True Learning Books - ထူးထူးစာပေ

True Learning Books - ထူးထူးစာပေ Educate Children Through Stories - အသိပညာများ စုဝေးရာ ကလေးတို့ရဲ့ ပုံပြင်ကမ္ဘာ For a person, literacy is a foundation skill required to acquire advanced skills.

ကျွန်မရဲ့အရိုးသားဆုံး ရည်မှန်းချက်က မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေတိုင်း ပညာရေး သင်ထောက်ကူစာအုပ်လေးတွေကို သင့်တင့်မျှတတဲ့ စျေးနှုန်းလေးနဲ့ လေ့လာဖတ်ရှုခွင့် ရစေချင်တာပါပဲ။
ဒီနေ့ခေတ်မှာ မြန်မာနိုင်ငံတွင်းက ကလေးတွေတော်တော်များများ စာဖတ်အားနည်းလာကြတာတွေ့ရတာ ဝမ်းနည်းစရာပါပဲ။ စာပေဆိုတာ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးဖို့အတွက်သာမက ကိုယ်နေထိုင်တဲ့ အသိုင်းအဝိုင်းမှ တိုင်းပြည်တစ်ခုလုံးရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်ကို ထောင့်ပေါင်းစုံက ဖွံ့ဖြိုးတိုးတက်စေမယ့် အခြေခံအုတ်မြစ်ပဲလေ။
စာအုပ်စာပေကပေးတဲ့ ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးမှ မှုခင်းတွေကျဆင်းလာမယ်၊ ကျန်းမာရေးဗဟုသုတတွေ ပိုများလာမယ်၊ စီးပွားရေး အမြင်တွေ ကျယ်ပြန့်လာပြီး အလုပ်အကိုင်အခွင့်အရေးတွေ များပြားလာမှာပါ။ အဲ့ဒါမို့ ကလေးတွေကို စာဖတ်ပြဖို့ စောသေးတယ်ဆိုတာ မရှိပါဘူး။ သူတို့လေးတွေရဲ့ မိဘတွေနဲ့ အနီးကပ်အုပ်ထိန်းသူတိုင်း ကလေးတွေ မှတ်ဉာဏ်မှတ်သားနိုင်တဲ့ အစောဆုံးအရွယ်တည်းက စာဖတ်ပြသင့်ပါတယ်။
ဒါမှသာ သူတို့လေးတွေ တစ်ခွန်းမှပြန်မပြောတတ်သေးရင်တောင် ဦးနှောက်က စတင်မှတ်သားတတ်တဲ့ အလေ့အထလေးဖြစ်လာပြီး စကားလုံးတွေကြွယ်ဝလာမယ်။ ပြီးတော့ စာဖတ်ရတာ ပျော်စရာဆိုတာလည်း သိလာကြမှာပါ။
မြန်မာနိုင်ငံမှာလည်း စျေးနှုန်းသင့်တင့်တဲ့ နိုင်ငံခြားသင်ထောက်ကူစာအုပ်တွေ ရှိပေမယ့် မြန်မာဘာသာစကားနဲ့ ထုတ်ဝေတဲ့ စာအုပ်တွေက ရှားပါးနေပါသေးတယ်။ ကလေးတွေ တကယ်လိုအပ်တာက ဘာသာစကားတွေ၊ ပညာတွေ သင်ယူနိုင်ရုံတင်မက သူတို့လေးတွေရဲ့ ပြုမူပုံတွေ တွေးခေါ်ပုံတွေကို ပြောင်းလဲစေမယ့် စာအုပ်တွေပါ။
True Learning က ထုတ်တဲ့ စာအုပ်တွေကတော့ ကလေးငယ်တိုင်း နိုင်ငံကြီးသား ပီသစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်အုပ်ချင်းစီကို အတွေးအခေါ်ကောင်းကောင်းနဲ့ သေချာရေးသားထားတာ တွေ့ရမှာပါ။ နိုင်ငံကြီးသားဆိုတာ ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးအကြောင်း သိရှိနားလည်ပြီး ပိုကောင်းမွန်ပြီး ပိုတရားမျှတတဲ့၊ ပိုတည်တံ့ရှည်ကြာတဲ့ အသိုင်းအဝိုင်းဖြစ်ဖို့ တစ်တတ်တအား ပါဝင်ဆောင်ရွက်နိုင်စွမ်းရှိတဲ့လူငယ်တွေပါ။
နိုင်ငံကြီးသားပီသမှု ဆိုတာဟာလည်း ပိုကောင်းမွန်တဲ့ကမ္ဘာကြီးဖန်တီးဖို့ အသိပညာဗဟုသုတတွေ ဖြန့်ဖြူးပေးရင်း မတူကွဲပြားခြားနားမှုတွေကို ဖန်တီးမယ်ဆိုတဲ့ ယုံကြည်ချက်ပါပဲ။ ကျွန်မတို့နိုင်ငံအတွက် အနာဂတ်မှာ အဖိုးတန်လာမယ့် ရင်သွေးရတနာလေးတွေဟာ ပိုမျှတ လုံခြုံပြီး ပိုနွေးထွေးတဲ့ နိုင်ငံတစ်ခုဖန်တီးဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ပါပဲ။
စာပေမြင့်မှ ဆွေမျိုးတင့်မယ်ဆိုသလို စာပေဖတ်ရှုအားများမှ ပိုကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်း၊ လူ့ဘောင်လောက ဖန်တီးနိုင်မှာမို့ နောင်တစ်ချိန် နိုင်ငံအတွက် အရေးပါတဲ့နေရာတွေမှာ ခေါင်းဆောင်ရမယ့် လူကြီးတွေဘဝမရောက်သေးခင် ငယ်ရွယ်စဉ်မှာပဲ စိတ်အား၊ ခွန်အား၊ ဉာဏအား သန်မာနေအောင် ကျွန်မတို့ သူတို့လေးတွေရဲ့ အနာဂတ်ကို အကောင်းဆုံးရင်းနှီးမြုပ်နှံပေးဖို့ လိုအပ်နေပါပြီ။
အကောင်းဆုံးကတော့ စာဖတ်ပေးခြင်းကနေ စတင်ဖို့ပါပဲ။ True Learning က သင်ထောက်ကူပုံပြင်စာအုပ်လေးတွေဟာ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့ အသင့်တော်ဆုံးအထောက်အကူပါပဲ။ ဒါကပဲ ကျွန်မတို့ လူကြီးမိဘတွေ သူတို့လေးတွေကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ပဲလေ။
My sincere intentions are to let every Myanmar children to have an access to educational books with affordable price. It is sad truth that a lot of our Myanmar children either can’t read or are not interested in reading. This is unfortunate because literacy has enormous benefits – both for the individual and society. Higher literacy rates are associated with healthier populations, populations, less crime, greater economic growth, and higher employment rates. It’s never too early to read to your children. Parents or caretakers should read to them so that children will be familiar with books. They may not be able to talk yet, but it will make them strong in vocabulary, and most importantly, to know that reading can be fun. When you start early, reading can become a habit. It is more cost-effective and easier to teach reading in earlier age. In Myanmar, foreign books that are available are pricey and there are just not enough Myanmar books dedicated to our children. We need books, which are not only educational but books, which will improve the way we think, and act. Every books published from True learning is well thought of and wrote with intentions to improve our children to be global citizens. Global citizen is someone who is aware of and understands the wider world and their place in it. They take an active role n community and work with others to make our planet more equal, fair and sustainable. Global citizenship is all about encouraging young people to develop the knowledge, skills and values they need to engage with the world. And it’s about the belief that we can all make a difference. Literacy and global citizenships are critical to economic development as well as individual and community well being. Our economy is enhanced when learners have higher literacy levels. I want to make a difference to my country. Myanmar children are the only hope. They are the future of our country. The world maybe changing fast, but they can make a positive difference and help build a fairer, safer, and more secure country. The emotional, social and physical development of young children has a direct effect on their over all development and on the adult they will become. That’s is why understanding the need to invest in very young children is so important so as to maximize their future well-being. Thus, let’s invest in our children by start reading to them. True Learning stories books catered to teach our children to become global citizens. This is the best gift we as adults can provide.

15/08/2026

ကမ္ဘာ့တိုက်ကြီး ၇ တိုက်မှာရှိတဲ့ နိုင်ငံတွေနဲ့ ကိုယ်စားပြုအလံတွေကို လေ့လာနိုင်ဖို့ Country Flag Poster..

#ထူးထူးစာပေ #ကလေးတို့အတွက်သက်ထောက်ကူ

ခဲတံကိုင်နည်း မှန်ကန်ဖို့ကစလို့ စာလုံးလေးတွေ ရေးတတ်ဖို့ထိ သင်ယူနိုင်မယ့် စာအုပ်လေးများ..✅စာမရေးတတ်ခင် မျဉ်းလိုင်းလေးတွေ ...
15/08/2026

ခဲတံကိုင်နည်း မှန်ကန်ဖို့ကစလို့ စာလုံးလေးတွေ ရေးတတ်ဖို့ထိ သင်ယူနိုင်မယ့် စာအုပ်လေးများ..

✅စာမရေးတတ်ခင် မျဉ်းလိုင်းလေးတွေ ရေးဆွဲခြင်း
✅ဝလုံး လေ့ကျင့်ခန်း
✅မြန်မာဗျည်းအက္ခရာ လက်ရေး လေ့ကျင့်ခန်း
✅အင်္ဂလိပ်ဗျည်းအက္ခရာ လက်ရေး လေ့ကျင့်ခန်း
✅ကိန်းကဏန်း ၁ မှ ၂၀ (မြန်မာ-အင်္ဂလိပ်)

အသက် (၃) နှစ်အရွယ်ကစပြီး ကလေးတို့ ခဲတံကိုင်နည်း မှန်ကန်ဖို့ စာလုံးလေးတွေ စတင်ရေးသားတတ်ဖို့ လေ့ကျင့်ပေးမယ်ဆို အခုလို သင်ထောက်ကူ စာအုပ်လေးတွေက အသင့်တော်ဆုံးပါပဲနော်..

ရောင်စုံရုပ်ပုံလေးတွေလည်း ပါဝင်တာကြောင့် ကလေးတို့ စိတ်ပါဝင်စားမှု အပြည့်အဝဖြစ်စေပြီး အမှန်တကယ် တတ်မြောက်စေမှာပါ။

📩Messenger မှ မှာယူရန်
m.me/truesmyanmar

✅လက်ကားဝယ်ယူရန်
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟖
𝟎𝟗 𝟕𝟓𝟔𝟑𝟗𝟗𝟑𝟒𝟕
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟗

မှာယူလိုပါက ▶️တနင်္လာနေ့မှ သောကြာနေ့အထိ (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌)◀️ အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Baby Store, စာအုပ်ဆိုင်များ, Ocean, City Mart, Pro 1 တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ထူးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

အင်္ဂလိပ်ဗျည်းနဲ့ ဝေါဟာရပေါင်းများစွာကို သင်ယူနိုင်ဖို့ 𝐀 𝐭𝐨 𝐙 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲...အင်္ဂလိပ် ဝေါဟာရပေါင်း (𝟐𝟑𝟔) လုံး ပါဝင်ပြီး ...
15/08/2026

အင်္ဂလိပ်ဗျည်းနဲ့ ဝေါဟာရပေါင်းများစွာကို သင်ယူနိုင်ဖို့ 𝐀 𝐭𝐨 𝐙 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲...

အင်္ဂလိပ် ဝေါဟာရပေါင်း (𝟐𝟑𝟔) လုံး ပါဝင်ပြီး သက်ဆိုင်ရာ ရုပ်ပုံလေးတွေနဲ့လည်း တွဲဖက်ဖော်ပြထားတော့ ကလေးတို့ ပိုပြီး မှတ်ရလွယ်စေပါတယ်။

အင်္ဂလိပ်အသံထွက် မှန်ကန်တိကျဖို့ အသံထွက်စာလုံးပေါင်းကိုပါ မြန်မာလိုရေးပေးထားလို့ ဝေါဟာရတွေ သင်ကြားဖို့လည်း မခက်တော့ပါဘူး။

ဝေါဟာရတိုင်းအတွက် မြန်မာ-အင်္ဂလိပ် နှစ်မျိုးလုံး ပါဝင်တာကြောင့် 𝐀 𝐭𝐨 𝐙 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 နဲ့ဆို ကလေးတို့ရဲ့ အင်္ဂလိပ်ဝေါဟာရတွေ အချိန်တိုအတွင်း တိုးတက်လာစေမှာပါ။

ဈေးနှုန်း - 𝟔,𝟓𝟎𝟎ကျပ်✅

📩Messenger မှ မှာယူရန်
m.me/truesmyanmar

✅လက်ကားဝယ်ယူရန်
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟖
𝟎𝟗 𝟕𝟓𝟔𝟑𝟗𝟗𝟑𝟒𝟕
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟗

မှာယူလိုပါက ▶️တနင်္လာနေ့မှ သောကြာနေ့အထိ (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌)◀️ အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Baby Store, စာအုပ်ဆိုင်များ, Ocean, City Mart, Pro 1 တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ထူးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

14/08/2026

"နောင်နောင်နှင့် စကားပြောသော မှော်ခဲတံလေးများ"

ကလေးတွေအတွက် ဘဝသင်ခန်းစာတွေနဲ့အတူ လျှို့ဝှက်ဆန်းကြယ်တဲ့ စွန့်စားခန်းတွေလည်း ပါဝင်ပါတယ်..

#ထူးထူးစာပေ #ကလေးတို့အတွက်သင်ထောက်ကူ

"အားနေ ပိုက်ဆံတောင်းမနေနဲ့ ငွေရှာရတာ လွယ်တာမဟုတ်ဘူး"အိမ်အတွက် ငွေလိုလို့ ပိုက်ဆံတောင်းတိုင်း ဒီစကားကတော့ မကြားမဖြစ် ကြား...
14/08/2026

"အားနေ ပိုက်ဆံတောင်းမနေနဲ့ ငွေရှာရတာ လွယ်တာမဟုတ်ဘူး"

အိမ်အတွက် ငွေလိုလို့ ပိုက်ဆံတောင်းတိုင်း ဒီစကားကတော့ မကြားမဖြစ် ကြားရစမြဲပါ။ ကလေးသုံးယောက်ရဲ့ ကျောင်းစားရိတ်၊ မုန့်ဖိုး၊ ကျူရှင်ခ၊ အိမ်လခ၊ ဈေးဖိုး၊ ဗာဟီရ ကုန်ကျငွေအားလုံးကို ကျွန်မယောကျာ်းဆီတောင်းတိုင်း ပြစ်ပြစ်နှစ်နှစ် အပြောခံရတဲ့ ကျွန်မအတွက် ဒီစကားတွေက နာရကောင်းမှန်းတောင် မသိတော့ပါဘူး။ ကျွန်မယောကျာ်းက သိပ်အတ္တကြီးတယ်။ သူ့ဝမ်းသူဝဖို့ သူ့ခါးသူလှဖို့ ဘယ်တော့မှ မမေ့ပေမယ့် ကျွန်မနဲ့ ကလေးတွေရဲ့ လိုအပ်ချက်တိုင်းကိုတော့ မသိမသာရော သိသိသာသာပါ လျစ်လျူရှုတတ်တယ်လေ။

အိမ်ထောင်ရှင်မတစ်ယောက်မှာ ဘယ်ကဝင်ငွေရှိပါ့မလဲ။ ကလေးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စတွေကြားမှာ လုံးပန်းနေရတဲ့ ကျွန်မမှာ ငွေရှာချိန်မပြောနဲ့ ကိုယ်ပိုင်အချိန်တောင် မရှိခဲ့ပါဘူး။ ဒါကြောင့် ဘာပဲလိုလို သူ့ဆီကိုပဲ လက်ဖြန့်ရတော့တာပေါ့။ ဒီလိုအချိန်တိုင်း ကျွန်မ သိမ်ငယ်ပြီး ရှက်ရပါတယ်။ သူ့ရဲ့ ခပ်ကြမ်းကြမ်း စကားလုံးတွေကြောင့် ခေါင်းမဖော်ရဲအောင် အပြောဆိုခံရတဲ့အခါတိုင်း ကျွန်မပြေးထွက်သွားချင်မိတယ်။ ကျွန်မကလေးတွေ မိတကွဲ ဖတကွဲဖြစ်မှာ ခိုကိုးရာမဲ့မှာကို ကြောက်နေမိတဲ့ ကျွန်မရဲ့စိတ်ကိုလည်း ကျွန်မ သိပ်မုန်းမိတယ်။

ကိုယ့်အတွက်ကိုယ်တော့ ကျော့ကော့သန့်ပြန့်နေပေမယ့် မိန်းမနဲ့ ကလေးတွေကတော့ ဖိုသီဖတ်သီ ဖြစ်နေရတဲ့ မိသားစုဘဝဟာ ဘာတွေများ ကွာဟနေတာလဲ။ ကျွန်မတို့ကို စေတနာမရှိပေမယ့် သူ့အမျိုးတွေနဲ့ အပေါင်းအသင်းတွေကိုတော့ အနှမြောမရှိ ပေးကမ်းနေတာ ဘာကြောင့်လဲ။ မိသားစုကို ဘာကြောင့်များ စေတနာမရှိရတာလဲ။ ကျွန်မကဘာတွေများ သုံးဖြုန်းနေမိလို့လဲ။ ကျွန်မအတွက်ဆိုတာကိုတောင် ဘယ်တော့မှ မတောင်းခဲ့ဘဲ ကလေးတွေအတွက်ပဲ တောင်းတာတောင် ဘာကြောင့်များ အခုလို ရက်ရက်စက်စက် အပြောခံရတာလဲ။ ကျွန်မကို ခြည်နှောင်ထားတဲ့ သံယောဇဉ်ကြိုးလေး သုံးချောင်းဟာ သံမဏိတွေထက်တောင် မာကြောနေတော့ ဒီသံသရာဝဋ်ဆင်းရဲကနေ ဘယ်တော့မှ ရုန်းထွက်နိုင်မယ် မသိတော့ပါဘူးရှင်..

အကောင်းဆုံးစာအုပ်များဝယ်ရန် >bit.ly/44AZzUf

ချစ်တဲ့ True Learning

#ထးထူးစာပေ
#ကလေးစာပေ #ကလေးစာအုပ်

ကလေးရဲ့ အမူအကျင့်တွေထဲမှာ ဘယ်အရာက ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီလဲ❓"ကလေးက ဆိုးလိုက်တာ သူ့မိဘက မဆုံးမလို့" ဆိုတဲ့ ဝေဖန်...
14/08/2026

ကလေးရဲ့ အမူအကျင့်တွေထဲမှာ ဘယ်အရာက ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီလဲ❓

"ကလေးက ဆိုးလိုက်တာ သူ့မိဘက မဆုံးမလို့" ဆိုတဲ့ ဝေဖန်ချက်တွေဟာ မိဘတိုင်းရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ခံစားရတတ်သလို ကလေးကိုလည်း "ဆိုးတယ်" ဆိုတဲ့ ခေါင်းစဉ်တပ်ခံရတာမျိုး ဘယ်မိဘမှ မဖြစ်ချင်ပါဘူး..

ဒီလိုတွေမဖြစ်ရအောင် ကလေးငယ်စဉ်ကတည်းက စိတ်ခံစားမှုဉာဏ်ရည်လို့ ခေါ်တဲ့ EQ စာအုပ်လေးတွေနဲ့ သင်ပြ ပြောပြပေးလို့ရပါတယ်။

EQ စာအုပ်လေးတွေဟာ ကလေးတို့အတွက်
✅ကိုယ့်စိတ်ခံစားချက်ကို မှန်ကန်စွာသိပြီး ထိန်းချုပ်နိုင်ခြင်း
✅လူမှုဆက်ဆံရေးတိုးတက်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်လာခြင်း
✅ကိုယ်ချင်းစာတတ်လာခြင်း
✅အပြုအမူနဲ့ စိတ်နေစိတ်ထား ပိုမိုကောင်းမွန်လာခြင်း

ဒါတွေကို ဖြည့်ဆည်းပေးဖို့ EQ စာအုပ်လေးတွေ လိုပါတယ်နော်။ ကလေးတွေကို နှုတ်က ပြောတာထက် သူတို့စိတ်ဝင်စားမယ့် ရုပ်ပြစာအုပ်လေးတွေနဲ့ ပြောပြပေးနိုင်ပါတယ်။

မိဘတွေ မျက်နှာပန်းလှဖို့ သင်ပေးတာမျိုးထက် ကလေးတစ်ဘဝလုံးမှာ ပျော်ရွှင်အောင်မြင်တဲ့ နေထိုင်မှု ဘဝပုံစံဖြစ်အောင် ပုံသွင်းပေးတာမျိုးဟာ EQ စာအုပ်လေးတွေရဲ့ စွမ်းဆောင်ရည်တစ်ခုပါပဲ။

#ထူးထူးစာပေ မှာ ခေါင်းစဉ်မျိုးစုံနဲ့ EQ စာအုပ်လေးတွေ ရှိတာမို့ ကလေးနဲ့ ကိုက်ညီတဲ့ အကြောင်းအရာတွေကို ရွေချယ်ဝယ်ယူနိုင်ပါတယ်နော်။

စာအုပ်လေးဖတ်ရင်း ကလေးတို့ရဲ့ ဘာသာစကားတိုးတက်စေဖို့ ရည်ရွယ်ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာလုံးနဲ့ ✅𝐓𝐫𝐮𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 က ထုတ်ဝေပေးထားပါတယ်။

ဈေးနှုန်း - 𝟒,𝟖𝟎𝟎ကျပ်✅

📩Messenger မှ မှာယူရန်
m.me/truesmyanmar

✅လက်ကားဝယ်ယူရန်
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟖
𝟎𝟗 𝟕𝟓𝟔𝟑𝟗𝟗𝟑𝟒𝟕
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟗

မှာယူလိုပါက ▶️တနင်္လာနေ့မှ သောကြာနေ့အထိ (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌)◀️ အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Baby Store, စာအုပ်ဆိုင်များ, Ocean, City Mart, Pro 1 တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ထူးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

ကလေးတို့အတွက် စိတ်ဝင်စားဖွယ် သင်ခန်းစာပေး ပုံပြင်တိုပေါင်း အပုဒ် (၂၀) ထိပါဝင်တဲ့ စာအုပ်လေး..ပုံပြင်ဆိုတာ ကလေးတွေအတွက် စိ...
14/08/2026

ကလေးတို့အတွက် စိတ်ဝင်စားဖွယ် သင်ခန်းစာပေး ပုံပြင်တိုပေါင်း အပုဒ် (၂၀) ထိပါဝင်တဲ့ စာအုပ်လေး..

ပုံပြင်ဆိုတာ ကလေးတွေအတွက် စိတ်အပန်းပြေရုံသာမကဘဲ ပုံပြင်ထဲကနေမှ ဘယ်လိုကောင်းမွန်တဲ့ အမူအကျင့်တွေကို အတုယူရမလဲဆိုတာလည်း အရေးကြီးပါတယ်။ကလေးတွေအတွက် အသိပညာပေါင်းများစွာကို ပုံပြင်လေးတွေတဆင့် သင်ကြားပေးနိုင်ပါတယ်။

ဒီစာအုပ်လေးထဲက ပုံပြင်တစ်ပုဒ်ချင်းစီတိုင်းမှာ ချစ်စရာရုပ်ပုံလေးတွေနဲ့အတူ ဘဝအတွက် လိုအပ်တဲ့ အသိပညာပေး သင်ခန်းစာလေးတွေလည်း ပါဝင်လို့ ရုပ်ပုံလေးတွေကိုလည်း ကြည့်ရင်း စာဖတ်ချင်စိတ် ဖြစ်စေမှာပါ။

ဈေးနှုန်း - 𝟓,𝟓𝟎𝟎ကျပ်✅

📩Messenger မှ မှာယူရန်
m.me/truesmyanmar

✅လက်ကားဝယ်ယူရန်
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟖
𝟎𝟗 𝟕𝟓𝟔𝟑𝟗𝟗𝟑𝟒𝟕
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟗

မှာယူလိုပါက ▶️တနင်္လာနေ့မှ သောကြာနေ့အထိ (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌)◀️ အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Baby Store, စာအုပ်ဆိုင်များ, Ocean, City Mart, Pro 1 တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ထူးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

အမေတွေဘဝရဲ့ လက်တွေ့အစစ်အမှန်..   #ထူးထူးစာပေ  #ကလေးတို့အတွက်သင်ထောက်ကူ
13/08/2026

အမေတွေဘဝရဲ့ လက်တွေ့အစစ်အမှန်..

#ထူးထူးစာပေ #ကလေးတို့အတွက်သင်ထောက်ကူ

ဦးနှောက်ဖွံ့ဖြိုးပြီး လက်ကြွက်သားတွေ သန်မာစေမယ့် အရောင်ခြယ် စာအုပ်လေးများ..Coloring Book လေးတွေက ကလေးတို့ရဲ့အတွက် အကောင်...
13/08/2026

ဦးနှောက်ဖွံ့ဖြိုးပြီး လက်ကြွက်သားတွေ သန်မာစေမယ့် အရောင်ခြယ် စာအုပ်လေးများ..

Coloring Book လေးတွေက ကလေးတို့ရဲ့အတွက် အကောင်းဆုံးသော အဖော်မွန်ပါ။

✅အရောင်ခြယ်ရခြင်းကြောင့် မျက်စိနဲ့လက်ကို ဟန်ချက်ညီညီ ထိန်းညှိလာနိုင်မယ်။

✅ခြယ်ရမယ့်အရောင်လေးတွေကို ရွေးချယ်ရင်း တီထွင်ဖန်တီးမှု တိုးတက်လာစေမယ်။

✅စိတ်ဖိစီးမှု လျော့ကျပြီး အာရုံစူးစိုက်မှု အားကောင်းစေမယ်။

✅ခဲတံကိုင်နည်းမှန်ကန်ပြီး လက်ကြွက်သားတွေ သန်မာလာစေမယ်။

စတဲ့အကျိုးကျေးဇူးတွေ အများကြီး ရနိုင်ပါတယ်။ ဒီအရောင်ခြယ် စာအုပ်လေးတွေမှာ သက်ဆိုင်ရာ ရုပ်ပုံလေးတွေအလိုက် မြန်မာ-အင်္ဂလိပ် စာလုံးပေါင်းတွေလည်း ထည့်သွင်းပေးထားလို့ အရောင်လည်းခြယ်၊ ဝေါဟာရလည်း ကြွယ်လာစေမှာပါနော်..

ဈေးနှုန်း - 𝟑,𝟓𝟎𝟎ကျပ်✅

📩Messenger မှ မှာယူရန်
m.me/truesmyanmar

✅လက်ကားဝယ်ယူရန်
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟖
𝟎𝟗 𝟕𝟓𝟔𝟑𝟗𝟗𝟑𝟒𝟕
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟗

မှာယူလိုပါက ▶️တနင်္လာနေ့မှ သောကြာနေ့အထိ (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌)◀️ အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Baby Store, စာအုပ်ဆိုင်များ, Ocean, City Mart, Pro 1 တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ထူးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

ကလေးတို့ရဲ့ အင်္ဂလိပ်စာ စွမ်းရည်ကို သူမတူအောင် မြင့်တက်စေမယ့် 𝐋𝐞𝐭'𝐬 𝐋𝐞𝐚𝐫𝐧 𝐄𝐯𝐞𝐫𝐲𝐝𝐚𝐲 𝐖𝐨𝐫𝐝𝐬 နဲ့ လေ့ကျင့်ပါ..မတူညီတဲ့ ခေါင်း...
13/08/2026

ကလေးတို့ရဲ့ အင်္ဂလိပ်စာ စွမ်းရည်ကို သူမတူအောင် မြင့်တက်စေမယ့် 𝐋𝐞𝐭'𝐬 𝐋𝐞𝐚𝐫𝐧 𝐄𝐯𝐞𝐫𝐲𝐝𝐚𝐲 𝐖𝐨𝐫𝐝𝐬 နဲ့ လေ့ကျင့်ပါ..

မတူညီတဲ့ ခေါင်းစဉ်ပေါင်း (၁၆) ခု နဲ့ စကားလုံးပေါင်း (၄ဝဝ) ကျော်ထိ ပါဝင်ပြီး စကားလုံးလေးတွေကို လွယ်ကူစွာမှတ်မိစေဖို့နဲ့ ကလေးတို့ စိတ်ဝင်စားမှု ရှိစေဖို့ ချစ်စဖွယ် ရုပ်ပုံလေးတွေနဲ့ တွဲဖက်ဖော်ပြ ပေးထားပါတယ်နော်။

စာအုပ်ထဲက စကားလုံးတွေကို နေ့စဉ်လေ့ကျင့်ပြောဆိုရင်း ဝေါဟာရအသစ်တွေကို သင်ယူရင်း အင်္ဂလိပ်စာစွမ်းရည်တွေလည်း တိုးတက်လာစေမှာပါ။

ဈေးနှုန်း - 𝟓,𝟓𝟎𝟎ကျပ်✅

စာအုပ်လေးဖတ်ရင်း ကလေးတို့ရဲ့ ဘာသာစကားတိုးတက်စေဖို့ ရည်ရွယ်ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာလုံးနဲ့ ✅𝐓𝐫𝐮𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 က ထုတ်ဝေပေးထားပါတယ်။

📩Messenger မှ မှာယူရန်
m.me/truesmyanmar

✅လက်ကားဝယ်ယူရန်
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟖
𝟎𝟗 𝟕𝟓𝟔𝟑𝟗𝟗𝟑𝟒𝟕
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟗

မှာယူလိုပါက ▶️တနင်္လာနေ့မှ သောကြာနေ့အထိ (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌)◀️ အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Baby Store, စာအုပ်ဆိုင်များ, Ocean, City Mart, Pro 1 တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ထူးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959950283600

Alerts

Be the first to know and let us send you an email when True Learning Books - ထူးထူးစာပေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to True Learning Books - ထူးထူးစာပေ:

Shortcuts

Share

Category