La Yaung Phoo Online Shop

La Yaung Phoo Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from La Yaung Phoo Online Shop, Shopping Service, Yangon.

ကျေးဇူးတရား 🙏-------------လောကတွင် ကျေးဇူးတရားသိမြင်သောသူဝစီကံဖြင့် ကျေးဇူးတရားကိုထုတ်ဖော်ပြောဆိုသောသူကာယကံဖြင့် ကျေးဇူး...
11/07/2025

ကျေးဇူးတရား 🙏
-------------
လောကတွင် ကျေးဇူးတရားသိမြင်သောသူ
ဝစီကံဖြင့် ကျေးဇူးတရားကို
ထုတ်ဖော်ပြောဆိုသောသူ
ကာယကံဖြင့် ကျေးဇူးပြန်ဆပ်သောသူ
ဤ သုံးမျိုးကို ပြည့်စုံအောင်ကြိုးစားကြရပါမည်။

လောကတွင် အထောက်အပံ့တရားနှင့်
လွတ်ကင်းသောသူ တစ်ဦးမှ မရှိပါဘူး
အထောက်အပံ့သည် ကျေးဇူးတရားပါ
ကျေးဇူးတရားသည်လည်း လွတ်ကင်းသောသူ
တစ်ဦးမှ မရှိပါဘူး။

ဒါကြောင့် ကျေးဇူးရှိတဲ့သူကို
ကျေးဇူးတရားသိမြင်ပြီး
ကျေးဇူးရှိပါတယ်လို့ ပြောပြီး
ကျေးဇူးဆပ်နိုင်သူများဖြစ်ကြပါစေ။ 🙏🙏🙏

Crd.nyanzintunblog

ဝန်ထမ်းတွေ ဘာလို့မပျော်ကြတာလဲ?*****************************ဒီတခါတော့ လုပ်ငန်းခွင်အများစုမှာ ဝန်ထမ်းတွေဘာလို့မပျော်ပိုက်က...
04/01/2025

ဝန်ထမ်းတွေ ဘာလို့မပျော်ကြတာလဲ?
*****************************
ဒီတခါတော့ လုပ်ငန်းခွင်အများစုမှာ ဝန်ထမ်းတွေ
ဘာလို့မပျော်ပိုက်ကြသလဲ?

ဝန်ထမ်းတွေ ကိုယ့်ဌာနမှာမပျော်တာ!
ကိုယ့်အလုပ်ကိုယ် အထင်မကြီးတဲ့အပေါ်
သိသာထင်ရှားစွာ ထောက်ပြနိုင်တဲ့အချက်တစ်ခု
ရှိပါသေးတယ်။

အဲဒါကတော့ တခြားဌာနက လစ်လပ်တစ်ဆင့်မြင့်ရာထူး/
လစာနှုန်းတူရာထူးတွေခေါ်တဲ့အခါ
အလုအယက် လျှောက်ကြတာပဲဖြစ်ပါတယ်။

နိုင်ငံ့တာဝန်ကိုထမ်းဆောင်နေကြတဲ့ !
ပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ !
အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို
အကောင်အထည်ဖော်ပေးနေကြတဲ့ ဝန်ထမ်းတွေ
ဘာလို့ မပျော်ကြသလဲ ???

စိတ်ဝင်တစားလေ့လာကြည့်တဲ့အခါ
အောက်ပါအချက်တွေကို တွေ့ရှိရပါတယ်-

(၁) အထောက်အပံ့ပစ္စည်း နိမ့်ကျခြင်း

အင်္ဂလိပ်လိုပြောရင် ပိုရှင်းပါလိမ့်မယ်။ facility ပါ။
ဖက်ဆလတီနိမ့်ကျတဲ့အခါ ဝန်ထမ်းဟာ
ကိုယ့်ဌာနကိုယ် အထင်မကြီးပါဘူး။
အလုပ်မှာ မပျော်ပါဘူး။

ဌာနဆိုင်ရာမှာ ဖက်ဆလတီကို ၂ ပိုင်း ခွဲနိုင်ပါတယ်။
နေစရာနေရာ နဲ့ စီးစရာကားပါ။
နိုင်ငံ့တာဝန်ကိုထမ်းဆောင်နေကြတာခြင်းအတူတူ
သူများဌာနက နေစရာအိမ်/အခန်း အဆင်ပြေပြီး
ကိုယ့်ဌာနက နေစရာမစီစဉ်ပေးနိုင်ဘူးဆိုရင်
ဝန်ထမ်းဟာ သူ့ဌာနအပေါ်
အထင်အမြင်သေးတဲ့စိတ်ဝင်ကိုဝင်ပါတယ်။
အင်ပရက်ရှင် ဒေါင်းတယ်ပေါ့။

ဝန်ထမ်းတွေ စိတ်ချမ်းသာပျော်ရွှင်စွာ
တာဝန်ထမ်းဆောင်နိုင်ဖို့ နေစရာအခန်းကိစ္စပြီးရင်
အဓိကအရေးကြီးတာ ဖယ်ရီကိစ္စဖြစ်ပါတယ်။

ဌာနတော်တော်များများမှာ ခုချိန်ထိ ကားအို/
ကားအစုတ်တွေကို ဖယ်ရီအဖြစ် အသုံးပြုနေကြဆဲဖြစ်ပါတယ်။

တကယ်ဆို အရင်အစိုးရလက်ထက်ကတည်းက
ယာဉ်အို/ယာဉ်ဟောင်းများ ပြန်လည်အပ်နှံဖို့
ညွှန်ကြားခဲ့ပေမယ့် လုပ်ငန်းလိုအပ်ချက်ဗန်းပြပြီး
ဆက်လက်အသုံးပြုနေကြတာဖြစ်ပါတယ်။

ဌာနဆိုင်ရာ မော်တော်ယာဉ်မှူးတွေနဲ့ ဌာနအကြီးအကဲတွေရဲ့
လက်ဝါးချင်းရိုက် လက်သိပ်ထိုး အကွက်တွေဖြစ်ပါတယ်။
အကျိုးဆက်က ဝန်ထမ်းတွေဟာ မီးခိုးနံ့အူ ဆီနံ့ရှူ
မိုးပက်ခံရင်းနဲ့ နိစ္စဓူဝ ရောဂါရနေကြတာဖြစ်ပါတယ်။

ဖယ်ရီကားကောင်းကောင်းလေးစီး
ရုံးတက်နေတဲ့ဝန်ထမ်းတွေကိုအားကျရင်း
ကိုယ့်ဌာနကိုစိတ်ပျက်နေတဲ့ဝန်ထမ်းတွေ
အများကြီးပဲဖြစ်ပါတယ်။

(၂) အခွင့်အရေး တန်းတူမညီမျှမှု

အလုပ်လုပ်ရတာခြင်းအတူတူ
တန်းတူအခွင့်အရေးမရတဲ့အခါ
ဝန်ထမ်းဟာ အလုပ်မှာ မပျော်တော့ပါဘူး။
ဌာနကိုလည်း စိတ်ကုန်လာပါတယ်။
လူကြီးအပေါ်လည်း မလေးစားတော့ပါဘူး။

လူဆိုတာ အသိအမှတ်ပြုအခံချင်ဆုံးသတ္တဝါဖြစ်ပါတယ်။
အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမခံရတဲ့အခါ
ဝန်ထမ်းဟာ စိတ်ဓာတ်ကျလာပါတယ်။

လုပ်လည်းမထူးဘူး ! မလုပ်လည်း မထူးဘူး ။
အချိန်တန်တဲ့အခါ ရာထူးတိုးဖို့လဲ မစဉ်းစားပေးဘူး။အဲ့ဒီအခါ
ဝန်ထမ်းတွေရဲ့စိတ်ဓာတ်ကို ရိုက်ချိုးပစ်တာနဲ့တူပါတယ်။

(၃) ဝန်ပိခြင်း

ခိုင်းလို့ရတယ် ! သုံးလို့ရတယ်! တော်တယ်!
ခိုင်းကောင်းတယ်ဆိုပြီး ကျန်တဲ့သူကို တာဝန်မပေးဘဲ
တစ်ယောက်တည်းကိုပဲလှိမ့်ခိုင်းတဲအခါ
ဝန်ထမ်းဟာ အလုပ်မှာ မပျော်တော့ပါဘူး။
ရုံးတက်ရမှာ ကြောက်သွားတတ်ပါတယ်။

တစ်ခါတလေ လုပ်ငန်းလိုအပ်ချက်အရ
အချိန်ပိုဆင်းရတာမျိုးမဟုတ်ဘဲ အမြဲတစေ
အချိန်ပိုဆင်းရတဲ့အခါ ဝန်ထမ်းဟာ
စွမ်းဆောင်ရည်ကျလာပါတယ်။
စိတ်ဓာတ်ကျလာပါတယ်။
ကျန်းမာရေးလည်း ယိုယွင်းလာပါတယ်။

(၄) ပူလောင်နေတဲ့ လုပ်ငန်းခွင်

ကိုယ့်အထက်လူကြီးက အထက်ကိုဖားပြီး
အောက်ကိုဖိတယ်။ ပြဿနာဖြစ်ရင် တာဝန်မခံဘူး ထိုးချတယ်။
မလိုအပ်ဘဲ အာဏာပါဝါပြတယ်။

ညစ်တယ် ရစ်တယ်ဆိုရင် သူ့လက်အောက်ကဝန်ထမ်းတွေဟာ
လုပ်ငန်းခွင်ပျော်ရွှင်မှု(sense of happiness)
ပျောက်ဆုံးတတ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်အချင်းချင်း မစည်းလုံးဘူး။ မဖေးမဘူး။
ကွယ်ရာမှာ တစ်ဦးအတင်း တစ်ဦးပြော!
တစ်ယောက်နဲ့တစ်ယောက် ခြေထိုးခံနေမယ်ဆိုရင်
အဲဒီ့ဌာနရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ဟာ
သိသိသာသာ နိမ့်ကျနေမှာဖြစ်ပါတယ်။

CreditMoeKha

 #ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။ကားတစီးမှာ စက်တခုခု ချို့ယွင်းလာရင် ဒတ်ရှ်ဘုတ်မှာ မီးရောင်စုံလေးတ...
07/12/2024

#ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။
ကားတစီးမှာ စက်တခုခု ချို့ယွင်းလာရင် ဒတ်ရှ်ဘုတ်မှာ မီးရောင်စုံလေးတွေ လင်းလာပြီး သတိပေးသလို
ခန္ဓာကိုယ်မှာ တခုခုပြသနာတက်ရင်လည်း
သတိပေးတတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။

ဒီသတိပေးချက်တွေကို နားလည်ထားရင်
ဘယ်နားမှာနာတာက ဘယ်အင်္ဂါအစိတ်အပိုင်းကို
ညွှန်ပြနေလဲဆိုတာ ကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။

ကျောက်ကပ်မှာပြသနာရှိနေရင် ခါးနာတတ်ပါတယ်။
ကျောက်ကပ်နှစ်လုံးက တင်ပါးအပေါ် ခါးတဝိုက်မှာ
ဘယ်တလုံး ညာတလုံးရှိတာမို့ ကျောက်ကပ်မှာ
ပြသနာရှိနေရင် ခါးနာတာကနေတဆင့်
သိရှိနိုင်ပါတယ်။

နှလုံးနဲ့ပတ်သက်တဲ့ ပြသနာတွေကိုတော့
ဘယ်ဘက်လက်မောင်းအတွင်းဘက် နာတာ၊
ရင်ဘတ်အောင်တာတွေကနေတဆင့် သိနိုင်ပါတယ်။

လည်ပင်းနဲ့ပုခုံးတဝိုက်နာကျင်တာ က အဆုပ်နဲ့
ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ကြွက်သားပြားမှာ ပြသနာရှိတာကို
ပြသနေတဲ့ လက္ခဏာတခုပါ။

ဘယ်ဘက်ပုခုံးထိပ်နာကျင်တာက သရက်ရွက်မှာ
ပြသနာရှိနေပြီးလို့ သတိပေးနေတာပါ။

ရင်ပူတာရင်ဝတဝိုက်နာကျင်နေပြီဆိုရင်
အစာအိမ်မှာ တခုခုဖြစ်နေပါပြီ။
အစာအိမ်နာတဲ့ဝေဒနာက ကျောဘက်မှာလည်း
ခံစားရနိုင်တာကို သတိထားရပါမယ်။

ဝမ်းဗိုက်ညာဘက်နံရိုးတွေအဆုံးမှာနာတာက
အသည်းက ပြသနာတွေကို သတိပေးနေတာပါ။
ဝမ်းဗိုက်ညာဘက်အပြင် ကျောညာဘက်ခြမ်းမှာလည်း
နာတတ်သေးလို့ မပေါ့ဆသင့်ပါဘူး။

အူအတက်ရောင်တဲ့ဝေဒနာက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းမှာ အထိမခံနိုင်အောင် နာတာမျိုးဖြစ်တတ်လို့ အဲလိုနာနေရင်အမြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ညဘက်ဆီးသွားများခြင်း၊ရေငတ်ခြင်း၊နှုံးချိခြင်း များဖြစ်နေပြီဆို ဆီးချိုစစ်ကြည့်သင့်ပါတယ်။

ဆီးတစက်စက်သွားခြင်း၊ဆီးညှစ်လိုက်ပြီဆို ဆီးသွားတာရပ်တန့်ပြီး စိတ်လျှော့လိုက်ပါက ဆီးပုံမှန် ပြန်ထွက်တဲ့လက္ခဏာဆို ဆီးကျိတ်ကို စစ်သင့်ပါပြီ။

ခြေထောက်တဘက်တည်းနာတယ်
တံခေါက်ခွက်ထဲကနာတယ်ဆိုတာက ခြေထောက်မှာ
ပြသနာရှိနေတာမဟုတ်ပဲ ခါးမှာ တခုခုဖြစ်နေတာမျိုးပေါ့။
ခါးဆစ်ရိုးတွေကြီးလာလို့ အာရုံကြောမကြီးကို ဖိမိရင်
ဖြစ်တတ်တဲ့ ပြသနာပေါ့။

လက်ဖျားထုံကျဥ်မယ် ဇက်ကြောတက်ခြင်း လက်ပြင်အောင့်ခြင်း ချာချာလည်အောင်မူးဝေးခြင်း အန်ခြင်း များ ဖြစ်နေပါက လည်ဆစ်အာရုံကြောညှပ်နေခြင်းဖြစ်ပါတယ်။

သွေပျစ်ခြင်းလက္ခဏာက လက်ဖဝါးနီရဲမယ်၊အမြဲသန်းဝေပြီး ခန္ဓာကိုယ်လေးလံခြင်း၊အောက်စီဂျင်ကျခြင်း၊မောခြင်း နှလုံးနှင့်ဦးနှောက်အာရုံကြောများကို ထိခိုက်စေပါတယ်။
အပေါာကစာနဲ့ကိုက်ညီတဲ့ပုံထုတ်ပေးပါ။
++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

28/08/2024

သိထားသင့်တာလေးတွေမျှဝေလိုက်တယ်နော

Crd

Microwave ကို အသုံးပြုလို့ရတဲ့ အခြားနည်းလမ်းများMicrowave ကို သင်တို့ရဲ့ ညစာ နွှေးစားရုံတင် လုပ်လို့ရတယ်ပဲ ထင်နေရင်တော့ ...
23/08/2024

Microwave ကို အသုံးပြုလို့ရတဲ့ အခြားနည်းလမ်းများ

Microwave ကို သင်တို့ရဲ့ ညစာ နွှေးစားရုံတင်
လုပ်လို့ရတယ်ပဲ ထင်နေရင်တော့ မှားနေပါပြီ။ Microwave ဟာ အခြား မီးဖိုချောင်အတွင်း
လူသိနည်းလှတဲ့ အသုံးပြုပုံလေးတွေလည်း ရှိပါသေးတယ်။

Credit MyFood Myanmar

အဲကွန်း တနာရီဖွင့်ရင် 0.7 unitရေခဲသေတ္တာ တနာရီဖွင့်ရင် 0.1 unitပန်ကာ တနာရီဖွင့်ရင်အဲကွန်း တနာရီဖွင့်ရင် 0.7 unitရေခဲသေတ္...
21/07/2024

အဲကွန်း တနာရီဖွင့်ရင် 0.7 unit
ရေခဲသေတ္တာ တနာရီဖွင့်ရင် 0.1 unit
ပန်ကာ တနာရီဖွင့်ရင်အဲကွန်း တနာရီဖွင့်ရင် 0.7 unit
ရေခဲသေတ္တာ တနာရီဖွင့်ရင် 0.1 unit
ပန်ကာ တနာရီဖွင့်ရင် 0.1 unit

LED ၄ပေ မီးချောင်း နာရီ၅၀ဖွင့်ရင် 1unit
၄ပေရိုးရိုးဖန်မီးချောင်း ၂၅နာရီသုံးရင် 1unit

ဒယ်နီ ၁နာရီသုံးရင် 1.5unit
ထမင်းပေါင်းအိုး ၁နာရီသုံးရင် 0.7unit
အဲ့ဒီနှုန်းရှိပါတယ်။

air con တည ၅နာရီ
ရေခဲသေတ္တာ အမြဲဖွင့်မယ်
ပန်ကာတနေ့ ၈နာရီ
Led ၄၀ပေမီးချောင်း ၁၀နာရီ
ဒယ်နီ နာရီဝက်
ထမင်းပေါင်းအိုး နာရီဝက်
သုံးမယ်ဆိုရင်
air con 5hrs x 0.7 =3.5
ရေခဲ 24 hrs x 0.1 =2.4
ပန်ကာ 8hrs x 0.1 =0.8
မီးချောင်း10hrsx0.002=0.2
ဒယ်နီ 0.5hr x 1.5 = 0.75
ထမင်းအိုး 0.5hr x 0.7 = 0.35

တရက်ကိုစုစုပေါင်း 8 units ရှိပါမယ်။
တစ်လဆိုရင် 8x 30days =240units

အဲကွန်း ဒယ်နီ ထမင်းပေါင်းအိုး သုံးတဲ့ပေါ်
မူတည်ပြီး မီတာခ ကုန်ကျငွေမှာ
အပြောင်းအလဲ အများကြီးဖြစ်နိုင်ပါတယ်

တန်မှတန်တဲ့ နှမ်းကပ်ကြော်လေးတွေ တထုပ် ၂၀၀၀ ထဲမို့ အားပေးကြဦးနော်လက်ကားမှာယူချင်တယ်ဆို လက်ကားဈေးရှိတယ်နော်ကာကာတို့ရေ
19/07/2024

တန်မှတန်တဲ့ နှမ်းကပ်ကြော်လေးတွေ
တထုပ် ၂၀၀၀ ထဲမို့ အားပေးကြဦးနော်

လက်ကားမှာယူချင်တယ်ဆို လက်ကားဈေးရှိတယ်နော်ကာကာတို့ရေ

🙏🙏🙏 ဝါတွင်း(၃)လ "ကိုးနဝင်းပုတီး"ရက်ပေါင်း(၉၀) အဓိဌာန် ပုတီးစိပ်ကြမယ်🙏🙏🙏🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏🙏🙏၁။ အရဟံ...
10/06/2024

🙏🙏🙏 ဝါတွင်း(၃)လ
"ကိုးနဝင်းပုတီး"ရက်ပေါင်း(၉၀)
အဓိဌာန် ပုတီးစိပ်ကြမယ်🙏🙏🙏

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး
အဓိပ္ပါယ်အကျဉ်း🙏🙏🙏

၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား...

၂။ သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင် ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၃။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

၄။ သုဂတော = ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတက်သော (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတက်သော မြတ်စွာဘုရား...

၅။ လောကဝိဒူ = သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား...

၇။ သတ္တာဒေဝမနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား...

၈။ ဗုဒ္ဓေါ = သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော (ဝါ) သစ္စာလေးအင်ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား...

၉။ ဘဂဝါ = ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဟူသော ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

ဤသို့လျှင် အရဟံ စသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား 🙏🙏🙏

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အကျိုး🙏🙏🙏

၁။ အရဟံ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်၊ သူတစ်ပါးတို့က လေးစားချစ်ခင်သည်။

၂။ သမ္မာသမ္ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အသိဉာဏ်ပညာ ထိုးထွင်းတိုးပွါးစေသည်၊ အသိဉာဏ်နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံး အောင်မြင်စေသည်။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘုန်းတန်ခိုးကြီးမားစေသည်၊ လက်ရုံးရည် နှလုံးရည် တိုးပွါးစေသည်။သတ္တိ ဗျတ္တိ နှင့် ပြည့်စုံနိုင်စေသည်။

၄။ သုဂတော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် သူတစ်ပါးတို့က ချစ်ခင်လေးစား ကူညီသည်၊ ချီးမြင့်သည်၊ မိမိတောင့်တသမျှ ကောင်းကျိုးများ အောင်မြင်သည်၊ ရောက်လေရာရာ အခါမရွေး ဒေသမရွေး မျက်နှာပွင့်လန်းသည်။

၅။ လောကဝိဒူ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အချိန်ကာလ နေရာဌာနအားလျော်စွာ အကြံအစည် ပြုသမျှကိစ္စ အားလုံးကို အလွယ်တကူ အောင်မြင်သည်၊ သူတစ်ပါးတို့ အကြံအစည်ကိုလည်း သိနိုင်သည်။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - သူတစ်ပါးတို့က နိုင်ထက်ကလူ မပြုနိုင်၊ အပြိုင်အဆိုင်ဟူသမျှ အနိုင်ရသည်။

၇။ သတ္တာဒဝေ မနုဿာနံ - သူတစ်ပါး၏ အကြည်ညိုခံရသည်၊ အစဉ်ထာဝရ လေးစားရိုသေမှုခံရသည်။ ဩဇာအာဏာ ထက်မြက်သည်။

၈။ ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အရာရာကြံဆ၍ သိနိုင်ပေသည်၊ ပြဿနာ ဟူသမျှကို ဖြေရှင်းနိုင်သည်။

၉။ ဘဂဝါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် လူချစ်လူခင်ပေါများသည်၊ အားလုံးက ကြည်ညိုကြသည်၊ အခြွေအရံပေါများသည်၊ သူတစ်ပါးတို့ မတုပြိုင်ဝံ့ ကြောက်လန့်ရိုသေစေသည်။
....................................................................

🙏🙏🙏ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့ " ကိုးနဝင်း " ပုတီးစိပ်နည်း🙏🙏🙏

🙏🙏🙏စိပ်ရမယ့်နေ့ရက်များ🙏🙏🙏
_________________________________
(၉) ပါးစလုံးကို ( ၂၀ . ၇ . ၂၀၂၄ ) မှ ( ၂၈ . ၇ . ၂၀၂၄ ) အထိနေ့တိုင်းတစ်ပတ်စီစိပ်ပါ။

အရဟံ (၁)ပတ်

သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်

ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်

သုဂတော (၁)ပတ်

လောကဝိဒူ (၁)ပတ်

အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်

သတ္ထာဒေဝမနုဿာနံ (၁)ပတ်

ဗုဒ္ဓေါ (၁)ပတ်

ဘဂဝါ (၁)ပတ်
________________________________

🙏အရဟံ သိဒ္ဓိ (၉)ပတ်🙏

(၂၉ . ၇ . ၂၀၂၄) မှ
(၆ . ၈ . ၂၀၂၄) အထိ
________________________________

🙏သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏

(၇ . ၈ . ၂၀၂၄) မှ
(၁၅ . ၈ . ၂၀၂၄) အထိ
________________________________

🙏ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်🙏

(၁၆ . ၈ . ၂၀၂၄) မှ
(၂၄ . ၈ . ၂၀၂၄) အထိ
________________________________

🙏သုဂတော သိဒ္ဓိ (၉)ပတ်🙏

(၂၅ . ၈ . ၂၀၂၄) မှ
(၂ . ၉ . ၂၀၂၄) အထိ
_______________________________

🙏လောကဝိဒူ သိဒ္ဓိ (၉)ပတ်🙏

(၃ . ၉ . ၂၀၂၄) မှ
(၁၁ . ၉ . ၂၀၂၄) အထိ
________________________________

🙏အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်🙏

(၁၂ . ၉ . ၂၀၂၄) မှ
(၂၀ . ၉ . ၂၀၂၄) အထိ
________________________________

🙏သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်🙏

(၂၁ . ၉ . ၂၀၂၄) မှ
(၂၉ . ၉ . ၂၀၂၄) အထိ
________________________________

🙏ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏

(၃၀ . ၉ . ၂၀၂၄) မှ
(၈ . ၁၀ . ၂၀၂၄) အထိ

_______________________________

🙏ဘဂဝါ သိဒ္ဓိ (၉)ပတ်🙏

(၉ . ၁၀ . ၂၀၂၄) မှ
(၁၇ . ၁၀ . ၂၀၂၄) အထိ
________________________________

- သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
- အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
- နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်

🙏🙏🙏 လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။🙏🙏🙏

Crd

မြန်မာပြည်မှာ ရေခဲသေတ္တာမအေးတော့လို့ ခေါ်ပြဖူးတယ်...ဂတ်စ်ကုန်သွားတာဆိုပီး ၅၀၀၀တောင်းပီး ဂစ်ဖြည့်ခိုင်းရတာ တကယ်တော့ ဒီစာဖ...
09/06/2024

မြန်မာပြည်မှာ ရေခဲသေတ္တာမအေးတော့လို့ ခေါ်ပြဖူးတယ်...ဂတ်စ်ကုန်သွားတာဆိုပီး ၅၀၀၀တောင်းပီး ဂစ်ဖြည့်ခိုင်းရတာ တကယ်တော့ ဒီစာဖတ်မိမှ ဂျင်းထည့်ခံရမှန်းသိတယ်....😁😅 Gasကုန်တယ်ဆိုပီး အလိမ်ခံနေရသူများအတွက်

ရေခဲသေတ္တာတွေ၊ အဲကွန်းတွေမှာ ဂတ်စ် ကုန်တယ် ဆိုတာ မရှိပါဘူး။
သုံးလိုက်လို့ ကုန်သွားတယ် ဆိုတာမရှိပါဘူး။ အချိန် ကြာလို့ ကုန်သွားတယ် ဆိုတာ မရှိပါဘူး။ နေရင်းထိုင်ရင်း ကုန်သွားတယ် ဆိုတာ မရှိပါဘူး။
တစ်သက်လုံးသုံး တစ်သက်လုံး မကုန်ပါဘူးတဲ့

မီးဖို gas တွေလို ဖောက်ထုတ် မီးရှို့ ပစ်တာ မဟုတ်လို့ ကုန် သွားစရာ အကြောင်းမရှိ ပါဘူး။
ဘေဘီလည်းခံရပါများလို့ တင်ပေးလိုက်ပါတယ်

ဒီ ရေခဲသေတ္တာ၊ အဲကွန်းတွေမှာ သုံးတဲ့ Gas ဂတ်စ် ဆိုတာ refrigerant လို့ခေါ်တဲ့ အအေးပြု ဓာတ်ငွေ့ တစ်မျိုး ဖြစ်ပါတယ်
ဒီ refrigerant ( အအေးပြု ဓာတ်ငွေ့ ) တွေဟာ ရေခဲသေတ္တာတွေ၊ အဲကွန်းတွေရဲ့ ပိုက်လိုင်းတွေထဲမှာ အရည် ဖြစ်လိုက် အငွေ့ ဖြစ်လိုက်နဲ့ ကွန်ပရက်စာ မော်တာရဲ့ အကူအညီနဲ့ လှည့်ပတ် နေရင်း အပူထုတ်ခြင်း အပူစုပ်ယူခြင်းများ ပြုလုပ်ပေးခြင်းဖြင့် အအေးပြုခြင်းသံသရာကို ဖြစ်ပေါ်စေပါတယ်။
၎င်း အအေးပြုခြင်းသံသရာကို စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းဖြင့် ရေခဲသေတ္တာ၊ အဲကွန်းများတွင် အပူချိန် ပြောင်းလဲမှုများ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။

အဲဒီလို ပိုက်လိုင်းတွေထဲမှာပဲ လှည့်ပတ် သွားလာနေပြီး ထွက်ပေါက်မရှိ အလုံ ပိတ် ရှိနေ တာကြောင့် ကုန်သွား စရာ အကြောင်း မရှိပါဘူး။
ကုန်သွားတယ် ဆိုရင် ဘာကြောင့် ကုန်သွားတယ် ဆိုတဲ့ အကြောင်းရင်း ရှိရပါတယ်။

ပိုက်လိုင်း တစ်နေရာက ပေါက်သွားလို့ ဂတ်စ် ယိုစိမ့်မှု ရှိလို့ ကုန်သွားရခြင်းသာ ဖြစ်ပါတယ်။

အဲတော့ ဆိုလိုတာက ဂတ်စ် လျော့သွားတယ်၊ ဂတ်စ် ကုန်သွားတယ် ဆိုရင် ပိုက်လိုင်း တစ်နေရာရာမှာ ပေါက်နေလို့၊ ဂတ်စ် ယိုစိမ့်မှု gas leakage ရှိနေလို့သာ ဖြစ်တာပါ။ အပေါက်ကြီးရင် ရုတ်တရက် အအေးလျော့ သွားမယ်။ အပေါက်သေးရင် ဖြည်းဖြည်းခြင်း အအေးလျော့သွားမှာ ဖြစ်ပါတယ်။

အဲလို ဖြစ်လာပြီ ဆိုရင် ဘယ်နေရာက ပေါက်နေလဲ၊ ဘယ်နေရာက ယိုစိမ့်မှု ရှိနေလဲ အရင်ရှာရမှာပါ။ ရှာလို့တွေ့ရင် ဖာလို့ရရင် ဖာ၊ ဖာလို့ မရရင် အသစ်လဲ၊ လုံအောင် လုပ်ပြီးမှ ဂတ်စ် ပြန်ထည့် ရမှာပါ။
အဲလိုမဟုတ်ပဲ အပေါက်မဖာပဲ gas ထပ်ထည့် ရင်တော့ ပြန်ကုန် ဦးမှာပါ နော်

အိမ်သုံး ရေခဲသေတ္တာတွေမှာတော့ chamber type တွေဆိုရင် အခဲခန်းထဲမှာ ရေခဲထုတွေ ထူနေတာကို ဓားတွေ ဝက်အူလှည့်တွေနဲ့ ထိုးခွာရင်း evaporator ပိုက်ပေါက်ပြီး gas ထွက်သွားတတ်တာမျိုး မကြာခဏ ဆိုသလို တွေ့ရတတ်ပါတယ်။

အိမ်သုံး အဲကွန်းတွေမှာတော့ gas ကုန်တယ်။ ဂတ်စ် ထပ်ထည့်ရတယ် ဆိုတာ အမြဲလိုလို ကြားနေရတယ် ။ ဂတ်စ် ကုန်ရင် ဘာကြောင့်ကုန်သလဲ အဖြေ အရင် ရှာရမှာပါ။

Indoor Outdoor အဆက် Joint တွေ၊ Outdoor မှာပါတဲ့ L key valve တွေ မှာ ယိုစိမ့်မှုတွေ ရှိနိုင်ပါတယ်။
indoor outdoor joint တွေ မလုံတာကတော့ services သမားတွေ မသေသပ်မှုကြောင့် အဖြစ်များပါတယ်။ ပိုက်မဆက်မှီ ပိုက်ကို ကော်လံဖော်ရာမှာ မသေသပ်ရင် ယိုစိမ့်မှု ဖြစ်တတ်ပါတယ်။
flare nut တွေ ကြပ်တဲ့နေရာမှာ လက်ဆ များသွားရင် flare nut တွေ ကွဲပြီး ယိုစိမ့်မှု ဖြစ်တတ်ပါတယ်။

L key valve တွေ မလုံတာကတော့ oil seal တွေ မကောင်းတာ ဖြစ်တတ်ပါတယ်။ oil seal လဲလို့ ရပါတယ်။

pressure gauge တပ်တဲ့ pin valve လေးမကောင်းရင်လဲ ယိုစိမ့်တတ်ပါတယ်။ အဲဒီ pin valve လေး လဲလို့ ရပါတယ်။

အဲတော့ နိဂုံးချုပ် အနေနဲ့ ရေခဲသေတ္တာ အဲကွန်း သုံးစွဲ သူတွေကို ပြောချင်တာက ရေခဲသေတ္တာ သို့မဟုတ် အဲကွန်း မအေးတော့ဘူး ဆိုတိုင်း gas ကုန်တာ မဟုတ်ပါဘူး။ အခြားအစိတ်အပိုင်းတွေ ချို့ယွင်းမှု ရှိရင်လည်း မအေးတော့တာမျိုး ဖြစ်တတ်ပါတယ်။

အချို့ အတုအယောင် services အဖွဲ့ တွေဆိုရင် အလကား နေရင်း gas လျော့တယ်။ gas ကုန်တယ်၊ ဆိုပြီး ဟန်ဆောင် gas ထည့်ပြ၊ gasဘိုးတောင်းယူနေကြတာတွေ ရှိပါတယ်။

အဲဒီလို gas လျော့တယ်၊ gas ကုန်တယ်၊
gas လျော့လို့ gas ထပ်ထည့် လိုက်ရတယ်၊
gas ဘိုး ဘယ်လောက် ကျပါတယ်၊ ဆိုပြီး တောင်းလာ ခဲ့ရင်
ဘာကြောင့် လျော့သွားတာလဲ မေးပါ။
ဘယ်နေရာက ယိုစိမ့်မှု ရှိလို့ ကုန်သွားတာလဲ မေးပါ။
ခိုင်လုံတဲ့ အဖြေ ရှိရပါမယ်။
အဲဒီ ယိုတဲ့နေရာကို လုံအောင် ဘယ်လို ဖြေရှင်း လိုက်လဲ မေးပါ။
နောက်အချိန်တို အတွင်း အဲဒီနေရာကထပ် မဖြစ်အောင် မည်သို့ တာဝန်ယူပေးနိုင်လဲ မေးပါ။
ခိုင်လုံတဲ့ အဖြေ ရှိရပါမယ်။

အဲလိုမှ မဟုတ်ရင် gas ဘိုး နဲ့ပဲ အသစ် တစ်လုံး ဝယ်တာလောက် ပြန်ကုန်သွားတတ်ပါတယ်။

တစ်ကယ် သမာသမတ်ကျပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့၊ ကျွမ်းကျင်တဲ့ services အဖွဲ့တွေလည်း အများကြီးရှိပါတယ်။
အဲဒီလို ကျွမ်းကျင်တဲ့ services အဖွဲ့တွေ ဆိုရင်တော့ အခုပြောခဲ့တဲ့ မေးခွန်းအားလုံး သင်မမေးခင် မေးစရာ မလိုအောင် အားလုံး ရှင်းပြ ပြောပြ ပါလိမ့်မယ်။
မသိနားမလည်တဲ့သူတွေကိုလိမ်မစားချင်ကျနဲ့သူတစ်ပါးမျက်ရည်နှင့်ဆန်ဆေးတယ်ဆိုတာဝဋ်လိုက်တက်ပါတယ်။ ။
ရမ်းရွှီး ရမ်းကု စက်ဆရာ အတုများရဲ့ ပါးစပ်ဖျားမှာ လမ်းမဆုံး စေရန် ရည်သန် ရေးသားလိုက် ရပါတယ်နော်

အလိမ်ခံရရေးဘေးမှဝေးစေဖို့ပါနော်😁😁
Credit
#花白နေ့စဉ်သတင်းထူးများ

ထမင်းချက်နည်း လျှို့ဝှက်ချက် ၁. ရှာလကာရည်ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ရာသီဥတုပူပြင်းတဲ့...
18/04/2024

ထမင်းချက်နည်း လျှို့ဝှက်ချက်

၁. ရှာလကာရည်

ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ ရှာလကာရည်လေးကို တစ်စက်လောက်ထည့်ပြီးချက်ပေးပါ။ ထမင်းရဲ့ အနံ့အရသာကို ပေါ်လွင်စေရုံသာမက ထမင်းသိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၂. ဘီယာ

ပေါ်ဆန်မွှေးဆန် ဝယ်စားလို့မရလို့ စိတ်မညစ်နဲ့နော်။ တကယ်လို့ သင့်အိမ်မှာရှိတဲ့ ဆန်ဟောင်းက အထားကြာသွားပြီး ချက်လိုက်တဲ့ အခါမှာ ဆန်သစ်လောက် မကောင်းတာတို့ အနံ့မကောင်းတို့ဆိုရင် ထမင်းချက်တဲ့ အခါမှာ ဘီယာကို အနည်းငယ်လောက် ထည့်ပြီး ချက်ပေးပါ။
ဒါဆိုရင် ပေါ်ဆန်မွှေးဆန်လို မွှေးပျံတဲ့ အနံ့နဲ့ ထမင်းကိုရရှိစေပါမယ်နော်။

၃. မြေပဲဆီ

ဆန်ဖွာဖွာကြီး မစားချင်ဘူးဆိုရင် ထမင်းချက်တဲ့ အခါမှာ ဆားအနည်းငယ်နဲ့ ဆီအနည်းငယ်ကို ထည့်ပြီး ရောမွှေပြီး ချက်ပေးပါက ဆန်ဖွာခြင်းမရှိတဲ့ ခံတွင်းတွေ့စေမှာပါနော်။

၄. ဆား

လက်ကျန်ထမင်းကြမ်းကို ပြန်နွှေးတဲ့ အခါမှာ ဆား အနည်းငယ် ထည့်ပြီး နွှေးပေးခြင်းဖြင့် အနံ့ဆိုးများကို ပျောက်ကင်းစေသည့်အပြင် ထမင်းကြမ်းကလည်း နူးနူးညံ့ညံ့လေးနဲ့မို့ တဖန်ပြန်ပြီး စားလို့ကောင်းပါတယ်။

၅. အရက်ဖြူ (သို့မဟုတ် ) ဆန်အရက်

ထမင်းအိုးတည်နေရင်း မီးပျက်တဲ့ အချိန်တွေမှာဆိုရင် ထမင်းက ကျက်တဝက် မကျက်တဝက် ဖြစ်နေတက်ပါတယ်။
အဲ့လို အချိန်မျိုးနဲ့ ကြုံတဲ့ အခါမှာ အရက်ဖြူကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပြီး နွှေးခြင်းဖြင့် ထမင်းကို လုံး၀ ကျက်စေပါတယ်။
ပြောရရင်တော့ ဆန်ကို တပြေးတည်း ပြန်ကျက်စေပါတယ်။

၇. ကြက်သွန်မြိတ်

ထမင်း အိုးနှပ်နေတဲ့ အချိန်မှာ ထမင်းတူးသွားပါက ထမင်းကြားမှာ ကြက်သွန်မြိတ် တစ်ပင် ကို ထည့်ပြီး ခဏအုပ်ထားပေးပါက တူးနံ့များကို ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။

၈. လက်ဖက်

ရေနွှေးကြမ်းကို ထမင်းချက်တဲ့နေရာမှာ
ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါက
ထမင်းရဲ့ အနံ့အရသာကို ပြည့်စုံရုံသာမက အာဟာရလည်း ဖြစ်ပါတယ်။
လက်ဖက်ခြောက်တွေကိုတော့ ဆယ်ထားပြီး ရေနွှေးကြမ်းရည်ကိုသာအသုံးပြုပါနော်။

၉. သံလွင်ဆီ

ထမင်းချက်တဲ့ အခါမှာ သံလွင်ဆီ အနည်းငယ် ထည့်ပြီး ချက်ပေးပါက ဆန်ထဲရှိ သကြားဓာတ်တိုးမြင့်မှုကို ထိန်းချုပ်နိုင်တဲ့ အပြင် အစာအိမ်ကိုလည်း ဥပဓ်မဖြစ်စေနိုင်ပါဘူး။
ဆီးချိုရှိတဲ့ ရောဂါသည်တွေ အတွက်လည်း သင့်လျှော်ပါတယ်။

Credit - original writer

Address

Yangon

Website

Alerts

Be the first to know and let us send you an email when La Yaung Phoo Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share