ရိုးရာမေ

ရိုးရာမေ ရိုးရာချည်ထည်ပိုးထည်လက်လီလက်ကား

28/03/2023

တရုတ်နိုင်ငံ မန်စီမြို့ရှိ သျှမ်းလူမျိုးရဲ့ သင်္ကြန်အက

လောက်ကိုင် နဲ့ မြဝတီ မှာ ခုအခေါ်များနေတဲ့အလုပ်ကြောင်းပြောပြမယ် သိက္ခာပိုင်းနဲ့ ဆိုင်ပေမယ့် ပညာတတ်‌လေးတွေ နှမျောလွန်းလို့...
25/05/2022

လောက်ကိုင် နဲ့ မြဝတီ မှာ ခုအခေါ်များနေတဲ့
အလုပ်ကြောင်းပြောပြမယ် သိက္ခာပိုင်းနဲ့ ဆိုင်ပေမယ့်
ပညာတတ်‌လေးတွေ နှမျောလွန်းလို့ ထပ်ပြီး ဆုံးရှုံးမခံချင်တော့လို့ မြဝတီ လောက်ကိုင်သွားပြီး casino အလုပ်လုပ်ဖို့ တွေးနေတဲ့လူငယ်တွေ ဖတ်ဖို့ပါ

ခေါ်တဲ့ပုံစံက online Game , customer Service,
online marketing အစရှိလို နာမည်တွေနဲ့ ခေါ်ကြတယ်

English 4 skill ကျွမ်းရမယ် computer တက်ရမယ်ဆိုပြီးခေါ်တယ်

လစာက နေစားငြိမ်း ၁၂ သိန်း ၁၅ သိန်းဝန်းကျင်ပေးကြပါတယ်

အဲ့အလုပ်က နိုင်ငံခြားသားတွေဆီက what app သုံးပြီး
လိမ်ရတာပါနော်

နိုင်ငံခြားသားတွေကို ပထမဆုံး မိန်းကလေးအယောင်ဆောင်ပြီး ရင်းနီးအောင် လုပ်ရတယ်

ရင်းနီးသွားပြီဆို အလုပ်အကိုင်အကြောင်းတွေပြောတယ်

ငါဝင်ငွေဘယ်လောက်ကောင်းကြောင်း ဘာလုပ်ငန်းတွေလုပ်ကြောင်းပေါ့

သူ့ကို ရင်းနှီးမြုတ်နှံဖို့ခေါ်ရမယ် အတိုးဘယ်လောက်ပေးမယ်ပေါ့

ပထမဆုံး ၁ကြိမ် ၂ကြိမ်တော့ အတိုးကို ထည့်ပေးတယ်

ဟိုဘက်က ယုံကြည်ပြီး အများကြီး ငွေလွှဲ ရင်းနှီးမြုတ်နှံမှ
block လိုက်ရတာ

ဂိမ်းတွေဆိုလဲ သူ့ဆီက ငွေရောက် block လိုက်ရတာ

အလုပ်က အပြင်လုံးဝ မထွက်ရဘူး ထွက်ရလဲ တစ်လတစ်ခါ

အဲ့တာလဲ သူ့တို့ကားနဲ့ လိုက်ပို့တာ

လစာက ပထမဆုံးလတာ ၁၂ သိန်း ၁၅သိန်း ပေးတာပါ

နောက်လဆို ကိုယ်လိမ်နိုင်မှ ပိုက်ဆံရတာ

မလိမ်နိုင်ရင်လဲ အရိုက်ခံရတယ် အထုခံရတယ်

လိမ်နိုင်တဲ့သူ ငွေများများ ရှာပေးနိုင်သူဆို အိမ်ပြန်ရဖို့
လမ်းမရှိတော့ဘူး သူ့ကို လက်လွှတ်မခံတော့ဘူး

အလုပ်ချိန် ၁၂ နာရီ အနည်းဆုံးလုပ်ရပါတယ် တစ်ခါတလေ
မအိပ်ရဘူးနော်

မိန်းကလေးတွေဆို နိုင်ငံခြားသားတွေနဲ့ S*x chat ရတဲ့အထိ
ပါတက်တယ်

အလုပ်ကလုပ်မဲ့သူဆို ကားစရိတ် ခံခေါ်တက်ကြတယ်

အပြင်ထွက်ရတဲ့သူဆိုတာကလဲ သူဌေးလူယုံဖြစ်မှ ထွက်ရတက်တာ

ပြည်သူ့စစ် လုံခြုံရေးအပြည့်နဲ့ ဟိုတယ် အထက်မြင့်တွေ
မြို့အစွန်ဖျားတွေမှာ လုပ်ရတာပါ
ခိုးထွက်လို့လဲ မရဘူး ထွက်ခဲ့ရင် အသက်ပါပေးရပါလိမ့်မယ်

လုံးဝ အဲ့အလုပ်တွေ မလုပ်ကြပါနဲ့နော်

ခုမြန်မာပြည်က ပညာတက်လေးတွေ
ယုံစားပြီး အရမ်းကို ဒီဘက်တက်လာကြတာ

တရုတ်လူမျိုးတွေက ပြည်တွင်းမှာ အဖမ်းအဆီးများလို့

မြန်မာ နယ်စပ်တွေမှာ လုပ်စားကြတာပါ

သူချို့မိန်းကလေးတွေဆို တရုတ်သူဌေးရဲ့ မုဒိမ်းပါ ကျင့်ခံရတက်ပါတယ်

မြန်မာပြည်က ပညာတက်လေးတွေ သတိထားဆင်ခြင် နိုင်ဖို့ပါ

အရမ်းကို စွားရွားတဲ့ အလုပ်ပါနော် သူများဆီက ရတဲ့
အပူစာတွေဖြစ်သလို မိမိလဲ လူလိမ်ဖြစ် မိမိ အသိုင်းဝိုင်းလဲ
မကောင်း မိမိ အသက်ရှင်ရေးဟာလဲ မသေချာ အရိုက်ခံအထုခံ
အနှိပ်ဆက်ခံ အလုပ်ကြီးပါ

ပညာတက်ကလေးတွေ အများကြီး နွံနစ်ခံနေရလို့
ပညာတတ်တွေကို အဲလိုမဆုံးရှုံးစေချင်ဘူး

မူရင်းရေးသားသူအား
Crd.ပေးပါတယ်

ခုမြန်မာနိုင်ငံထဲမှာ ကျပ်တည်းနေတဲ့အတွက် အဲပိုင်းတွေ
ရောက်ရောက်သွားကျတာ စိတ်မကောင်းဘူး

သူများပြောရင်မယုံဘူးတတ်ဘူး နော်
ကျွန်မက ကိုယ်တိုင် မြဝတီလိုမြို့မှာ
စားသောက်ဆိုင် ဖွင့်ခဲ့သူမို့ ကိုယ်တိုင် မြင်ခဲ့တာမို့
ပညာတတ်လေးတွေ နှမျော တယ်
Credit

07/09/2021

ငါတို့မိန်းခလေးတွေကသူနာပြုလုပ်ဖို့အသင့်ပြင်ရမယ်။❗️

စစ်ဖြစ်နေပြီလို့ စိတ်ထဲသွင်းထားကြပါ ဒီထက်ပိုကြမ်းလာဖို့ပဲရှိပါတယ်
အချိန်မရွေး ကိုယ်တိုင် First Aid လုပ်ပေးနိုင်အောင်ပါ

အိမ်တိုင်းဒီအချိန်မှာ ဝယ်ထားကြပါ

ခုချိန် ရပ်ကွက်အလိုက် လမ်းအလိုက် အိမ်အလိုက်
အရေးပေါ်ဆေးပစ္စည်းတွေ ဆောင်ထားသင့်ပါပြီ...
ဒဏ်ရာရလူနာ ကိုယ့်အနီးအနားရှိခဲ့ရင် ကူညီပေးလို့ရအောင်ပါ...
တချို့လူနာတွေ အပြင်မထွက်ရဲတော့လို့ အိမ်ထဲပဲ ပုန်းနေရသေးရင်လဲ အသုံးဝင်ပါတယ်...

ကျည်ဒဏ်ရာကို ဘယ်လို အရေးပေါ်ပြုစုလို့ ရတာကိုလည်း အကြမ်းဖျဉ်း ရေးထားပါတယ်... လိုတာရှိ ထပ်ဖြည့်ပေးကြပါ..

ဝယ်ထား/ဆောင်ထားသင့်တာတွေက

Sterile Gauze (ပိုးသန့်ပတ်တီးစအဖတ်)
(အခု၁၀၀/၅၀၀ပါတာတွေ လာတယ်) ၂ထုပ်
4” bandage (ပတ်တီး) ၂ထုပ်
2” bandage ၂ထုပ်
1” Paper tape ၁ဗူး
Septidine 1 box
Hansaplast ၁ထုပ်
E-glove (လက်အိတ်)medium size ၁ဗူး
Permanent pen 1ချောင်း
(ဒဏ်ရာ/tourniquet time မှတ်ဖို့)
ကတ်ကြေး (အဝတ်အစား ညှပ်ထုတ်ပစ်ရန်)
ဓာတ်မီး
ရေခဲသေတ္တာတွေမှာ ရေခဲ လုပ်ထားသင့်
ရေသန့်ဗူးတွေ (အနာဆေးရန်)

သောက်ဆေးတွေက
Ampiclox (ပိုးသတ်ဆေး) ၁ဗူး
Aciclofenac/Ibuprofen (အကိုက်အခဲပျောက်ဆေး) ၁ဗူး
Omeprazole ၁ဗူး
ဓာတ်ဆားထုပ်

ဆေးထိုးတတ်တဲ့သူ ဖြစ်ရင်/ရှိရင်တော့
ATT မေးခိုင်ကာကွယ် ဆေး ထိုးဆေး
N/S 10လုံး +Drip set 10ခု
Cannula size စုံ လေးခုစီ

ဒဏ်ရာရတဲ့သူ တွေ့ရင်

(၁) သွေးတိတ်အောင် လုပ်ပါ..

အနာပေါ်ကနေ အဝတ်သန့်/sterile gauge နဲ့ အုပ်ပြီး
အပေါ်ကနေ လက်ဖနောင့်အားနဲ့ ဖိပါ..
ဖိတာကို မညှာပါနဲ့..
လိုအပ်ရင် ကျတော်တို့ဆို ဒူးနဲ့ပါ တက်ခွဖိ ပါတယ်.. သွေးတိတ်ရပ်ဖို့ အရေးကြီးပါတယ်...
၁၅မိနစ်ဆက်တိုက်လောက်ထိ နာနာဖိထားဖို့ လိုပါတယ်..

သွေးမထိန်းနိုင်သေးရင် tourniquet စည်းလို့ ရပါသေးတယ်..
အနာအထက် ၂လက်မ အကွာကနေ တင်းတင်းစည်းပေးရတာပါ..
စည်းမယ့် tourniquetက ၃လက်မလောက် အကျယ်ရှိမယ့် အဝတ်ဖြစ်ဖို့ လိုပါတယ်..
အရေးပေါ်ဆို အင်္ကျီနဲ့ စည်းတာ အကောင်းဆုံးပါ..

အဲဒါကိုမှ သွေးထပ်ထွက်နေသေးရင် ပထမစည်းထားတာရဲ့ အပေါ်ကနေမှ နောက်တစ်ခု ထပ်စည်းပါ..

Tourniquet စည်းရင် သတိထားဖို့က
-အရေပြားပေါ် တိုက်ရိုက်စည်းပါ.. (နာရီပေါ် ပစ္စည်းတခုခုပေါ်ကနေ ခံစည်းလို့ မရပါ)
-Joint အဆစ်ပေါ် စည်းလို့မရပါ..
-စစည်းတဲ့ အချိန်ကို လူနာအသားပေါ် ရေးမှတ်ထားပါ..
-ဆေးရုံမသွားနိုင်သေးရင် ၂နာရီ တစ်ခါ စစ်ပေးပါ..
ယောင်ကိုင်းလာတယ် ကြွက်သားတွေ နာပြီးတင်းလာရင် နည်းနည်းပြန်လျှော့ပေးပါ...
သွေးထပ်ထွက်လာရင် တင်းတင်းပြန်စည်းပါ

သွေးထွက်နည်းသွား/တိတ်သွားရင်
ရေနဲ့ အနာကို လောင်းချ ဆေးပြီး
sterile gauge ခံပြီး ပတ်တီးတင်းတင်းစည်းထားပေးပါ..

ခြေထောက် နဲ့ လက်ကို ထိရင်တော့ ခြေ/လက်ကို မြှောက်ပေးထားပါ..
ရင်ဘတ်နဲ့ ဝမ်းဗိုက်ထိရင်တော့ ခြေရင်းကို မြှောက်မပေးရပါ.. ***ပက်လက်အနေအထားပဲ လူနာကို ထားပါ

(၂) အသက်မရှူ/အသက်ရှူနှုန်းတအားနည်းရင် CPR ထုပါ...
လူနာကို ပက်လက်အနေအထား မေးမော့ထားပြီး
နို့သီးခေါင်းနှစ်ခု ဖြတ်မျဉ်းပေါ် ရင်ဘတ်အလယ်မှာ
လက်ဖနောင့်ထားပြီး ဖိရတာပါ..
လက်ကို မကွေးရ တံတောင်ဆစ် တဖြောင့်ထဲ ထားပြီး ဖိရတာပါ..
လူနာပါးစပ်ထဲ လေမှုတ်သွင်းပေးတာ (mouth-to-mouth)ကတော့ လုပ်မနေပါနဲ့တော့..
တယောက်တလှည့်စီသာ ထုနေပေးပါ..

ဒီလောက်ကိုပဲ အရေးပေါ် ကုပေးထားရင် ရပါပြီ..

နောက်ပိုင်း တွေ့လာရတာက လူနာတွေက
အပြင်ထွက် မပြရဲဘဲ တညလုံး ပုန်းနေတာမျိုးတွေပါ ရှိလာတတ်လို့ပါ..

လူနာအခြေအနေကောင်းတယ် shockမရ သတိကောင်းတယ်ဆိုရင်တော့ အနာကို first aid လုပ်ထားပေးတာမျိုးလောက် လုပ်ပေးထားပြီး
ပိုးသတ်ဆေး+အကိုက်အခဲပျောက်ဆေး+အစာအိမ်ဆေး တွဲတိုက်ထားပေးပါ..

ဓာတ်ဆားရည် တိုက်ထားပေးပါ..

ရေခဲဝတ် အုပ်ပေးထားပေးပါ..
အနာကိုတော့ မစိုစေပါနဲ့....

နောက်ရက် ထွက်လို့ရတာနဲ့ နီးရာ ဆေးခန်းတခုခုမှာ ပြပေးပါ..


29/07/2021

Credit : Prof Than Than Aye , Prof / Head (Rtd) , Dept. of Medicine, UM 2,

Via Prof Sayagyi Dr Saw Win

“ကိုဗစ်ရဲ့ အရေးကြီးချိန်”

Happy Hypoxia (Silent Hypoxia) အကြောင်း
(အောက်စီဂျင် ကျသော်လည်း သိပ်မမောခြင်း)

ဒီအဖြစ်အပျက်လေးကို အရင်ဆုံးလေ့လာကြည့်ပါ။ ကျမတို့ ဆရာဝန်တွေအားလုံး နေ့စဉ်တွေ့နေရတဲ့ အဖြစ်တွေပါ။ လူနာက Viber Video Call ဖြင့် ကုသမှု ခံယူနေပါတယ်။ အိမ်သားတစ်ယောက်က ပြောတယ်။
"ဆရာမရေ လူနာက ကိုဗစ် ပေါ့စတစ် ဖြစ်တာ ၁ ပတ်ရှိပြီ။ အခု အောက်စီဂျင်တိုင်းထားတာ ၈၀ လောက်ထိပဲ ကျသေးတယ်။ မောလည်း မမောဘူး ဆရာမ။ ပုံမှန် စားနိုင်တယ်။ စကားလည်းပြောတယ်။ အိမ်သာထသွားပြီးမှ အရမ်းမောသွားတယ်။ သိပ်တော့ မဆိုးသေးပါဘူးနော်။"

ဒီဘက်က ဆရာဝန်ကတော့ အရမ်းကိုစိတ်ပူနေရပြီ။ သူတို့ကတော့ အရှေ့မှာ ဂျောက်ကြီးကြီး တစ်ခု ဘွားကနဲ ပေါ်လာလိမ့်မယ် ဆိုတာ လုံးဝမသိရှာဘူး။ "ဒါကို "Happy Hypoxia" or Silent Hypoxia"လို့ခေါ်ကြတယ်။ ဆိုလိုတဲ့ Happy အဓိပ္ပါယ်က မမောလို့၊ မစိုးရိမ်သေးဘဲ "အေးအေးဆေးဆေး ပျော်နေတုန်း"........

သို့သော်လည်း ဆရာဝန်က Happy မဖြစ်နိုင်ဘဲ စိုးရိမ်စိတ် အရမ်းဖြစ်နေရပြီ။ နောက်ကျနေပြီလို့ မပြောရက်ပါဘူး။ ပိုဆိုးတာက ဘယ်ဆေးရုံ တက်ခိုင်းရမလဲ။ ဘယ်လို ညွှန်ကြား ပေးရမလဲ။

ဒါဟာ ကိုဗစ်ရဲ့ ထူးခြားချက်ပါပဲ။ ကိုဗစ် ရောဂါ ခံစားရသူတွေမှာ တွေ့ရတဲ့ အလွန်ထူးခြားပြီး mechanism အသေးစိတ် မရှင်းပြနိုင်သေးတဲ့ တွေ့ရှိချက်တစ်ခု ဖြစ်ပါတယ်။

နာမည်က ဘာလို့ "Happy"လို့ ခေါ်သလဲ ဆိုတာ အထက်မှာ ပြထားတဲ့လူနာရဲ့ နမူနာ ဖြစ်စဉ်ကို လေ့လာလိုက်ရင် သိလောက်ပါတယ်။ တကယ်တော့ Hypoxia ရဲ့ လက္ခဏာတွေ ဖြစ်တဲ့ မောတဲ့ခံစားချက်တွေဟာ warning sign for a life threatening condition အရေးကြီးတဲ့ အချက်ပေးခေါင်းလောင်းတစ်ခုပင် ဖြစ်ပါတယ်။

တွေ့နေကျ အခြားရောဂါတွေမှာ..... ဥပမာ နှလုံးရောဂါ ၊ ပန်းနာ ၊ အဆုပ်ရောဂါတွေမှာ မောရင် SPO2 ၉၄% အောက် ၊ ၉၀% အောက်ကျရုံနဲ့ မောတဲ့လက္ခဏာတွေကို လူတိုင်းတွေ့မြင်နိုင်တယ်။ ဟောဟဲ ဟောဟဲ ဆိုပြီး အသက်ရှူနှုန်း မြန်မယ်၊ အသက်ကိုအားစိုက် ပင့်ရှူနေမယ်၊ လည်ပင်းကြောတွေထောင်နေတဲ့အထိ ဆွဲရှူနေရမယ်၊ လူနာက ရုန်းကန်ရင်း သိပ်မောတယ် လို့ ပြောတာတွေ တွေ့ရှိရပါမယ်။
ဥပမာ ။။ အောက်စီဂျင် ၉၄% အောက်ကျပြီဆိုရင် အသက်ရှူနှုန်းကလည်း တစ်မိနစ်မှာ ၂၄ ကြိမ် ထက် ပိုမြန်နေတာ တွေ့ရမယ်။ ဒါက ထုံးစံပါ ။ ဒါဆိုရင် မောတာနဲ့ အောက်စီဂျင်ကျတာက ကိုက်ညီမှုရှိတယ်။

ကိုဗစ်ရောဂါမှာ ကျတော့ အောက်စီဂျင် SPO2 (၈၀%) လောက်ကျနေချိန်မှာ အသက်ရှူနှုန်းကတော့ တစ်မိနစ်မှာ ၂၄ ကြိမ် မကျော်ဘူး။ ပုံမှန်နီးပါး စကားတွေ ဆက်တိုက်ပြောနေနိုင်တာ အချို့တွေ့ရလိမ့်မယ်။ ဖုန်းပွတ်ကောင်းတုန်း တွေ့ရမယ်။ စက်များ မှားနေမလား ဆိုပြီး ထင်မိတတ်တယ်။
ဒါကို Happy Hypoxia လို့ခေါ်ပါတယ်။
*********************************

Happy hypoxia ကဘာလို့အရေးကြီးတာလဲ

အောက်စီဂျင်ကျသော်လည်း မမောသေးဘူး။ မမောတော့ warning ခေါင်းလောင်းမတီးတော့ဘူး။ ဒါကြောင့် မီးအကြီးကြီး လောင်မှ ထလုပ်ကြတဲ့ အဖြစ်မျိုးလိုပါပဲ။ စ Action ယူတာ၊ စကုတာ နောက်ကျတတ်တယ်။ စောစော အောက်စီဂျင်ကျမှန်းသိမှ သိပ်မဆိုးသွားခင် အချိန်မှီ လုပ်နိုင်ပါမယ်။

*********************************

Happy Hypoxia ဖြစ်နေတာ သိဖို့ အရေးကြီးပါတယ်။ ဘယ်လိုသိရှိအောင်လုပ်ရမလဲ။

အောက်စီဂျင်ကျမှန်း ဘယ်လိုသိနိုင်မလဲ ဆိုတော့ pulse oximeter လို့ခေါ်တဲ့ ကိရိယာလေးကို လက်ထိပ်မှာ တပ်ကြည့်ရင် ပေါ်လာတဲ့ အဖြေကို အလွယ်တကူ ဖတ်ကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။ ဒီစက်လေးမှာ နှလုံးခုန်နှုန်း ကိုလည်း သိရပါမယ်။ ပုံမှန်က တော့ ၉၅% နဲ့ အထက်မှာရှိရပါမယ်။

ဒါကြောင့် မမောလဲ မကြာခဏ တိုင်း ကြည့်နေရမယ်။ အသက်ကြီးသူတွေ အရမ်း မှိန်းပြီး အအိပ်များနေရင် တိုင်းကြည့်ပါ။ လူက နေကောင်းနေပုံ ရရင်လည်းတိုင်းနေရမယ်။ ၂-၄ နာရီခြား တိုင်းပါ။ နားနေစဉ် ကောင်းရင်လည်း ဒီထက်စောစောသိချင်ရင် အခန်းထဲမှာ လမ်း၁ ပတ်လောက် လျှောက်ပြီတာနဲ့ တိုင်းကြည့်ပါ။ ကျတာကို ပိုပြီးစောစောသိရပါမယ်။
၉၄% အောက်ကျရင် စပြီးလိုအပ်တဲ့ အရေးကြီးတဲ့ဆေးတွေ အထူးသဖြင့် အယောင်ကျဆေးတွေ ပေးရမယ်။ လူမောတာမကြည့်ဘဲ တိုင်းစက်က အဖြေကိုသာအရင်စောင့်ကြည့်ပါ။ ဒီအချက်က အလွန်အရေးကြီးပါတယ်။ ၉၄% အောက်ဆို အရေးကြီးပြီ ဆိုတာမသိကြဘူး။ တဖြည်းဖြည်း ၈၀% အောက်ကျလာပြီး ရုတ်တရက် သေသွားတတ်ပါတယ်။

ဘယ်အချိန် ဆရာဝန်ဆီ အကြောင်းကြားသင့်သလဲ

အောက်စီဂျင် ၉၄% အောက် ကျခါစ ၊ ၉၀% ထက်အောက်မကျခင် စောစော အကြောင်းကြားရပါမယ်။ အဆုပ်ယောင် သက်သာဆေးတွေ အချိန်မှီပေးကြည့်နိုင်ပါတယ်။

Hypoxia ရဲ့ အမောဖောက်ခြင်း အပြင်အခြားအရေးကြီးတဲ့ လက္ခဏာတွေ သိထားသင့်ပါတယ်။ သွေးခုန်နှုန်း သိပ်မြန်တာ၊ သိပ်နှေးသွားတာ၊ မမှန်တာတွေ တွေ့ရမယ်။ သွေးပေါင် တက်မယ်၊ နောက်တော့ ကျမယ်။ ချွေးအရမ်း ပျံမယ်။ ခြေဖျားလက်ဖျား ပြာလာမယ်။ အရေပြားမှာ အနီ၊ ခရမ်း အကွက်ကြားတွေပေါ်လာမယ် ။ သိပ်မှိန်းမယ်၊ အားမရှိဘူး ဖြစ်မယ်။ ဒီလက္ခဏာတွေရှိရင် လူနာက သိပ်မောမနေရင်လည်း သွေး အောက်စီဂျင်တိုင်း ကြည့်ပေးရပါမယ်။

အားလုံး Happy hypoxia (silent hypoxia) ကို အထူးသတိထားပြီး ရှာဖွေနိုင်ခြင်းဖြင့် လူနာတွေကိုကယ်တင်နိုင်ကြပါစေ

27/07/2021

ြစ်ပြီးပြီ
ျတော့ပေမယ့်
#လူကကောင်းမလာဘူး_ဆရာ

္ခဏာများ_နှင့်_အကြံပြုချက်များ

1. အားမရှိဘူး ၊ နုံးနေတယ်၊ မလှုပ်ချင်ဘူး
2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်
3. ရင်ကြပ်တယ် သလိပ်ထွက်တယ်
4. ချောင်းဆိုးတယ် (အေးရင် ပိုဆိုးတယ်)
5. အစားမစားချင်ဘူး ၊ အစာဝင်ရင် ပျို့တယ် အန်တယ်
6. ခေါင်းကိုက်တယ်
7. ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး)
8. စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်
9. ည အိပ်မပျော်ဘူး
___________

1. #အားမရှိဘူး_နုံးနေတယ်

နေမကောင်းတုန်း အစားဘယ်လောက်ပဲ စားတယ်ပြောပြော ကောင်းနေစဉ်ကလောက် မစားနိုင်ပါဘူး၊
Virus အသစ်ကို သတ်ဖို့အတွက် ကိုယ်ခံအားက အစွမ်းကုန်ထုတ်ပြီး တိုက်ထားရတဲ့အတွက် #ခရီးအဝေးကြီးကိုပြေးထားရတဲ့_မာရသွန်အပြေးသမား လို ပင်ပန်းနွမ်းနယ်ပြီး အားမရှိဖြစ်ကာ နည်းနည်းလှုပ် လိုက်တာနဲ့ မောနေရတာပါ။

- ပုံမှန်အတိုင်း အစာပြန်စားပါ (ထမင်း၊ အသား/ငါး၊ အဆီ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံမျှတအောင်စားပါ)
- ရေများများသောက်ပါ (ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ်ရပါတယ်)
- ချွေးထွက်များပါက (သွေးတိုးမရှိပါက ဓာတ်ဆားရည်သောက်ပါ)
- အားဆေးဆိုသည့် Multivitamins များကို အရမ်းကြီးအားမကိုးကြပါနဲ့ (Multivitamins တွေဟာ => ဟင်းသီးဟင်းရွက်တွေနဲ့ တူတူပဲမို့ အားဆေးလို့ခေါ်ပေမယ့် အားရှိစေတဲ့ဆေး မဟုတ်ပါဘူး)

2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်

Virus ဟာ အဆုတ်ကို အဓိက ဖျက်ဆီးတာဖြစ်လို့ လူတိုင်းမှာ အနည်း နဲ့ အများတော့ အဆုတ်က ဒဏ်ဖြစ်ပါတယ်
SpO2 ကျခဲ့တဲ့ လူနာတွေက ဒဏ်ရာပိုပြီးကြီးပါတယ် ၊ ရောဂါ သက်သာလာပြီး SpO2 ပြန်တက်လာပေမယ့်
👉 ဒဏ်ရာတွေကို ကုစားဖို့ အချိန်ယူရပါသေးတယ်
👉 ဒဏ်ရာတွေ ပို မဆိုးလာစေဖို့လည်း ဂရုစိုက်ရပါတယ်

- ဆေးလိပ် လုံးဝ (လုံးဝ) မသောက်ပါနဲ့
- ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မလုပ်ပါနဲ့
- အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

3. ရင်ကြပ်တယ် သလိပ်ထွက်တယ်

ရောဂါပြင်းထန်တုန်းက ထွက်ထားပြီး ခဲနေတဲ့ ချွဲသလိပ်တွေ ပြန်ပျော်နေတာ ဖြစ်လို့ သလိပ်ထွက်ပါတယ်၊
- Position ခဏခဏ ပြောင်းပေးခြင်း
- ကျောကုန်းကို ပုတ်ပေးခြင်း
- ရေနွေးသောက်ပေးခြင်း
- ရေနွေးငွေ့ရှူပေးခြင်း (ခဏပဲလုပ်ပါ အလွန်အကျွံမလုပ်ပါနဲ့ ရေပူငွေ့တွေက အသက်ရှူလမ်းကြောင်းကို အပူလောင်စေပြီး ပြန်ပြီးရောင်စေနိုင်ပါတယ်)

သလိပ်စွန့်ပစ်မှုကလည်း အလွန် အရေးကြီးပါတယ် (တပါးသူများကို ကူးစက်မှုမရှိအောင် အထူးဂရုစိုက်ပြီး စွန့်ပစ်ဖို့လိုပါတယ်)

4. ချောင်းခြောက်ဆိုးတယ်

အဆုတ်ကရောင်ထားတော့ လေပြွန်လေးတွေ ကျဉ်းသွားတဲ့အတွက် ရှူတဲ့လေကအေးပြီး ခြောက်သွေ့တဲ့အခါ၊ လှဲအိပ်တဲ့အခါ လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်

- နွေးနွေးထွေးထွေးနေပါ (စွပ်ကျယ်ဂျိုင်းပြတ်၊ လက်ပြတ်၊ ဘောင်းဘီတို ထက်စာရင် T-shirt, ဘောင်းဘီရှည်နှင့်နေပါ)
- ရေနွေးသောက်ပေးပါ (ချောင်းဆိုးချင်လာလျှင် ရေနွေးကို နည်းနည်း နည်းနည်း ခဏ ခဏ သောက်ပေးပါ)
- ဆားရည် + ရေနွေးဖြင့်ပါးလုတ်ကျင်းပါ (ပါးလုတ်ကျင်းတာ မျိုချတာမဟုတ်လို့ သွေးမတိုးပါဘူး) ဆားရည်မသုံးချင်လျှင် (ပိုက်ဆံပေါလျှင်) Betadine mouthwash သုံးပါ
- ငုံဆေးလေးငုံထားပါ (Lozenges - အဆင်ပြေရာ/ဝယ်လို့ရတာ ငုံလို့ရပါတယ်)
- မသက်သာရင် သောက်နေကျ ချောင်းဆိုးပျောက်ဆေး သောက်ပါ။

5. အစားမစားချင်ဘူး၊ အစာဝင်ရင် ပျို့တယ်

သာမန်နေကောင်းကာစ နလန်ထ လူနာတွေဟာ ဖျားနာတုန်းက ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေ ဖြည့်ဖို့အတွက် အစားများများပြန်စားကြပါတယ်၊ (နေကောင်းတာနဲ့ စားချင်သောက်ချင်စိတ် တိုးလာတယ်ပေါ့)
ကိုဗစ်လူနာတွေကြတော့
👉 နောက်ဆက်တွဲအနေ နဲ့ အနံ့ပျောက်တာ၊ အရသာပျက်တာတွေကြောင့် (အာရုံ နှစ်ပါးချို့တဲ့ပြီး) စားချင်သောက်ချင်စိတ် မရှိကြပါဘူး၊
👉 တချို့ ရောဂါပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့ လူတွေမှာ ရောဂါခံစားရစဉ် အစာစားလည်း မောတဲ့အတွက် ရောဂါသက်သာလာလည်း အစာစားရမှာ ကြောက်နေတတ်ကြပါတယ်။
👉 Virus နဲ့ ကိုယ်ခံအား တိုက်ပွဲကြီးဖြစ်တော့ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းမှုတွေဖြစ်တဲ့အတွက် အစာအိမ်နှင့်အူလမ်းကြောင်းပါ ထိခိုက်မိရင် အစာအိမ်အနာအခံရှိသူတွေ ရောဂါပြန်ကြွတတ်ပါတယ်
👉 အူက ကောင်းကောင်း မလှုပ်တဲ့အခါ (Gastric emptying ကြာတဲ့အတွက်) စားလိုက်တာနဲ့ ရင်ပြည့်ပြီး အန်ချင်တာပါ။

- မစားချင်လည်း၊ အရသာမရှိလည်း ကြိုးစားပြီး စားကြပါ။
- အများကြီး မစားပဲ နည်းနည်းနဲ့ ခဏခဏ စားပါ
- ဘယ်လိုမှ ကိုမရဘူး နည်းနည်းဝင်တာနဲ့ကို ပျို့လာတယ်၊ အန်ပါတယ် ဆိုတဲ့ သူများကတော့ (Motilium M (သို့မဟုတ်) Maxalon ဆိုတဲ့ဆေးကို မနက်စာ၊နေ့လည်စာ၊ ညစာ မစားမီ မိနစ် (၃၀) ကြိုသောက်ပါ။

အရေးတကြီးမှာလိုတာက

👌 အရသာမရတာဟာ လျှာပေါ်မှာရှိတဲ့ အရသာခံတဲ့ အဖုလေးတွေ ခေတ္တခဏ အလုပ်မလုပ်နိုင်တာဖြစ်ပြီး သူ့အလိုလိုပြန်ကောင်းပါတယ်
#အရသာမရဘူး (ပွင့်ထွက်သွားအောင် ဆိုပြီး) အရသာပြင်းလွန်းတဲ့ ချဉ်လွန်း စပ်လွန်း ပူလွန်းတဲ့ အစားများ ကို မစားကြပါနှင့်
တကယ်ပွင့်ထွက်သွားမှာက အစာအိမ်ပါ 😰 ပါးစပ်ကသာ အရသာမရတာ စားတဲ့ဟာတွေရဲ့ ဒဏ်ကို ကျန်းမာရေးသိပ်မကောင်းတဲ့အစာအိမ်က ခံရပြီး အစာအိမ်ပေါက်သွားပါလိမ့်မယ်

6. ခေါင်းကိုက်တယ် ၊ (7) ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး) ၊ (8)စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်၊ (9) ည အိပ်မပျော်ဘူး

ကျန်တဲ့ အချက်တွေကတော့ စိတ်နဲ့ပဲ ဆိုင်တာပါ။
ကျွန်တော် စာတစ်ပုဒ်ရေးဖူးပါတယ် (Pandemic stress reactions ) ကပ်ရောဂါကို အကြောက်ကြီးကြောက်နေရာက ကိုယ့်မှာဖြစ်လိုက်ရတဲ့ အခါ အကြောက်ကြီးကြောက်သွားတဲ့အတွက်

👉 ပြန်ဖြစ်ရင် ဘယ်လိုဖြစ်မှာလဲ
👉 ငါ့ ခန္ဓာကိုယ်ကြီးရော ဘယ်လောက်ပျက်စီးသွားပြီလဲ
👉 အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေခံစားရတော့တကယ်ပြန်ကောင်းတာရောဟုတ်ရဲ့လား

စတဲ့ အတွေးတွေနဲ့က ညအိပ်မပျော်ပဲ အထက်ပါ (6,7,8,9) ကို ခံစားကြရပါတယ်။

- စိတ်အေးအေးထားပါ
- အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်ပြီးပြီ ကောင်းလာမှာပါ
- ချက်ချင်းကြီး မကောင်းနိုင်ပေမယ့် တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်
- Post-covid မှာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ သတင်းတွေဖတ်ပြီး စိုးရိမ်မနေပါနဲ့ (ကိုယ့်အလုပ်ကိုယ်လုပ်ပါ 👉 နားနားနေနေ နေ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်၊ အစားဝင်အောင်စား၊ အိပ်ပျော်အောင်အိပ်
- ဖြစ်နိုင်တယ် ဒါပေမယ့် ရှားတယ်လေ (တစ်ကမ္ဘာလုံးမှာ တစ်ယောက်လောက်တွေ့လည်း) ဆောင်းပါးရေးတော့ (လူကိုခွေးက ကိုက်တာ သတင်းမဟုတ်ပေမယ့် ခွေးကိုလူကသွားကိုက်တာရေးတော့) နာမည်ကြီးတာပေါ့
- အိပ်ပျော်ရင် အားလုံးသက်သာလာပါလိမ့်မယ်
- ဘယ်လိုမှ အိပ်မရရင်တော့ Melatonin 3mg သောက်အိပ်ပါ။
(Melatonin နဲ့မရရင်တော့ ဆရာဝန်နဲ့ဆွေးနွေးပြီး စိတ်ငြိမ်ဆေးသာသောက်ပါ)

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ



Prof Than Than Aye

27/07/2021

#ကိုဗစ်ကာကွယ်ဆေးygn
ရန်ကုန်အတွက်ကိုဗစ်ကာကွယ်ဆေးထိုးရန်
နေရာများ
သက်ဆိုင်ရာမြို့နယ်အလိုက်ဒေသန္တရများကို ဖုန်းဆက်စုံစမ်းမေးမြန်းကြည့်ကြပါ။

မြို့နယ်အလိုက် ဒေသန္တရ လိပ်စာများ

၁ အရှေ့ပိုင်းခရိုင် အမှတ်(၁၀)၊ ဆေးရုံလမ်း၊ (၁၆)ရပ်ကွက်၊ ရန်ကင်းမြို့နယ် ၀၁-၅၄၂၉၄၆

၂ အနောက်ပိုင်းခရိုင် အမှတ်(၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ် ၀၁-၄၃၀၂၆၈

၃ တောင်ပိုင်းခရိုင် သီဟဒီပလမ်းနှင့် ဗညားဦးလမ်း ထောင့်၊ ပဲခူးစုရပ်ကွက်သန်လျင်မြို့နယ် ၀၅၆-၂၃၃၈၃

၄ မြောက်ပိုင်းခရိုင် အမှတ်(၃)လမ်းမပေါ် ကာယရပ်ကွက်၊ ပုလဲအိမ်ရာမှတ်တိုင်၊ပတ္တမြား RIIC နှင့်ကပ်လျှက်၊မင်္ဂလာဒုံမြို့နယ် ၀၁-၆၃၈၄၃၅

၅ ရန်ကင်း တိုက်(၂၀၁၇ )၊ အခန်း(၁ မှ ၆ ထိ)၊ ရန်ရှင်းလမ်း၊ (၁)ရပ်ကွက်၊ ရန်ကင်းမြို့နယ် ၀၁-၅၅၆၄၈၂

၆ တောင်ဥက္ကလာပ အင်းဝလမ်း၊ (၆)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် ၀၉-၄၅၀၅၄၂၄၅၆

၇ မြောက်ဥက္ကလာပ ခေမာသီလမ်း၊ ရုံးသစ်မှတ်တိုင်၊ မြောက်ဥက္ကလာပမြို့နယ် ၀၉-၉၆၉၉၃၆၅

၈ သင်္ဃန်းကျွန်း လေးထောင့်ကန်လမ်းမကြီး၊ ဗိုလ်ကံညွန့်ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ် ၀၁-၅၆၄၁၆၁

၉ သာကေတ မြင်တော်သာလမ်း၊ ထူပါရုံ(၁)ရပ်ကွက်၊ သာကေတမြို့နယ် ၀၁-၅၅၆၈၃၉

၁၀ ဒေါပုံ အမှတ်(၂၃)၊ ယမုံနာလမ်းမကြီး၊ ပုသိမ်မြေရပ်ကွက်၊ ဒေါပုံမြို့နယ် ၀၁-၅၅၆၈၅၂

၁၁ တာမွေမြို့နယ် အမှတ်(၃၈၈ )၊ ဗညားဒလလမ်း၊ ကျောက်မြောင်း(အထက်)ရပ်ကွက်၊တာမွေမြို့နယ် ၀၁-၅၅၅၈၃၀

၁၂ ပုဇွန်တောင် အမှတ်(၅၁/၅၃)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ (၁၀)ရပ်ကွက်ပုဇွန်တောင်မြို့နယ်၊ ၀၁-၂၉၁၃၀၀

၁၃ ဗိုလ်တထောင် အမှတ်(၁၅၇)၊ (၄၆)လမ်း၊ ဗိုလ်တထောင်မြို့နယ် ၀၁-၂၀၁၃၄၈

၁၄ ဒဂုံမြို့သစ်(တောင်ပိုင်း) ပုလဲရတနာလမ်း၊ (၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၀၁-၅၉၀၀၇၄

၁၅ ဒဂုံမြို့သစ်(မြောက်ပိုင်း) အနော်ရထာလမ်းနှင့် ရာဇဓိရာဇ်လမ်းထောင့်၊ (၉)ရပ်ကွက်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၀၁-၅၉၀၀၇၄

၁၆ ဒဂုံမြို့သစ်(အရှေ့ပိုင်း) (၇)ဒေသန္တရကျန်းမာရေးဌာန၊ တိမ်ကြားမင်းခေါင်းလမ်း(၇)ရပ်ကွက်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ၀၁-၅၈၅၁၉၅

၁၇ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ကနောင်မင်းသားကြီးလမ်းနှင့် ကျန်စစ်သားလမ်းထောင့်(၈၇ )ရပ်ကွက်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ၀၁-၅၉၂၂၃၁

၁၈ မင်္ဂလာတောင်ညွန့် အမှတ်(၃၂၃၄)၊ ပညားဒလလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၀၁-၂၉၀၇၅၉

၁၉ ကျောက်တံတား အမှတ်(၂၀၂/၂၀၁၈)၊ ဗဟာဗန္ဓုလလမ်း (အလယ်ဘလောက်)၊ (၂)ရပ်ကွက်၊ကျောက်တံတားမြို့နယ် ၀၁-၃၇၅၃၃၈

၂၀ လမ်းမတော် အမှတ်(၂၆၅)၊ မော်တင်လမ်း၊ လမ်းမတော်မြို့နယ် ၀၁-၂၂၂၂၇၀

၂၁ လသာ အမှတ်(၁၁၂)၊ စဉ့်အိုးတန်းလမ်း၊ (၄)ရပ်ကွက်၊ လသာမြို့နယ် ၀၁-၂၅၀၆၃၆

၂၂ ပန်းဘဲတန်း အမှတ်(၁၂၈/၁၃၀)၊
ကုန်ဈေးတန်းအောက်လမ်း၊ ပန်းဘဲတန်းမြို့နယ် ၀၁-၃၈၀၉၁၈

၂၃ ကြည့်မြင်တိုင် အမှတ်(၄၈)၊ ကျောင်းကြီးလမ်း၊ ဈေးကြီးအရှေ့ရပ်ကွက်၊ ကြည့်မြင်တိုင် ၀၁-၅၃၅၈98

၂၄ စမ်းချောင်း အမှတ်(၁၅၂)၊ ဗားဂရာလမ်း၊ စမ်းချောင်းမြို့နယ် ၀၁-၅၁၀၆၆၈

၂၅ လှိုင် အမှတ်(၄၂)၊ သီရိလမ်းမကြီး၊ (၂)ရပ်ကွက်၊ လှိုင်မြို့နယ် ၀၁-၅၃၅၉၀၂

၂၆ ကမာရွတ် အမှတ်(၉၂/၉၄)၊ လှည်းတန်းလမ်းမ၊ (၃)ရပ်ကွက်၊ ကမာရွတ်မြို့နယ် ၀၁-၅၃၄၂၆၂

၂၇ မရမ်းကုန်း အမှတ်(၅၄)၊ ကျိုက်ဝိုင်းဘုရားအနီး၊ မရမ်းကုန်းမြို့နယ် ၀၁-၆၆၀၇၂၉

၂၈ ဒဂုံ အမှတ်(၃၈၄၀)၊ ပန်တျာလမ်း၊ ဘုရားကြီးရပ်ကွက်၊ ဒဂုံမြို့နယ် ၀၁-၃၇၅၈၆၄

၂၉ ဗဟန်း အမှတ်(၃၂)၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဗိုလ်ချုပ်(၃)ရပ်ကွက်၊ ဗဟန်းမြို့နယ် ၀၁-၅၅၄၀၈၁

၃၀ အလုံ အမှတ်(၄၇)၊ သစ်တော်လမ်းနှင့် ဝေဘာဂီလမ်းမ၊ စောရန်ပိုင်ရပ်ကွက်၊ အလုံမြို့နယ် ၀၁-၂၂၀၈၄၅

၃၁ သန်လျင်
ဗိုလ်ချုပ်နေဝင်းလမ်း၊ ပဲခူးစုရပ်ကွက်၊ ဆေးရုံဝင်း၊ သန်လျင်မြို့နယ် ၀၅၆-၂၁၃၂၈

၃၂ ကျောက်တန်း အလယ်ပိုင်းရပ်ကွက်၊ ကျောက်တန်းမြို့နယ် ၀၅၆-၂၅၅၁၁

၃၃ ခရမ်း ဘုရားလမ်း၊ (၂)ရပ်ကွက်၊ ခရမ်းမြို့နယ် ၀၅၆-၃၀ဝ၁၈

၃၄ သုံးခြ
မင်းရဲကျော်စွာလမ်း၊ (၁၁)ရပ်ကွက်၊ သုံးခွမြို့နယ် ၀၅၆-၄၀၃၉၅

၃၅ ဒလ ဒလတွံတေးကားလမ်းမ၊ အောင်မင်္ဂလာရပ်ကွက်၊ ဒလမြို့နယ် ၀၁-၂၆၉၁၉၃

၃၆ ကော့မှူး ဆေးရုံလမ်း၊ မြို့သစ်ရပ်ကွက်၊ ကော့မှူးမြို့န ၀၁-၂၆၄၀၀၆

၃၇ ကွမ်းခြံကုန်း ဗဟိုလမ်း၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ကွမ်းခြံကုန်းမြို့နယ် ၀၁-၂၆၅၀၂၃

၃၈ တွံတေး ရွှေဆံတော်ဘုရာလမ်း၊ (၁)လမ်း၊ တွံတေးမြို့နယ် ၁၄၅-၅၀၄၄၃

၃၉ ဆိပ်ကြီးခနောင်တို ဗဟိုလမ်း၊ ခနောင်တို့အရှေ့ရပ်ကွက်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ၀၁-၂၆၈၀၃၆

၄၀ လှိုင်သာယာ ရုံးရှေ့မှတ်တိုင်အနီး၊ အောင်ဇေယျတံတားအဆင်း၊ ကျန်စစ်သာလမ်းနှင့် ညောင်တုန်းလမ်းထောင့်၊ လှိုင်သာယာမြို့နယ် ၀၁-၈၆၃၀၁၈၉

၄၁ လှည်းကူး
အရှေ့မင်းလမ်း၊ အောင်မင်္ဂလာရပ်ကွက်၊ လှည်ကူးမြို့နယ် ၀၁-၆၂၉၀၂၅

၄၂ မှော်ဘီ

စုပေါင်းရုံးလမ်း၊ (၁)ရပ်ကွက်၊ မှော်ဘီမြို့နယ် ၀၁-၆၂၀၀၄၁

၄၃ ထန်းတပင် (၁)ရပ်ကွက်၊ ဆရာစံလမ်း၊ ထန်းတပင်မြို့နယ် ၀၁-၆၁၉၀၁၄

၄၄ အင်းစိန် အင်းစိန်ပန်းခြံရှေ့၊ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ် ၀၁-၆၄၀၂၃၉

၄၅ မင်္ဂလာဒုံ (၁၄)လမ်း၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ် ၀၁-၆၃၈၅၇၀

၄၆ ရွှေပြည်သာ ဘုရင့်နောင်လမ်းမ၊ အမှတ်(၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ် ၀၁-၆၁၁၀၀၈

၄၇ တိုက်ကြီး ဆေးရုံလမ်း၊ ဘောဓိကုန်းရပ်ကွက်၊ တိုက်ကြီးမြို့နယ်

Credit # Original post

Address

73, Sanchaung Street, Sanchaung Township
Yangon
951

Website

Alerts

Be the first to know and let us send you an email when ရိုးရာေမ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share