22/08/2026
Shipping fees တွေ ကြိုရှင်းခိိုင်းတယ်ဆိုတာကလေ
ကျမဆီ ၁ပတ်ဆို ၁ခါဒါမျိုးအထုပ်ကြီး ၁ထုပ်က အမြဲဝင်ပါတယ်။
ပျင်းလို့ တမင်မတင်တာပါ🥹🙏🏻
ကျမနဲ့ရင်းနှီးတဲ့သူတွေဆိုသိပါတယ် စာပြန်၊စျေးရောင်းတာတောင် ကျမအိပ်ရေးဝမှ စျေးထရောင်းစာပြန်တာပါ တချို့ကျ မောက်မာတယ် အရေးမစိုက်ဘူးထင်ကြလို့လေ မဟုတ်ဘူးနော် အဲ့ဒါအိပ်နေတာပါရှင့် 🤣
ကိုယ့်လမ်းကြောင်းနဲ့ကိုယ်သယ်ပေးတာဖြစ်လို့
ကျမ cargo ရုံးတွေနဲ့တောင် အခုနောက်ပိုင်းအလုပ်တွဲမလုပ်တော့ပါဘူးရှင့်
Air နဲ့ဆိုရင်တောင် လူကြုံနဲ့သယ်ပါတယ်
အဲ့ဒါမို့အထုပ်တွေ အတူမဝင်တာပါရှင့် အရမ်းကြီးတဲ့ပါဆယ်မျိုးတွေ အလေးချိန်စီးတယ်ဆို ကားနဲ့ပြန်သယ်ပေးပါတယ်။ အဲ့ဒါမို့ သယ်ခတွေစျေးသက်သာသွားတာပါရှင့်
Air လည်း စစ်ဆေးရှိလို့အကုန်ဂရုစိုက်နေရတဲ့အချိန်
၁ပတ်တခါဝင်တာပဲ ကျေနပ်ပါပြီ ပိတ်မိတာတွေလည်း နည်းနည်းစီပြန်ဝင်နေလို့ ရောက်တာတွေလိုက်ပြောထားပါတယ်ရှင့်
စိတ်ရှည်ပေးကြလို့ အိုင်လပ်ဖြူအောပါနော်😝💅🏼