာ
ဝမ်းနည်းလွယ် , အားငယ်လွယ်တဲ့
စိတ်ဓါတ်ခွန်အား မရှိသော
ခလေးလေး အဖြစ်ကြီးပြင်းလာခဲ့ပြီး

👱‍♀️ အရွယ်ရောက်လာတဲ့ အခါမှာတော့
ဝမ်းနည်းလွယ် , အားငယ်လွယ်တဲ့
စိတ်ဓါတ်ခွန်အား မရှိသော
မိန်းခလေး အဖြစ် ဆက်လက်ကြီးပြင်းလာခဲ့ပါတယ်။

#ပင်ကိုယ်ဗီဇကတည်းက ဝမ်းနည်းလွယ်ခဲ့တဲ့
ကျမဟာ အသက် ( ၂၂ နှစ် ) အရွယ်မှာ
လောကဓံတစ်ခုကို ကြုံတွေ့ခဲ့ရပြီး
အရွယ်ငယ်ချိန် စိတ်မဖြေတတ်လေသောကြောင့်

ထမင်းမစား, ဟင်းမစားနိုင်ပဲ ငိုခဲ့ပါတယ်။
မိခင်တိုက်သော နွားနို့တစ်ခွက်ပင်
အားတင်းပြီး ကုန်အောင် မသောက်နိုင်ခဲ့ပါ။
ညဆိုလျှင်လည်း
ညဥ့်နက်သည်အထိ အိပ်မပျော်တော့ဘဲ
၃ နာရီ ၄ နာရီလောက်မှသာ အိပ်ပျော်ပါတယ်။

၂ ပတ်ခန့်ကြာတဲ့အခါမှာတော့
မခံမရပ်နိုင်အောင် ခေါင်းတခြမ်း စ ကိုက်ပါလေတော့တယ်။
( ဘဝမှာ ပထမဆုံးအကြိမ် စ ကိုက်ဖူးခြင်းပါ။ )

#ထိုစဥ်က ဆေးပညာ ဗဟုသုတ မရှိ
လ နဲ့ ချီပြီး ခေါင်းတခြမ်းကိုက် ကိုက်နေသည်ကိုပင်
ဦးနှောက်နဲ့ အာရုံကြော ဖြစ်သည်ဟု မသိဘဲ

#သာမာန် ခေါင်းကိုက်သည်ဟု ထင်ကာ
ဟိုဆေးလေး ဝယ်သောက်, ဒီဆေးလေး ဝယ်သောက်ဖြင့်
ကုခဲ့သော်လည်း မသက်သာခဲ့ပါ။

#ဒီလိုနဲ့ ကြာလာတဲ့အခါမှာတော့
ရောဂါက ပိုပိုဆိုးလာခဲ့ပါတော့တယ်။

တစ်နေ့ကျတော့ ကျမ ရုပ်ပျက်ဆင်းပျက်
ခေါင်းတွေကိုက်နေတာကို မြင်ရတဲ့
🙏 အတွေ့အကြုံရှိသူ တစ်ယောက်က
" နင် ဦးနှောက်နဲ့ အာရုံကြော ရောဂါ ဖြစ်နေတာထင်တယ်
ဦးနှောက်နဲ့ အာရုံကြော ဆရာဝန် ပြကြည့်ပါလား " လို့
ပြောပါတယ်။

#ဘဝမှာ ပထမဦးဆုံး ကြားခဲ့ဖူးတဲ့
ဆေးပညာနဲ့ ပတ်သတ်တဲ့ ဗဟုသုတ စကားလေးပါ။

ဒီလိုနဲ့ပဲ #ဦးနှောက်နဲ့ အာရုံကြော
🙏 အထူးကု ဆရာဝန်ကြီး ဒေါ်မိမိချိုထံပြပြီး
ဆေးတွေစစ်ရကာ ဘဝမှာ
ပထမဦးဆုံး ဝေဒနာသည်အဖြစ်
၂ နှစ်ဆက်တိုက် ဆေး စ သောက်ရပါတော့တယ်။

ဒီလိုနဲ့ပဲ သက်သာလာတော့
ဆေးစွဲ မသောက်ချင်တာကြောင့်
ဆရာဝန်ဆီ မသွားတော့ဘဲ
ကိုယ့်သဘောနဲ့ ကိုယ် ကျမ ဆေးဖြတ်လိုက်ပါတယ်။

တစ်နေ့ ကျမ အသက် ( ၂၆ နှစ် ) မှာ
မှတ်မှတ်ရရ သင်္ကြန်တွင်းမှာ
လှေကားပေါ်ကအဆင်း
ရုတ်တရက် ကမ္ဘာကြီး အမှောင်ကျသွားပါတယ်။

ထိုစဉ်က အစ်မဖြစ်သူကို
" မမကြီး ညီမလေးကို ကယ်ပါဦး
မျက်စိက ဘာမှ မမြင်တော့ဘူး " ဆိုပြီး
အစ်မလုပ်သူက ကုန်းပိုးဆင်းခဲ့ရပါတယ်။

၂ ပတ်တိတိ မျက်စိက ဘာမှ မမြင်ရတော့ဘဲ
လင်းသည်ဟု သိ, မှောင်သည်ဟု သိ
ဆိုတဲ့ အသိပဲနဲ့ နေခဲ့ရတော့

မျက်စိကွယ်သွားပြီ ထင်ပြီး
စိတ်ဓါတ် အတော် ကျခဲ့ဖူးပါတယ်။

နောက်တော့မှ
ဦးနှောက်နဲ့ အာရုံကြော
🙏 အထူးကု ဆရာဝန်ကြီး ဦးစောဆိုင်မွန်သာ ကုပေးလို့
မျက်စိပြန်မြင်ခွင့် ရခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ဆေးတွေ ပြန်ဖြတ်ခဲ့ ပြန်ပါတယ်။

၃၂ နှစ်အရွယ်မှာ ရောဂါ ပြန်ဆိုးလာလို့
ဆရာဝန် ပြန်ပြရပြန်ပါတယ်။

အိမ်ပြန်လာတော့
ပါလာတဲ့ ဆေးထုပ်ကြီးက
ကျွတ်ကျွတ်အိတ်ကြီးနဲ့ တစ်ထုပ်ပါ။

ခေါင်းကိုက်ရောဂါ ပျောက်ဖို့
ဆေးသောက်ရန် ဆေးထုပ်ကို ဖွင့်တာနဲ့တင်
ဆေးပေါင်းများစွာရဲ့ အနံ့ကြောင့်
ခေါင်းပို ကိုက်ရပါတယ်။

ကျမ ၂၂ နှစ်အရွယ်ကနေ
၃၂ နှစ်အရွယ်အထိ ရောဂါ ဖြစ်ခဲ့တဲ့
၁၀ နှစ်တာ ကာလအတွင်း
အခြေ အနေတွေကို ကျမ ပြန်သုံးသပ်ပါတော့တယ်။

🌟 ဘာ့ကြောင့် ငါ ရောဂါ ဖြစ်ခဲ့လဲ ?
🌟 ဘယ်လို အခြေအနေမျိုးမှာ ငါ ခေါင်းကိုက်တတ်လဲ ?
🌟 ဘယ်လို အခြေအနေမျိုးမှာ ငါ ခေါင်းမကိုက်ဘူးလဲ
🌟 ဘယ်လို အခြေအနေမျိုးမှာ ငါ ရောဂါ ပြန်ထလဲ?

Okay

💡ကျမ အဖြေရှာတွေ့ သွားခဲ့ပါပြီ။

🌝 ကျ ဆုံးဖြတ်ချက် ချလိုက်တယ်။

#ဈေးကြီးပေးဝယ်ခဲ့ရတဲ့ ၃ လစာ ဆေးထုပ်ကြီးကို
အိမ်သားတွေကိုနှမြောပြီး ပြန်မကောက်ဖို့ သေချာမှာပြီး
အမှိုက်ပုံးပဲ ပစ်ထည့်လိုက်ပါတော့တယ်။

ထိုစဉ်မှစ၍ ကနေ့ထက်တိုင်
ကျမ ဆေးစွဲ မသောက်တော့ပါ။

ဒါကြောင့်မို့ ဆောင်ရန်, ရှောင်ရန်လေးတွေ
ကျမ ဆက်ရေးပေးပါမယ်။

#ကံ
*******
#သူတစ်ပါး၏ ခေါင်းအား မခေါက်ပါနှင့်။
သူတစ်ပါး ခေါင်းကိုက်စေလောက်အောင်
နာကျင် ခံပြင်းစေသော စကားများ မပြောပါနှင့်။
ငါး စသော သတ္တဝါများအား ခေါင်းမထုပါနှင့်။
သူတစ်ပါးက ထုတာမြင်ရင်လည်း ဝမ်းမမြောက်ပါနှင့်။
#ခေါင်းကိုက်စေမည့် ကံအား မဖန်တီးပါနှင့်။

#အတိတ်က ကံပါလာခဲ့လျှင်လည်း
ထိုကံအား ကုစားပေးနိုင်ရန်
ဆေးများများလှူ၍ သစ္စာဆိုပေးပါ။

♦️ #စိတ်
*********
#အထူးသဖြင့် စိတ်ဆင်းရဲ မခံပါနှင့်။
မငိုပါနှင့်။ ငိုခဲ့လျှင်လည်း အကြာကြီး မငိုပါနှင့်။
ဒေါသမဖြစ်ပါနှင့်။
စိတ်သောကဖြစ်စရာ ကြုံလျှင် ခေါင်းကိုက်တတ်ပါသည်။

#စိတ်ညစ်ခဲ့လျှင် အချိန်မကြာအောင် ကုစားပါ။

🙏 ဘုရားရှိခိုးပါ။
🙏 ပုတီးစိပ်ပါ။
🙏 မေတ္တာပွားပါ။
🙏 တရားနာပါ။
🙏 တရားမှတ်ပါ။

♦️ #ဥတု
********
#ဦးခေါင်းအား အအေးမခံပါနှင့်။
ဦးခေါင်း မအေးပါစေနှင့်။
အေးလျှင် မာဖလာလေး အုပ်ထား၍ နွေးနေပါစေ။

#နေပူရှိန် ပြင်းပြင်းလည်း
ဦးခေါင်းပေါ်သို့ တိုက်ရိုက် မကျပါစေနှင့်။
နေပူထဲသွားလျှင် ထီးဆောင်းပါ။

♦️ #အာဟာရ
*************
#မိမိနှင့် မတည့်သော အစားအသောက်များ ရှောင်ပါ။

#ချိုလွန်း, ငံလွန်း, အီလွန်းသော အစားအသောက်များ
တက်စာများ ရှောင်ပါ။

#ဝမ်းမချုပ်ပါစေနှင့်။

#အနည်းဆုံး တစ်နေ့တစ်ခါ ဝမ်းသွားပါစေ။

#ဝမ်းနူးစာများ, အချဥ်ဟင်းလေးများ စားပါ။
အသီးအရွက်ကြော်, အသီးအရွက်ဟင်းများ စားပါ။

#အသီးအနှံ များများစားပါ။
အချဥ်ဓါတ်ပါသော အသီးအနှံများ ဆောင်ထားပါ။
ခေါင်းကိုက်လာလျှင် စားပါ။

#အစာကို အချိန်မှန်စားပါ။
အဆာလွန်လျှင် ခေါင်းကိုက်တတ်ပါသည်။
အဆာ မခံပါနှင့်။
အပြင်သွားလျှင် ထမင်းဗူးလေး အမြဲ ထည့်သွားပါ။

#ရေသောက် မနည်းပါနှင့်။
တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာ သောက်ပါ။

♦️ #နှိပ်ပါ
*********
#ခေါင်းကိုက်လာလျှင်
နှိပ်ရမည့် နေရာများကို ပုံများနှင့်ပြပေးထားပါသည်။

#ခါးမှစ၍ တင်ပါး တစ်ခုလုံး နှိပ်ပါ။
အကြောတင်းနေသော နေရာများကို နှိပ်ပေးပါ။
ခေါင်းကိုက်ချိန်မှာ နှိပ်လျှင်
သက်သာသော နေရာများကို မှတ်ထား၍
ခေါင်းကိုက်တဲ့အခါ ထိုနေရာများကို နှိပ်ပေးပါ။

♦️ #အခြား
**********
#အိပ်ရေးပျက် မခံပါနှင့်။
စောစောအိပ် စောစောထပါ။
ပင်ပန်းလျှင် နေ့ခင်းဖက် ခဏအိပ်ပေးပါ။

#အလွန်အကျွံလည်း မအိပ်ပါနှင့်။
အလွန်အကျွံလည်း အိပ်လျှင်လည်း ခေါက်းကိုက်တတ်ပါသည်။

#စဥ်းစားတာတွေများလို့ ခေါင်းကိုက်လာလျှင်
တွေးတာတွေ ခဏရပ်လိုက်ပါ။

#အလင်းစူးစူးများ မကြည့်ပါနှင့်။
အကြာကြီး ကားမမောင်းပါနှင့်။

#တစ်စုံတစ်ခုကို အာရုံအကြာကြီး စိုက်ခြင်းမျိုးရှောင်ပါ။
ဖုန်းအကြာကြီး မသုံးပါနှင့်။

#သူများ မကောင်း​ကြောင်းတွေ
ခေါင်းကိုက်ခံ, ခေါင်းလေးခံပြီး မထည့်ပါနှင့်။

♦️ #အရေးပေါ်
**************
#ရှောင်ရမယ့် အရာတွေကို
အကြောင်းအမျိုးမျိုးကြောင့် မရှောင်မိလို့
ခေါင်းကိုက်ခဲ့လျှင် နှိပ်ပေးပါ။
အတွေးများ ရပ်ပေးပါ။
အနားယူပါ။

#ထိုသို့လုပ်မှ မသက်သာလျှင်တော့
ဆရာဝန်ပေးတဲ့ အရေးပေါ်ဆေးလေးသောက်ပြီး
အိပ်လိုက်ပါ။ သက်သာပါလိမ့်မည်။

ဒီလောက်ဆိုလျှင်လုံလောက်ပါပြီ။

#ကျမ အတွေ့အကြုံတွေကို ရေးတဲ့စာအပြင်
ဆရာဝန်များ ရေးထားတဲ့ စာတွေကိုပါ ဖတ်လို့ရအောင်
ပုံတွေ အောက်မှာ ရေးထားပေးပါတယ်ရှင်။

♥️ အားလုံးပဲ ခေါင်းကိုက် ဝေဒနာများ ကင်းကြပါစေ။
♥️ အနာရောဂါများ ကင်းကြပါစေ။

Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ
#ကျန်းမာရေးဗဟုသုတရ
yyo
Credit to original writer.

❤️😢
12/07/2025

❤️😢

ကောင်း​ရော​ပေါ့ 😊😊မ​နေ့က အင်းစိန်​မြို့နယ်​ ​ဖော့ကန်​ရပ်​ကွက်​မှာ နိုင်​ငံခြားသား​တွေက မီးညှပ်​ကိုယ်​စီ ကိုင်​​ဆောင်ြ...
04/06/2018

ကောင်း​ရော​ပေါ့ 😊😊

မ​နေ့က အင်းစိန်​မြို့နယ်​ ​ဖော့ကန်​ရပ်​ကွက်​မှာ နိုင်​ငံခြားသား​တွေက မီးညှပ်​ကိုယ်​စီ ကိုင်​​ဆောင်​ပြီး ​ရွှေမြန်​မာ​တွေ စား​သောက်​ပြီး လွှင့်​ပစ်​ ချခဲ့​သော အမှိုက်​များကို လိုက်​လံ၍ သူတို့အဖွဲ့​ကောက်​ယူ​နေသည်​။

ဖော့ကန်​​ရောက်​ အမှတ်​တရ ပုံရိပ်​များ။

အောင်​လံသား​လေး ခရီးသည်​။

ပုဂံညောင်ဦး- ကျောက်ပန်းတောင်း သွားရင် လက်ပံပျားကြက်ကြော်က အကောင်းဆုံးအစားအစာပါ။လက်ပံပျားကြက်ကြော် ရန်ကုန်မှာ ကေအက်ဖ်စီ ...
04/06/2018

ပုဂံညောင်ဦး- ကျောက်ပန်းတောင်း သွားရင်
လက်ပံပျားကြက်ကြော်က အကောင်းဆုံးအစားအစာပါ။

လက်ပံပျားကြက်ကြော်

ရန်ကုန်မှာ ကေအက်ဖ်စီ ကြက်ကြော်ဆိုင် စဖွင့် တော့ လူတွေကြိတ်ကြိတ်တိုးအား ပေးကြတာ ၀က်ဝက်ကွဲပါ။ အမေရိကန်လို နိုင်ငံကြီးကနေ လာဖွင့်တဲ့ နာမည်ကြီးကြက်ကြော်ဆိုင် ဆိုတော့ လူတွေစုပြုံတိုးကြတာ ဘာဆန်းလဲ။ ကေအက်ဖ်စီလိုပဲမြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ ကြက်ကြော်ရှိပါတယ်။ မိတ္ထီလာ-ကျောက်ပန်း တောင်းလမ်းပေါ်က လက်ပံပျားကြက်ကြော်ဆို သိကြ မယ်ထင်တယ်။

ကျောက်ပန်းတောင်း၊ မ ကွေး၊ နတ်မောက်၊ ချောက်၊ ရေနံ ချောင်း၊ တောင်တွင်းကြီး၊ ပြည်၊ ဆိပ်ဖြူ၊ စလင်းအစရှိတဲ့ ဒေသ တွေသွားမယ်ဆို ကျောက်ပန်း တောင်းမြို့နယ်ထဲမှာရှိတဲ့ လက်ပံ ပျားကျေးရွာမှာ ထမင်းစားနား လေ့ရှိကြတယ်။ ကားရပ်ပြီဆို စတီးလင်ပန်းတို့၊ သံလင်ပန်းတို့ တွေပေါ်မှာ နီရဲရဲဝင်းပြောင်နေတဲ့ ကြက်သားကြော်တွေ ခေါင်းပေါ် ရွက်ပြီး လာရောင်းတတ်တဲ့ လက် ပံပျားကြက်ကြော်သည်လေးတွေ ကို တွေ့ရမှာ ဖြစ်ပါတယ်။

ကြက်ကြော်တွေက လင်ပန်း ထဲမှာ စီစီရီရီတင်ထားတာက စားချင်စရာပါ။ ရင်အုပ်ကြီးတွေကို တစ်ခုပေါ်တစ်ခု ဆင့်တင်ပြီး ပတ် ပတ်လည်စီထားတယ်။ အလယ် မှာတော့ ရင်အုပ်တွေ။ လစ်ဟာ နေတဲ့ နေရာလေးတွေမှာတော့ ကြက်အသည်းအမြစ်၊ ကြက်ကလီ စာကြော်လေးတွေ။

လက်ပံပျားကိုရောက်ပြီဆို တာနဲ့ ကြက်ကြော်ကောင်းကောင်းစားရတော့မယ်ဆိုတာ စားဖူးသူ တွေသိတယ်။ တချို့က ၀ယ်ပြီး ဒီအတိုင်း တကျွတ်ကျွတ်စားပစ် တယ်။ တချို့ကတော့ ထမင်းဆီ ဆမ်းလေးမှာ ထမင်းထဲ ကြက် ကြော်လေးတွေ မျှင်နွှာထည့်ပြီး ထမင်းနဲ့ ကြက်ကြော်စားလိုက်၊ အရိုးလေးကိုက်လိုက် ရေနွေး သောက်လိုက် စားတတ်ကြတယ်။ ထမင်းဆိုင်တွေနဲ့ နီးစပ်တဲ့ကြက် ကြော်သည်တွေဆို ဈေးဝယ်က ပူပူလေးစားချင်လို့ပါဆိုလည်း ပြန်ကြော်ပေးတယ်။ တချို့က တော့ ကိုယ်စားဖို့တင်အားမရ။ ချစ်သူခင်သူမိတ်ဆွေတွေအတွက်ပါ ပါဆယ်ဝယ်ကြတယ်။

လက်ပံပျားကြက်ကြော်က ပြုတ်ပြီးကြော်တာမျိုးမဟုတ်ဘဲ အစိမ်းအတိုင်းကြော်တာမျိုးဆို တော့ မွှေးပြီးအရသာရှိလှတယ်။ ၀ယ်ပြီး သုံးလေးရက်လောက် အေးအေးဆေးဆေးထားလို့ရ တယ်။ အိမ်ကျမှ အချိုမှုန့်စားတတ်ရင် နည်းနည်းလေးနယ်ပြီး ပြန် ကြော်စားရင်လည်း ကောင်းတယ်။ကြက်သားကို နွှင်ပြီး ခရမ်းချဉ် သီးနဲ့ ချက်စားလည်း ကောင်း တယ်။ အစပ်စားတတ်သူတွေ ငရုတ်သီးနဲ့ ပြန်ကြော်မယ်ဆို လည်း ရှယ်ပါပဲ။

ကြက်ကိုမပြုတ်ဘဲ ရေနွေး ဖြောပြီး လက်မ ၂၀ လောက်ရှိတဲ့ မိုးပြဲဒယ်ကြီးတွေနဲ့ ကြော်လေ့ရှိ တယ်။ အချိုမှုန့်မသုံးဘူး။ ဆား လေးသာ နည်းနည်းပွတ်တယ်။ ကြက်ကြော်တဲ့အခါ ဆီကို ဆီအ စိမ်းနဲ့ ဆီအကျက်မျှအောင်ထည့် ရတယ်။ တစ်ဝက်စီထည့်ကြော် လည်းဖြစ်တယ်။ မမျှရင် ကြက်ကြော်က မလှဘူး။

ရင်အုပ်သက်သက်၊ ပေါင်သက်သက်၊ ကလီစာသက်သက်ကြော်တယ်။ မီးကလည်း ပုံမှန်ထိုးပေးရတယ်။ ကြက်ကြော်လှ၊ မလှ မီးထိုးတဲ့အပေါ်မှာလည်း မူတည်တယ်။ တချို့ကတော့ ကြက်ကြော်ကို ခပ်ရဲရဲလေးမှ ကြိုက်သလို ခပ်ဖျော့ဖျော့လေး ကြိုက်တတ်တဲ့သူတွေလည်း ရှိတယ်လို့ လက်ပံပျားရွာသား ကိုထွန်းထွန်းက ရှင်းပြတယ်။

တချို့က လက်ပံပျားကြက် ကြော်ကို စီပီကြက်တွေကို ဗမာ ကြက်ဆိုပြီး ရောင်းတယ်လို့ အ ထင်လွဲကြတယ်။ မဟုတ်ပါဘူး။ လက်ပံပျားမှာ စီပီကြက်လုံးဝမ ရောင်းဖို့ ကိုယ့်စီးပွားကိုယ်တုတ်နဲ့ မထိုးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူး က တင်းတင်းကျပ်ကျပ်မှာထား တယ်လို့ ကိုထွန်းထွန်းက ပြောပြ တယ်။ ‘‘နာမည်ပျက်သွားရင် လုပ် စားလို့မရတော့ဘူးလေ’’လို့ ကို ထွန်းထွန်းက ပြောတယ်။

ဗမာကြက်ကိုပဲ သုံးရတာဆို တော့ လက်ပံပျားရွာဝန်းကျင်မှာ ဗမာကြက်က အတော်လေးရှား လာတယ်။ ဒါကြောင့် ဗမာကြက်ရဖို့ ရွာနီးချုပ်စပ် ကြက်အရှာထွက် ရတယ်။ နတ်မောက်၊ တောင်တွင်းကြီး၊ ပျော်ဘွယ်၊ သာစည်၊ ညောင်ဦးဘက်တို့အထိကို သွားရှာရ တယ်။ ဆိုင်ကယ်တစ်စီးနဲ့ ရွာစဉ် ရွာကြား ဗမာကြက်ရှာရတာ ဓာတ်ဆီငါးဘူးလောက်ကုန်တယ်လို့ ကိုထွန်းထွန်းက ပြောပြတယ်။

တစ်ရွာဝင်တစ်ရွာထွက် ကြက်မွေးတတ်တဲ့ အိမ်တွေဆီ ကြက်ရောင်းဖို့ရှိ၊ မရှိ ၀င်မေးရ တယ်။ ဗမာကြက်ဆိုတာလည်း တခြားမွေးမြူရေးကြက်တွေလို ခြံ နဲ့ဝင်းနဲ့မွေးထားတာမျိုးမဟုတ် တော့ တစ်အိမ်တစ်အိမ်မှ ငါး ကောင်ခြောက်ကောာင်လောက် ရောင်းတတ်ကြတာ။ ရောင်းမယ် ဆိုရင် သည်အတိုင်းရော့အင့်ဆို ပြီး ၀ယ်လို့ရတာမဟုတ်။ ရောင်း မယ့်ကြက်ကို လူနှစ်ယောက်သုံး ယောက်လောက်က ၀ိုင်းဖမ်းရ တယ်။ ကြက်ပြေးနိုင်မယ့်ဘက်ကို ပိုက်ထောင်ထားရတယ်။ ကြက် က တောင်ပြေးလိုက် မြောက်ပြေး လိုက်ဆိုတော့ နေ့ခင်းနေပူပူ ချွေးသံတရွှဲရွှဲနဲ့ လိုက်ဖမ်းပြီး ၀ယ်ရတယ်လို့ ကိုထွန်းထွန်းက ပြောပြတယ်။

ဒါကြောင့် ဗမာကြက်သုံးတဲ့ လက်ပံပျားကြက်ကြော်က စားဖူး သူတွေ သဘောကျကျတယ်။ ခရီး သွားတွေကလည်း ရောက်တုန်း ရောက်ခဲဆိုတော့ အားရပါးရ ၀ယ်စားလေ့ရှိကြတယ်။ ကိုယ်ပိုင်ကားသေးလေးတွေဆို ဈေးပိုပေး တတ်ကြတယ်။ တော်သလင်းလ ပုပ္ပားမှာ ဘိုးတော်ထွက်ပွဲအခါ ရောက်ပြီဆို လက်ပံပျားကြက် ကြော်သည်တွေ လက်ပန်းပေါင်း ခတ်ပေရော့။ ဟိုကားကလည်း လက်ပံပျားကြက်ကြော်၊ ဒီကားကလည်း လက်ပံပျားကြက်ကြော် အသည်တစ်သည်သိန်းချီ ရောင်းရတယ်လို့ ဆိုတယ်။ တော်သလင်းကအစ သီတင်းကျွတ်တန်ဆောင်တိုင်တွေမှာလည်း ရောင်းရတယ်။ သင်္ကြန်မတိုင်မီလည်း ရောင်းရတယ်လို့ ဆိုကြတယ်။

ဈေးရောင်းကောင်းတဲ့အခါ ဆိုရင်တော့ ညနေ ၃နာရီလောက် ဆို ကုန်တတ်တယ်။ အရောင်း နည်းနည်းလေးအေးတယ်ဆိုရင် တော့ လာတဲ့ကားကို လက်ပံ ပျားကြက်ကြော်သည်တွေ ပြေး လွှားရောင်းကြရရှာတာပါပဲ။ ပေါင်နဲ့ ရင်အုပ်အရင်းအတိုင်းပေး ပြီး ကလီစာလေးအမြစ်အသည်း လေးအမြတ်ယူရောင်းရတဲ့အခါ လည်း ရှိတယ်။

ဈေးရောင်း မကောင်းတဲ့ အခါ ကြက်ကြော်သည် အမျိုး သမီးလေးတွေက ရောင်းချင်ဇော နဲ့ ကြက်ကြော်ကို ထည့်မပြော တော့ဘဲ ‘‘ယူပါအစ်ကိုရယ်။ ကျွန် မပေါင်က အကြီးကြီးပါ။ ကျွန်မ ရင်အုပ်က အကြီးကြီးပါ’’ဆိုပြီး ပြောဆိုရောင်းချတဲ့အခါ ဘေးနား က ကြားတဲ့ ရွာထဲက ကာလသား တွေဆို တခွိခွိရယ်တတ်ကြတယ်။ နောက်ပြီး စိုးစန္ဒာထွန်းရဲ့ ကျွန်မဘ၀ညဥ့်နက်ရပြီကွယ်ဆိုတဲ့ သီချင်းစာသားကို သူတို့ရောင်းနေတာနဲ့ လိုက်အောင် ပြောင်းဆို ညည်းတတ်ကြတယ်။ ဘာတဲ့။ ‘‘ကျွန်မဘ၀ ကြက်ဖြစ်ရပြီကွယ်’’ တဲ့။

လက်ပံပျားကြက်ကြော် နာ မည်ကြီးတော့ ရန်ကုန်က ထမင်း ဆိုင်တချို့က နည်းယူဖို့ ရွာက ကြက်ကြော်တဲ့သူတချို့ကို ငွေစ ကြေးစပေးပြီး ခေါ်သွားဖူးတယ်။ ရွာက လူတွေသိသွားတော့ လိုက် သွားတဲ့သူတွေကို ဆူကြတာပေါ့။ နင်တို့ ထမင်းအိုးကွဲသွားချင်သ လားပေါ့။ သူတို့တွေက ဆိုင်ကြီး ကနားကြီး ငွေကြေးကလည်း တောင့်မှတောင့်။ လက်ပံပျား ကြက်ကြော်ဆိုပြီး နိုင်ငံအနှံ့ဆိုင် တွေဖွင့်လိုက်ရင် တို့ဘယ်လို ရောင်းစားလို့ရတော့မလဲဆိုတဲ့ အတွေးနဲ့ ရိုးရှင်းစွာစိုးရိမ်ခဲ့ကြတာ ပါ။ ရွာရဲ့ ၉၀ ရာခိုင်နှုန်းလောက် က ကြက်ကြော်ရောင်းရတဲ့ စီးပွား ရေးကို မှီခိုအားထားနေရတာဆို တော့ ကြက်ကြော်ကပေးတဲ့ ဒီစီး ပွားအိုးတုတ်နဲ့ အထိုးခံရမှာ စိတ် ပူကြတာပါ။

စိတ်ပူမယ်ဆိုလည်း ပူစရာ ပါ။ ကျေးလက်ဒေသတွေမှာ ဖြစ် ပျက်နေတဲ့ မိုးလေ၀သမမှန်လို့၊ မိုး ခေါင်လို့ ဒုက္ခရောက်ရတဲ့ ရွာတွေ ထဲ လက်ပံပျားရွာလေးလည်း အပါ အ၀င်ပေါ့။ အခုဆို လက်ပံပျားရွာ မှာ မိုးခေါင်တာ ခုနစ်နှစ်လောက် ရှိပြီ။ စိုက်ရေးပျိုးရေးကလည်း အဆင်မပြေတော့။ စပါးရနေတဲ့ လယ်တောင် ရေမရလို့ ယာပြောင်းစိုက်နေရတဲ့ အဆင့်ရောက်သွား ပြီ။ မိုးလေ၀သမမှန်၊ စိုက်ရေးပျိုး ရေးမဖြစ်လို့ ဒေသခံတွေလည်း ရေကြည်လောက်မယ်၊ မြက်နု လောက်မယ်ထင်တဲ့ ဖားကန့်၊ မိုး ကုတ်၊ ပြည်ပဆို ထိုင်း၊ မလေးရှား တို့ရောက်ကုန်ကြပြီလို့ လက်ပံ ပျားရွာသား ကိုထွန်းထွန်းက ဆိုပါတယ်။ ဒါကြောင့် ကြက်ကြော် ရောင်းတဲ့ စီးပွားလေးထိခိုက်သွား မှာ စိုးရိမ်ကြတယ်။ ဒါကြောင့် ကြက်ကြော်နည်းလေးလာမေး ရင်ကို သူတို့မှာ ဘာလဲဆိုပြီး စိတ် ပူတတ်ကြတယ်။

ဘာပဲဖြစ်ဖြစ်ပါ။ ကြက်တစ် ကောင်လုံး တစ်ကျပ်ခေတ် လောက်ကတည်းက ရောင်းခဲ့တဲ့ လက်ပံပျားကြက်ကြော် အခုတော့လေးငါးထောင်ဈေးဖြစ်နေလည်း ရောင်းနေရဆဲပဲ။ နှစ်ပေါင်းဆိုရင် လည်း သုံးဆယ်လောက်တောင် ကျော်လာခဲ့ပြီ။ အခုချိန်ထိ လက်ပံပျားကြက်ကြော် ပန်းပန်ထားနိုင် ဆဲ။ ဒေသတစ်ခုရောက်တိုင်း အဲဒီ ဒေသကထွက်တဲ့ အစားအစာ ပစ္စည်းလေးတွေ ၀ယ်ယူစားသုံး တာဟာ အဲဒီဒေသလေးတွေ ဖွံ့ ဖြိုးတိုးတက်ဖို့ တစ်တပ်တစ်အား အားပေးရာရောက်တယ်လို့ ဆိုခဲ့ မယ်ဆိုရင်....။

ညီညီဇော်
7 days

#မေသတင်းရပ်ကွက်လေး

ပြုံးပါ... အပြုံးတစ်ခုဟာ ရုပ်ဆိုးတယ်လို့ ထင်ရသူတွေကိုတောင် ကြည့်ကောင်းလာစေပါတယ်... ညစ်ပေတယ့်သူတောင် သန့်လာစေပါတယ်... ထို...
04/06/2018

ပြုံးပါ... အပြုံးတစ်ခုဟာ ရုပ်ဆိုးတယ်လို့ ထင်ရသူတွေကိုတောင် ကြည့်ကောင်းလာစေပါတယ်... ညစ်ပေတယ့်သူတောင် သန့်လာစေပါတယ်... ထို့ကြောင့် ပြုံးပါ...😃😃😃

Photo crd by... Jay Weinstein
Hundredpercent

လှလိုက်တာ မြန်မာရယ်လို့ကမ္ဘာကတောင်ပြောနေကြပြီ😘😘😘😘😘😘Photo Credit to Original Uploader မြန်မာအလှပုံဖော်သူချစ်မိတ်ဆွေများအား...
04/06/2018

လှလိုက်တာ မြန်မာရယ်လို့
ကမ္ဘာကတောင်ပြောနေကြပြီ
😘😘😘😘😘😘

Photo Credit to Original Uploader မြန်မာအလှပုံဖော်သူချစ်မိတ်ဆွေများအားလုံးလေးစားလျက်

မိဘသ​ဘောမတူလို့​ဆေး​သောက်​​သေခဲ့တဲ့ညီ​လေးနဲ့ညီမ​လေး ​နောက်​ဘ၀ဒီလိုအဖြစ်​မျိုးမဖြစ်​မိပါ​စေနဲ့လို့စု​တောင်း​ပေးလိုက်​ပါတ...
04/06/2018

မိဘသ​ဘောမတူလို့​ဆေး​သောက်​​သေခဲ့တဲ့ညီ​လေးနဲ့ညီမ​လေး ​နောက်​ဘ၀ဒီလိုအဖြစ်​မျိုးမဖြစ်​မိပါ​စေနဲ့လို့စု​တောင်း​ပေးလိုက်​ပါတယ်

04/06/2018

ပိတ် စီးတီး

ပိတ်တယ်...ပိတ်တယ်
ပိတ်တယ်ခင်ဗျာ

လမ်းခင်းလို့ ပိတ်တယ်
လမ်းမခင်းလဲ ပိတ်တယ်

လမ်းပြင်နေလို့ ပိတ်တယ်
လမ်းမပြင်လဲ ပိတ်တယ်

ပွိုင့်ရှိလို့ ပိတ်တယ်
ပွိုင့်ပျက်နေလဲ ပိတ်တယ်

အဝိုင်းကြောင့် ပိတ်တယ်
ပွိုင့်တက်တော့လဲ ပိတ်တယ်

ခုံးဆောက်နေလို့ ပိတ်တယ်
ခုံးဆောက်ပြီးလဲ ပိတ်တယ်

ဘဲဥရှိလို့ ပိတ်တယ်
ကြက်ဥရှိလဲ ပိတ်တယ်

ယာဉ်တိုက်နေလို့ ပိတ်တယ်
မတိုက်လဲ ပိတ်တယ်

ကုန်ကားများလို့ ပိတ်တယ်
ကုန်ကားမရှိလဲ ပိတ်တယ်

လမ်းကျဉ်းလို့ ပိတ်တယ်
လမ်းကျယ်လဲ ပိတ်တယ်

စည်းကမ်းမရှိလို့ ပိတ်တယ်

စနစ်မပြောင်းလို့ ပိတ်တယ်
စနစ်ပြောင်းသွားလဲ ပိတ်တယ်

USDP လဲ ပိတ်တယ်
NLD တက်လဲ ပိတ်တယ်

ဘာမှာမဟုတ်လဲ ပိတ်နေတယ်

“ဘေဘီကို မေးလိုက်ပါ၊ သူလိမ်နေတာ ပျော်ရဲ့လား” လို့ ​ပြောလာတဲ့ အစ္စဏီဧရာဝတီ ၊ ဇွန် ၁ ၊ ၂၀၁၈ အဆိုတော် အစ္စဏီအား မုဒိမ်းမှု အပါ...
02/06/2018

“ဘေဘီကို မေးလိုက်ပါ၊ သူလိမ်နေတာ ပျော်ရဲ့လား” လို့ ​ပြောလာတဲ့ အစ္စဏီ

ဧရာဝတီ ၊ ဇွန် ၁ ၊ ၂၀၁၈

အဆိုတော် အစ္စဏီအား မုဒိမ်းမှု အပါအဝင် အမှု ၃ ခုဖြင့် တရားစွဲဆို ခံထားရမှုနဲ့ တရားလိုဘက်မှ ပထမဆုံး အကြိမ် ရုံးချိန်လာရောက်မှုမှာ တရားလိုပြသက်သေများကို စစ်ဆေးခဲ့ပါတယ်။ ယနေ့ တာမွေမြို့နယ်၊ တရားရုံးမှာ ပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် တရားရုံးချိန်းမှာတော့ တရားလိုဘက်မှ ပထမဆုံး လာရောက် ထွက်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ စစ်ဆေးမှုမှာ တရားလိုအား တံခါးပိတ် စစ်ဆေးခဲ့ပြီး ထိုသို့ စစ်ဆေးရခြင်းမှာ မုဒိမ်းမှု ဖြစ်တဲ့အတွက် တရားလိုရဲ့ ဂုဏ်သိက္ခာ အတွက် ပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

တရားခွင်မှ ပြန်အထွက် သတင်းထောက်များ၏ မေးမြန်းချက်ကို အစ္စဏီမှ “ဘေဘီကို မေးလိုက်ပါ၊ သူလိမ်နေတာ ပျော်ရဲ့လား” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

အဆိုတော် အစ္စဏီ(ခေါ်) ဟန်ထွန်းဇော်ကို တာမွေမြို့နယ် တရားရုံးမှာ ဥပဒေ ပုဒ်မ ၃၇၆၊ ၃၂၄ ၊၃၂၃ တို့ဖြင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

သတင်း - ယုဖြူဟန် / ဧရာဝတီ
ဓာတ်ပုံ-အောင်ကျော်ထက်/ ဧရာဝတီ

၂၀၁၇-၁၈ ပညာသင်နှစ်မလှိုင်မြို့ မိသားစုကိုယ်ပိုင်ကျောင်း၏ အောင်ချက် ****************************တစ်ကျောင်းလုံးအောင်ချက် .....
02/06/2018

၂၀၁၇-၁၈ ပညာသင်နှစ်မလှိုင်မြို့ မိသားစု
ကိုယ်ပိုင်ကျောင်း၏ အောင်ချက်
****************************
တစ်ကျောင်းလုံးအောင်ချက် ..... ၁၀၀%
( ဖြေဆိုသူစုစုပေါင်း ၉၁၈ ဦး
အောင်မြင်သူစုစုပေါင်း ၉၁၈ ဦး)

၆ ဘာသာဂုဏ်ထူးရှင် ( ၁၂၃ ) ဦး ၊
၅ ဘာသာဂုဏ်ထူးရှင် (၁၆၃ ) ဦး ၊
၎ ဘာသာဂုဏ်ထူးရှင် (၁၈၁) ဦး ၊
၃ ဘာသာဂုဏ်ထူးရှင် (၁၃၀) ဦး ၊
၂ ဘာသာဂုဏ်ထူးရှင် ( ၁၀၆) ဦး ၊
၁ ဘာသာဂုဏ်ထူးရှင် ( ၁၂၁ ) ဦး ၊

အင်္ဂလိပ်စာ ဂုဏ်ထူးရှင် (၂၄၄) ဦး ၊
မြန်မာစာ ဂုဏ်ထူးရှင် (၃၁၈) ဦး ၊
ရူပဗေဒ ဂုဏ်ထူးရှင် (၄၂၆) ဦး ၊
သင်္ချာ ဂုဏ်ထူးရှင် (၅၆၇) ဦး ၊
ဓာတုဗေဒ ဂုဏ်ထူးရှင် (၆၅၆) ဦး ၊
ဇီဝဗေဒ ဂုဏ်ထူးရှင် (၇၈၈)ဦး၊
ဘောဂဗေဒ ဂုဏ်ထူးရှင် ( ၁) ဦး ၊
------------
စုစုပေါင်း ၃၀၀၀ ခု

တစ်ကျောင်းလုံးအောင်ချက် .....၁၀၀%

၂၀၁၇-၁၈ အိမ်ရှယ်ဝိုင်း( SS to S3)အောင်ချက်
*******************************************
သွင်းစာရင်းဦးရေ ... ၆၀၃ ဦး
အောင်မြင်သူ ... ၆၀၃ ဦး
ဂုဏ်ထူးရရှိသူ ... ၆၀၂ ဦး
အိမ်ရှယ်ဝိုင်းအောင်ချက်ရာခိုင်နှုန်း ... ၁၀၀ %
အိမ်ရှယ်ဝိုင်းဂုဏ်ထူးရာခိုင်နှုန်း ... ၉၉.၈၃%
(အိမ်ရှယ်ဝိုင်း ဖြေဆိုသူအားလုံး၏ ၉၉.၈၃ % ဂုဏ်ထူးထွက်ရှိပါသည်)

ကျောင်းသမိုင်းရာဇဝင်
********************

#၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးတွင် (၆) ဘာသာဂုဏ်ထူးရှင်
(၆၃) ဦးထွက်ရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် (၆) ဘာသာဂုဏ်ထူး
အများဆုံးထွက်ရှိသောကျောင်းဖြစ်ပါသည်။
#၂၀၁၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက် (၉၉.၉ %) ဖြင့်
မြန်မာတစ်နိုင်ငံလုံး အောင်ချက်အကောင်းဆုံး ပထမ ရရှိခဲ့ပါသည်။
#၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးတွင် (၆) ဘာသာဂုဏ်
ထူးရှင် (၈၁) ဦးထွက်ရှိခဲ့ပြီး မြန်မာ တစ်နိုင်ငံလုံးတွင် (၆) ဘာသာဂုဏ်
ထူး အများဆုံးထွက်ရှိသော ကျောင်းဖြစ်ပါသည်။
#၂၀၁၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက် (၉၉.၃၈% ) ဖြင့်
မြန်မာတစ်နိုင်ငံလုံးအောင်ချက်အကောင်းဆုံး ပထမ ရရှိခဲ့ပါသည်။
#၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် မိသားစုကိုယ်ပိုင်
ကျောင်း တစ်ကျောင်းလုံးအောင်ချက်ရာခိုင်နှုန်း - ၉၈ ရာခိုင်နှုန်း
#၂၀၁၄ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ #ပညာရေးထူး
ချွန်ဆု ရရှိခဲ့သည့် တစ်ခုတည်းသော ကိုယ်ပိုင်အထက်တန်းကျောင်း
ဖြစ်ပါသည်။
#၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကြီးတွင် အောင်ချက် ၉၈.၆၈
ရာခိုင်နှုန်းဖြင့် မြန်မာတစ်နိုင်ငံလုံး အောင်ချက်အကောင်းဆုံး #ပထမ
ရရှိခဲ့သောကျောင်းဖြစ်ပါသည်။
# ၁၉၉၈-၉၉ ပညာသင်နှစ်တွင်ကျောင်းသား(၄)ဦးဖြင့်အိမ်ရှယ်ဝိုင်း
အနေဖြင့်စတင်ခဲ့ပါသည်။
(၄)ဦးစလုံးဂုဏ်ထူးထွက်၍တစ်ဦးမန္တလေးတိုင်းထူးချွန်ဆု
ရရှိခဲ့ပါသည်။
#၂၀၀ဝပြည့်နှစ်တွင်ကျောင်းသား(၇)ဦးလုံးဂုဏ်ထူးထွက်ရှိ၍တစ်ဦးမှာ
စက်မှုဝန်ကြီးမှချီးမြှင့်သော ပထမဆုရရှိခဲ့ပါသည်။
#၂၀၀၁ခုနှစ်တွင် မိဘများပိုမိုအားထားလာမှုကြောင့်(၂၄)ဦးထိတိုးချဲ့လက်ခံခဲ့ရာ(၂၃)ဦး အောင်၍တစ်ဦးမန္တလေးတိုင်းအဆင့်(၆)ရရှိခဲ့ပါသည်။သို့ဖြင့်ဘော်ဒါသက်တမ်း (၂၀)နှစ်အတွင်းအောင်ချက်နှင့်ဂုဏ်ထူးအရေအတွက်မှာလည်း တစ်နှစ်ထက်တစ်နှစ်တိုးတက်မြင့်မားလာခဲ့ပါသည်။
#၂၀၀၉-၂၀၁၀ ပညာသင်နှစ်မှစ၍ ယခုနှစ်အထိ (၉)နှစ်ဆက်တိုက် အောင်ချက်ရာခိုင်နှုန်း(၉၃%)နှင့် အထက်ရရှိခဲ့ပါသည်။
#နိုင်ငံတော်အစိုးရမှကိုယ်ပိုင်ကျောင်းများစတင်ဖွင့်လှစ်ခွင့်ပြုခဲ့သော ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စ၍ဘော်ဒါအဖြစ်မှကိုယ်ပိုင်အထက်တန်းကျောင်းအဖြစ်သို့ ပြောင်းလဲတိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။

2018ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင်းများအတွက်မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ရုံးအမှတ် (၅၂) နေပြည်တော်နှင့်မြန်မာနိ...
01/06/2018

2018ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင်းများအတွက်
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ရုံးအမှတ် (၅၂) နေပြည်တော်နှင့်
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဇွဲကပင်ဆောင်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့
တို့တွင်ထုတ်ယူရမာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းအား မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက
ထုတ်ပေးသော အမှတ်စာရင်းတောင်းခံလွှာပုံစံဖြင့် တောင်းခံရမည်ဖြစ်ပြီး အဆိုပါ
အမှတ်စာရင်းတောင်းခံလွှာတွင် အမည်၊ အဖအမည်၊ စာစစ်ဌာန၊ ခုံအမှတ်၊ ခုနှစ်၊
လက်မှတ်နှင့် အောင်/ရှုံး တို့ ဖြည့်စွက်ပေးရန် လိုအပ်ပါသည်။

Address

Yangon

Telephone

+959250260345

Website

Alerts

Be the first to know and let us send you an email when KaungHtet Onlinestore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KaungHtet Onlinestore:

Share