AKC JAPAN VLOG

AKC JAPAN VLOG 🌸 日本での生活・文化をシェア 🌸
日本の暮らしや文化、言語に関する楽しいコンテンツをお届けします!
🔹 日本のトレンドや日常生活
🔹 役立つ日本語&文化情報
🔹 面白い体験・Vlog
フォローして、日本の魅力を一緒に楽しみましょう🇯🇵✨

အားလုံးမင်္ဂလာပါ။AKC Japan Blogပါ။ ဂျပန်သမိုင်း/ပထဝီ 総合科目(そうごうかもく)လေ့လာနေသူတွေအတွက် အသုံး၀င်တဲ့စာလေးကိုရေးပေးပါရစေ။🇯🇵 ဂျ...
04/08/2025

အားလုံးမင်္ဂလာပါ။AKC Japan Blogပါ။ ဂျပန်သမိုင်း/ပထဝီ 総合科目(そうごうかもく)လေ့လာနေသူတွေအတွက် အသုံး၀င်တဲ့စာလေးကိုရေးပေးပါရစေ။

🇯🇵 ဂျပန်နိုင်ငံရဲ့ တံခါးပိတ်မူဝါဒ (鎖国政策) ဆိုတာဘာလဲ?

ဂျပန်နိုင်ငံဟာ တစ်ချိန်က နိုင်ငံခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေကို ရပ်ထားခဲ့တဲ့အချိန်တစ်ခုပြုလုပ်ဖူးပါတယ်။ ဒီမူဝါဒကို “鎖国政策 (さこくせいさく)” လို့ခေါ်ကြပါတယ်။ မြန်မာလိုဆိုရင်တော့ “တံခါးပိတ်မူဝါဒ” လို့ခေါ်လို့ရပါတယ်။

🔒 ဘယ်အချိန်က စလုပ်ခဲ့တာလဲ?

၁၇ရာစု (ခန့်မှန်းအားဖြင့် ၁၆၃၉ခုနှစ်) အစောပိုင်းမှာ 徳川家光(とくがわ いえみつ) တိုကုဂါဝါ အစိုးရက စတင်ခဲ့တာပါ။ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံခြားယဉ်ကျေးမှုတွေ—အထူးသဖြင့် ခရစ်ယာန်ဘာသာရဲ့ လွှမ်းမိုးမှုကို ရှောင်ရှားဖို့၊ အတွက်လုပ်ခဲ့တာပါ။

🌍 နိုင်ငံအားလုံးနဲ့ အဆက်အသွယ်မရှိခဲ့တာလား?

နိုင်ငံအားလုံးကို ပိတ်ထားတာ မဟုတ်ပါဘူး။
ဂျပန်ရဲ့ နာဂစကိ (長崎) ဆိုတဲ့ဆိပ်ကမ်းတစ်ခုတည်းကနေ ဟော်လန် (Netherlands)、တရုတ် (China) နဲ့ပဲကုန်သွယ်ခွင့်လုပ်ခွင့်ရှိခဲ့ပါတယ်။ ဒါပေမဲ့ 朝鮮(ちょうせん)လက်ရှိကိုရီးယားနဲ့琉球国(りゅうきゅうこく)လက်ရှိ အိုကီနာဝါ နဲ့တော့ အရင်ကတည်းက ဆက်ဆံမှုရှိခဲ့တာကြောင့် ကုန်သွယ်ရေးဆိုတာထက် ဆက်ဆံမှု တော့ဆက်လက် လုပ်ကိုင်ခဲ့တယ် လို့သမိုင်းအထောက်အထားရ သိရပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားတွေ၊ အထူးသဖြင့်ခရစ်ယာန်တွေကို ဝင်ခွင့်မပြုဘဲ၊ အတွင်းရေးရာတွေကို တင်းကြပ်စွာ ထိန်းချုပ်ထားခဲ့ပါတယ်။

🛳 ဘယ်အချိန်မှာ ပြန်ဖွင့်ခဲ့တာလဲ?
၁၉ရာစုအလယ်ခေတ် (၁၈၅၃ခုနှစ်) မှာ အမေရိကန်နိုင်ငံက Commodore Matthew Calbraith Perry ဟာ ဂျပန်ကို မောင်းနှင်လာပြီး တံခါးဖွင့်ဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့်ဂျပန်ဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေးပြန်လည်လုပ်ဆောင်ခဲ့တာကြောင့် 鎖国ဟာ အပြီးသတ်ကာလကိုရောက်လာခဲ့ပါတယ်။ ထို့နောက် 明治維新(Meiji Ishin)[Meiji Restoration] ကာလထဲကနေ ဂျပန်ဟာ မြန်မြန်ဆန်ဆန်ပဲ အနောက်တိုင်းနည်းပညာတွေနဲ့ပညာရေးတွေ/ယဉ်ကျေးမှုတွေ ကို လက်ခံလာခဲ့ပါတယ်။

鎖国政策 ဟာ ဂျပန်ရဲ့သမိုင်းထဲမှာ တမူထူးခြားတဲ့ကာလတစ်ခုဖြစ်လို့သေချာမှတ်သားထားပါနော်။

📢 ဂျပန်နဲ့ပတ်သက်တဲ့သတင်းတွေဖတ်ချင်ရင် AKC Japan Blog ကို Follow လုပ်ထားဖို့ မမေ့နဲ့နော်! 🚀

イラスト引用: https://www.canadapageants.com/sakoku1

#鎖国  #日本語
#文化  #歴史

မနေ့ကVideo တင်ထားတဲ့Gua Sha သုံးတာလေးနဲ့ပတ်သက်ပြီး မျှဝေချင်ပါတယ်〜💎📌 အမည်: Gua Sha(Jp: グアシャ)📍AikaSenseiက Amazonမှာဝယ်ပါတ...
25/07/2025

မနေ့ကVideo တင်ထားတဲ့Gua Sha သုံးတာလေးနဲ့ပတ်သက်ပြီး မျှဝေချင်ပါတယ်〜💎

📌 အမည်: Gua Sha(Jp: グアシャ)
📍AikaSenseiက Amazonမှာဝယ်ပါတယ်။

အခြားonline shopတွေဖြစ်တဲ့Rakuten/
Shopping Mallတွေက အလှကုန်ပစ္စည်းဆိုင်တွေမှာလည်းရှိပါတယ်။

→Gua Shaလို့ရှာလိုက်တာနဲ့အများကြီးကြလာပါလိမ့်မယ်။

💰Price: မှန်းချေ1500円〜

💙 ကိုယ်ကြိုက်တဲ့အမျိုးအစားကိုရွှေးဝယ်နိုင်ပါတယ်!🧊 Aika Senseiကတော့天然石 (てんねんいし)/ Natural Stone နဲ့လုပ်ထားတဲ့ဟာမဟုတ်ပဲ
Stainless Steel အမျိုးအစားကို၀ယ်ထားပါတယ်။

သူ့အားသာချက်က
→ လွယ်လွယ်လေးနဲ့ရေဆေးသိမ်းလို့ရတယ်
→ အကြမ်းခံတယ်/မကွဲမကျိုးဘူးပေါ့ရှင့်

🧴 နောက် အသားကိုဆွဲရတာ နာတတ်လို့ Gua Sha လုပ်ချင်ရင် လုံးဝအရေးကြီးတာက Skin Oil ပါ💧

→Skin Care Oil or MoisturizerCreamလိမ်းပြီးမှလုပ်သင့်ပါတယ်။

Aika Sensei သုံးထားတာက「O.T.F. Natural Skin Care Oil R」ပါ။ သူလည်းAmazon မှာဝယ်လို့ရတယ်။

နေ့တိုင်း 3〜5မိနစ်သုံးပေးတယ်ဆိုတာနဲ့

✔︎ မျက်နှာနဲ့သားအရေကြည်လင်လာတယ်
✔︎ Face Lineပေါ်လာမယ်
✔︎ むくみ/ဖောတာရောင်တဲ့ပုံစံမျိုးလျော့နည်းလာတယ်။

ကိုယ့်အသားအရေကိုCareလုပ်ချင်သူများ/ မျက်နှာမှာအဆီရှိလာတယ်ခံစားလာရတဲ့သူတွေအတွက်အရမ်းသင့်တော်ပါတယ်။💗

📩 အခြားဂျပန်နဲ့ပတ်သက်တာတွေ/lifestyle tips တွေသိချင်ရင်Page ကိုLike & Follow လုပ်ပေးပါ〜!🌿

#グアシャレビュー
#ミャンマー人の毎日

言葉(ことば)の力(ちから)ってすごいよ:စကားလုံးတွေရဲ့ စွမ်းအားက တကယ်ကိုလေးနက်ပါတယ်။「疲(つか)れた」「お金(かね)ない」「落(お)ち込(こ)んでる」って言(い)うの、やめよう。“ပင်ပန်း...
15/07/2025

言葉(ことば)の力(ちから)ってすごいよ:
စကားလုံးတွေရဲ့ စွမ်းအားက တကယ်ကိုလေးနက်ပါတယ်။

「疲(つか)れた」「お金(かね)ない」「落(お)ち込(こ)んでる」って言(い)うの、やめよう。

“ပင်ပန်းလိုက်တာ”၊ “ပိုက်ဆံမရှိဘူး”၊ “စိတ်ဓာတ်ကျတယ်” ဆိုတာ တွေပြောတာကို ရပ်လိုက်ပါ။

代(か)わりに
「感謝(かんしゃ)してる」「成長(せいちょう)してる」「どんどん良(よ)くなってる」「うまくいってる」って言(い)ってみよう!

အဲ့ဒီအစား
“ကျေးဇူးတင်ဖို့ကောင်းတယ်”၊ “တိုးတက်လာနေတယ်”၊ “အခြေအနေကပိုပိုကောင်းလာတယ်”၊ “အဆင်ပြေတယ်” ဆိုပြီး ပြောကြည့်ပါ။

自分(じぶん)に前向(まえむ)きな言葉(ことば)をかけよう。
ကိုယ့်ကိုယ်ကို Positive ဖြစ်စေတဲ့စကားလုံးတွေပြောပါ။

言葉(ことば)が、あなたの毎日(まいにち)を作(つく)っていくんだよ。
ကိုယ်ပြောလိုက်တဲ့စကားလုံးတွေကကိုယ့်ရဲ့ နေ့စဉ်ဘဝကို ဖန်တီးသွားတာပါ။
参考:作者不明

#東京 #社会人

ဂျပန်မှာဘာစိတ်အညစ်ဆုံးလဲမေးရင် ကျန်းမာရေးစစ်တာပဲ။တခါတည်းအားလုံးမစစ်ပေးဘူး။လိုအပ်တာပဲလုပ်တာ/စစ်တာမျိုးပေါ့။ အဲတော့တစ်ခုခု...
30/06/2025

ဂျပန်မှာဘာစိတ်အညစ်ဆုံးလဲမေးရင်
ကျန်းမာရေးစစ်တာပဲ။တခါတည်းအားလုံးမစစ်ပေးဘူး။လိုအပ်တာပဲလုပ်တာ/စစ်တာမျိုးပေါ့။
အဲတော့တစ်ခုခုဆို အသိနောက်ကျပြီး လွန်ကုန်တော့ တာပဲ။လူနာက စေ့စေ့ပေါက်ပေါက် မမေးရင် မပြောဘူး။ ဘာစစ်သင့်တယ်။ဘယ်သွားသင့်တယ်မပြောဘူး။

ဆရာ၀န်တွေကလည်း သူ့တို့professional လုပ်တာပဲကြည့်ပေးတယ်။တခြားရောဂါဖြစ်နိုင်ချေတွေကိုadviceမပေးဘူး။ရောဂါတစ်ခုရှာတွေ့ဖို့က နှစ်နဲ့ချီရော။ အပ်နဲ့ထွင်းရမှာ ပုစိန်နဲ့ပေါက်ရတယ်ဆိုတာဂျပန်မှအစစ်။ ကိုယ်တိုင် လည်း Herniated Discသိဖို့ နှစ်နဲ့ချီကြာခဲ့တယ်။နောက်ဆုံးခွဲရတယ်။ Side Effectကြောင့်လားဘာလားမသိပေမဲ့ ခြေထောက်တစ်ဖက် ထုံမှပဲရောဂါသိရတယ်။ခွဲလိုက်လည်းထုံတာပျောက်မသွားခဲ့။

မြန်မာပြည်က တစ်ခါတည်း အကုန်စစ်တော့ ရောဂါကြီးဘာညာရှိရင် အကုန်ပေါ်တယ်။အဲဒါတစ်ခုတော့ကောင်း။မြန်မြန်ကုလို့ရတယ်။မခံစားရဘူးပေါ့။ ဒါပေမဲ့လက်လွန်ကြက်သွန်လေးတော့ရှိတာပေါ့😂အခန့်မသင့်ရင် တခါတည်းသေ🥹🫩

အဲဒါကြောင့်အခုနောက်ပိုင်းဆို ဂျပန်မှာနေတာကျန်းမာရေးကိုအရမ်းဂရုစိုက်ဖြစ်တယ်။ တစ်နှစ်တစ်ကြိမ် Company ကစစ်ပေးတဲ့ Medical Checkup ကျန်းမာရေးစစ်ဆေးချက်မှာတစ်ခုခုမူမမှန်တာရှိတာနဲ့ လိုအပ်တာတွေဆရာ၀န်ကိုမေးပြီး ကိုယ့်ဘာသာစစ်လိုက်တော့တာပဲ။ စာတွေလည်းဖတ်ရလို့ကြာရင်ဆရာ၀န်တောင်လုပ်စားလို့ရနေပြီ။ဒီနေ့ လည်း MedicalCheckup Resultမှာ သွေးဖြူဥRateများနေတယ်ကြည့်လိုက်တယ်။သွေးအားနည်းနေတယ်ပြောတော့ လိုအပ်တာတခါတည်းထပ်စစ်ဖို့ဆရာ၀န်ကိုပြောရတယ်။

နောက်Urine စစ်တာ proteinဓာတ်+ပြနေတော့ ဘာဖြစ်နိုင်ခြေရှိလည်းမေးရတယ်။သူတို့က ပုံမှန်လည်းရှိတတ်တယ်/ပြတတ်တယ်ဖြေတယ်။နောက်ထပ်ဘာဖြစ်နိုင်ခြေရှိသေးလဲ ထပ်မေးမှ ကျောက်ကပ်ကျောက်တည်တာဘာညာမှာတစ်ခုခုဖြစ်ရင်လည်းပြတတ်တယ်ပြောတယ်။အဲဒါဆို အကုန်ငါ့ကိုစစ်ပေး။ သွေးအားနည်းတာအတွက်လည်းသံဓာတ်အားဆေးပေး ပြောရတယ်။ တကယ်စိတ်ကုန်😪😪

ဂျပန်မှာက သွေးအဖြေ ဓာတ်မှန်အဖြေတွေလူနာကမတောင်းရင်ပြန်မပေးတတ်တော့ဆေးခန်းတခါပြောင်းပြတိုင်း အစကသွေးဖောက်စစ် လူတွေကိုအရုပ်တွေလိုပဲ။ဒီလောက်ဖောက်မှတော့ သွေးအားနည်းပြီပေါ့လို့သာပြောလိုက်ချင်🫩🫩

ဂျပန်မှာနေတဲ့သူတွေလည်း မပေါ့ပဲစောစောစစ်ပါ။ကျန်းမာရေးအာမခံဆောင်ထားရတာမို့ဆေးကုတာတာ/ဆေး၀ယ်တာ ဘယ်လောက်မှမကျပါဘူး။အပြင်မှာ အားဆေး၀ယ်ရင်တောင်စျေးကြီးတယ်။ဒါကြောင့်စောစောစီးစီး ကြိုတင်ကာကွယ်ကြပါ။

ဒေါသထွက်လို့သာစာရေးလိုက်ရ၏။

ကျွန်မဆရာ၀န်မဟုတ်ပါ။လူနာတစ်ယောက်၏ရှုထောင့်မှရေးရခြင်းဖြစ်၏။နိုင်ငံခြားမှာနေသူတစ်ယောက်၏ အတွေ့အကြုံကို Sharing လုပ်ခြင်းသာဖြစ်ပါတယ်။ ဆရာ၀န်များ ပြောတာမှားရင် ထောက်ပြနိုင်ပါတယ်🫩

人生(じんせい)の生(い)き方(かた)ဘဝရှင်သန်နေထိုင်နည်း🌸朝、希望(きぼう)を持って目覚(めさ)めမနက်မျှော်လင့်ချက်နဲ့နှိုးထပါ🌸昼(ひる)は懸命(けんめい)に働きနေ့ခင်း အစွမ်...
27/06/2025

人生(じんせい)の生(い)き方(かた)
ဘဝရှင်သန်နေထိုင်နည်း

🌸朝、希望(きぼう)を持って目覚(めさ)め
မနက်မျှော်လင့်ချက်နဲ့နှိုးထပါ

🌸昼(ひる)は懸命(けんめい)に働き
နေ့ခင်း အစွမ်းကုန်ကြိုးစားလုပ်ပါ

🌸夜は感謝(かんしゃ)と共(とも)に眠(ねむ)る。
ည (အရာရာ)ကိုကျေးဇူးတင်မှုနဲ့အတူအိပ်စက်ပါ

#麻生太郎の名言
#人生の生き方
#あいかチャンネル
#日本語
#参考書

📘【7月6日】JLPT စာမေးပွဲ ရောက်ဖို့1ပတ်ပဲလိုပါတော့တယ်!ဘယ်လိုစာလေ့လာကြမလဲ?📚အသစ်တွေဖတ်ဖို့ကျက်ဖို့ဆိုတာအချိန်မလောက်တော့လို့ အကျ...
27/06/2025

📘【7月6日】JLPT စာမေးပွဲ ရောက်ဖို့1ပတ်ပဲလိုပါတော့တယ်!ဘယ်လိုစာလေ့လာကြမလဲ?📚

အသစ်တွေဖတ်ဖို့ကျက်ဖို့ဆိုတာအချိန်မလောက်တော့လို့ အကျိုးရှိရှိမှတ်မိဖို့ဆိုရင်過去問(かこもん) Old Questionတွေကိုအဓိကထားပြီး လေ့ကျင့်ဖို့ပြောပါရစေ။


✅ 1ပတ်အလို လုပ်သင့်တဲ့အရာများ
1. ⏱ 過去問 ကိုတစ်ခုပြီးတစ်ခုTimerပေးဖြေကြည့်ပါ
2. ❌ မဖြေနိုင်တဲ့မေးခွန်းတွေကို ကောက်နှုတ်ပြီးသီးသန့်ပြန်လေ့လာပါ
3. 🎧 Listening ကို Sub နဲ့တွဲပြီး ပြန်ကြည့်ပါ
4. 😴 မဖြေခင်ညမှာအရမ်းအိပ်ရေးပျက်မခံပဲသင့်သင့်သလောက်စာဖတ်ပြီးသေချာအနားယူပါ။အိပ်ရေးပျက်ရင် အာရုံမစိုက်နိုင်ဖြစ်မယ်။ဒါကြောင့် စိတ်ကိုအေးအေးထားပါ။


🔗 JLPT 過去問 (かこもん) Link
JLPT official website မှာ 2012ခုနှစ်နဲ့ 2018ခုနှစ်ရဲ့ Old Question တွေLevel အလိုက်ရှိပါတယ်။ Listening တွေလည်းရှိတာမို့သေချာလေ့လာပါ။
https://www.jlpt.jp/samples/sampleindex.html?mode=pc

အားလုံး အောင်မြင်ကြပါစေ 📖💪!

——————————————————————
ဂျပန်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တင်တာတွေကို ဖတ်ချင်ရင်AKC Japan Vlog ကို Like & Follow လုပ်ထားပေးပါ။

THET THET ZAW
BA(Japanese Language Education)
Tsukuba University (Japan)

#日本語 #過去問  #勉強 #試験対策 #学習方法

写真出典:いらすとや

🎋7月7日は「七夕(たなばた)」の日✨🎋 ဇူလိုင်လ 7 ရက်နေ့ကJapan ရဲ့ “Tanabata” နေ့ဖြစ်ပါတယ် ✨🌌七夕とは?🌌 Tanabata ဆိုတာဘာလဲ?Tanabata(たなばた)ဆိုတာ...
27/06/2025

🎋7月7日は「七夕(たなばた)」の日✨

🎋 ဇူလိုင်လ 7 ရက်နေ့ကJapan ရဲ့ “Tanabata” နေ့ဖြစ်ပါတယ် ✨

🌌七夕とは?
🌌 Tanabata ဆိုတာဘာလဲ?

Tanabata(たなばた)ဆိုတာကတော့ 7လပိုင်း7ရက်နေ့ညမှာ 織姫(Orihime)နဲ့ 彦星(Hikoboshi) ဆိုတဲ့ချစ်သူနှစ်ဦးဟာ 天の川(Amanogawa): Milky Way ကိုဖြတ်ပြီး တစ်နှစ်တစ်ကြိမ် သာ တွေ့ဆုံနိုင်တဲ့နေ့လေးဖြစ်ပါတယ်။ ဒီပုံပြင်ရင်းမူရင်းအစကတော့တရုတ်ပြည်ကဆင်းသက်လာတာလို့ဆိုပါတယ်။

ဒီချစ်ခြင်းမေတ္တာပုံပြင်ပေါ်မှာ အခြေခံပြီးဂျပန်မှာလည်း(ရိုးရာပွဲတော်)အဖြစ်ကျင်းပလာခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့မှာလူတွေက မိမိတို့ရဲ့ဆုတောင်းချက်ကို 短冊(Tanzaku) လို့ခေါ်တဲ့ စက္ကူရွှက်လေးတွေမှာရေးပြီး 笹(Sasa) လို့ခေါ်တဲ့ ဝါးပင်လေတွေပေါ်မှာချိတ်ဆွဲကြပါတယ်။
“ဂျပန်ရိုးရာ Valentine’s Day” လို့ပြောလို့ရတာပေါ့နော်😊



🎋七夕にやること
🎋 Tanabata မှာဘာလုပ်လဲ?
• ဆုတောင်းစာတွေရေးသားခြင်း✍️
• ရေးပြီးရင်ဝါးပင်မှာချိတ်ဆွဲခြင်း🌿
• ညဘက်ကောင်းကင်ကိုကြည့်ရင်လနဲ့ကြယ်ကိုကောင်းကောင်းမြင်ရတယ်။

ကျောင်းတွေနဲ့ စျေးဝယ်စင်တာတွေမှာလည်း ဝါးပင်လေးထားပေးထားတယ်။လူတိုင်းရဲ့ ဆုတောင်းစာလေးတွေနဲ့အပြည့်ဖြစ်နေတဲ့ ဝါးပင်လေးတွေကိုတွေ့နိုင်ပါတယ်။ JLPTစာမေးပွဲလည်းနီးလာပြီဆိုတော့ဆုတောင်းကြည့်ပါနော်။

💡日本語(にほんご)も勉強(べんきょう)しよう。

• 短冊(Tanzaku): ဆုတောင်းစာရေးတဲ့ စက္ကူ
• 笹(Sasa): ဝါးပင်
• 天の川(Amanogawa): Milky Way

📷思(おも)い出(で)を残(のこ)そう
အမှတ်တရတွေချန်ထားပါ
Tanabata ရဲ့ ညဘက် Matsuri ပွဲတွေမှာ လူတော်တော်များများက 浴衣(Yukata) ဝတ်ပြီး ဓာတ်ပုံလှလှလေးတွေ ရိုက်ကြပါတယ်။ဆုတောင်းစာတွေရေးကြပါတယ်။

🗼Tokyoဆိုရင်増上寺(ぞうじょうじ)မှာပွဲရှိပါတယ်။

https://www.zojoji.or.jp/event/ev_tanabata.html

🎈Kanagawaဆိုရင်Yokohama Yamash*takouenနဲ့ Yokohama Marine Tower
အရှေ့မှာ5ရက်6ရက်Sat&Sunမှာလည်းပွဲရှိပါတယ်။
https://www.hamakei.com/headline/12916/

🏮🎋အခြားသောနာမည်ကြီးပွဲများ

① 仙台七夕まつり(Miyagi 宮城県)
Sendai
📅 :2025年8月6日(水)~8日(金)
🕰️:10:00~21:00
   8日:20:00まで
📍:仙台市内 中心部商店街、周辺商店街

ဂျပန်မှာအတော်လေးနာမည်ကြီးတဲ့ Tanabata ပွဲတော်တစ်ခုအဖြစ် သိကြပါတယ်။
နှစ်ဟောင်းCalendar အတိုင်း အနီးစပ်ဆုံးကျင်းပတာမို့ ပွဲရက်က8လပိုင်း ဖြစ်ပါတယ်။



② 平塚七夕まつり(Kanagawa 神奈川県)

📅 :2025年7月4日(金)~6日(日)
🕰️:11:00~20:00
   4日(金):10:00မှာဖွင့်ပွဲလုပ်မယ်
6日:19:00まで
📍:JR平塚駅北口商店街

Hiratsuka Tanabata Matsuri ဟာ Tokyo အနီးအနားမှာကျင်းပတဲ့ Tanabata ပွဲတော်တွေထဲမှာအကြီးဆုံးပါ။
屋台(အစားအသောက်အရောင်းဆိုင်တွဲ)တွေအများကြီးမို့ သူငယ်ချင်းတွေမိသားစုတွေနဲ့လည်ပတ်ကြည့်ပါ။



③ 安城七夕まつり(Aichi 愛知県)
📅 :2025年8月1日(金)~3日(日)
🕰️:8月1日(金)12~21
  2日(土)10~21
  3日(日)10~20:30
📍:JR安城駅南側周辺市街地一帯

安城七夕まつり(Anjō) ဟာလည်း နာမည်ကြီးတဲ့ပွဲတော်တစ်ခုပါ။

အပေါ်ကပွဲတွေနဲ့အခြားနာမည်ကြီးပွဲတွေအကြောင်းအသေးစိတ်ဖတ်ချင်ရင်အောက်ပါYahoo Newsမှာကြည့်ပါ။
https://news.yahoo.co.jp/articles/0d57805ed10d2068eba1a18a4592edda753b0a3a

ဂျပန်ရဲ့ရိုးရာယဉ်ကျေးမှုကို ခံစားလို့ရနိုင်တဲ့ နေ့တနေ့မို့Photoလှလှလေးအမှတ်တရရိုက်ကြည့်ကြပါ🎐

——————————————————————
ဂျပန်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တင်တာတွေကို ဖတ်ချင်ရင်AKC Japan Vlog ကို Like & Follow လုပ်ထားပေးပါ။

THET THET ZAW
BA(Japanese Language Education)
Tsukuba University (Japan)

#七夕 #たなばた #日本文化体験 #願いごと #短冊 #笹飾り #浴衣コーデ #星空 #ミャンマー人の日本生活

ဂျပန်ရောက်လာပြီးနောက်ပိုင်းသဘာ၀တရားတွေကိုအရမ်းချစ်လာမိတော့တာပဲ🍃🌴🌿🍀🌳ဥပမာ 7လပိုင်း 21ရက်နေ့ 海(うみ)の日(ひ)တို့ 🌊🌊8လပိုင်း11ရက်...
17/06/2025

ဂျပန်ရောက်လာပြီးနောက်ပိုင်း
သဘာ၀တရားတွေကို
အရမ်းချစ်လာမိတော့တာပဲ🍃🌴🌿🍀🌳

ဥပမာ
7လပိုင်း 21ရက်နေ့ 海(うみ)の日(ひ)တို့ 🌊🌊
8လပိုင်း11ရက် 山(やま)の日(ひ)တို့⛰️⛰️
လိုမျိုးပေါ့🤣🥲😆

Address

Yangon

Telephone

+959428208004

Website

Alerts

Be the first to know and let us send you an email when AKC JAPAN VLOG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AKC JAPAN VLOG:

Shortcuts

Share