11/05/2026
လူအတော်များများက "ဇွဲ" ဆိုတာကို ထပ်ခါတလဲလဲ လုပ်ဆောင်ခြင်းလို့ပဲ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။
"ဆက်လုပ်ပါ။ မရပ်လိုက်နဲ့။ ထပ်ကြိုးစားကြည့်ပါ။"ဆိုပြီး အလွယ်တကူပြောတတ်ကြပါတယ်။
ဟုတ်ပါတယ်—ဒါတွေက အရေးကြီးတာမှန်ပါတယ်။
ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပိုပြီးလေးနက်တဲ့ အရာတစ်ခုကို သတိထားမိလာတယ်
"ဇွဲ" တစ်ခုတည်းကပဲ အမှားတစ်ခုကို အားစိုက်ပြီး ထပ်ခါတလဲလဲ လုပ်နေမိသလို ဖြစ်သွားတတ်ပါတယ်။
ပြုပြင်ပြောင်းလဲမှုမပါတဲ့ ကြိုးသားအားထုတ်မှုဟာ... ခဏတာပုံစံပြောင်းထားတဲ့ "မောပန်းနွမ်းနယ်မှု" သက်သက်ပါပဲ။
တကယ့်အပြောင်းအလဲဆိုတာက ဒီနှစ်ချက်ကို ပေါင်းစပ်လိုက်တဲ့အခါမှ စတင်တာပါ။
ဇွဲ (Persistence) = ဆက်လက်ကြိုးစားနေခြင်း
ဆင်ခြင်သုံးသပ်မှု (Reflection) = ကစားကွက်ကို ပြောင်းလဲခြင်း
အလုပ်မှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ ဘဝရဲ့ ဆုံးဖြတ်ချက်ချတဲ့ အခါတွေမှာပဲဖြစ်ဖြစ် တစ်ခုခုက ရှေ့မရောက်တော့ဘူး၊တိုးတက်မူ မရှိတော့ဘူးဆိုရင် ကျွန်မတို့ရဲ့ ပင်ကိုယ်စိတ်က ဒီအခြေအနေကို ပိုပြီးတွန်းအားပေးဖို့ပဲ ကြိုးစားတတ်ကြပါတယ်။
ဒါပေမဲ့ တခါတလေမှာ ထိုးဖောက်အောင်မြင်မှုဆိုတာ ပိုများတဲ့ အင်အားကို လိုအပ်တာမဟုတ်ဘဲ...
ပိုကောင်းတဲ့အမြင်သစ်(သို့မဟုတ်) နည်းစနစ်တစ်ခုလိုအပ်တာမျိုးပါ။
• အနည်းငယ်လောက် ပြုပြင်ပြောင်းလဲကြည့်တာ။
• မေးခွန်းအသစ်တစ်ခု မေးကြည့်တာ။
• မစမ်းသပ်ရသေးတဲ့ နည်းလမ်းအသစ်တစ်ခုနဲ့ ချဉ်းကပ်ကြည့်တာ။
တခါတလေမှာ ပြဿနာက "မပြတ်သားမှု" ရှိနေတာကြောင့် မဟုတ်ပါဘူး...
တကယ်တော့ "ပြုပြင်ဖို့လိုအပ်နေတဲ့ အရာတစ်ခု" ကိုပဲ မပြတ်တမ်း လုပ်နေမိလို့ပါ။
ဒါကြောင့် ခဏရပ်ပြီး ကိုယ့်ကိုယ်ကိုယ်ဒီလိုမေးခွန်းမျိုးတွေပြန်မေးသင့်ပါတယ်
👉 ဒီနေရာမှာ ဘာက အလုပ်မဖြစ်တာလဲ?
👉 စွန့်လွှတ်လိုက်ဖို့ မဟုတ်ဘဲ ဘာကို ပြုပြင်ပြောင်းလဲလို့ရမလဲ?
👉 အားစိုက်ထုတ်မှုကိုပဲ ထပ်ခါတလဲလဲ လုပ်နေတာလား၊ ဒါမှမဟုတ် ပိုကောင်းအောင် မြှင့်တင်နေတာလား?
Articles by Cyndi