Shwe Lwun May Vintage & Export Collection

Shwe Lwun May Vintage & Export Collection ကွာလတီကောင်းပြီး ဈေးနှုန်းချိုသာတာ

Romper - 8500 Ks (New - 2 Pcs)Size - 2 years to 4 years (မထွားရင်)ရင် - ၉ လက်မခွဲ / အရှည် - ၁၈ လက်မ မင်မင့်ကလေးအတွက်၀ယ်ရ...
05/03/2025

Romper - 8500 Ks (New - 2 Pcs)

Size - 2 years to 4 years (မထွားရင်)

ရင် - ၉ လက်မခွဲ / အရှည် - ၁၈ လက်မ

မင်မင့်ကလေးအတွက်၀ယ်ရင်း ၀တ်ရတာ အဆင်ပြေလို့
ရောင်းပေးတာပါရှင်

ချည်ဆွဲသားအိအိလေးမို့ ၀တ်ရတာ အေးအေးလေးနဲ့
သက်တောင့်သက်သာ အင်မတန်ရှိသောလေး

စျေးကွက်မှာ မွေးစလေးတွေအတွက် ပစ္စည်းပေါသလောက်
ခု လို ၂-၄ နှစ်လောက်ထိ ရဖို့က ရှားပါးသော

အိမ်ရောက်ငွေချေရပါတယ်

အသေးစိတ်ပုံလေးတွေ သိချင်တာလေးတွေကို cb မှဖြစ်စေ ၀၉၇၉၅၂၈၁၇၉၉ မှ ဖြစ်စေ အားမနာတမ်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်


#ရွှေလွန်းမေ

ကလေးလေးတွေအတွက် လိုအပ်ရင် ရှာရမလွယ်သောလိုအပ်သူများ Share ထားပါနော် Photo - Credit
17/11/2024

ကလေးလေးတွေအတွက် လိုအပ်ရင် ရှာရမလွယ်သော

လိုအပ်သူများ Share ထားပါနော်

Photo - Credit

စွယ်စုံသုံးလို့ရတဲ့ ချိတ်လေးတွေ လက်ကျန်ဖြတ်စျေး မေတ္တာစျေးလေးနဲ့ ရောင်းပေးပါမယ်ရှင် ကားထိုင်ခုံတွေမှာ ချိတ်ထားပြီး ပစ္စည...
24/10/2024

စွယ်စုံသုံးလို့ရတဲ့ ချိတ်လေးတွေ လက်ကျန်ဖြတ်စျေး မေတ္တာစျေးလေးနဲ့ ရောင်းပေးပါမယ်ရှင်

ကားထိုင်ခုံတွေမှာ ချိတ်ထားပြီး ပစ္စည်းလေးတွေကို အိတ်ထဲထည့်သယ်တဲ့အခါဖြစ်ဖြစ် မုန့်တွေအရည်တွေ ထားရခက်တာတွေချိတ်ပြီးသယ်တာဖြစ်ဖြစ် တကယ်ကို အသုံး၀င်သော

ကလေးတွန်းလှည်း ကလေး​ပုခက်လေးတွေမှာ ချိတ်ပြီး အရုပ်လေးတွေ ချိတ်ပြထားမလား လိုအပ်သလို ဥာဏ်ရှိသလို စိတ်ကြိုက်သုံးလို့ရသော ချိတ်လေးတွေပါ

မင်မင်အတွဲလိုက်လေး ၃ တွဲ တွဲပေးထားပါတယ်

ထပ်လိုချင်တယ်မင်မင်ရေ ဆိုရင်တောင်ရောင်းဖို့မရှိတော့ဘူးမို့ လိုချင်ရင် ၂ ခါ မစဥ်းစားပဲ၀ယ်ပါနော်

နံပါတ် ၁ က ကပ်ခွာ ချိတ်လေးတွေ ၁၀ ခု - ၁၇၀၀၀ ကျပ်
(ကားပစ္စည်းဆိုင်တွေမှာ ၁ စုံ ၅၀၀၀ အထက်ရောင်းပါတယ်)

နံပါတ် ၂ က စွပ်ပြီးသုံးရတဲ့ ချိတ်လေး ၁၇ ခု - ၁၅၀၀၀ ကျပ်
(ကားပစ္စည်းဆိုင်တွေမှာ ၁ စုံ ၃၀၀၀ အထက်ရောင်းပါတယ်)

နံပါတ် ၃ က ကပ်ခွာ ချိတ်လေးတွေ ၂၀ ခု - ၁၅၀၀၀ ကျပ်
(ကားပစ္စည်းဆိုင်တွေမှာ ၁ စုံ ၂၅၀၀ အထက်ရောင်းပါတယ်)

အသေးစိတ်ပုံလေးတွေ သိချင်တာလေးတွေကို cb မှဖြစ်စေ ၀၉၇၉၅၂၈၁၇၉၉ မှ ဖြစ်စေ အားမနာတမ်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

#ရွှေလွန်းမေ

ကံထူးသူ ၃ ဦး ဆီ သွားတော့မယ့် ပါဆယ်လေးတွေ    #ရွှေလွန်းမေ
22/10/2024

ကံထူးသူ ၃ ဦး ဆီ သွားတော့မယ့် ပါဆယ်လေးတွေ


#ရွှေလွန်းမေ

ဒီလို ၀ယ်သူလေးတွေကြောင့် စျေးရောင်းရတာ အားရှိတာ ကောင်းတာလေးတွေကို စျေးတန်တန်ရစေချင်တာ မှန်ကန်တဲ့မင်မင့်ရဲ့ စေတနာပါ 😘😘😘
21/10/2024

ဒီလို ၀ယ်သူလေးတွေကြောင့် စျေးရောင်းရတာ အားရှိတာ
ကောင်းတာလေးတွေကို စျေးတန်တန်ရစေချင်တာ မှန်ကန်တဲ့
မင်မင့်ရဲ့ စေတနာပါ 😘😘😘

19/10/2024

သဒ္ဓါများပြီး ပညာနည်းတော့-

ဘုရားဆွမ်းတော်ကပ်ရင် သစ်သီးဆိုလဲ ခွဲစိတ်ပြီးတော့ ကပ်ရမယ်။

ထမင်း ဟင်းဆိုရင်လဲ လူစားသလို အကျအနပြင်ကပ်ရမယ်ဆိုတာမျိုးတွေ ဖြစ်ကုန်တယ်။

အပြင်မှာ တကယ့်သက်ရှိထင်ရှား ဘုရားရှင်ကို အဲဒီခေတ်က လူတွေ ဘယ်လိုလှူကြတယ်ဆိုတာ သိကြသလား။

ကျမ်းစာထဲပါတဲ့အတိုင်း ပြောပြမယ်။

ထမင်းရော ဟင်းရော ဘုရားရဲ့သပိတ်ထဲ ရောထည့်လိုက်တာပဲ။

သစ်သီးဆိုလဲ ဒီအတိုင်း အလုံးလိုက် သပိတ်ထဲ ထည့်သူက ထည့်လိုက်တာပဲ။ ခွဲစိပ်ပြီးမှ ထည့်သူက ထည့်လိုက်တာပဲ။

ပြီးမှ အရှင်အာနန္ဒာက သင့်တော်သလို ပြန်စီစဉ်ပေးတယ်။

သစ်သီးကို အလုံးလိုက် ဘုရားရှင်ကို မလှူကောင်းဘူးဆိုတာ ပိဋကသုံးပုံမှာ ပါကိုမပါဘူး။

သဒ္ဓါများပြီး ပညာနည်းသူတွေ ဘီလ်ဖိုးရှိတိုင်း လက်ကမြင်းပြီး ရေးထားတာ။

တင်ထားတဲ့ဆွမ်းတော်ကို ဘုရားဆင်းတုတော်က တကယ်စားတာလဲမဟုတ်ဘူး။

ဘုရားရှင်ကလည်း ပရိနိဗ္ဗာန်စံပြီးလို့ လာမစားနိုင်တော့ဘူး။

ဒါဆို ဘာလို့ ဆွမ်းတော်တင်သလဲဆိုရင်-

ဘုရားရှင်ရဲ့ ဂုဏ်တော် ကျေးဇူးတော်ကို သတိတရရှိနေတဲ့သဘောကို ဖော်ပြတဲ့အနေနဲ့ တင်ကြတာ။

ဟိုခေတ်က ရွာဘုန်းကြီးကျောင်းတွေမှာ ဆွမ်းတော်ကောက်ရင် ကိုရင်တွေ ကျောင်းသားတွေက အကောင်းတွေချည်း ဆွမ်းတော်ဗန်းထဲ ရွေးထည့်ကြတယ်။

ဆွမ်းတော်စွန့်ရင် သူတို့စားရတာကိုး။ ဒါကြောင့် သူတို့စားချင်တာတွေချည်းပဲ ဆွမ်းတော်ဗန်းထဲ ရွေးထည့်ကြတယ်။

သူတို့မကုန်တာ မစားချင်တာတော့ ကျောင်းက ခွေးတွေ စားကြရတယ်ပေါ့။

အဲဒီတော့ အနှစ်ချုပ် ပြောရမယ်ဆိုရင် ကိုယ့်စိတ်ထဲနှစ်သက်သလို ပြင်ဆင်ပြီး ဆွမ်းတော်ကပ်လို့ရတယ်။

သေချာတာကတော့ ဘယ်လိုပုံကပ်ကပ် ဘုရားဆင်းတုတော်က တကယ်မစားနိုင်ဘူးဆိုတာပဲ။

ဝိနည်းမှာပါတာကလဲ-

သစ်သီးတွေကို အလုံးလိုက်မလှူကောင်းဘူးလို့ ပါတာမဟုတ်ဘူး။

ငရုတ်သီးတို့ ကြံတို့ ပူစီနံတို့လိုမျိုး စားလိုက်ရင် မျိုးစေ့ပျက်စီးသွားမှာမျိုးဆိုရင် လူ သာမဏေက ကပ္ပိမထားရသေးရင် ကပ္ပိခိုင်းပြီးမှ စားကြလို့ ပညတ်ထားတာ။

မျိုးစေ့မပျက်တဲ့ သရက်သီးတို့ ထောပတ်သီးတို့ဆိုရင် ကိုယ့်ဘာသာ ခွဲစိတ်ပြီး စားကောင်းတယ်။

နားစွန်နားဖျား ကြားဖူးတာနဲ့ ဆရာကြီးလုပ်ပြီး အခြားသူတွေကို မောဟဖြစ်အောင်လုပ်နေကြတယ်။

ဘုရားခေတ်က ကိုယ်အဆင်ပြေတာ လှူကြတာပါပဲ။

လှူဒါန်းမှုကြောင့် ဝန်မပိကြတာများတယ်။

သင်္ကန်းချုပ်ဝတ်ဖို့ ချည်မျှင်တတ်နိုင်သူက ချည်မျှင်တွေ လှူကြတယ်။

ဘုရားရှင်နဲ့ ရဟန်းတွေက ကိုယ့်ဘာသာ ယက္ကန်းခတ်ပြီး သင်္ကန်းချုပ်ချုပ်၊ ယက္ကန်းရုံသွားပြီး ပိတ်စနဲ့လဲလဲ ပေါ့။

ပိတ်စတတ်နိုင်သူကလည်း ပိတ်စ လှူကြတယ်။ သင်္ကန်းချုပ်ဝတ်ဝတ်၊ အိပ်ယာခင်းလုပ်လုပ်ပေါ့။

သင်္ကန်းဆေးဆိုးဖို့ သစ်ဥ သစ်ခေါက်တတ်နိုင်သူက သစ်ဥ သစ်ခေါက်တွေ လှူကြတယ်။

ချုပ်ပြီးသားသင်္ကန်းတတ်နိုင်သူများက ချုပ်ပြီး ဆိုးပြီး အသင့်ဝတ်သင်္ကန်းတွေ လှူကြတယ်။

အနာထပိဏ်လဲ ထောပတ်အစိမ်းတွေ ဆီတွေ လှူတဲ့အခါ လှူတယ်။

ပန်းတွေလှူတဲ့အခါ လှူတယ်။

ပုဏ္ဏားကြီးတစ်ယောက်က ထမင်းစားနေဆဲ ဘုရားရှင် ဆွမ်းခံကြွလာတာမြင်တော့-

ထမင်းပိုမရှိတော့တာနဲ့ စားလက်စပန်းကန်ပြားထဲက ထမင်းတွေကို လောင်းလှူတယ်။ ဘုရားရှင်ကလဲ အလှူခံတယ်။

မြင်းကုန်သည်တွေလည်း ဝါတွင်းသုံးလလုံး မုယောဆန်အစိမ်းတွေ ဆွမ်းအဖြစ် ဘုရားရှင်ကို လောင်းလှူတယ်။

ဒီခေတ်ကြမှ ဘယ်လိုတွေ ဖြစ်နေကြသလဲ မသိတော့ဘူး။

သစ်သီးတွေ အလုံးလိုက် ဆွမ်းတော်တင် အကုသိုလ်ဖြစ်တယ်လို့ ရေးသူကရေး။ ငရဲကျမတတ် ပြောသူက ပြောနဲ့။

ပါလိလေယျတောထဲ သီတင်းသုံးတော့ ဆင်က ဘယ်လိုလုပ်သစ်သီးကို ခွဲစိတ်ပြီး ကပ်လှူတတ်မလဲလေ။

ဘယ်သူကမှ စော်ကားလိုစိတ် ရှိမနေပါဘူး။ ကိုယ်အဆင်ပြောသလို လှူဒါန်းကြတာပါပဲ။

#မိုးသု #မန္တလေး

#ဆွမ်းတော်တင် #သစ်သီး

#လှူကောင်း #မလှူကောင်း

Credit

ဘာလေးရောင်းရောင်း အားပေးကြလို့ ကျေးဇူးပါရှင်ပိုင်ရှင်လေးတွေဆီ သွားတော့မယ့် ပါဆယ်လေး 🥰🥰🥰 #ရွှေလွန်းမေ
18/10/2024

ဘာလေးရောင်းရောင်း အားပေးကြလို့ ကျေးဇူးပါရှင်

ပိုင်ရှင်လေးတွေဆီ သွားတော့မယ့် ပါဆယ်လေး 🥰🥰🥰

#ရွှေလွန်းမေ

သီတင်းကျွတ် လပြည့် ပရိုမိုးရှင်း 📢📢📢 အသက် ၃ နှစ်မှ ၁၀-၁၁ နှစ်၀န်းကျင်၀တ်လေးတွေ သားသားမီးမီးတို့အတွက် ချစ်စရာ အသားကောင်းလ...
17/10/2024

သီတင်းကျွတ် လပြည့် ပရိုမိုးရှင်း 📢📢📢

အသက် ၃ နှစ်မှ ၁၀-၁၁ နှစ်၀န်းကျင်၀တ်လေးတွေ
သားသားမီးမီးတို့အတွက် ချစ်စရာ အသားကောင်းလေးတွေ

တွဲပေးထားတဲ့အတိုင်း ယူပေးပါနော်

ပုံအောက်မှာ စျေးလေးတွေရေးထားပေးပါမယ်
ကြိုက်တာတွေ့ရင်တော့ အမြန်လေး CB နော်

အသေးစိတ်ပုံလေးတွေ သိချင်တာလေးတွေကို cb မှဖြစ်စေ ၀၉၇၉၅၂၈၁၇၉၉ မှ ဖြစ်စေ အားမနာတမ်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

#ရွှေလွန်းမေ

သီတင်းကျွတ် လပြည့် ပရိုမိုးရှင်း 📢📢📢 အသက် ၃ နှစ်မှ ၁၀-၁၁ နှစ်၀န်းကျင်၀တ်လေးတွေ သားသားမီးမီးတို့အတွက် ချစ်စရာ အသားကောင်းလ...
17/10/2024

သီတင်းကျွတ် လပြည့် ပရိုမိုးရှင်း 📢📢📢

အသက် ၃ နှစ်မှ ၁၀-၁၁ နှစ်၀န်းကျင်၀တ်လေးတွေ
သားသားမီးမီးတို့အတွက် ချစ်စရာ အသားကောင်းလေးတွေ

၀မ်းဆက် ၁ စုံကို ၇၀၀၀ ကျပ် မကျော်သောစျေးလေးတွေနဲ့
ရောင်းပေးပါမယ်ရှင် (အနည်းဆုံး ၂ စုံတော့၀ယ်ပေးပါနော်)

ပုံအောက်မှာ စျေးလေးတွေရေးထားပေးပါမယ်
ကြိုက်တာတွေ့ရင်တော့ အမြန်လေး CB နော်

အသေးစိတ်ပုံလေးတွေ သိချင်တာလေးတွေကို cb မှဖြစ်စေ ၀၉၇၉၅၂၈၁၇၉၉ မှ ဖြစ်စေ အားမနာတမ်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

#ရွှေလွန်းမေ

11/10/2024

၁ရက် ၁၀ရက် ၁၉ရက် ၂၈ရက်မှာ
မွေးဖွားတဲ့ ၁ဂဏန်းသ္မားတွေကော
မှန်ကြရဲ့လား😊😊

၁ဂဏန်းသ္မားတွေတော်တော်များက
စိတ်ဓာတ် ခိုင်မာ
တည်ကြည်တဲ့သူတွေဖြစ်ပြီး
ဦးဆောင်နိုင်စွမ်းရှိတဲ့
ရည်မှန်းချက်ကြီးတဲ့
သူတွေလည်းဖြစ်ပါတယ်

လွတ်လွတ်လပ်လပ်နေရတာကို
ပိုပြီးကြိုက်နှစ်သက်ကြပြီး
၁ဂဏန်းသ္မားတွေတော်တော်များများက
အရည်အချင်းရှိတဲ့သူတွေ
အများဆုံးဖြစ်ကြပါတယ်

ကိုယ့်အပေါ်ကိုလာပြီး
သြဇာပေးတာ အမိန့်ပေးတာမျိုးကို
မကြိုက်မနှစ်သက်ကြသလို
ခေါင်းငုံ့ပြီးတော့လည်း
ငြိမ်မခံတတ်ကြပါဘူး

လူအများကို ဦးဆောင်ရတဲ့
ခေါင်းဆောင်ချင်တဲ့စိတ်တွေရှိကြပြီး
နေရာ ဌာန လုပ်ငန်းခွင်မှာ
လက်အောက်ငယ်သားဘဝနဲ့
အကြာကြီးလည်းမပျော်တတ်ကြသလို
အကြာကြီးလည်း
လုပ်ကိုင်ချင်စိတ်မရှိကြတဲ့သူတွေ
ဖြစ်ပါတယ်

ဘယ်နှစ်ခါပဲရှုံးနိမ့်နိမ့်
လက်လျှော့အရှုံးပေးချင်တဲ့စိတ်
သိပ်မရှိတတ်ကြပဲ
မဖြစ်သေးရင်
ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကသာ
အမြဲတမ်းလွှမ်းမိုးနေတဲ့
သူတွေဖြစ်ပါတယ်

လူတစ်ဖက်သားကို
အကူအညီပေးတတ်ကြပေမယ့်
ယုံကြည်မှုကို
တစ်ခါအလွဲသုံးစားလုပ်သွားရင်တော့
ဘယ်လောက်ပဲလာပြီးအသနားလာခံခံ
နောက်ထပ်တစ်ခါထပ်ပြီး
ကူညီပေးတတ်တဲ့သူတွေမဟုတ်ပါဘူး

ကိုယ်မှန်တယ်ထင်ရင်
မိသားစုကတားရင်တောင်
သိပ်ပြီးလက်မခံတတ်ကြတဲ့
သူတွေဖြစ်ပြီး

ဖြစ်ပြီးခဲ့တဲ့ကိစ္စတိုင်းကိုလည်း
နောင်တဆိုတာထက်
အရှုံးတွေ အမှားတွေကို
သင်္ခန်းစာအဖြစ်သာမှတ်ထားပြီး
ရှေ့ကိုပဲဆက်သွားတတ်ကြတဲ့
သူတွေဖြစ်ပါတယ်

၁ဂဏန်းသ္မားတွေနဲ့
သွားပြီးပက်သက်ချင်ရင်တော့
သူတို့တွေရဲ့စိတ်ဓာတ်တွေလို
စိတ်ဓာတ် ခိုင်မာ မာကျောပြီး
အမြင့်ကိုတက်ချင်တဲ့စိတ်ရှိမှသာ
အဆင်ပြေနိုင်မယ့်
ဂဏန်းပိုင်ရှင်တွေဖြစ်ပါတယ်

Credit to By@Lin Aung Kyaw
6-Jul-2024

Address

Thuwana, Thingangyun Township
Yangon
777

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959795281799

Website

Alerts

Be the first to know and let us send you an email when Shwe Lwun May Vintage & Export Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share