Khant Hein Wedding Invitation Cards And Gift

Khant Hein Wedding Invitation Cards And Gift Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khant Hein Wedding Invitation Cards And Gift, Shopping & retail, Insein, Yangon.

""Antibody ထွက်ပြီးသားလဲ ပြန်ဖြစ်တယ်တဲ့ ""ကျမသမီးသူငယ်ချင်း ဆွေမျိုးတဦး အသက်(၂၆)နှစ်နဲ့ ဆုံးပါးသွားတယ် မကြောက်တတ်ဒါရယ်၊ ...
19/08/2021

""Antibody ထွက်ပြီးသားလဲ ပြန်ဖြစ်တယ်တဲ့ ""
ကျမသမီးသူငယ်ချင်း ဆွေမျိုးတဦး အသက်(၂၆)နှစ်နဲ့ ဆုံးပါးသွားတယ် မကြောက်တတ်ဒါရယ်၊ ဂရုမစိုက်ဒါရယ်၊ မထင်မိဒါရယ်၊ အချိန်မမှီဒါကြောင့် နှာမျှောမိပါတယ်

🦠ဆေးခန်းလေးပြန်ဖွင့်တာမှ ၃ ရက်ပဲရှိသေးတယ် လာတဲ့အထဲမှာ လွန်ခဲ့တဲ့ ၂ ပတ်ကျော်က covid ဖြစ်ပြီးလို့ ကောင်းသွားတာတောင် ၁ ပတ်လောက်ရှိပြီဆိုသူတွေ ၊ လွန်ခဲ့တဲ့ ၁ လကျော်က. covid ဖြစ်ပြီးလို့ Antibody G တောင် ထွက်ပြီးပါပြီဆိုတဲ့ လူတွေ ၊ တော်တော်များများရောက်လာကြတယ်။ သူတို့ကျတော့ covid မဟုတ်လို့ လက်ခံတာလားဆိုတော့ ပြောရတာဂွကျသွားပြန်ရော post covid တွေ ကူးစက်နိုင်မှု မရှိသလောက်နီးနီးနည်းသွားပြီလို့ ယူဆရတဲ့သူတွေလို့ပြောလို့ရတယ်။ ဒါပေမယ့် Antibody G ပေါ်ထားတဲ့သူက. ၃ လအတွင်း covid ပြန်မကူးစက်နိုင်ဘူးဆိုတဲ့ ယျေဘူယျသုံးသပ်ချက်ကြီးကို မနေ့က လူနာတစ်ယောက်က ရိုက်ချိုးသွားပြီ ။ အသက် ၂၉ နှစ် ကောင်လေး လွန်ခဲ့တဲ့ ၂ လနီးနီးက covid ဖြစ်ခဲ့တယ် လက္ခဏာသိပ်မပြင်းထန်ခဲ့ဘူး၊ covid ဖြစ်ပြီး ၃ ပတ်ကျော်မှာ antibody G လဲထွက်ထားပြီးပြီ ။
အခု ၄ရက်အတွင်း မောတယ်၊ နှလုံးခုန်မြန်တယ်၊ ရင်တုန်တယ်၊ မဖျားဘူး၊ ချောင်းမဆိုးဘူး၊ ရင်ဘက်ထဲက အသက်ပြင်းပြင်းရှူရင် အောင့်တယ် SPO 2 တိုင်းတယ် ၉၂၊ PR. 125၊ အဆုတ်ရောဂါအခံမရှိဘူးတဲ့ လူငယ်တစ်ယောက် SPO2 92 ဆိုတော့ ကျတယ်လို့ယူဆရတယ်၊ဒါနဲ့ မသင်္ကာလို့ Covid antigen ပြန်စစ်လိုက်တယ် ၊positive ထွက်နေတယ်၊ 😢 ဘယ်လောက်ကြောက့်စရာကောင်းတဲ့ covid လဲ ပထမတစ်ကြိမ် မပြင်းထန်ခဲ့တဲ့၊ လူနာက အခုဒုတိယအကြိမ် ပြန်ကူးစက်မှုမှာ ၄ ရက်ထဲနဲ့ Oxygen ပြုတ်ကျနေပြီ၊ 😞 မပေါ့ပါနဲ့ သတိအမြဲရှိကြပါနော်၊ Antibody ပေါ်နေပြီ ငါ့ကို ၃ လအတွင်း covid ပြန်မကူးနိုင်သေးဘူး ဟေ့ဆိုပြီး ဖလန်းဖလန်းမထကြပါနဲ့နော်၊ ပြန်ကူးတတ်ပါသေးတယ်၊ နောက်တစ်ခါပြန်ကူးရင် ပိုပြင်းထန်တဲ့သဘောရှိတယ်၊ ဖြစ်ပြီးသားလူအားလုံးဂရုစိုက်ကြပါလို့

🦠အသက် ၅၂ နှစ် ဦးလေးတစ်ယောက်က ရင်ဘက်ထဲမှာတော်တော်အောင့်လို့ဆိုပြီးလာပြတယ်၊
covid စစ်ပြီးပြီလားမေးတော့ covid ဖြစ်ပြီးလို့ ဆေးရုံတက်ပြီးလို့တောင် ကောင်းသွားလို့ပြန်ဆင်းလာခဲ့တာ၁လရှိတော့မယ်တဲ့၊ ဟုတ်ပြီ လတ်တလောcovid လူနာမဟုတ်တော့ ကူးစက်နိုင်နှုန်းနည်းတယ်ဆိုပြီး ဆေးခန်းမှာစမ်းသပ်ကြည့်ရှု လိုက်တာပေါ့လေ၊ သေချာမေးကြည့်တော့ မနေ့က ရုတ်တရက်ချောင်းအရမ်းဆိုးပြီး၊ အချွဲလိုလိုဟာတွေနဲ့သွေးတွေရော ထွက်လာတယ်၊ အသက်ရှူရင် လေက ရင်ဘတ်တစ်ဝက်ထိပဲဝင်တယ်၊ အရမ်းအောင့်တယ် ( ဟိုက် သူ့စကားနားထောင်ပြီး ကိုယ့်မှာ ခေါင်းနှစ်ဆကြီးသွားသလိုပဲ ကိုယ်တွေးလိုက်မိတာကြီးမဟုတ်ပါစေနဲ့ ဟုတ်ခဲ့ရင်တောင် အရေးပေါ် သွေးကြောခွဲစိတ်ရတဲ့အဆင့်မျိုးမဟုတ်ပဲ ထိုးဆေး သောက်ဆေးနဲ့တင်ကောင်းပါစေလို့ ဆုတောင်းမိတယ် ) ဒါနဲ့ oxygen. တိုင်းလိုက်တော့ SP O2. 56. PR. 130. ဒါနဲ့ပဲ ECG CXR လိုအပ်တဲ့၊ သွေးစစ်ဆေးမှုတွေလုပ်ပြီး၊ အရေးပေါ်ထိုးရမယ့်ဆေးတွေရှာခိုင်းထားလိုက်တယ်၊
အဲ့ဒီတော့ပြောချင်တာက. Covid ဖြစ်ပြီးသား လူနာတစ်ယောက်ဟာ ၃ လလောက်အထိ ဂရုစိုက်ရပါမယ်။ ၁ လမှ ၃ လအတွင်း covid ရဲ့နောက်ဆက်တွဲတွေ ဝင်တတ်ပါတယ် ။ အချိန်မှီသိဖို့ အချိန်မှီ ဆေးကုသဖို့လိုအပ်တယ်။ ၆ လကျော်မှ စိတ်ချရမယ်၊ ဘာတွေဖြစ်နိုင်တယ်၊ ဘယ်လိုဂရုတစိုက် နေထိုင်ရမလဲဆိုတဲ့။ အကြောင်းတွေရေးထားတဲ့ ၊ ကျန်းမာရေး post တွေရှာဖတ်ကြပါ။ covid ဖြစ်ဖူးတဲ့သူတိုင်း မဖြစ်မနေဖတ်ကြပါ။ ကျမရဲ့ ထူးစေတနာမွန် ဆေးခန်း page မှာလဲ covid နဲ့ပက်သတ်တာတွေ စုံအောင်တင်ထားပေးပါတယ်၊ အချိန်အားလျှင် ဖတ်ပါ၊ ဘယ်လိုအခြေအနေက အိမ်မှ ာ ကုလို့ရသလို ဘယ်လိုအခြေအနေကတော့ အသက်အန္တရယ်ရှိလို့ အချိန်မှီ ဆေးရုံဆေးခန်းပြေးရမယ်ဆိုတာတွေ ပါပါတယ်

🦠အခု ဒီလူနာဦးလေးက. သွေးခဲသွားတာပါ၊ သွေးခဲပိတ်တဲ့နောက်ဆက်တွဲက. အသက်သေနိုင်ပါတယ်၊ ထိုးဆေးကို လုံလောက်အောင်ထိုးပေးရပါတယ်။ တချို့လူနာတွေက ထိုးဆေးလောက်နဲ့မရပါဘူး အရေးပေါ်ခွဲစိတ်ကုသတဲ့အဆင့်ထိလိုပါတယ်၊ ကုသမှုအချိန်မှီဖို့လဲ လိုအပ်ပါတယ်၊ ချက်ချင်းသေနိုင်တဲ့အခြေအနေပါ၊ ကံကောင်းစွာနဲ့ ထိုဦးလေးကတော့ ဒီကနေ့မှာ oxygen 95. on 10 L. ဖြစ်နေပါပြီ
အဲ့ဒီတော့ အသိပေးချင်တာက၊ အခုကျမတို့လို GP တွေ ရင်ဆိုင်နေရတာက covid လက်ရှိဖြစ်နေတဲ့လူနာကိုတင် အာရုံစိုက်နေရတာမဟုတ်တော့ပဲ post covid တွေကပါ စိုးရိမ်ဖွယ်အဆင့်တွေနဲ့ရောက်လာကြလို့ လူထုတစ်ရပ်လုံးကလဲ post covid care နဲ့ covid နောက်ဆက်တွဲဆိုင်ရာကျန်းမာရေးအသိနဲ့ အသိသတိယှဉ်ပြီး၊ နေထိုင်ကြဖို့ ပြောကြားရင်း

18.8.21
Dr Cherry
ထူးစေတနာမွန် အထွေထွေရောဂါကုဆေးခန်း
စီတာပူ
မြစ်ကြီးနား

Crd

👨‍👩‍👧‍👦မိမိတို့မိသားစုသုံးစွဲရန် Quality စိတ်အချရဆုံးကိုရှာဖွေနေပါသလား ?ဒါဆိုရင် SAFETY ကိုသာ ရွေးချယ်လိုက်ပါနော်ဘာကြောင...
19/08/2021

👨‍👩‍👧‍👦မိမိတို့မိသားစုသုံးစွဲရန်
Quality စိတ်အချရဆုံးကိုရှာဖွေနေပါသလား ?

ဒါဆိုရင် SAFETY ကိုသာ ရွေးချယ်လိုက်ပါနော်

ဘာကြောင့်လည်းဆိုတော့
👩‍⚕️Productကိုထုတ်လုပ်နေတဲ့ adminကိုယ်တိုင်က
ဆေးနယ်ပယ်ကလည်းဖြစ်တယ်။

👌WHO Recommended ပေးထားတဲ့
formula နဲ့အညီ ထုတ်လုပ်ပေးထားသောကြောင့်
Alcohol 80% ပါတာမို့ ရောဂါပိုးမွှားတွေမသေမှာ
မစိုးရိမ်ရတော့ဘူးပေါ့။
(Alcohol ပါဝင်မှုနှုန်းပြထားတဲ့ပုံလေးပါ တင်ပေးထားပါတယ်ရှင့်)

အနံကလည်း fresh ဖြစ်စေတဲ့အနံကို သုံးပေးထားတဲ့အတွက် သုံးဖူးတဲ့သူတိုင်းအကြိုက်တွေ့နေကြပါပြီ 😍

စျေးနှုန်းလေးတွေကလည်း
Refill
20liters - 40000ks
5liters- 13000ks
1liter - 3000ks

Spray gun
100ml တစ်ဗူး - 1300ks
100ml ​ဆယ်ဗူးပါတစ်ပါကင် - 10000ks
500ml ​တစ်ဗူး - 2500ks
60ml ချိတ်ဗူး တစ်ဗူး - 1300ks

လက်ကားယူလိုသူများ cb တွင်မေးမြန်းစုံစမ်းနိုင်သလို 09956146614 (or) 09970979115 သို့လည်း ဖုန်းဆက်၍ စုံစမ်းနိုင်ပါတယ်ရှင့်။

"တန်ဖိုးကြီးတဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့

SAFETY Hand Sanitizer ကို သုံးကြစို့"

Instock ygn

ဂရုစိုက်ကြပါနော်
24/07/2021

ဂရုစိုက်ကြပါနော်

Mask N95 ကို ၃ နာရီ ဆက်တိုက် မတပ်ပါနှင့်..
၃ နာရီ ကျော် လျှင် ဘေးကင်းတဲ့နေရာမှာ
နာရီဝက်ခန့် Mask ဖွင့်ပြီး
နားပါ............

အဘယ်ကြောင့်ဆိုသော်
၃ နာရီကျော် ဆက်တိုက် တပ် ထားလျှင်
သွေးထဲမှာ အောက်စီဂျင် နည်းပြီး
အက်စစ်ဓာတ် ဖြစ်ပေါ်လာပါသည်.....

အဲ့လိုဖြစ်လာလျှင် မူးဝေ လာတတ်ပါသည်.....

၃ ထပ်ပါ အပြာအစိမ်း Mask တွေသည်
၄ နာရီ တစ်ကြိမ်...

ပိတ်စ နှင့် ပြုလုပ်ထားသော
Mask သည် ၄ နာရီ တစ်ကြိမ် ဖွင့်ပြီး
ဘေးကင်းသောနေရာတွင်
အသက်ရူ ရပါသည်......

သွေးထဲအောက်စီဂျင် နည်းပြီ အက်စစ်ဓာတ် ဖြစ်ပေါ်ပြီ
အသက်ရူမဝဘဲ သေတတ်သည် ။

Dr.Zyinkey

Crd

Oxygenation and Ventilation အောက်စီဂျင်ရှူဖို့လိုလားအောက်စီမီတာနဲ့တိုင်းတာ 93 ဆို အောက်စီဂျင်ရှူဖို့လိုလားရှင့်SpO2 92% ...
24/07/2021

Oxygenation and Ventilation အောက်စီဂျင်ရှူဖို့လိုလား

အောက်စီမီတာနဲ့တိုင်းတာ 93 ဆို အောက်စီဂျင်ရှူဖို့လိုလားရှင့်

SpO2 92% ကနေ 96% အထိလူနာကို အောက်စီဂျင်ပေးမယ်။ အဲဒီဂဏန်းတွေရဲ့အောက် နဲ့ အထက် မပေးသင့်။

Acute Hypoxemic Respiratory Failure အဆင့်လူနာတွေကို ဆေးရုံအထူးခန်းမှာသာ အောက်စီဂျင် ပေးရတယ်။

Oxygenation and Ventilation https://www.covid19treatmentguidelines.nih.gov/management/critical-care/oxygenation-and-ventilation/

1. COVID-19 Medical Oxygen Tank အောက်စီဂျင် နည်းပေးသူတို့ အမှားများ https://dr-tint-swe.blogspot.com/2021/07/covid-19-medical-oxygen-tank.html
2. Oximeter on right middle finger အောက်စီမီတာ တိုင်းနည်း https://dr-tint-swe.blogspot.com/2021/07/oximeter-on-right-middle-finger.html
3. Oxygen Flow Rate အောက်စီဂျင် ပေးရတဲ့နှုန်း https://dr-tint-swe.blogspot.com/2021/07/oxygen-flow-rate.html
4. Oxygen Therapy အောက်စီဂျင်ပေးခြင်း https://dr-tint-swe.blogspot.com/2021/06/oxygen-therapy.html
5. Oxygen အောက်စီဂျင် https://dr-tint-swe.blogspot.com/2021/07/oxygen.html
6. Oxygen အောက်စီဂျင် မေးခွန်း https://dr-tint-swe.blogspot.com/2021/07/oxygen_15.html
7. Oxygen အောက်စီဂျင်ပေးနည်း https://dr-tint-swe.blogspot.com/2021/07/oxygen_16.html

ဒေါက်တာတင့်ဆွေ

မင်္ဂလာနံနက်ခင်းလေးပါရှင့်သာယာပျော်ရွှင်ဖွယ်ရာကောင်းတဲ့နေ့လေး တစ်နေ့ဖြစ်ပါစေနော်....
16/06/2017

မင်္ဂလာနံနက်ခင်းလေးပါရှင့်
သာယာပျော်ရွှင်ဖွယ်ရာကောင်းတဲ့နေ့လေး တစ်နေ့ဖြစ်ပါစေနော်....

08/04/2017

Admin ခရီးသွားစရာရှိပါသဖြင့် ပစ္စည်းအမှာစာများကိုသာ လက်ခံသွားပါမည်။ခရီးမှ နှစ်ဆန်း၂ရက်နေ့ပြန်ရောက်မှသာ မှာယူထားသောပစ္စည်းများကို ဝယ်သူထံသို့ပို့ဆောင်ပေးပါမယ်ရှင့်။အစဉ်မပျက် ဝယ်သူအားပေးနေသော ဝယ်သူများကိုအထူးကျေးဇူးတင်ပါတယ်ရှင့်။

ကမ္ဘာအချမ်းသာဆုံးလူတွေရဲ့ ခြိုးခြံချွေတဲ့ အကျင့် ၉ ခု============================ဘာသာပြန် - သီဟ (SFJ Strategy First Journ...
01/12/2016

ကမ္ဘာအချမ်းသာဆုံးလူတွေရဲ့ ခြိုးခြံချွေတဲ့ အကျင့် ၉ ခု

============================

ဘာသာပြန် - သီဟ (SFJ Strategy First Journal )

ထီပေါက်ရင်မင်းဘာလုပ်မလဲ လို့ကျွန်တော့်ကိုမေးလာရင်၊ ဈေးကြီးတဲ့ဇိမ်ခံကားတွေ၊ အိမ်အကြီးကြီးတွေ ၀ယ်မယ်လို့ဖြေမှမဟုတ်ပါဘူး။ထီလည်းထိုးလေ့မရှိပါဘူး။ ကမ္ဘာပေါ်မှာအရမ်းချမ်းသာတဲ့လူတွေကိုကြည့် မယ်ဆိုရင် ကိုယ်တိုင်အရမ်းချမ်းသာတဲ့လူတွေဖြစ်နေပေမယ့်လည်း သူတို့ဟာမလိုအပ်တဲ့နေရာတွေမှာငွေကို အလဟသ သုံးလေ့မရှိဘူးဆိုတာသိပါလိမ့်မယ်။ အခုတစ်ခါမှာတော့ ဒေါ်လာသန်းပေါင်းများစွာချမ်းသာသူတို့ရဲ့ ခြိုးခြံချွေတာပုံတွေကို အတုယူပြီး မလိုအပ်ပဲငွေမကုန်နိုင်တဲ့နည်း ၉ခုကိုဖော်ပြထားပါတယ်။

၁။ အိမ်အကြီးကြီးတွေမှာမနေပါဘူး
မက်ဆီကန်နိုင်ငံက Telmex ကုမ္ပဏီရဲ့ chairman နဲ့ CEO ဖြစ်တဲ့ Carlos Slim Helu ဆိုသူဟာ အိပ်ခန်း၆ခန်းပါတဲ့ အိမ်မှာနေ နေတာနစ်၃၀ ကျော်ကြာပါပြီ။( သူတို့လို သူဌေးကြီးတွေအတွက်ဆိုရင် Carlos Slim Helu ရဲ့ အိမ်ဟာတော်တော်သေးတယ်လို့ပြောလို့ရပါတယ်)

၂။ဈေးသက်သာတဲ့ နေရာမှာဝယ်ပါတယ်။
နံပတ် ၁အတိုင်းအိမ်အကြီးကြီးတွေမှာမနေပေမယ့်၊ ပိုက်ဆံသိပ်မကုန်ပဲ ကိုယ်ကြိုက်တဲ့ brandကောင်းတွေဝယ်ဝတ်လို့ရပါတယ်။အများကြီးတော့လျောက်မ၀ယ်နဲ့ပေါ့ ။ နာမည်ကျော် brand အပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းတဲ့ factory outlet store တွေရှိပါတယ်။ ဒီလိုဆိုင်တွေမှာ ဈေးသက်သက်သာသာနဲ့ဝယ်ပြီး smart ကျကျဝတ်ဆင်လို့ရပါတယ်။

၃။ ငွေကိုသုံးသင့်တဲ့နေရာနဲ့ မသုံးသင့်တဲ့နေရာ ဆိုပြီးရှိပါတယ်
ဘယ်လိုအချိန်နဲ့ ဘယ်လိုနေရာမှာ ငွေကိုသုံးသင့်တယ်ဆိုတာကို ပါးနပ်ဖို့လိုပါတယ်။ တစ်ချိန်လုံးဈေးဝယ် ထွက်နေ တာမျိုး၊ အပျော်ခရီးတွေထွက်နေတာမျိုးတွေမလုပ်သင့်ပါဘူး။ အဲဒီအစား ကိုယ်အတွက်အရေးကြီးတဲ့ ၊လိုအပ်တဲ့ နေရာတွေမှာအသုံးပြုပါ။ ဒီလိုပြောလို့ကိုယ်ကြိုက်တာမလုပ်ရဘူး၊ လိုချင်တာမ၀ယ်ရဘူးလို့ မဆိုလိုပါဘူး။နေ့တိုင်းဝယ်နေတာမျိုးမလုပ်ဖို့ပဲလိုပါတယ်။

၎။ကော်ဖီ သောက်တာက ငွေကုန်ပါတယ်(သူတို့နိုင်ငံမှာဆိုရင်ပေါ့)
ဒီဟာက မြန်မာနိုင်ငံကလူတွေအတွက်တော့မသိသာပေမယ့် သူတို့နိုင်ငံမှာဆိုရင် Starbucks ကနေ latte ကော်ဖီတစ်ခွက် မနက်တိုင်းသောက်မယ်ဆိုရင် တစ်လကို ၇၅ ဒေါ်လာလောက်ကုန်ကျမှာဖြစ်ပါတယ်။ Bloomberg သတင်းဌာနပိုင်ရှင် နဲ့ နယူယောက်မြို့ရဲ့မြို့တော်ဝန်အဖြစ်တာဝန်ယူခဲ့တဲ့ Michael Bloomberg ဆိုရင် ကော်ဖီသောက်ရင်ဈေးအသက်သာဆုံး၊ခွက်သေးသာသောက်ပါတယ် ပြီးတော့ နေ့တိုင်း လည်းမသောက်ပါဘူး၊ သူတစ်ကယ်သောက်ချင်တဲ့အချိန်ကျမှသောက်ပါတယ်တဲ့။ ဒီထက်ပိုကောင်းတာကတော့ တစ်လစာကုန်ကျမယ့် ၇၅ဒေါ်လာနဲ့ကော်ဖီဖျော်စက်ကောင်းကောင်း ၀ယ်ပြီးတော့ ကော်ဖီမှုန့်ဝယ်ပြီးဖျော် သောက် သောက်တာက ပိုသက်သာနိုင်ပါတယ်။

၅။ လေယာဉ်စီးရင်economy class ပဲစီးပါတယ်။
ကိုယ့်လုပ်ငန်းက ခရီးခဏခဏသွားနေရတဲ့အလုပ်ဆိုရင် လေယာဉ်လက်မှတ်ခ ကြာလာရင်နည်းမှာ မဟုတ်ပါဘူး။ ကိုယ်စီးနေကျ လေကြောင်းလိုင်းတစ်ခုမှာပဲ စီးပြီးတော့ point တွေရအောင်၊ပြီးတော့ ၁၀ ခါ ၁ ခါလိုမျိုး အလကားပေးစီးတာမျိုးရအောင်လုပ်သင့်ပါတယ်။ အလုပ်ရှိတိုင်း တစ်ချိန်လုံး first class၊ business class တွေပဲစီးပြီးသွားနေရင်တော့ မွဲသွားပါလိမ့်မယ်။ကမ္ဘာကျော် ပရိဘောဂပစ္စည်းကုမ္ပဏီ IKEA က သူဌေးကြီး Ingvar Kamprad တောင် အမြဲတမ်း economy class ပဲစီးတာပဲ၊ သင်ရောဘာလို့ မစီးနိုင်ရမှာလဲ။

၆။ကားတစ်စီးဝယ်ပြီးရင် ၁၀ နှစ်လောက်စီးပါတယ်။
ကမ္ဘာအကြီးဆုံး လက်လီအရောင်းဆိုင်ကုမ္ပဏီကြီး ကိုတည်ထောင်ခဲ့တဲ့ Sam Walton ရဲ့ အငယ်ဆုံးသားဖြစ်ပြီး လက်ရှိ Walmart ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် Jim C.Walton ၊ အိန္ဒိယ နိုင်ငံက IT လုပ်ငန်းရှင်ကြီး Azim Premji ၊ Microsoft ရဲ့ CEO ဟောင်း Steve Balmer နဲ့ IKEA ရဲ့သူဌေး Ingvar Kamprad တို့မှာ တူညီချက်တစ်ခုရှိကြပါတယ်။ သူတို့စီးတဲ့ကားတွေက ဒေါ်လာ ၂ သောင်းအောက်တွေပဲ ဖြစ်ပြီး ၀ယ်ပြီးရင်လည်း နှစ်ပေါင်းများစွာစီးကြပါတယ်။ သင့်ရဲ့ကားဟာ သင်တစ်နှစ်တာလုံးမှာ အကုန်အကျ အများ ဆုံး၊ထိန်းသိမ်းစရိတ် အများဆုံး ဖြစ်နိုင်ပါတယ်။ မလိုအပ်ပဲနဲ့ကားကို၁ နှစ် တစ်ခါ ၂ နှစ်တစ်ခါလောက် ဘာဖြစ်လို့လဲစီးနေမှာလဲ။

၇။အကြွေးမတင်အောင်နေပါ။
ကိုယ်က စီးပွားရေးလုပ်ငန်းအသစ်တစ်ခုကိုစတင်နေခါစဆိုရင်ဒီအချက်ကလိုက်နာဖို့ခက်ခဲ လောက်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းအတွက်ဆိုပြီးအကြွေးတွေယူတာများလာရင် ဒီအကြွေးတွေကိုပဲ ဆပ်ဖို့လုပ်ကိုင်နေရသလို ဖြစ်လာပြီး ကိုယ့်အတွက်တကယ်အရေးကြီးတဲ့ ကိစ္စတွေကိုအာရုံစိုက်နိုင်တော့မှာမဟုတ်ပါဘူး။

၈။ နည်းနည်းနဲ့ပျော်အောင်နေတတ်အောင်သင်ယူပါ
အမေရိကန်နိုင်ငံမှာဆို ရင် လူမှုအသိုင်းအ၀ိုင်းက ဥစ္စာပစ္စည်းတွေကိုအရမ်းဦးစားပေးကြပါတယ်။ less is more ဆိုတဲ့ တန်ဖိုးကိုသိပြီး ၊ တစ်ချိန်လုံးငွေတွေမသုံးဘူးဆိုရင် ကိုယ့်အိပ်ထဲမှာငွေတွေပိုစုမိလာပါလိမ့်မယ်။ Google ကို ပူးတွဲတည်ထောင်ခဲ့တဲ့ Sergey Brin က ကျွန်တော်ကိုငယ်ငယ်တုန်းက အိမ်က ရှိသလောက်နဲ့ပျော်အောင်နေတတ်ဖို့ သင်ပေးခဲ့ပါတယ် လို့ပြောခဲ့ပါတယ်။ သူ့ရဲ့ရှိသလောက်ကနေအခုဆိုရင် ၂၂ ဒသမ ၈ ဘီလီယံ ရှိနေပါပြီ။

၉။ ချမ်းသားသလောက် အသုံးအဖြုန်းမကြီးပါနဲ့။
ဒီအချက်ကိုရှင်းရှင်းလေးပဲပြောရမယ်ဆိုရင် သင်ဟာတစ်နှစ်ဒေါ်လာ ၁ သိန်း အသားတင်ရတယ်ဆိုတာဟာ တစ်နှစ် ကို ဒေါ်လာ၁ သိန်းသုံးသင့်တယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ညတိုင်း ဈေးကြီးတဲ့ ဆိုင်တွေမှမစားပါနဲ့၊ အကျီ င်္ တွေကိုဒီဇိုင်းအသစ်ထွက်တိုင်းမ၀ယ်ပါနဲ့၊တစ်နှစ်တစ်ခါ ကား၊ဖုန်း အသစ်တွေမလိုရင်မ၀ယ်ပါနဲ့၊ ပြီးတော့ အိမ်ရဲ့interior design ကို တစ်ချိန်လုံးပြင်ဆင်တာတွေမလုပ်ပါနဲ့။ ငွေရဖို့ငွေသုံးရမယ် လို့ပြောကြပေမယ့် ရတာတဲ့ငွေကိုလည်းပြန်မကုန်သွားအောင်ထိန်းသိမ်းသင့်ပါတယ်။

SFJ Strategy First Journal

Credit to #သုတဇုန်

Address

Insein
Yangon
YANGON

Telephone

09970979115

Website

Alerts

Be the first to know and let us send you an email when Khant Hein Wedding Invitation Cards And Gift posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share