KS USA Supplement Collection

KS USA Supplement Collection We are selling authentic USA supplement Authentic USA Supplement

18/09/2024

ရုပ်နဲ့စိတ်ဆိုတာ ဆက်စပ်နေပါတယ်။ ရုပ်မကျန်းမာတဲ့အခါ စိတ်ညစ်လာတယ်။ ပူပန်သောကတွေများပြီး စိတ်ရှုပ်ထွေးလာတဲ့အခါ ခုခံအားကျဆင်းပြီး ရောဂါတွေ ဝင်နိုင်ပါတယ်။ ပူပန်သောကတွေကြောင့် နာတာရှည်ရောဂါရှိနေတဲ့သူတွေ ရောဂါဝေဒနာပြန်ဖြစ်လာတယ်။

စိတ်ပူပန်မှုကို အတွေးအခေါ်၊အမူအကျသာပြောင်းလဲပြီးပြင်လို့ရတယ်။ အတွေးအခေါ်ပြောင်းတယ်ဆိုတာ နေ့ချင်း, ညချင်း လေ့ကျင့်ယူလို့မရဘူး။ လေ့ကျင့်မည်ဆိုလည်း လအတော်ကြာမည်။ ဒါကြောင့် ပူပန်မှုကြောင့်ဖြစ်လာတဲ့ ခန္ဓာကိုယ်အပြောင်းအလဲကို ထိန်းနိုင်ဖို့ပဲ ကြိုပြင်ရလိမ့်မည်။

နာတာရှည် သောကဝေဒနကို တွန်းလှန်ဖို့ အကောင်းဆုံး အဟာရက ပရိုတိန်းတွေဖြစ်ပါတယ်။ သဘာဝရေချိုငါးတွေစားသင့်တယ်။ အရိုးပါ စားနိုင်တဲ့ငါးသေးသေးလေးတွေဆို အတော်အဆင်ပြေတယ်။ အရိုးလေးတွေကရမည့် သတ္ထုဓာတ်တွေက အရိုးကြီးထွားမည့် ကလေးတွေအတွက်သာမက အရိုးပါး, အရိုးပွ လူကြီးတွေအတွက် အကျိုးတကယ်ရှိတယ်။

ဒိန်ချဉ်သောက်လို့ရတယ်။ ရယ်ဒီမိတ် မဟုတ်တဲ့ သဘာဝတွေမှာ ပရိုတိန်းတွေအပြင် ပရိုဘိုင်အိုတစ်ပါဝင်တာကြောင့် အစာလမ်းကြောင်းအကျိုးပြုပြီး ခုခံအားတိုးစေတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ ကယ်ဆီယမ်တွေလည်း အရိုးကျန်းမာရေးအထောက်အကူပြုတယ်။ ဒိန်ချဉ်က ရင်ကိုအေးစေပြီး အစာခံလို့ ကိုယ်အလေးချိန်ထိန်းနိုင်တယ်။

စိတ်သောကကြောင့် stress ဟိုမုန်းတွေမြင့်လာစေတယ်။ ကော်တီဆောဟိုမုန်းကို အထောက်အပံ့ကူညီပေးတာက ချဉ်တဲ့အသီးတွေဖြစ်တယ်။ " လောကကြီးက စိတ်သောကတွေ ပေးတဲ့အခါ သံပုရာရည်လုပ်သောက်ပါ။ ဆန်းကစ်တွေ, ကျွဲကောတွေလည်း စားလို့ရပါတယ်။

Credit Dr Phyo Maung Maung

Thyroid Natural Glandular 100vegecapExp 2026
06/09/2024

Thyroid Natural Glandular
100vegecap
Exp 2026

07/07/2024

အရိုးပြုတ်ရည်ဗဟုသုတ မေးခွန်း

အများအကျိုးရှိစေမည့်မေးခွန်းမို့ ဖြေပေးလိုက်ပါတယ်။

မေး
အရိုးပြုတ်ရည်ကို အေးသွားသည့်အခါ ရေခဲသေတ္တာထဲမှာထည့်ထားရင် အပေါ်က ခဲသွားပါတယ်။
ခဲသွားတာတွေကို စားရမှာလား? လွှင့်ပစ်ရမှာလား?

ဖြေ
အရိုးပြုတ်ရည်ဟာ အာဟာရဓာတ်ကြွယ်ဝသည့် ပထဝီဓာတ် ဦးဆောင်နေသည့် ဓာတ်စာ ဖြစ်ပါတယ်။
အရိုး/ အကြော/ ကြွက်သား/ အဆစ် / အရည်ပြား / ဆံပင် စသည်ဖြင့် ပထဝီဓာတ်အားလုံးကို ကျန်းမာသန်စွမ်းစေပါတယ်။

အဓိကပါဝင်နေတဲ့ Collagen ဟာ ချက်လိုက်ရင် gelatin ကျွဲကော်ကဲ့သို့ ပြစ်ခဲသောဓာတ်အသွင်ကို ပြောင်းသွားပါတယ်။ အထူးသဖြင့် ရေခဲသေတ္တာထဲမှာထားလိုက်ရင် အခဲပြင်ကြီး ဖြစ်သွားပါတယ်။
Congeal ဖြစ်သွားတယ်လို့ ဆိုလိုပါတယ်။
ပျစ်ခဲသွားတာကို ဆိုလိုပါတယ်။

အရိုးပြုတ်ရည်ထဲမှာ အဆီကလဲ အနည်းအကျဉ်းပါပါတယ်။
Congeal ဖြစ်နေတာဟာ အဆီတစ်မျိုးတည်း မဟုတ်ပါ။
အချို့က အဆီတွေပဲထင်ပြီး ဖယ်ပစ်ချင်နေကြပါတယ်။
အမှန်ကတော့ gelatin အနေနဲ့ ပျစ်ခဲသွားသည့် collagen တွေပါ။

ဖယ်လိုက်ရင် အဓိကကျသည့် gelatin အနေနဲ့ ရှိနေသည့် Collagen တွေ ထွက်သွားပြီပေါ့။
အဓိကအာဟာရဓာတ်ကို ဖယ်ပစ်လိုက်သလိုပါပဲ။

သောက်ခါနီး အပူပြန်ပေးလိုက်ရင် ပြန်ပျော်သွားပြီး အာဟာရဓာတ်အပြည့်အဝ ရရှိနိုင်ပါလိမ့်မယ်။

( နောက်ပိုင်းမှာ အခုလိုမျိုးမေးခွန်းတွေကို ဖြေပေးသွားပါမယ် )
Credit To A Better Health

23/06/2024

အခုအချိန်က တုပ်ကွေးဖျားနာ နေမကောင်းဖြစ်သူတွေများနေလို့ မဖြစ်မှီရော၊ ဖြစ်နေသူတွေပါ ဆောင်ရန် ရှောင်ရန် များအတွက် ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်းရဲ့ ဆောင်းပါးလေး ပြန်တင်ပေးလိုက်ပါတယ်၊

***ဖျားချင်သလို ဖြစ်လာရင်***
ဖျားနာခြင်း နဲ့ ပတ်သက်လို့ -------

လူ အတော် များများဟာ မကြာခဏ ဆိုသလို ဖျားနာတတ်ကြပါတယ်။ အထူးသဖြင့် ရာသီဥတု ပြောင်းလဲချိန်တွေမှာ ဖျားတတ်ကြပါတယ်။

လည်ချောင်း ခြောက်တာက စပြီး လည်ချောင်း နာမယ်၊ ချောင်းဆိုးမယ်၊ ကိုယ် လက် ကိုက်ခဲမယ်၊ နှာစေးမယ်၊ ကိုယ်ပူမယ် ၊ ခေါင်းကိုက်မယ် စသည်ဖြင့်ပေါ့။

ဒီလို ဖြစ်လာပြီ ဆိုရင် လူ အတော် များများဟာ နီးရာ ဆေးခန်းကို ပြေးလေ့ ရှိပါတယ်။
များသောအားဖြင့် ဆေးတစ်လုံး ထိုးပေးပြီး (ဘာဆေး ထိုး တယ်တော့ အတိ အကျ မသိပါ)၊ Paracetamol ရယ်၊ ပိုး သတ်ဆေး antibiotics တစ်ခုခုရယ် ပေးလေ့ ရှိပါတယ်။

အခု နောက်ပိုင်းမှာ ဆိုရင် antibiotics ခေါ် ပိုးသတ်ဆေး ပေးတာ ကြမ်းလာတာကို တွေ့ရလေ့ ရှိပါတယ်။

ဖျားနာရခြင်းရဲ့ အကြောင်းကို ကြည့်မယ် ဆိုရင်
၁. အများအားဖြင့် Viruses တွေကြောင့် ဖြစ်ပါတယ်။ သူတို့ကို antibiotics ခေါ် ပိုးသတ်ဆေး နဲ့ ကုလို့ မရပါ။တကယ့် bacterial infection က ရှိတော့ ရှိတယ် သို့ပါသော်လည်း ရှားပါတယ်။

၂. ပိုးမျိုးစုံက ကိုယ့် ပတ်ဝန်းကျင်မှာ အမြဲလိုလို ရှိနေပါသော်လည်း ခန္ဓာကိုယ် ခုခံအား ကျသွားတဲ့အခါ သူတို့တွေက ပွားလာပြီး ဖျားတတ်ပါတယ်။

ပိုးသတ်ဆေးတွေ မလိုဘဲနဲ့ သောက်မဲ့ အစား ခန္ဓာကိုယ် ခုခံအား ကောင်းရအောင် လုပ်ရင် ပိုပြီး ထိရောက်ပါလိမ့်မယ်။

ပိုးသတ်ဆေးတွေဟာ အူထဲမှာ ရှိတဲ့ အကျိုးပြု ပိုးတွေကို သေစေပါတယ်။ ပိုးသတ်ဆေးတွေဟာ အခန့် မသင့်ရင် ဝမ်းလျောပြီး အထူးသဖြင့် အသက်ကြီးသူများမှာ သေတောင် သေနိုင်ပါတယ်။ antibiotic associated colitis, c difficle colitis ဖြစ်ရင် မချောင်တော့ပါ။

ခုခံအား ကျစေတဲ့ အကြောင်းတွေကတော့

၁. Vitamin D3 ဓာတ် အလွန် နည်းနေခြင်း။
လူအတော် များများမှာ တိုင်းကြည့်ရင် ၁၅- ၂၀ လောက်သာ ရှိတာကို တွေ့ရတတ်ပါတယ်။

အသက်ကြီးတဲ့ လူတွေ ဆိုရင် ပိုဆိုးတာပေါ့။ အိမ်ပြင်မှ မထွက်တော့တာ။ နေလည်း မထိ၊ ဘာမှလဲ မသောက် ဆိုတော့ ပိုဆိုးတာပေါ့။ အချို့တွေက မြန်မာပြည်မှာ အလွန် ပေါပြူလာ ဖြစ်တဲ့ ဗီတာမင် အားဆေးကို မှီဝဲကြပါတယ်။

ပြန်ကြည့်လိုက်တော့ အ လွန် အရေးကြီးတဲ့ Vitamin D3 က 200IU ဘဲ ပါပါတယ်။ သိပ်ကို နည်းလွန်းအား ကြီးပါ တယ်။

မြန်မာပြည်က လူတွေမှာ ဒီဓာတ်က အလွန် အားနည်းတာကြောင့် အနည်းဆုံး 5000 IU သောက်သင့်ပါတယ်။ သွေးထဲမှာ level စစ်ကြည့်လို့လဲ ရပါတယ်။

လူကြီးတွေ အရမ်း လိုတဲ့ B12 ဆိုရင် နာမည်ကြီး ဗီတာမင်ထဲမှာ 1mcg ဘဲ ပါတာ တွေ့ရလို့ ကျွန်မ အလွန် အံ့သြသွားမိပါတယ်။

အခြား အရေး ကြီးတဲ့ Zinc ဆို ရင် 5mg သိပ်ကို နည်းအားကြီးပါတယ်။

လူတွေကတော့ ဒါကိုဘဲ ကောင်းလှပါတယ် ဆိုပြီး ဝယ်သောက်နေကြပါတယ်။ ကြော်ငြာကောင်းတာ ဖြစ်မှာပါ။

မဖျား မနာရအောင် အကြံဥာဏ် ပေးချင်ပါတယ်။
အကြံပေးခြင်းသာ ဖြစ်ပါတယ်။ တစ်သွေ မတိမ်း လိုက်နာရမယ် မဆိုလိုပါ။ ကိုယ် ကြိုက်ရာ၊ အားသန်ရာ လုပ်နိုင်ပါတယ်။

ဖျားချင်လာပြီ ဆိုရင် များသောအားဖြင့် ကြိုတင် သိနိုင်ပါတယ်။

၁. အိပ်ရေး ဝအောင် အိပ်ပါ။
၂. ရေ များများ သောက်ပါ။
၃. Vitamin D3 50,000IU တလုံး သောက်ပါ။ တတ်နိုင်ရင် super K နဲ့ တွဲသောက်ပါ။
ဒီ ပမာဏကို ၅ ရက်လောက်အထိ သောက်လိုက်ပါ။ ၂-၃ ရက်လောက် အတွင်းမှာ သက်သာလာတာကို တွေ့ရပါလိမ့်မယ်။ သက်သာလာရင် လျော့လို့ ရပါပြီ။
နေ့စဉ် သောက်သင့်တဲ့ ပမာဏကတော့ 5000IU ဖြစ်ပါတယ်။ superK တစ်လုံး နဲ့ တွဲသောက်ရမှာ ဖြစ်ပါတယ်။

ကျွန်မတို့ အားလုံးကို Vitamin D3 များများ မသောက်ရဲကြအောင် ချောက်လှန့် ထားကြပါတယ်။ သေသေချာချာ လေ့လာကြည့်တော့ မဟုတ်တာကို သိလာပါတယ်။ သူတို့ ပြောတဲ့ ဘေးထွက် ဆိုးကျိုးတွေကြောင့် ဒုက္ခ ဖြစ်တာ မကြားဖူးပါ။

သူတို့တွေက စာတမ်း ရေးကြတဲ့အခါ Vitamin K နဲ့ တွဲပြီး မသောက်ကြတော့ မကောင်းတဲ့ အဖြေတွေဘဲ ရတော့မှာပေါ့။

D3 တွေ သောက်လို့ ကျန်းမာရေးတွေ ပြန်ကောင်းလာကြရင် ဘယ်သူတွေ နစ်နာနိုင်သလဲဆိုတာ စဉ်းစား ကြည့်ရင် သိနိုင်ပါတယ်။

သူတို့ ကိုယ်တိုင် ထုတ်ဖော်ပြီး အတိအလင်း ပြောထားတာဘဲ၊ လူနာတွေရဲ့ အကျိုး အတွက် မဟုတ်ဘဲ အစုရှယ်ယာ ပိုင်ရှင်တွေ အမြတ်ရဖို့ ဆိုတဲ့ စကားကို သတိရမိပါရဲ့။
ဒီလို ပြောလိုက်တာကြောင့် သူတို့ ထုတ်တဲ့ဆေး ဘာမှတောင် မသောက်ရဲသလောက်ပါပဲ။ အမြတ် အစွန်းကိုဘဲ ကြည့်တယ် ပြောတာကိုး။

၄. Vitamin C alkaline form (calcium ascorbate or magnesium ascorbate ) ကို 2000 – 3000mg သောက်ပါ။

၅. Probiotics နေ့စဉ် သောက်ပါ

၆. Zinc 50 mg တစ်နေ့ တစ်လုံး

၇. သကြား လျော့ပါ။

၈. စိတ်ဖိစီးမှုတွေ ချနိူင်သမျှ ချပါ။

၉. ကိုယ် အနည်းငယ် ပူတိုင်းလဲ Paracetamol မသောက် သင့်ပါ ကိုယ်ပူတယ် ဆိုတဲ့ အဓိပ္ဗါယ်ကတော့ ခန္ဓာကိုယ်က ပိုးမွှားတွေကို သတ်တဲ့အခါ ကိုယ် အပူချိန် တက်နေရင် ပိုထိ ရောက်လို့ပါဘဲ။
သန္တပ္ဗန တေဇောဓာတ်လို့ ခေါ်ပါတယ်။ (ဝိသုဒ္ဓိမဂ်)

၁၀၄ - ၁၀၅ သိပ်များနေရင်တော့ မနေသာ မထိုင်သာ ဖြစ်ရင် သောက်ပါ။ ဗိုက်ထဲမှာ အစာ ရှိရင် Ibuprofen ( Advil or Aleve ) က ပိုပြီး ကောင်းတယ်လို့ ထင်ပါတယ်။ အစာအိမ် ရောဂါ ရှိသူတွေတော့ မသောက်သင့်ပါ။

၁၀. လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပေးပါ။
သိသိသာသာကြီး သက်သာလာပါလိမ့်မယ်။
ဆေးခန်း သွားပြတာထက် ပိုကောင်းပါတယ်။

အခု ပြောသလို လုပ်ကြည့်လို့မှ မရရင်တော့ ဆေးခန်း သွားပြတာပေါ့။

အခု ဖော်ပြပါနည်းဟာ ကျွန်မ ကိုယ်တွေ့လဲ ဖြစ်ရုံ မက လူ အတော် များများမှာလည်း စမ်းသပ်ကြည့်တာ အတော် အောင်မြင်တာကို တွေ့ရပါတယ်။

သို့ပါသော်လည်း ကျွန်မက အကြံ ပေးရုံသာ ဖြစ်ပါတယ်။မိမိ သဘော အတိုင်း ဆုံးဖြတ်ပြီး မိမိနဲ့ သင့်တော်မယ် ထင်တာကို လုပ်နိုင်ပါတယ်

Credit To A Better Health

Happy New year !!!
31/12/2023

Happy New year !!!

Merry Christmas 🌲🎄🎄⛄🎁
24/12/2023

Merry Christmas 🌲🎄🎄⛄🎁

D- RIBOSE ဆို တာ ၁. ကလာပ်စည်း တွေ ရဲ့ စွမ်း အင် အ တွက်က လာပ် စည်း များ အ တွင်း ထုတ် လုပ် သည့် စွမ်း အင် ATP ဟာ လူ တ ယောက...
28/11/2023

D- RIBOSE ဆို တာ

၁. ကလာပ်စည်း တွေ ရဲ့ စွမ်း အင် အ တွက်
က လာပ် စည်း များ အ တွင်း ထုတ် လုပ် သည့် စွမ်း အင် ATP ဟာ လူ တ ယောက် အ သက် ရှင် သန် နေ ဖို့ အ လွန် အ ရေး ကြီး ပါ တယ်။
ကလာပ်စည်း တွေ စွမ်းအင် မ ထုတ် လုပ် နိုင် တော့ တဲ့ နေ့ ဟာ သေတဲ့ နေ့ ပါ ပဲ။

အဲ ဒီ တော့ ATP ရဲ့ structure ဖွဲ့ စည်း ပုံ ကို ကြည့် ကြ ရ အောင်။

စွမ်းအင် ဟာ D Ribose ရယ်၊ Phosphate သုံး လုံး ရယ်၊Adenine လို့ ခေါ် တဲ့ ပရို တင်း ဓာတ် တစ် မျိုး ရယ် နဲ့ တည် ဆောက် ထား ပါ တယ်။

RIBOSE SUGAR က ကား တ စီး ရဲ့ main frame လို ATP ရဲ့ main frame ဖြစ် ပါ တယ်။ သူ မ ရှိ ရင် စွမ်း အင် လို့ ခေါ်တဲ့ ATP လုံး၀ မ ဖြစ် နိုင် ပါ။

Three high energy phosphates are attached to the main frame and serve as a gas tank of the car.

Ribose တည်း ဟူ သော main frame ကို စွမ်း အင် တွေ ပေး မဲ့ Phosphates bond ၃ ခု က လာ ပြီး တွယ် ရ ပါ တယ်။

ပရိုတင်း ဓာတ် တ မျိုး ဖြစ် တဲ့ Adenine ( သြဇာဓာတ် )က ဒီ main frame ရဲ့ ကား စတီရာ ရင် Steering wheel ဖြစ် ပါ တယ်။

၂. ကလာပ်စည်း တွေ ရဲ့ ထဲ မှာ ရှိ တဲ့ ဗီဇ လို့ ခေါ် တဲ့ DNA, RNA တွေ မှာ ပါ နေ တဲ့ အဓိက ဓာတ် လည်း ဖြစ် ပါ တယ်။

Deoxyribonucleic acid, Ribonucleic acid. ကျွန်မ တို့ ဗီဇ တွေ ရဲ့ အဓိက main frame လဲ ဖြစ် ပါ တယ်။ ဒီ ပေါ် မှာ မှ လာ ပြီး protein sequences တွေ က လာ ဆက် တာ ဖြစ် ပါ တယ်။

ခန္ဓာကိုယ် ထဲ မှာ D ribose ကို ထုတ် လုပ် နိုင် ပေ မဲ့ လို့ သူ ရဲ့ ထုတ် လုပ် နိင် တဲ့ နှုံး ဟာ နှေး ကွေး တာ မို့ အရေး ပေါ် လို လာ တဲ့ အ ခါ ထုတ် လုပ် ရေး ဟာ လို အပ် ချက် ကို အမှီ မ လိုက် နိုင် ပါ။

ဒါ ကြောင့် လဲ နှလုံး သွေး ကြော ပိတ် ပြီး heart attack ရ တဲ့ အ ခါ အောက်စီဂျင်ဓာတ် နည်း နေ ပြီ ဖြစ် တဲ့ အ တွက် နှလုံး ကြွက်သား များ ဆက် လက် အလုပ်လုပ် ရန် အ တွက် စွမ်း အင် အရေး တ ကြီး လို တဲ့ အ ခါ D ribose အိမ် မှာ ရှိ ခြင်း အား ဖြင့် အရေး ပေါ် အ နေ နဲ့ ဖျော် သောက် မယ် ဆို ရင် နှလုံး ကြွက် သား များ ပျက်စီး ခြင်း မှ အ တော် လေး ကာ ကွယ် ရေး ရ မှာ ဖြစ် ပါ တယ်။ Damage to the heart muscle will be limited.

ပျက်စီးမှု နည်း ရင် recovery လဲ ပို ကောင်း မှာ ဖြစ် ပါ တယ်။

Stent ထည့် ထား သူ တွေ၊ နှလုံး ရောဂါ သမား တွေ အ မြဲ မှီဝဲ သို့ မ ဟုတ် ဆောင် ထား သင့် ပါ တယ်။

ဥဏှောက် နဲ့ အာရုံကြော ရော ၈ါ သ မား တွေ အ တွက် က တော့ ရှယ် ပါ ပဲ။

စဉ်း စား ကြည့် လေ။ နှ လုံး၊ ဥ ဏှောက် နဲ့ ကြွက်သား များ ဟာ ခန္ဓာ ကိုယ် ထဲ မှာ အလုပ် လုပ် ရ ဆုံး ဆို တော့ စွမ်း အင် အ လို ဆုံး ဖြစ် ပါ တယ်။

ထို နည်း တူစွာ ပါ ဘဲ၊ အားကစားသမားတွေ ကြွက်သား တွေ ကို အလွန် အသုံး ပြု ကြ ရ တာ မို့ သူ တို့ အ တွက် ဆို ရင် လည်း အ ကောင်း ဆုံး ဖြစ် ပါ တယ်။

နောက် တခါ မြန်မာ ပြည် မှ ဘော်လုံး အသင်း ကို နိင် စေ ချင် ရင် D Ribose powder သွား လှူ ရင် ကောင်း မယ် ထင် ပါ ရဲ့။

အသက် အ ရွယ် ကြီး သူ များ မှာ လည်း များ သော အား ဖြင့် အာဟာရ ဓာတ် များ ချို့ တဲ့ လာ တာ ကြောင့် ခန္ဓာကိုယ် ထဲ မှာ D Ribose ထုတ် နှုံး က လဲ ကျ ဆင်း သွား တာ ကြောင့် အား မရှိ ဖြစ် လာ တယ်။ ချိနဲ့ လာ ကြ တယ်။

ဥပါဒ် ဖြစ် မဲ့ သကြား ဖျော် ရည် များ ( Fructose , Sucrose စသည် ဖြင့် )တိုက် မဲ့ အစား D ribose ဖျော် တိုက် မယ် ဆို ရင် အင်အား တွေ ပြန် ပြည့် လာ မှာ ဖြစ် ပါ တယ်။

ရောဂါ ကြီး ကြီး ကျယ် ကျယ် မ ရှိ ဖူး ဆို ရင် အသက် ရှည်ဆေး လို့ လဲ ခေါ် နိုင် ပါ လိမ့် မယ်။

သူ က Carbon 5 လုံး ပါ တဲ့ သ ကြား မို့ Carbon 6 လုံး ပါ တဲ့ သ ကြား တွေ နဲ့ လုံး ဝ မ တူ ပါ။ဆီးချိုသမားတွေလည်းသောက်လို့ရပါတယ်။

သက်ရှည် ကျန်းမာစွာ နဲ့ မိမိ ခန္ဓာကိုယ် ကို စောင့် ရှောက် နိုင် ကြ ပါ စေ။
ဗဟုသုတ ဥာဏ် မျက်စိ တွေ လည်း ပွင့် ကြ ပါ စေ။
Credit To A Better Health

Life Extension
D Ribose Powder
150g

☎️☎️ 09785433118 or cbပါရှင်

Ygn မြို့တွင်း cash on delivery or kpayနဲ့ ရပါတယ်ရှင်
နယ်မြို့များ ငွေလွှဲဝင်ပြီး ၂ရက်မှ ၃ရက်အတွင်း သက်ဆိုင်ရာ ကားဂိတ် or Deliveryနဲ့ ပို့ပေးပါတယ်
ပုံတွင် မပါဝင်သော အခြား ဖြည့်စွက်စာများလည်း In-stock ရှိပါတယ်
အသေးစိတ်သိရှိလ်ုသည်များကို CB တွင် စုံစမ်းနိုင်ပါတယ်ရှင်

Victoria's Secret ရဲ့ Mandarin & Honeysuckle Exfoliating Body scrub လေး ✨✨Scrub တိုက်ပီးတာနဲ့ အသားရေ ကြည်လင်ပီး ချိုမြိန...
25/11/2023

Victoria's Secret ရဲ့
Mandarin & Honeysuckle
Exfoliating Body scrub လေး ✨✨

Scrub တိုက်ပီးတာနဲ့ အသားရေ ကြည်လင်ပီး ချိုမြိန်တဲ့ ရနဲ့ နဲ့ အတူ လန်းဆန်း သွားစေမယ့် နံမည်ကြီး bodyscrubလေးမို့ တဗူးလောက်တော့ စမ်းသုံးကြည့်သင့်တယ်နော်

☎️☎️ 09785433118 or cbပါရှင်

Ygn မြို့တွင်း cash on delivery or kpayနဲ့ ရပါတယ်ရှင်
နယ်မြို့များ ငွေလွှဲဝင်ပြီး ၂ရက်မှ ၃ရက်အတွင်း သက်ဆိုင်ရာ ကားဂိတ် or Deliveryနဲ့ ပို့ပေးပါတယ်
ပုံတွင် မပါဝင်သော အခြား ဖြည့်စွက်စာများလည်း In-stock ရှိပါတယ်
အသေးစိတ်သိရှိလ်ုသည်များကို CB တွင် စုံစမ်းနိုင်ပါတယ်ရှင်

Vitamin A ဟာ ခန္ဓာကိုယ် ကြီး အတွက် မရှိ မဖြစ် အလွန် လို အပ် သော ဗီတာမင်ဖြစ် ပါ တယ်။ဥဏှောက်၊ မျက်စိ၊ ခုခံအားတပ် အပြင် တစ်...
24/11/2023

Vitamin A ဟာ ခန္ဓာကိုယ် ကြီး အတွက် မရှိ မဖြစ် အလွန် လို အပ် သော ဗီတာမင်ဖြစ် ပါ တယ်။

ဥဏှောက်၊ မျက်စိ၊ ခုခံအားတပ် အပြင် တစ်ကိုယ်လုံး မှာ ရှိ သည့် ကလာပ်စည်း အားလုံး ၏ တည်ဆောက် မှု၊ အလုပ်လုပ် မှု တွေ အတွက် လို ပါ တယ်။Structure and function.

Vitamin A က လဲ အဓိက ပုံစံ နှစ်မျိုး အနေ နဲ့ ရှိ ပါ တယ်။

၁. ခန္ဓာကိုယ် ထဲ မှာ တိုက်ရိုက် အလုပ်လုပ် နိုင် သော Vitamin A ( Retinol လို့ ခေါ် ပါ တယ် )
အသား ဓာတ် ထဲ မှာ ပါပါ တယ်။

၂. ခန္ဓာကိုယ် ထဲ မှာ တိုက်ရိုက် အလုပ်မလုပ် နိုင် ပဲ ၊ ဓာတုဖြစ်စဉ်ပြောင်းလဲ ပြီး မှ သာ အလုပ်လုပ် နိုင် သော Carotenoids ဖြစ် ပါ တယ်။
ဟင်းသီး ဟင်းရွက် မှာ ပါ သော VitaminA precursor ဖြစ် ပါ တယ်။

“ ကျန်းမာ သော ခန္ဓာကိုယ် ” ဟာ ဒီCarotenoids ကို ခန္ဓာကိုယ် ထဲ မှာ အလုပ်လုပ် နိုင် သည့် VitaminA ( Retinol ) အဖြစ် ပြောင်း လဲ ပစ် နိုင် ပါ တယ်။

ဟင်းသီး ဟင်းရွက် ထဲ မှာ ပါ သည့် ဓာတ် ဟာ Vitamin A precursor ( ဗီတာမင် အေ မဖြစ်ခင် ) လို့ ခေါ် သည့် carotenoids ဖြစ် ပါ တယ်။

Carotenoids က နေ အလုပ်လုပ် နိုင် သည့် Retinol ကို ပြောင်း ပစ် ဖို့ ဟာ ခန္ဓာကိုယ်
က ကျန်းမာ နေ ရမှာ ဖြစ် ပါ တယ်။

ပတ်ဝန်းကျင် အဆိပ် များ၊ သြဇာဓာတ် ချို့ နေ သူ များ ဟာ Carotenoids မှ အလုပ်လုပ် နိုင် သော Vitamin A သို့ ပြောင်းနိုင် အား နည်း လှ ပါ တယ်။

ဥနီ carrots၊ ကဇွန်းဥ၊ kale နှင့် အခြား carotenoids များများ ပါ သည့် ဟင်းသီးဟင်းရွက် ကို များများ စား ပါ သော် လည်း ခန္ဓာကိုယ် ထဲ မှာ
အကြောင်း အမျိုးမျိုးကြောင့် အလုပ်လုပ် နိုင် သည့် VitaminA ( Retinol ) ကိုမပြောင်း နိုင် ရင် VitaminA ဓာတ် ချို့ တည့်တတ် ပါ တယ်။

အလုပ်လုပ် နိုင် သည့် Vitamin A အများ ဆုံး ပါ သည့် အစာ တွေ က တော့ —-

၁. ကလီစာ ဟင်း များ
၂. အသည်း
၃. ကြက်ဥ
၄. ထောပတ်၊ ghee
သက်သတ်လွတ် စား သူ များ ကြက်ဥ၊ ထောပတ်စား ပေး ဖို့ လို အပ်ပါ တယ်။

VitaminA လျော့ပါး လာ တာ နဲ့ အမျှ ခန္ဓာကိုယ် ခုခံအား စတင် ကျဆင်း ပြီ ဖြစ် ပါ တယ်။
ပိုးမျိုးစုံ စ တင် ပြီး ဒုက္ခ ပေး နိုင် သော အနေ အထား တစ်ခု ဖြစ် လာ ပါ တယ်။

မှတ် ချက် ——

အသား မှာ ပါ သော VitaminA ဟာ ဟင်းသီးဟင်းရွက် မှာ ပါ သော VitaminA နှင့်
ဓာတ် ခြင်း မတူ ပါ။

အသားမှာ ပါ သော VitaminA ဟာ Retinol လို့ ခေါ် သည့် ခန္ဓာကိုယ်ထဲ မှာ တန်းပြီး အလုပ်လုပ် နိုင် သောဓာတ် ဖြစ် ပါ တယ်။

ဟင်းသီးဟင်းရွက် မှာ ပါ သော ဓာတ် ဟာ Vitamin A precursor ( VitaminA မဖြစ်ခင် ဓာတ် ) Carotenoids ဖြစ် ပါ တယ်။

ခန္ဓာကိုယ် ထဲ မှာ အလုပ်လုပ် နိုင် သည့် အသွင် ( Retinol အဖြစ် ) ပြောင်း ရ ပါ တယ်။

ဒီ အချက် ဟာ အလွန် အရေး ကြီး သည့် အချက် ဖြစ် ပါ တယ်။

Vitamin A ကို ၁၀ ရက်မှ တလုံးပဲသောက်ပါ။
သိပ်များရင် ဥပါဒ်ပေးတတ်ပါတယ်။

အမေးအဖြေ ကဏ္ဍ Vitamin A

ဆရာမကြီး ခင် ဗျာ
beta carotene ကို V-A ( Vitamin A ) ပြောင်းဖို့ ဘာတွေ လိုပါသလဲ သိချင်ပါတယ်
အစာစားပြီး အရာမရောက်တာ မဖြစ်ချင်လို့ပါ။

ဖြေ

အရင်ဦး ဆုံး သိ သင့် တာ က တော့ Vitamin A အစစ်ဟာ အသား မှာ ပဲ ပါ တယ် ဆို တဲ့ အချက်
ဖြစ် ပါ တယ်။

ဟင်းသီးဟင်းရွက် မှာ ပါ တာ က Vitamin A မဟုတ် သေး ပါ။
Vitamin A မဖြစ် ခင် သူ့ ရဲ့ precursor ဖြစ် တဲ့ carotenoids တွေ ဖြစ် ပါ တယ်။
Beta carotene, alpha carotene, beta cryptoxanthin တွေ ဖြစ် ပါ တယ်။
ခန္ဓာကိုယ် ထဲ မှာ သူ တို့ ကို vitamin A ပြန် ပြောင်း ရ ပါ တယ်။

၁. Carotenoids တွေ အတော် များများ သုံး မှ ဗီတာမင် အေ ကို ပြောင်း လို့ ရ နိုင် ပါ တယ်။

၂. အချို့ လူ တွေ က လဲ ဗီဇ အား ဖြင့် ပြောင်း ရန် အား နည်း သူ တွေ လဲ ရှိ ပြန် ပါ တယ်။

၃. ကျန်း မာ တဲ့ လူ တစ်ဦး မှာ ဆို ရင် vitamin A ဟာ ခန္ဓာကိုယ် ထဲ မှာ ဆက်တိုက် လို အပ် သည့် နေ ရာ တွေ မှာ အသုံး ပြု နေ ရ တာ ဖြစ် ပါ တယ်။
ဒီ ဗီတာမင် အေ ကို သို လှောင် ထား တဲ့ နေ ရာ က တော့ အသည်း ဖြစ် ပါ တယ်။

ခန္ဓာကိုယ် ထဲ မှာ ဒီ ဗီတာမင် ဓာတ် အား မ နည်း စေ ရန် ဖြစ် နိုင် မယ် ဆို ရင် အသား မှ
တိုက် ရိုက် ရ နိုင် တဲ့ ဗီတာမင်အေ ကို ရ အောင် ယူ မယ် ဆို ရင် ပို ပြီး သေချာ ပါ တယ်။

အများဆုံး ရ နိုင် တဲ့ နေ ရာ တွေ က တော့ ———-

၁. အသည်း

၂. အမဲသား

၃. ကြက်သား

၄. ထောပတ်၊ cheese, ကြက်ဥအနှစ်

၅. Cod liver oil

Vitamin A ဟာ မျက်စိ ကျန်းမာရေး အတွက် အလွန် အရေး ကြီး ပါ တယ်။

ဟင်းသီးဟင်းရွက် က ရ တဲ့ Carotenoids ကို ခန္ဓာကိုယ် ထဲ ကို စုတ်ယူ ဖို့ အစာ လမ်းကြောင်း က လဲ ကျန်းမာ နေ ရ မှာ ဖြစ် ပါ တယ်။
အထူး သ ဖြင့် သည်းခြေ ရည် လုံလုံ လောက် လောက် ရှိ ဖို့ လည်း လို ပါ တယ်။
Carotenoids ကို အူ က နေ စုတ်ယူ ဖို့ ဟာအဆီ လို ပါ တယ်။
အခြား ဗီ တာ မင် များ ရဲ့ အကူ လဲ လို ပါ သေး တယ်။ riboflavin, niacin, iron, zinc and ပရို တင်း ဓာတ် ဖြစ် ပါ တယ်။

1 microgram of vitamin A ရ ဖို့ 10 microgram of beta carotene
20microgram of alpha carotene or beta cryptoxanthin လို ပါ တယ်။

Vitamin A အား မနည်း ရ အောင် တတ် နိုင် ရင် အသားစား ပေး သင့် ပါ တယ်။

Cod liver oil က လဲ အတော် လေး ကောင်း ပါ တယ်။

သက်သတ်လွတ် စားတယ် ဆို ရင် beta carotenes တွေ စား တဲ့ အခါ အဆီ နှင့် တကွ စား ပါ။
အစာ လမ်းကြောင်း လဲ ကျန်းမာ နေ ပါ စေ။
အခြား လို အပ် သော ဖြည့် စွက် စာ များ ကို မှီ ဝဲ ပေး သင့် ပါ တယ်။

သက်သတ် လွတ် စား တဲ့ သူ အတော် များများ ဟာ မျက်စိ ပြဿနာ ပေါ် လေ့ ရှိ တတ် ပါ တယ်။
အထူး သဖြင့် macular degeneration ( စက္ခုပသာဒရုပ် ) ချို့ ယွင်း ခြင်း

အကောင်း ဆုံး က တော့ အစွန်း မရောက် စေ ပဲ၊ အလယ် အလတ် လမ်း ကို လိုက် ခြင်း ဖြစ် ပါ တယ်။
Credit - To A Better Health

Carlson
Vitamin A
10000iu
250softgels
☎️☎️ 09785433118 or cbပါရှင်

Ygn မြို့တွင်း cash on delivery or kpayနဲ့ ရပါတယ်ရှင်
နယ်မြို့များ ငွေလွှဲဝင်ပြီး ၂ရက်မှ ၃ရက်အတွင်း သက်ဆိုင်ရာ ကားဂိတ် or Deliveryနဲ့ ပို့ပေးပါတယ်
ပုံတွင် မပါဝင်သော အခြား ဖြည့်စွက်စာများလည်း In-stock ရှိပါတယ်
အသေးစိတ်သိရှိလ်ုသည်များကို CB တွင် စုံစမ်းနိုင်ပါတယ်ရှင်

‼️ Stock လက်ကျန်ဖြတ် ‼️Goli  Apple cider vinegar Exp 7/24‼️ပုံမှန်ဈေး 48000ကို  40000နဲ့ 2ဘူး ရပါမယ်‼️2ဘူးလုံး တခါတည်းယူ...
19/11/2023

‼️ Stock လက်ကျန်ဖြတ် ‼️

Goli
Apple cider vinegar
Exp 7/24

‼️ပုံမှန်ဈေး 48000ကို 40000နဲ့ 2ဘူး ရပါမယ်

‼️2ဘူးလုံး တခါတည်းယူရင် 75000 နဲ့ယူပါရှင်

‼️အောက်ဖက်မှာ jelly‌ လေးတွေနဲနဲ ကပ်နေတာလေးပါ

‼️Dateဝေး packagingလဲကောင်းပါတယ်

Address

Yangon
11121

Telephone

+959785433118

Website

Alerts

Be the first to know and let us send you an email when KS USA Supplement Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KS USA Supplement Collection:

Shortcuts

Share