စာပေလောက Junction Square

စာပေလောက Junction Square "We offer large selection of English and Burmese books. With also a small selection on Chinese Korean and Japanese books.
(376)

We also offer various brands of stationery, art supplies and Gift cards."

စာပေလောက Junction Square ဆိုင်ခွဲ၏New Arrivals နှင့် Back In Stock စာအုပ်များ⭐📖Back In Stockစားသုံးသူများ၏ကျန်းမာရေးအစား...
14/08/2026

စာပေလောက Junction Square ဆိုင်ခွဲ၏
New Arrivals နှင့် Back In Stock စာအုပ်များ

⭐📖Back In Stock

စားသုံးသူများ၏ကျန်းမာရေးအစားအသောက်ဘေးအန္တရာယ်ကင်းရှင်းအောင်ဆောင်ရွက်ပေး
စာရေးသူ-ဒေါက်တာကောင်းစံ
ဈေးနှုန်း-6000
စားသုံးသူကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်ရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။ဒီစာအုပ်လေးထဲမှာတော့အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး၊ကျောင်းမုန့်​စျေးတန်းဆိုင်များသန့်ရှင်းရေး၊ဆိုးဆေးအန္တရာယ်ကာကွယ်ရေး၊အသားငါးစားခြင်းရဲ့အကျိုးကျေးဇူးများစသည့်အချက်အလက်များကိုထည့်သွင်းရေးသားထားတဲ့စာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

လမ်းကြောင်းမတူပန်းဝင်တူ
စာရေးသူ-ခင်မောင်သိန်း
ဈေးနှုန်း-10000
ဒီစာအုပ်လေးကတော့​မူးယစ်ဆေးဝါးပြဿနာနဲ့ကြုံဆုံလာတဲ့အခါအဲ့ဒီကျော့ကွင်းထဲကနေဘယ်လိုနည်းလမ်းတွေနဲ့ရုန်းထွက်ကြမလဲ၊ပတ်ဝန်းကျင်နဲ့မိသားစုကပံ့ပိုးကူညီကြမှု၊ပြဿနာကိုလူငယ်တွေသတိပြုမိစေဖို့၊မိဘတွေအနေနဲလဲကြိုတင်ကာကွယ်နိုင်ဖို့၊ဗဟုသုတများစွာရရှိနိုင်မယ့်စာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

လူတိုင်းရဲ့အာရုံမှာ ကိုယ်ပဲရှိနေပါစေ
စာရေးသူ-မျိုးကျော်ဦး(ချယ်ရီစံ)
ဈေးနှုန်း-6500
လူငယ်တစ်ယောက်ရဲ့ဘဝမှာတစ်ကြိမ်ကျရှုံးရုံနဲ့ကိုယ်ညံ့လို့မဟုတ်ပါဘူးရှင့်။ဒီစာအုပ်လေးကိုဖတ်ခြင်းဖြင့်ကိုယ့်အတွက်အသုံးချလို့ရမယ့်အရာတွေကိုတကယ်တမ်းလက်တွေ့ဘဝမှာပြန်အသုံးချဖို့၊သိုသိုသိပ်သိပ်နေထိုင်ခြင်းကလည်းပြိုင်ဘက်တွေအနေနဲ့ကိုယ့်ရဲ့ဟာကွက်၊ပျော့ကွက်တွေကိုအလွယ်တကူမသိရှိနိုင်တဲ့အချက်တစ်ခုစသည့်အကြောင်းအရာများကိုရေးသားထားသောစိတ်ခွန်အားဖြည့်စာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

ပတ္တမြားမိုး
စာရေးသူ-မင်းသိင်္ခ
ဈေးနှုန်း-12000
ဆရာရဲ့စာအုပ်လေးကတော့ လူတွေရဲ့ဖြစ်တတ်ပျက်တတ်တဲ့သဘောသဘာဝ၊ကံကြမ္မာရဲ့အလှည့်အပြောင်း၊ဓာတ်ရိုက်ဓာတ်ဆင်များအချစ်နှင့်ချမ်းသာခြင်းကြောင့်ပြောင်းလဲလာသောအရာများစသည့်တို့ကိုဝတ္ထုဆန်ဆန်ရေးသားထားသောစာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

🤟📞📲 စာအုပ်များမှာယူလိုပါကစာပေလောက Junction square page၊ ဆိုင်ဖုန်းနံပါတ် 09446446119 နှင့် Junction square ဆိုင်ခွဲတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

စာပေလောက Junction Square ဆိုင်ခွဲ၏New Arrivals နှင့် Back In Stock စာအုပ်များ⭐📖Back In Stockthank u Ex စာရေးသူ-Written b...
13/08/2026

စာပေလောက Junction Square ဆိုင်ခွဲ၏
New Arrivals နှင့် Back In Stock စာအုပ်များ

⭐📖Back In Stock

thank u Ex
စာရေးသူ-Written by AD
ဈေးနှုန်း-7000
အသည်းကွဲပြီးကိုယ့်ကိုယ်ကိုဂရုမစိုက်သူများအတွက်ဖတ်သင့်တဲ့စာအုပ်လေးဖြစ်ပါတယ်ရှင့်။ဒီစာအုပ်လေးကိုဖတ်ခြင်းဖြင့်မိမိကိုယ်ကိုချစ်တတ်ဖို့၊ပေါင်းသင်းအပ်တဲ့လူတွေနဲ့မပေါင်းသင်းအပ်တဲ့လူတွေအကြောင်း၊မိသားစုနဲ့သူငယ်ချင်းတွေရဲ့အရေးပါပုံ၊အသုံးဝင်မယ့်ဗဟုသုတတွေနဲ့စိတ်ဓာတ်ခွန်အားတွေရရှိသွားမယ့်စာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

အခြေခံနေ့စဥ်သုံး ဂျပန်စကားပြော
စာရေးသူ-ဆရာမြင့်ထွန်း
ဈေးနှုန်း-12000
ဒီစာအုပ်လေးကတော့ဂျပန်စာလေ့လာနေသူတွေအတွက်အဆင်ပြေစေမယ့်စာအုပ်လေးဖြစ်ပါတယ်ရှင့်။ပြည်ပနိုင်ငံများသို့သွားရောက်မည့်ဝန်ထမ်းများ၊သဘော်သားများ၊ဂျပန်ဘာသာစကားကိုလေ့လာလိုသောသူများအတွက်ဝါကျ(၃၀၀)ကို ဘာသာပြန်ပေးထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

မြိုင်
စာရေးသူ-ဗန်းမော်သိန်းဖေ
ဈေးနှုန်း-20000
ဆရာရဲ့စာအုပ်လေးကတော့ ချမ်းသာပြီးအနောက်တိုင်းဆန်၍အထက်တန်းလွှာကျသောမိန်းကလေးတစ်ယောက်၊မြန်မာစာပေကိုချစ်မြတ်နိုး၍မြန်မာယဥ်ကျေးမှုကိုအလေးထားသောအမျိုးသားတစ်ယောက်တို့တွေ့ဆုံမိကြသောအခါပေါင်းစည်းမရသောဘဝနှစ်ခုကိုပေါင်းစည်းဖို့ကြိုးစားခဲ့ပုံ၊အိမ်ကသဘောတူသောယောကျာ်းတစ်ယောက်ကိုလက်မခံပဲနေခဲ့ရာမှအိမ်ထောင်သည်ဘဝရောက်သောအခါပြန်၍ဖောက်ပြန်မိပုံအချစ်အလွမ်းနဲ့ဗဟုသုတများစွာကိုရသမြောက်စွာရေးသားထားသောစာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

ဆံကေသာဆိုင်ရာပြဿနာများ
စာရေးသူ-ဒေါက်တာခင်မောင်လွင်(FAME)
ဈေးနှုန်း-15000
ဆံပင်သည်လူသားတို့အတွက်အရေးပါသည့်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်ရှင့်။ဒီစာအုပ်လေးကိုဖတ်ခြင်းဖြင့်ဆံပင်နှင့်ပတ်သက်၍ဆံပင်ကျွတ်စေသည့်အကြောင်းအရင်းများ၊ဆံကေသာနှင့်ပတ်သက်သောဗဟုသုတများ၊ကျန်းမာသန်စွမ်းသောဆံကေသာပိုင်ဆိုင်လိုသူများအတွက်အနောက်တိုင်းဆေးဝါများအပြင်သဘာဝဆေးဝါးနှင့်ဖြည့်စွက်ဆေးဝါးတို့ကိုပါပြည့်စုံစွာရေးသားထားသောစာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

🤟📞📲 စာအုပ်များမှာယူလိုပါကစာပေလောက Junction square page၊ ဆိုင်ဖုန်းနံပါတ် 09446446119 နှင့် Junction square ဆိုင်ခွဲတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

စာပေလောက Junction Square ဆိုင်ခွဲ၏New Arrivals နှင့် Back In Stock စာအုပ်များ⭐📖Back In Stockဘဝ၏ပျော်ရွှင်ခြင်း၊အချစ်၏လှပ...
12/08/2026

စာပေလောက Junction Square ဆိုင်ခွဲ၏
New Arrivals နှင့် Back In Stock စာအုပ်များ

⭐📖Back In Stock

ဘဝ၏ပျော်ရွှင်ခြင်း၊အချစ်၏လှပခြင်း
စာရေးသူTHAR HTWE
ဈေးနှုန်း-8000
ဘဝပျော်ရွှင်ဖို့နှင့်အချစ်ရေးအတွက်ရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။ဒီစာအုပ်လေးထဲမှာတော့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဘယ်လိုဖန်တီးယူရမယ်ဆိုတာလမ်းညွှန်ပြသထားပါတယ်ရှင့်။ကိုယ်လိုချင်တဲ့ဘဝတစ်ခုကိုကိုယ်တိုင်သာဖန်တီးတည်ဆောက်ဖို့စသည့်အချက်အလက်များကိုရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

ဝတ္ထုရှည်သဘောတရားနှင့်ဝတ္ထုရှည်အတတ်ပညာ
စာရေးသူ-မမိုးမြေ
ဈေးနှုန်း-22000
ဝတ္ထုရှည်သဘောတရားနဲ့ပတ်သက်ပြီးရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။ဒီစာအုပ်လေးထဲမှာတော့ဝတ္ထုရှည်သဘော၊ဝတ္ထုရှည်၏အခန်းကဏ္ဍ၊ရည်ရွယ်ချက်သဘောသဘာဝတို့ကိုအပိုင်းလေးတွေခွဲပြီးပြည့်ပြည့်စုံစုံရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

အနမ်းဝိုင်
စာရေးသူ-ပုညခင်
ဈေးနှုန်း-12000
ဆရာမရဲ့စာအုပ်လေးကတော့ငယ်ငယ်ထဲက​မွေးစားခံရပြီးသမီးအရင်းလိုချစ်ခင်ခံရ၍သူနာပြုသင်တန်းတက်မြောက်ထားသောမိန်းကလေး၊ကျန်းမာရေးမကောင်းသောသားလုပ်သူအတွက်ဘာမဆိုအကုန်ဖြည့်ဆည်းပေးနိုင်သောမိခင်မေတ္တာ၊စက်ရုံလုပ်ငန်းသို့အလည်သွားရာမှအမှတ်မထင်ရင်ခုန်၍ချစ်မိသွားသောကောင်လေး၊အချစ်အလွမ်းနှင့်အတ္တတို့ကိုရသမြောက်စွာရေးသားထားသောစာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

ဆီးကျိတ်ကြီးရောဂါ
စာရေးသူ-ဒေါက်တာခင်မောင်လွင်(FAME)
ဈေးနှုန်း-7000
ဆီးကျိတ်ကြီးရောဂါသည်အသက်၅၀​ ကျော်အမျိုးသားများစတင်ဖြစ်ပွားလေ့ရှိသော်လည်းအသက်ကြီးလာလေလေဆီးကျိတ်မှာပို၍ကြီးလာလေဖြစ်၍အမျိုးသားများမလွဲမသွေကြုံတွေ့ရမည့်သဘာဝဖြစ်စဥ်တစ်ခုဖြစ်ပါတယ်ရှင့်။ဒီစာအုပ်လေးကိုဖတ်ခြင်းဖြင့်ဆီးကြိတ်ဘာကြောင့်ကြီးလာရသည်၊မည်သို့ကာကွယ်ရမည်၊ငွေကြေးကုန်ကျမှုနည်းပြီးဘေးထွက်ဆိုးကျိုးနည်းသောသဘာဝနည်းလမ်းများကိုမည်သို့မည်ပုံအသုံးပြုသင့်ကြောင်းစသည့်အချက်များကိုရေးသားထားသောစာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

🤟📞📲 စာအုပ်များမှာယူလိုပါကစာပေလောက Junction square page၊ ဆိုင်ဖုန်းနံပါတ် 09446446119 နှင့် Junction square ဆိုင်ခွဲတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

စာပေလောက Junction Square ဆိုင်ခွဲ၏New Arrivals နှင့် Back In Stock စာအုပ်များ⭐📖Back In Stockဘုရားတပည့်တော်ဘဝ အမြန်ဆုံးအေ...
11/08/2026

စာပေလောက Junction Square ဆိုင်ခွဲ၏
New Arrivals နှင့် Back In Stock စာအုပ်များ

⭐📖Back In Stock

ဘုရားတပည့်တော်ဘဝ အမြန်ဆုံးအေးချမ်းပါရစေ
စာရေးသူ-သော်တာမင်း(Thaw Tarr Burmese Diary)
ဈေးနှုန်း-13000
ဒီစာအုပ်လေးကတော့ဗုဒ္ဓဘာသာရဲ့နိယာမသဘောတရားတွေ၊လောကကြီးရဲ့နိယာမတရားတွေ၊တိတ်ဆိတ်ငြိမ်သက်သောအတွေးများစသည့်အချက်ကလေးတွေကိုရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။အဲ့ထဲမှာမှရန်ကိုရန်ခြင်းမတုံပြန်သင့်ပုံ၊ဘာသာတရားကိုင်းရှိုင်းသင့်သည့်အကျိုးတရားများ၊ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်တဲ့အကျိုးတရားများကိုပြည့်ပြည့်စုံစုံရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်

မရှိမဖြစ်အသုံးချအင်္ဂလိပ်သဒ္ဒါ
စာရေးသူ-ဆရာဦးထွေးမောင်ကျော်
ဈေးနှုန်း-6000
ဒီစာအုပ်လေးကတော့ အင်္ဂလိပ်သဒ္ဒါကိုလေ့လာနေသူများအတွက်စာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။သဒ္ဒါများကိုအဓိပ္ပါယ်မပျက်အောင်ဘာသာပြန်ပေးထားပြီးအပြည့်အဝနားလည်ဖို့ထည့်သွင်းရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ
စာရေးသူ-နုနုရည်အင်းဝ
ဈေးနှုန်း-13000
ဆရာမရဲ့စာအုပ်လေးကတော့ပုပ္ပါးတောင်မှာရှိတဲ့နတ်တွေရဲ့ရိုးရာသမိုင်းများ၊ယုံကြည်ကိုးကွယ်မှု၊တောင်ပြုံးပွဲလာနတ်ကတော်များအကြောင်း၊ကနားပေးပုံ၊အချစ်အလွမ်းများကိုရသမြောက်စွာရေးသားထားသောစာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

ခါးနာဝေဒနါအကြောင်းသိကောင်းစရာများ
စာရေးသူ-ဦးလှမြင့်(ဂန္ဓမာ)
ဈေးနှုန်း-8000
ဒီစာအုပ်လေးကိုဖတ်ခြင်းဖြင့်သင့်ခါးနှင့်ကျောအလုပ်လုပ်ပုံ၊ခါးနာပြဿနာဘာကြောင့်ပေါ်ပေါက်ရတယ်၊ဆေးပေးကုသမှုများစသည့်အကြောင်းအရာများကိုရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

🤟📞📲 စာအုပ်များမှာယူလိုပါကစာပေလောက Junction square page၊ ဆိုင်ဖုန်းနံပါတ် 09446446119 နှင့် Junction square ဆိုင်ခွဲတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

စာပေလောက Junction Square ဆိုင်ခွဲ၏New Arrivals နှင့် Back In Stock စာအုပ်များ⭐📖Back In Stockနိုင်ငံတကာ ဟင်းချက်နည်းများ ...
10/08/2026

စာပေလောက Junction Square ဆိုင်ခွဲ၏
New Arrivals နှင့် Back In Stock စာအုပ်များ

⭐📖Back In Stock

နိုင်ငံတကာ ဟင်းချက်နည်းများ
စာရေးသူ-အန်တီမငယ်
ဈေးနှုန်း-2000
ဒီစာအုပ်ကတော့ တရုတ်ဟင်းလျာ၊ကိုရီးယားဟင်းလျာ၊ထိုင်းစတိုင်လ်ဟင်းလျာ စနစ်တကျချက်ပြုတ်ပြုလုပ်နည်းလေးတွေကိုသေချာလေးရေးပေးထားတဲ့စာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင်။

မြန်မာ့ရိုးရာလုပ်ငန်း ဆယ်ပွင့်ပန်း
စာရေးသူ-ဒဂုန်နတ်ရှင်
ဈေးနှုန်း-8500
ဒီစာအုပ်လေးကတော့ ကလေးဘဝထဲကသိခွင့်ရခဲ့တဲ့ ပန်းဆယ်မျိုးအ​ကြောင်းကို သေချာလေးဖတ်ခွင့်ရမယ့်စာအုပ်လေးဖြစ်ပါတယ်ရှင့်

သိသောသူမည်ကား ကြားပါစေ
စာရေးသူ-သိုးဆောင်း
ဈေးနှုန်း-11000
ဆရာရဲ့စာအုပ်လေးကတော့ရိုးစင်ဖြူစင်ပြီးသစ္စာရှိတယ်လို့ထင်ရသောမိန်းကလေးတစ်ယောက်နှင့်လက်ထပ်လိုက်တဲ့ချမ်းသာတဲ့မိသားစုမှပေါက်ဖွားလာသောကောင်လေးတစ်ယောက်၊ရေခြားမြေခြားမှာအလုပ်သွားလုပ်ပြီးကိုယ့်အိမ်ထောင်ရေးအပေါ်သစ္စာမရှိပဲဖောက်ပြန်ခံရသောအခါသွေးအေးအေးနှင့်ကလဲ့စားချေမှုများကိုဆို့နင့်ကြေကွဲဖွယ်ရေးသားထားသောဝတ္ထုစာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

ရောင့်ရဲခြင်းအနုပညာ
စာရေးသူ-ထက်ထက်တင်ဇာ
ဈေးနှုန်း-12000
နေ့စဥ်ဘဝမှာရှိနေတဲ့၊တွေ့မြင်နေရတဲ့ခံစားမှုတွေ၊ဆက်ဆံရေးတွေကိုမစွန့်ပယ်နိုင်တာကြောင့်စိတ်ရှုပ်စရာတွေကြုံတွေ့ရပြီးဘဝနေထိုင်မှုကလည်းရှုပ်ထွေးနေတတ်ပါတယ်ရှင့်။ဒီစာအုပ်လေးကိုဖတ်ခြင်းဖြင့်လူသားတိုင်းပျော်ရွှင်အေးချမ်းပြီးရောင့်ရဲနိုင်တဲ့ဘဝကိုခံစားနိုင်မှာဖြစ်ပြီးဘယ်လိုရှင်းထုတ်ပစ်ရမယ်၊ရောင့်ရဲတဲ့စိတ်နဲ့ဘဝမှာကျေနပ်ပျော်ရွှင်စွာနေထိုင်ဖို့စသည့်အကြောင်းအရာများကိုရေးသားထားသောဘာသာပြန်စာအုပ်လေးဖြစ်ပါတယ်ရှင့်။

🤟📞📲 စာအုပ်များမှာယူလိုပါကစာပေလောက Junction square page၊ ဆိုင်ဖုန်းနံပါတ် 09446446119 နှင့် Junction square ဆိုင်ခွဲတွင် လာရောက်ဝယ်ယူနိုင်ပါသည်။်

စာပေလောက Junction Square ဆိုင်ခွဲ၏New Arrivals နှင့် Back In Stock စာအုပ်များ⭐📖Back In Stockဟန်ချက်ညီသောဘဝ စာရေးသူ-မွန်ဟ...
09/08/2026

စာပေလောက Junction Square ဆိုင်ခွဲ၏
New Arrivals နှင့် Back In Stock စာအုပ်များ

⭐📖Back In Stock

ဟန်ချက်ညီသောဘဝ
စာရေးသူ-မွန်ဟော်စီ
ဈေးနှုန်း-10000
ဒီစာအုပ်လေးကတော့ကိုယ့်ဘဝရဲ့ဟန်ချက်ညီမျှမှု၊မညီမျှမှုတွေကိုကိုယ်တိုင်ဆန်းစစ်တွေ့မြင်နိုင်ပြီးပြန်လှန်ချိန်ညှိနိုင်ဖို့အကောင်းဆုံးရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

ကျန်းမာစေကြောင်းနည်းလမ်းကောင်းများ
စာရေးသူ-ဒေါက်တာအောင်မော်
ဈေးနှုန်း-5000
လူတိုင်းလူတိုင်းအနာရောဂါကင်းရှင်း၍ကျန်းမာခြင်းနှင့်ပြည့်စုံစွာနေထိုင်ဖို့အရေးကြီးပါတယ်ရှင့်။ဒီစာအုပ်လေးကိုဖတ်ခြင်းဖြင့်အစာအာဟာရကိုမှန်ကန်စွာစားသောက်နည်း၊ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်နည်း၊ဆေးဝါးများဝယ်ယူသောက်သုံးရာတွင်မည်သည့်ဆေးဝါးကိုသုံးစွဲသင့်ကြောင်းစသည့်အချက်အလက်များကိုရေးသားဖော်ပြထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

လေ့လာမှတ်သားမြန်မာစကားများ
စာရေးသူ-(စာပေနန်းတော် အယ်ဒီတာအဖွဲ့ပြုစုသည်)
ဈေးနှုန်း-3500
မြန်မာစာပေ၊မြန်မာစကားနဲ့ပတ်သက်ပြီးတော့ရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။မိခင်ဘာသာစကားဖြစ်တဲ့အတွက်သေချာလေးလေ့လာမှတ်သားသင့်ပါတယ်ရှင့်။ဒီစာအုပ်လေးထဲမှာတော့လေ့လာမှတ်သားစရာခေါင်းစဥ်သေးသေးလေးတွေကိုစာပိုဒ်လေးတွေနဲ့ရှင်းလင်းအောင်ရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

Diary of Teenager
စာရေးသူ-အက္ခရာ
ဈေးနှုန်း-8000
ဒီစာအုပ်လေးကတော့ဆယ်ကျော်သက်လေးတွေအတွက်ရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။လူငယ်တွေအ​တွက်ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ဖို့နှင့်ကိုယ်ပိုင်ဘဝကိုပုံဖော်နိုင်ခြင်းစသည့်အကြောင်းအရာအချက်အလက်များကိုရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

🤟📞📲 စာအုပ်များမှာယူလိုပါကစာပေလောက Junction square page၊ ဆိုင်ဖုန်းနံပါတ် 09446446119 နှင့် Junction square ဆိုင်ခွဲတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

စာပေလောက Junction Square ဆိုင်ခွဲ၏New Arrivals နှင့် Back In Stock စာအုပ်များ⭐📖Back In Stockမင်္ဂလာရက်မြတ်မှာလက်ထပ်ကြတော...
08/08/2026

စာပေလောက Junction Square ဆိုင်ခွဲ၏
New Arrivals နှင့် Back In Stock စာအုပ်များ

⭐📖Back In Stock

မင်္ဂလာရက်မြတ်မှာလက်ထပ်ကြတော့မည်ဆိုလျှင်
စာရေးသူ-ဝင်းဇော်(သစ်တော)
ဈေးနှုန်း-7000
ဒီစာအုပ်လေးကတော့ လက်ထပ်မင်္ဂလာနဲ့ပတ်သတ်ပီးရေးထားတာပါရှင့်။စာအုပ်ထဲမှာတော့မင်္ဂလာ​ဆောင်ရန်မသင့်တော်တဲ့လခြောက်လကိုလဲဖော်ပြထားပါတယ်ရှင့်။အိမ်ထောင်ဖက်တွေရဲ့သင့်တော်မယ့်နေ့နံအလိုက်တွဲဖက်ပုံလေးတွေကိုရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

ဝါသီးနှံအထွက်တိုးရေးအတွက်ဘက်စုံသီးနှံကာကွယ်ရေးနည်းလမ်းများ
စာရေးသူ-ဒေါက်တာကိုကို(စိုက်ပျိုးရေး)
ဈေးနှုန်း-7000
ဝါသီးနှံစိုက်ပျိုးရေးတွေကိုဒီစာအုပ်ထဲမှာဖော်ပြထားပါတယ်ရှင့်။ဝါသီးနှံမှာကျရောက်တတ်တဲ့ပိုးမွှားတွေအကြောင်း၊ပိုးမွှားတွေကိုဘယ်လိုနှိမ်နင်းရမယ့်အကြောင်း၊ပိုးမွှားများနှိမ်နင်းဖို့အတွက်ဘယ်လိုပိုးသတ်ဆေးများအသုံးပြုသင့်ကြောင်းစသည့်တို့ကိုရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

ဥာဏ်ပညာနဲ့ဆင်ယင်ထားတဲ့အလှတရား
စာရေးသူ-ကလောင်စုံ
ဈေးနှုန်း-10000
ဒီခေတ်ကြီးထဲမှာမလှတဲ့လူဆိုတာလည်းခပ်ရှားရှားရယ်ပါ။ရုပ်ပိုင်းဆိုင်ရာလှပဖို့၊ပြင်ဆင်ဖို့ဆိုတာလဲလွယ်ကူပါတယ်ရှင့်။ဒီစာအုပ်လေးကိုဖတ်ခြင်းဖြင့်လူတစ်ယောက်မှာလှပရုံသာမကပဲဉာဏ်ပညာနဲ့ယှဥ်ပြီးဘဝကိုဦး​ဆောင်နိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့၊လူတိုင်းမှာကိုယ့်အလှနဲ့ကိုယ်ရှိကြပြီးကိုယ့်ရဲ့တန်ဖိုးကိုအကောင်းဆုံးမြှင့်တင်ဖို့၊ဉာဏ်ပညာရှိရှိဆင်ယင်ထားတဲ့အလှတရားများစွာလဲလူတိုင်းမှာရှိသင့်ဖို့ရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

နန်းဟာဗီး
စာရေးသူ-ရန်ကုန်ဘဆွေ
ဈေးနှုန်း-9000
ဒီစာအုပ်လေးကတော့နာဂလူမျိုးတွေရဲ့ရှေးအစဥ်လာဓလေ့စရိုက်များ၊မိန်းမပျိုများအပေါ်အနိုင်အထက်ပြုကျင့်မှု၊ခေတ်ပညာတတ်များ၏အမြင်များနဲ့တစ်ဖြည်းဖြည်းပြောင်းလဲလာပုံ၊အချစ်အလွမ်းများကိုရသမြောက်စွာရေးသားထားသောစာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

🤟📞📲 စာအုပ်များမှာယူလိုပါကစာပေလောက Junction square page၊ ဆိုင်ဖုန်းနံပါတ် 09446446119 နှင့် Junction square ဆိုင်ခွဲတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

စာပေလောက Junction Square ဆိုင်ခွဲ၏New Arrivals နှင့် Back In Stock စာအုပ်များ⭐📖Back In Stockစားသုံးဆီနှင့်ကျန်းမာရေး စာရ...
07/08/2026

စာပေလောက Junction Square ဆိုင်ခွဲ၏
New Arrivals နှင့် Back In Stock စာအုပ်များ

⭐📖Back In Stock

စားသုံးဆီနှင့်ကျန်းမာရေး
စာရေးသူ-ဒေါက်တာခင်မောင်လွင်(FAME)
ဈေးနှုန်း-15000
လူတစ်ယောက်ကျန်းမာစေရန်စားသုံးဆီများ၏အခန်းကဏ္ဍမှာအထူးပင်အရေးပါလှပါသည်ရှင့်။ဒီစာအုပ်လေးကိုဖတ်ခြင်းဖြင့်မိမိနှင့်အသင့်တော်ဆုံးဖြစ်မည့်စားသုံးဆီအမျိုးအစားကိုရွေးချယ်စားသောက်တတ်ရန်၊မသင့်တော်သည့်ရောနှောထားသောဆီများကြောင့်မိမိ၏ကျန်းမာရေးထိခိုက်နိုင်မည့်စသည့်အချက်အလက်များကိုရေးသားထားသောစာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

ဆရာလွတ်၊လက်တွေ့အသုံးချအခြေခံတရုတ်စကားပြော
စာရေးသူ-မြင့်ထွန်း(ဆရာထောင်)BA(Geog) CBA(Chinese)
ဈေးနှုန်း-2500
အခြေခံတရုတ်စကားပြောလေ့လာနေသူတွေအတွက်သင့်တော်မယ့်စာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

အချစ်ဆုံးသူရဲ့အတ္ထုပ္ပတ္တိ
စာရေးသူ-နွမ်ဂျာသိုင်း
ဈေးနှုန်း-7000
ဆရာရဲ့စာအုပ်လေးကတော့ ဆေးကျောင်းသူကောင်မလေးကိုမှငယ်သံယောဇဥ်ကြောင့်ချစ်ပေးပြီးအစစအရာရာဂရုစိုက်ပေးသောကောင်လေးနှင့်အဲ့ကောင်လေးကိုမှသည်းသည်းလှုပ်ချစ်ပြီးအရိပ်တစ်ကြည့်ကြည့်နဲ့အမြဲဖြည့်ဆည်းပေးသောမြလေးဆိုတဲ့ကောင်မလေး၊တက္ကသိုလ်ကျောင်းရဲ့အငွေ့အသက်များ၊လူငယ်တွေရဲ့အချစ်၊အလွမ်းဇာတ်လမ်းများကိုရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

ဓလေ့သမိုင်းများ
စာရေးသူ-ရွှေကိုင်းသား
ဈေးနှုန်း-15000
ဒီစာအုပ်လေးကတော့မြန်မာ့ဓလေ့သမိုင်းတွေနဲ့ပတ်သက်ပြီးတော့ရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။စာအုပ်လေးထဲမှာတော့ရှေးဟောင်းစာပေသမိုင်းတွေ၊ရှေးဟောင်းပန်းချီပညာတွေစတာတွေအပြင်​ရှေးခေတ်မြန်မာအမျိုးသမီးတွေဝတ်စားဆင်ယင်ပုံများကိုရေးသားထားသောစာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

🤟📞📲 စာအုပ်များမှာယူလိုပါကစာပေလောက Junction square page၊ ဆိုင်ဖုန်းနံပါတ် 09446446119 နှင့် Junction square ဆိုင်ခွဲတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

စာပေလောက Junction Square ဆိုင်ခွဲ၏New Arrivals နှင့် Back In Stock စာအုပ်များ⭐📖 New Arrivalsပင်ပန်းမှုတွေကြားမှာရင့်ကျက်...
06/08/2026

စာပေလောက Junction Square ဆိုင်ခွဲ၏
New Arrivals နှင့် Back In Stock စာအုပ်များ

⭐📖 New Arrivals

ပင်ပန်းမှုတွေကြားမှာရင့်ကျက်စွာရှင်သန်ခြင်း
စာရေးသူ-ချမ်းမင်းခန့်
စျေးနှုန်း-8000
လူ့ဘဝမှာတိုးတက်အောင်မြင်ဖို့ဆိုရင်အမြဲတမ်းကြိုးစားနေရပါမယ်ရှင့်။အဲ့လိုကြိုးစားတဲ့အခါမှာပင်ပန်းဆင်းရဲမှုရှိသလို၊အေးအေးချမ်းချမ်းနဲ့အဆင်ပြေသွားတဲ့နေ့တွေလဲရှိမှာပါရှင့်။အောင်မြင်မှုဆိုတာအလွယ်တစ်ကူတော့လက်လှမ်းယူလို့မရနိုင်ပါဘူးရှင့်။အဲ့လိုပင်ပန်းမှုတွေရင်းပြီးမှရရှိလာတဲ့အောင်မြင်မှုဘဝပေါ်မှာရင့်ကျက်စွာရှင်သန်နိုင်ဖို့ဆိုရင်ဒီစာအုပ်လေးကိုဖတ်သင့်ပါတယ်ရှင့်။

⭐📖Back In Stock

သင်လုပ်နိုင်တယ်
စာရေးသူ-ပိုင်သုတ
စျေးနှုန်း-14000
ဘဝမှာကိုယ်လိုချင်တဲ့ပန်းတိုင်တစ်ခုရောက်ဖို့ကြိုးစားတဲ့အခါငါတစ်ကယ်ကောလုပ်နိုင်ပါ့မလားဆိုတဲ့သံသယစိတ်တွေဝင်လာတက်ပါတယ်။တစ်ခါတစ်ရံပတ်ဝန်းကျင်ကမင်းလုပ်နိုင်မှာမဟုတ်ဘူးလို့ပြောလာတဲ့အခါကိုယ့်ရဲ့ယုံကြည်မှုတွေပြိုလဲသွားတတ်ပါတယ်။အဲ့လိုအခါမျိုးမှာဆိုရင်ဒီစာအုပ်လေးကိုဖတ်ခြင်းအားဖြင့်သင့်အတွင်းစိတ်ကအကြောက်တရားတွေဖယ်ရှားပေးပြီးဘဝကိုအောင်မြင်စွာလျှောက်လှန်းနိုင်ဖို့ခွန်အားဖြစ်စေမယ့်စာအုပ်လေးဖြစ်ပါတယ်ရှင့်။

အိမ်ခြံမြေဝယ်ရောင်းဌားဥပဒေ
စာရေးသူ-ဦးကျော်ဇေယျ
စျေးနှုန်း-13000
ဒီစာအုပ်လေးကတော့ယနေ့ခေတ်မြေအရောင်းအဝယ်လုပ်သူတွေအတွက်ရှိ​သင့်ရှိထိုက်တဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်ရှင့်။ဒီစာအုပ်လေးထဲမှာတော့အိမ်ခြံမြေဝယ်ရောင်းဌားဥပဒေနဲ့ပတ်သက်ပြီးအသေးစိတ်ရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

အဓိပ္ပါယ်ရှိသောဘဝ
စာရေးသူ-ထက်ထက်ထွန်း
စျေးနှုန်း-15000
လူရယ်လို့ဖြစ်လာရင် ကိုယ်လုပ်လိုက်တဲ့လုပ်ရက်တွေဟာအဓိပ္ပါယ်ရှိနေဖို့လိုအပ်ပါတယ်ရှင့်။မှန်ကန်တဲ့အတွေးအမြင်၊စိတ်နေစိတ်ထား၊အသိသတိတွေထားရှိပြီးနေထိုင်ကြမယ်ဆိုရင်အဓိပ္ပါယ်ရှိသောဘဝလေးကိုပိုင်ဆိုင်ရရှိဖို့အတွက်ဒီစာအုပ်လေးကိုဖတ်သင့်ပါတယ်ရှင့်။

🤘📞📲 စာအုပ်များမှာယူလိုပါက စာပေလောက Junction Square page၊ ဆိုင်ဖုန်းနံပါတ် 09446446119 နှင့် junction square ဆိုင်ခွဲတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

စာပေလောက Junction Square ဆိုင်ခွဲ၏New Arrivals နှင့် Back In Stock စာအုပ်များ⭐📖Back In Stockနင့်နေအောင်ချစ်ခဲ့မိ၍ ရူးနေအ...
05/08/2026

စာပေလောက Junction Square ဆိုင်ခွဲ၏
New Arrivals နှင့် Back In Stock စာအုပ်များ

⭐📖Back In Stock

နင့်နေအောင်ချစ်ခဲ့မိ၍ ရူးနေအောင်နာကျင်ရပါသည်
စာရေးသူ-ဂုဏ်ရှိန်ဝါ
ဈေးနှုန်း-8000
ဒီစာအုပ်လေးကတော့လူငယ်တွေသဘာဝဖြစ်တတ်တဲ့ချစ်ခြင်း၊မုန်းခြင်းလေးတွေကိုရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။ချစ်ခြင်းမေတ္တာဖွဲ့အကြောင်းလေးတွေ၊အေးချမ်းစွာလက်လွှတ်ခြင်းအကြောင်းလေးတွေ၊လမ်းခွဲမှုတွေနဲ့ကြုံလာတဲ့အခါတစ်ယောက်တည်းကျင့်သားရအောင်နေတတ်သွားတဲ့အကြောင်းလေးတွေကိုရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

ငယ်သေးတယ်လို့အမြဲတွေးပါ
စာရေးသူ-တင်မိုးလွင်(Talents & Models)
ဈေးနှုန်း-3000
ဒီစာအုပ်လေးကတော့ကျန်းမာရေးလေ့လာလိုက်စားနေသူတွေအတွက်ဖတ်ဖို့သင့်တော်မယ့်စာအုပ်လေးဖြစ်ပါတယ်ရှင့်။ဒီစာအုပ်လေးထဲမှာတော့အလှအပကိုချစ်မြတ်နိုးသူတွေအတွက်ငယ်ရွယ်နုပျိုမှုကိုပိုင်ဆိုင်လိုသူများအတွက်မဖြစ်​မနေဖတ်သင့်တဲ့စာအုပ်လေးဖြစ်ပါတယ်ရှင့်။ယောဂကျင့်စဥ်​နည်းလမ်းကောင်းများကိုလဲပြည့်ပြည့်စုံစုံထည့်သွင်းရေးဖွဲ့ထားပါတယ်ရှင့်။

ရက်ရွေးမနေပါနဲ့ ကိုကိုရယ်
စာရေးသူ-နွမ်ဂျာသိုင်း
ဈေးနှုန်း-8500
ဆရာရဲ့စာအုပ်လေးကတော့ မန္တလေးသင်္ကြန်ရဲ့အငွေ့အသက်လေးတွေ၊ကျုံးပတ်လည်ရဲ့အလှအပများသင်္ကြန်မှာဆုံခဲ့ရသောကောင်လေးနဲ့ကောင်မလေးတို့အကြောင်း၊သင်္ကြန်ဖူးစာကြောင့်ချစ်မိသွားသောအခါအခက်အခဲများ၊အချစ်နှင့်အလွမ်းအဆွေးများကိုရေးသားထားသောစာအုပ်ကောင်းလေးဖြစ်ပါတယ်ရှင့်။

လွှတ်ချသင့်တာလွှတ်ချပြီး ရှေ့ဆက်ပါ
စာရေးသူ-ထက်ထက်တင်ဇာ
ဈေးနှုန်း-15000
လူအများစုကမကောင်းတဲ့အတွေးတွေ၊စိတ်ခံစားမှုတွေနဲ့ဖိစီးနေတတ်ကြပါတယ်ရှင့်။ဒီစာအုပ်လေးကိုဖတ်ခြင်းဖြင့်မကောင်းတဲ့အတွေးတွေ၊စိတ်ခံစားမှုတွေကိုလွှတ်ချနိုင်မှာဖြစ်ပြီး၊နောင်တတရားနဲ့နာကျင်စရာတွေကိုလည်းဖယ်ထုတ်ပစ်လိုက်မယ်ဆိုရင်စိတ်လွှတ်လပ်မှုကိုခံစားရမှာဖြစ်ကြောင်းရေးသားထားသောစာအုပ်လေးဖြစ်ပါတယ်ရှင့်။

🤟📞📲 စာအုပ်များမှာယူလိုပါကစာပေလောက Junction square page၊ ဆိုင်ဖုန်းနံပါတ် 09446446119 နှင့် Junction square ဆိုင်ခွဲတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

Address

Junction Square, Level 2, 02-050, Between Aung Mingalar Premium Dental Clinic And Medicare
Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959446446119

Alerts

Be the first to know and let us send you an email when စာပေလောက Junction Square posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category