Sunflower Natural Dye Textiles

Sunflower Natural Dye Textiles Support genuine local products
Adopt ethical business value
Respect indigenous Heritage & Creativity

This is the place for Myanmar lotus, silk and cotton fabrics. We specialize quality products of natural dye textiles in Myanmar. We serve with sustainable environment and ethical business practices. We also promote and sell local SMEs and non-profit groups products at our place.

[English Below]မယ်လက်မဇာနဲ့ ကြာပုဝါပေါင်းတည်ဝန်းကျင်ဒေသကထွက်ရှိတဲ့ ကြာချည်နဲ့ မယ်လက်မလက်ရက်ကန်းရုံက ဘာကိုရက်ရက်ဇာလေးပါအေ...
12/08/2026

[English Below]

မယ်လက်မဇာနဲ့ ကြာပုဝါ

ပေါင်းတည်ဝန်းကျင်ဒေသကထွက်ရှိတဲ့ ကြာချည်နဲ့ မယ်လက်မလက်ရက်ကန်းရုံက ဘာကိုရက်ရက်ဇာလေးပါအောင်ရက်တို့ တွေ့ဆုံကြလေပြီ။
ထုတ်ကုန်တွေထုတ်လုပ်တဲ့အခါမှာ ဒေသထွက် ကုန်ကြမ်းကိုသုံးနိုင်လေ ကုန်ကျစရိတ်နည်းလေဖြစ်လို့ ဒေသတိုင်းမှာ သက်ဆိုင်ရာဖန်တီးမှုတိုင်းအတွက် ကုန်ကြမ်းတွေရှိဖို့အရေးကြီးပါတယ်။

သဘာဝကပေးတဲ့ကြာတွေနဲ့ ကြာချည်ထုတ်ခဲ့ကြတာ ဆယ်စုနှစ်များစွာရှိခဲ့ကြပြီလို့ အသက်၇၀ကျော်အမျိုးသမီးကြီးက “တို့အသက်၂၀ကျော်ကတည်းက ကြာချည်ဆွဲခဲ့တာ”လို့ဆိုပေမယ့် မသိသူကျော်သွားဖြစ်ခဲ့ကြတယ်။

အသစ်အဆန်းတခုအနေနဲ့ ဝါချည်တိုင် ကြာချည်ဖောက်ဇာပုဝါလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဝါချည်ရော၊ ကြာချည်ရော သဘာဝချည်တွေဖြစ်လို့ အသားရေပေါ်မှာ ကနွဲ့ကလျနဲ့ လိုက်ဖက်ညီနေတာအမှန်ပါ။

“Mae Let Ma” lace weaving and lotus yarn meet at last.

Lotus yarn from the Paungde region has now come together with the weaving skills of the Mae Latma handloom workshop, creating a beautiful scarves with delicate lace-like details.

When producing goods, having access to locally sourced raw materials is important, as using materials available within the region can help reduce production costs. Every region benefits from having its own natural resources to support local creativity and craftsmanship.

For decades, lotus stems provided by nature have been used to produce lotus fiber to yarn. A woman in her seventies recalls, “I have been extracting lotus fiber since I was in my twenties.” Yet, despite this long-standing tradition, it has often gone unnoticed by many.

Now, as something new and unique, we would like to introduce a beautiful cotton-and-lotus-yarn scarf, woven with cotton yarn as the warp and lotus yarn as the weft, featuring delicate lace details.

Both cotton and lotus fiber are natural fibers, making this scarf soft, gentle, and beautifully comfortable against the skin.









ဆရာမဒေါ်စိန်စိန်လင်း၏ ပါတိတ်ပန်းချီသင်တန်းကို ၂၀၂၆ သြဂုတ်လအတွင်း ဒုတိယအကြိမ်အဖြစ် Sunflower Weaving Studio  မှာ ပြုလုပ်သ...
08/08/2026

ဆရာမဒေါ်စိန်စိန်လင်း၏ ပါတိတ်ပန်းချီသင်တန်းကို ၂၀၂၆ သြဂုတ်လအတွင်း ဒုတိယအကြိမ်အဖြစ် Sunflower Weaving Studio မှာ ပြုလုပ်သွားမှာဖြစ်ပါသည်။ ယခုအကြိမ်မှာတော့ ဆရာမဒေါ်စိန်စိန်လင်း၏ ပါတိတ်ပန်းချီပညာရပ်အပြင် ဒေါ်ဖြူအိသိမ်းမှ သဘာဝဆိုးဆေးပါတိတ်ဖန်တီးခြင်းကိုပါ သင်ကြားပေးမှာဖြစ်သည့်အတွက် သင်တန်းကာလ (၄)ရက်ကြာမြင့်မည် ဖြစ်ပါသည်။

(၁) ပထမရက်
ပါတိတ်ပန်းချီ ထုတ်လုပ်ပုံ အဆင့်ဆင့်
အဝတ်အထည်အဆင်ဒီဇိုင်း ဖန်တီးရေးဆွဲမှု
ဒီဇိုင်းဆိုင်ရာ အသိပညာများ၊
ပန်းချီပညာရေဆေးရေးဆွဲမှုဆိုင်ရာသီအိုရီများနှင့်
ပါတိတ်ဆိုင်ရာ အသိပညာများမျှဝေခြင်း
(၂.၆x3၂.၆) ၂ပေခွဲ ပတ်လယ် ပိတ်ပေါ်တွင် ဒီဇိုင်းရေးဆွဲကြရပါမည်။

(၂)ဒုတိယရက်
လက်ရေးပါတိတ်ပန်းချီကား
ဖရောင်းရေးဆွဲကြပြီး ပါတိတ်ဆေးရေးဖြည့်ပါမည်။

(၃)တတိယရက်
ပိတ်စပေါ်ဆေးသားစွဲမြဲစေရန် ပါတိတ် အက်ဆစ်သုတ်ခြင်း ၊လျှော်ဖွတ်ရန် (၆)နာရီစောင့်ဆိုင်းစဥ်ကာလ အတွင်း ဘန်ကောက်မှ ပါတိတ်ဆေး ကုပ္ပဏီ ကိုဆက်သွယ်ပြသပေးခြင်း၊ မှားတတ်သော အမှားများ၊ စျေးကွက်နှင့် သုံးစွဲသူများ နိုင်ငံအလိုက် တန်ဖိုးထားမှုကွဲပြားမှုများ၊ ထုတ်လုပ်မှုများအကြောင်းရှင်းပြခြင်း။

(၄) စတုတ္ထရက်
သဘာဝဆိုးဆေးဖြင့် ပါတိတ်ရေးဆွဲခြင်း (အခြေခံ)

သင်တန်းကာလအတွင်းသုံးစွဲရန် သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ပေးထားမည်ဖြစ်ပြီး သင်တန်း (၄)ရက်အတွက် သင်တန်းကြေး ၄၀၀,၀၀၀ ကျပ် ကျသင့်ပါမည်။

နေ့ရက် ၂၀၂၆ ခုနှစ် သြဂုတ်လ ၁၉, ၂၀, ၂၁, ၂၂ ရက်
နေရာ ၄၅၊ နဝဒေးလမ်း၊ ၁၀မိုင်၊ အင်းစိန်မြို့နယ်။ ရန်ကုန်မြို့

တက်ရောက်လိုသူများအနေဖြင့် Messenger မှသော်လည်းကောင်း၊ 09966537920 သို့သော်လည်းကောင်း ဆက်သွယ်စာရင်းပေးနိုင်ပါသည်။




Sunflower Natural Dye Textiles ကိုWeekend Bazaar @ Golden Valley Marketplace မှာသြဂုတ်လ ၈ရက်နှင့် ၉ရက်နေ့တွေမှာ လာရောက်တ...
07/08/2026

Sunflower Natural Dye Textiles ကို
Weekend Bazaar @ Golden Valley Marketplace မှာ
သြဂုတ်လ ၈ရက်နှင့် ၉ရက်နေ့တွေမှာ လာရောက်တွေ့ဆုံနိုင်ပါပြီ။
သဘာဝဆိုးဆေးများနဲ့ဖန်တီးထားတဲ့ လက်ငင်ချည်ထုတ်ကုန်များ၊ အိတ်နှင့် ချည်ထည်များကို ကြည့်ရှုခံစားနိုင်မယ့် အချိန်လေးဖြစ်ပါတယ်။

အရောင်တရောင်ချင်းစီမှာ
သဘာဝရဲ့ ဖန်တီးပေးမှုနဲ့ ဖန်တီးသူများရဲ့ အချိန်တွေ ပါဝင်နေပါတယ်။
Weekend Bazaar မှာ
Sunflower ရဲ့ ဖန်တီးမှုလေးတွေနဲ့အတူ
နွေးထွေးတဲ့အချိန်လေးကို လာရောက်ဖြတ်သန်းဖို့ ဖိတ်ခေါ်ပါတယ်

You can meet Sunflower Natural Dye Textiles at Weekend Bazaar @ Golden Valley Marketplace on August 8 & 9.

Come and explore our handwoven textiles, bags, and handmade products created with natural dyes.

Each color carries the beauty of nature and the time and care of the creators behind it.

We warmly invite you to spend a lovely time with Sunflower’s creations at the Weekend Bazaar.




Sunflower ရဲ့ ဖန်တီးမှုတွေဟာ ဆန်းသစ်ပေမယ့် ရိုးရှင်းမှုကိုလည်း အခြေခံထားပါတယ်။တခါတလေ ရိုးရှင်းမှုကပဲ အထင်ရှားဆုံးပုံစံ ဖ...
02/08/2026

Sunflower ရဲ့ ဖန်တီးမှုတွေဟာ ဆန်းသစ်ပေမယ့် ရိုးရှင်းမှုကိုလည်း အခြေခံထားပါတယ်။
တခါတလေ ရိုးရှင်းမှုကပဲ အထင်ရှားဆုံးပုံစံ ဖြစ်လာတတ်ပါတယ်။
Sunflower Collectives Network အဖွဲ့ဝင် မယ်လက်မ ရက်ကန်းရုံက ပိတ်စနဲ့ ဖန်တီးထားတဲ့ ဒီလက်ရက်ကန်းပိတ်စအင်္ကျီလေးတွေဟာ မြန်မာ့ရိုးရာရက်ကန်းထုတ်ကုန်ကို ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ ပေါင်းစပ်ထားတဲ့ ဖန်တီးမှုတခုပါ။ သဘာဝအရောင်လေးတွေ၊ ပိတ်စဒီဇိုင်းလေးတွေ၊ Stand Collar ဒီဇိုင်းလေးနဲ့ ရိုးရှင်းပြီး သက်သောင့်သက်သာရှိမှုကို ပေးစွမ်းပါတယ်။
ဒီဇိုင်းက ရိုးရှင်းပေမယ့် ဂျင်းဘောင်းဘီ၊ စတိုင်လ်ဘောင်းဘီ၊ စကတ်လေးတွေနဲ့ အလွယ်တကူ တွဲဖက်ဝတ်ဆင်နိုင်တဲ့ အင်္ကျီလေးတထည်ပါ။ ရာသီအလိုက် ခေတ်စားတဲ့ Trend တွေလိုတော့ မဟုတ်ပေမယ့် နှစ်ပေါင်းများစွာ မရိုးတမ်း ဝတ်ဆင်နိုင်မယ့် ဒီဇိုင်းဖြစ်တာကြောင့် Less is More ဆိုတဲ့ ဖက်ရှင်အယူအဆကို သဘောကျသူတွေအတွက် သင့်တော်ပါတယ်။
ရရှိနိုင်မယ့် Size နဲ့ အရောင်များကိုလည်း ဖော်ပြထားပါတယ်ရှင်။



[English Below]ပုဝါတထည်ဟာ ဘာကြောင့် အချိန်ကို ကျော်ဖြတ်နိုင်တာလဲ။တချို့အဝတ်အစားတွေက ရာသီအလိုက် ပြောင်းလဲသွားတတ်ပါတယ်။တချ...
18/07/2026

[English Below]

ပုဝါတထည်ဟာ ဘာကြောင့် အချိန်ကို ကျော်ဖြတ်နိုင်တာလဲ။

တချို့အဝတ်အစားတွေက ရာသီအလိုက် ပြောင်းလဲသွားတတ်ပါတယ်။
တချို့ဒီဇိုင်းတွေက ခေတ်တခေတ်ကုန်တာနဲ့ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် ပုဝါကတော့ မတူပါဘူး။ နှစ်ပေါင်းများစွာကြာသွားရင်တောင် သူ့ရဲ့တန်ဖိုးက လျော့မသွားဘဲ ပိုပြီး အဓိပ္ပါယ်ရှိလာတတ်ပါတယ်။

ပုဝါတထည်ကို လူတော်တော်များများက ဖက်ရှင်အသုံးအဆောင်တစ်ခုလို့ မြင်ကြပါတယ်။ ဒါပေမယ့် Sunflower အတွက်တော့ ပုဝါဆိုတာ နှစ်ပေါင်းများစွာ ဆက်လက်ဖန်တီးလာတဲ့ လက်ရာတစ်ခုပါ။ ခေတ်အလိုက် ဒီဇိုင်းတွေ ပြောင်းလဲနိုင်ပေမယ့် ပိုးချည်ရဲ့ အလှနဲ့ လက်ရက်ကန်းပညာရဲ့ တန်ဖိုးကတော့ မပြောင်းလဲပါဘူး။Sunflower ရက်ကန်းရုံရဲ့ အဓိကထုတ်ကုန်ထဲမှာ ပိုးပုဝါ ပါဝင်ပါတယ်။ ပိုးပုဝါတွေကို ဖန်တီးတဲ့နေရာမှာ သေးသွယ်တဲ့ပိုး၊ အဖုအထစ်တွေနဲ့မညီညာတဲ့ ပိုးတုတ် (လက်ငင်ပိုး) တွေကို သီးသန့်ပဲ ဖြစ်ဖြစ်၊ ရောပြီးတော့ပဲဖြစ်ဖြစ်၊ ဒီဇိုင်းဖော်ပြီးပဲဖြစ်ဖြစ် အမျိုးမျိုးဖန်တီးခဲ့ကြ၊ ဖန်တီးကြဆဲဖြစ်ပါတယ်။

အခုတခေါက် Sunflower ပိုးပုဝါတွေကို ၁၀၀ ရာခိုင်နှုန်း ပိုးချည်ဖြင့် ဇာဘလာ ဒီဇိုင်းကို စက်ပိုးသီးသန့်နဲ့တမျိုး၊ စက်ပိုးနဲ့ပိုးတုတ်(လက်ငင်ပိုး) ပေါင်းစပ်ပြီး တသွယ် ဖန်တီးထားပါတယ်။ သေးသွယ်တဲ့ပိုးချည်ရဲ့ နူးညံ့မှုကို ခံစားရမယ့်အပြင် ပိုးတုတ်ရဲ့ သဘာဝဆန်တဲ့ အထိအတွေ့အသွင်အပြင်ကလည်း ပုဝါတစ်ထည်ချင်းစီကို ထူးခြားတဲ့ အသွင်အပြင်တခု ပေးစွမ်းပါတယ်။ ဇာဘလာဒီဇိုင်းဖြစ်တဲ့အတွက်ပုဝါဟာ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းသလို၊ ပိုးချည်ရဲ့ တောက်ပမှုနဲ့နူးညံ့မှုကို ပေါ်လွင်စေပါတယ်။

ဒီပုဝါတွေမှာ အသုံးပြုထားတဲ့ အရောင်တွေကလည်း သဘာဝဆိုးဆေးတွေကနေ ရရှိလာတာပါ။ သဘာဝအရောင်တွေဟာ တောက်ပလွန်းတာမျိုး မဟုတ်ပေမယ့် ငြိမ်သက်ပြီး အချိန်ကြာလာလေလေ ပိုပြီး နက်ရှိုင်းတဲ့ အလှကို ပိုင်ဆိုင်လာတတ်ပါတယ်။

ပိုးပုဝါဆိုတာ မြန်ဆန်စွာဖန်တီးနိုင်တာမျိုးမဟုတ်ပေမယ့် အချိန်ယူဖန်တီးထားတဲ့အရာတွေမှာသာ ရရှိနိုင်တဲ့ နူးညံ့မှု၊ အသေးစိတ်မှုနဲ့ နွေးထွေးမှုတွေ ရှိပါတယ်။

Sunflower ရဲ့ ဒီပုဝါတထည်ချင်းစီကလည်း အချိန်၊ လက်မှုပညာနဲ့ သဘာဝရဲ့ လက်ဆောင်ကို အတူပေါင်းစပ်ရက်လုပ်ထားတဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။

Why Does a Shawl Last Through Time?

Some clothes change with the seasons. Some designs disappear as trends change. But a shawl is different. Even after many years, it does not lose its value. Instead, it becomes more meaningful.

Many people see a shawl as just a fashion accessory. At Sunflower Natural Dye Textiles, however, a shawl is much more than that. It is a handmade piece of art that has been created through generations. While styles may change, the beauty of silk and the value of hand weaving remain timeless.

Silk shawls are one of Sunflower's signature products. We create them using fine silk, raw silk (hand-spun silk), or a combination of both. We also explore different weaving techniques and patterns to create unique designs.

Our latest collection is made from 100% silk using Lace & Plain weaving design. Some shawls are woven with fine silk only, while others combine fine silk with hand-spun silk. The fine silk gives the shawl a soft and smooth feel, while the hand-spun silk adds a natural texture and unique character. This pattern makes the shawl light, breathable, and elegant, while highlighting the natural shine of silk.

The colours of these shawls come from natural dyes. They are not overly bright, but they have a calm and gentle beauty that becomes richer over time.

A silk shawl cannot be made quickly. It takes time, skill, and patience. That is why every shawl carries warmth, careful craftsmanship, and attention to detail.

Every Sunflower shawl is a special piece, woven with time, traditional craftsmanship, and the beauty of nature.





16/07/2026

မယ်လက်မရက်ကန်းရုံ
ပေါင်းတည်နဲ့ ဇာ
တချိန်က တမြို့လုံးညံခဲ့တဲ့ လက်ခတ်သံ

လက်ခတ်သံပြန်ကြားရဖို့
၂၀၁၆မှာ မယ်လက်မရက်ကန်းရုံလေးစတင်ခဲ့တယ်

လက်ခတ်သံ x သီချင်းသံကို နားဆင်ကြည့်ကြပါဦးရှင့်

Mae Latma

[English Below]Sunflower Collectives Network အဖွဲ့ဝင်တဦးဖြစ်တဲ့ Sharing Our Strength ရဲ့ ဖန်တီးမှုတွေထဲမှ တမျိုးကတော့ ချ...
14/07/2026

[English Below]

Sunflower Collectives Network အဖွဲ့ဝင်တဦးဖြစ်တဲ့ Sharing Our Strength ရဲ့ ဖန်တီးမှုတွေထဲမှ တမျိုးကတော့ ချည်ထိုးအရုပ်လေးတွေပဲဖြစ်ပါတယ်။

ချည်တပင်ချင်းစီကို အချိန်၊ စိတ်ရှည်မှုနဲ့ အနုပညာစိတ်ကူးတွေ ပေါင်းစပ်ပြီး Crochet Amigurumi, Keychains, Cushions နဲ့ အခြားအလှဆင်အသုံးအဆောင်လေးတွေကိုလည်း အနုစိတ်ဖန်တီးလျက်ရှိပါတယ်။ ချစ်စရာ တိရစ္ဆာန်အရုပ်လေးတွေ၊ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ မြန်မာ့ရိုးရာ အရုပ်လေးတွေကနေစပြီး သုံးစွဲသူတွေရဲ့ စိတ်ကူးနဲ့ လိုအပ်ချက်အလိုက် ဒီဇိုင်းအသစ်တွေကိုလည်း ဖန်တီးပေးနေပါတယ်။

ဖန်တီးမှုတိုင်းဟာ အလှအပတစ်ခုတည်းကိုသာ မရည်ရွယ်ဘဲ အသုံးဝင်မှု၊ အရည်အသွေးနဲ့ ဘေးကင်းလုံခြုံမှု ကိုလည်း အလေးထားပါတယ်။အထူးသဖြင့် ကလေးငယ်တွေ ဆော့ကစားတဲ့ အရုပ်လေးတွေမှာတော့ ပလပ်စတစ်မျက်လုံးတွေ မသုံးဘဲ ချည်နဲ့ပဲ အနုစိတ်ထိုထားတဲ့ မျက်လုံးလေးတွေကို အသုံးပြုထားတာကြောင့် ပြုတ်ထွက်ခြင်း၊ မျိုချမိခြင်း စတဲ့ အန္တရာယ်တွေကို လျှော့ချပေးနိုင်ပါတယ်။

Sharing Our Strength အတွက် လက်မှုပစ္စည်းတခုချင်းစီဟာ ရောင်းချဖို့သာ ဖန်တီးထားတဲ့ ပစ္စည်းမဟုတ်ဘဲ ဖန်တီးသူတွေရဲ့ အရည်အချင်း၊ စိတ်ကူးစိတ်သန်းတွေကို အခြေခံတဲ့ ဖန်တီးမှုတွေပဲဖြစ်ပါတယ်။

ဖန်တီးမှုလေးတွေက တစ်ယောက်ယောက်ရဲ့ အပြုံး၊ ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုနဲ့ အိမ်တစ်အိမ်ရဲ့ နွေးထွေးမှုကို ဆက်လက်ဖန်တီးပေးနိုင်မယ်လို့ Sunflower Collectives Networkက ယုံကြည်ပါတယ်။

ကလေးများအတွက် ပြည်တွင်းဖြစ်ကလေးကစားစရာ ရွေးချယ်ရန် ရှားပါးတဲ့ မြန်မာနိုင်ငံမှာ အန္တရာယ်ကင်းတဲ့ကစားစရာအဖြစ်သော်လည်းကောင်း၊ ကလေးများအရုပ်ကိုကိုင်တွယ်ဆော့ကစားခြင်းဖြင့်လည်း ကိုယ်ခန္တာကျန်းမာရေး လက်ချောင်းလေးတွေ သန်စွမ်းရေးအတွက် ကြိုးစားပေးနေတဲ့ မေမေ၊ ဖေဖေတို့ Sharing Our Strength ကို သတိရလိုက်ပါနော်။

One of the creators in the Sunflower Collectives Network, Sharing Our Strength, creates beautiful handmade crochet products with love and care.

Using yarn, patience, and creativity, they make crochet amigurumi toys, keychains, cushions, and other decorative items. From cute animals and cartoon characters to traditional Myanmar dolls, they also create custom designs based on customers’ ideas and requests.

Every handmade piece is created with more than just beauty in mind. They also focus on quality, functionality, and safety. For children’s toys, instead of using plastic safety eyes, they carefully embroider the eyes with yarn. This helps reduce the risk of small parts coming loose, making the toys safer for young children.

For Sharing Our Strength, every handmade product is more than something to sell. It reflects the creators’ skills, creativity, and passion.

At Sunflower Collectives Network, we believe these handmade creations can bring smiles to children, warmth to families, and joy to every home.

In Myanmar, safe, locally made toys for children are still limited. If you are looking for a safe handmade toy or a gift that encourages children’s sensory play and fine motor skill development, remember Sharing Our Strength.





[English Below]ယခုတခေါက်ဖော်ပြပေးသွားမှာကတော့ အပွင့်ကောက်ပုဝါပဲဖြစ်ပါတယ်ရှင်။အပွင့်ကောက်နည်းပညာဟာလည်း ရက်ကန်းပညာရှင်များ...
01/07/2026

[English Below]

ယခုတခေါက်ဖော်ပြပေးသွားမှာကတော့ အပွင့်ကောက်ပုဝါပဲဖြစ်ပါတယ်ရှင်။

အပွင့်ကောက်နည်းပညာဟာလည်း ရက်ကန်းပညာရှင်များ၏ အတွေ့အကြုံ၊ တိကျမှုနှင့် စိတ်ရှည်မှုတို့ကို ပေါင်းစပ်ထားတဲ့ ရက်လုပ်နည်းတစ်ခုဖြစ်ပါတယ်။ ဒီဇိုင်းတစ်ခုစီကို အကွက်ချရေးဆွဲပြီးနောက် အတိုင်ချည်များကို တစ်ပင်ချင်းစီ ရေတွက်ကာ သတ်မှတ်ထားတဲ့ အရေအတွက်အလိုက် အကျော်အလျှိုများကို လက်ဖြင့် ဂရုတစိုက် ဖန်တီးပုံဖော်ထားခြင်း ဖြစ်ပါတယ်။

ဆန်းဖလားဝါးရဲ့ အပွင့်ကောက်ပုဝါများတွင် သဘာဝအရောင်ချည်သားပေါ်မှာ သဘာဝဆိုးဆေး ဆိုးထားတဲ့ ချည်များကို အသုံးပြုပြီး လိပ်ပြာ၊ မေပယ်လ်ရွက်၊ ကျားလက်ဝါးရွက်နဲ့ ချယ်ရီသီးစတဲ့ ပုံစံများကို လှပသေသပ်စွာ ရက်လုပ်ဖော်ပြထားပါတယ်။

ပုဝါတစ်ထည်ချင်းစီက လက်မှုအနုပညာရဲ့ တန်ဖိုး၊ သဘာဝပစ္စည်းများရဲ့ အလှနဲ့ အနှစ်သာရကို ထင်ဟပ်စေတဲ့ ဖန်တီးမှုတခုလည်း ဖြစ်ပါတယ်။

ကိုယ်တိုင် အသုံးပြုရန်ဖြစ်စေ၊ အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ရန်ဖြစ်စေ သင့်တော်တဲ့ ပုဝါများပဲ ဖြစ်ပါတယ်ရှင်။

The hand pick-up weaving (Extra weft) is a traditional handweaving technique that requires skill, precision, and patience. Each design begins with a carefully planned pattern. The warp threads are counted one by one, and selected threads are lifted by hand to create the woven motifs.

Sunflower’s hand pick-up weaving pattern shawls are woven with natural color cotton yarn and natural dyed yarns. The designs feature beautiful motifs inspired by nature, including butterflies, maple leaves, swiss cheese leaves, and cherries.

Each shawl reflects the beauty of handcrafted textiles, natural materials, and the care and craftsmanship of our weavers.

Whether for your own collection or as a thoughtful gift, these handwoven shawls are made to be treasured.





26/06/2026

Crochet Pouch

[English Below]ဖန်တီးသူတွေအတွက်တော့ ချည်တပင်ဆိုတာ အရောင်၊ စိတ်ကူးနဲ့ အချိန်တွေကို သယ်ဆောင်ထားတဲ့အရာတခု ဖြစ်ပါတယ်။ဒီချည်ထ...
26/06/2026

[English Below]

ဖန်တီးသူတွေအတွက်တော့ ချည်တပင်ဆိုတာ အရောင်၊ စိတ်ကူးနဲ့ အချိန်တွေကို သယ်ဆောင်ထားတဲ့အရာတခု ဖြစ်ပါတယ်။

ဒီချည်ထိုးအိတ်လေးတွေဟာ ချည်တွေကို အိတ်တလုံးအဖြစ် ပြောင်းလဲထားတာထက် ပိုပါတယ်။ ချည်တကွက်ချင်းစီကို စိတ်ရှည်လက်ရှည်ဖန်တီးထားပြီး အရောင်တရောင်ချင်းစီကို တွဲစပ်ရွေးချယ်ရင်း တဖြည်းဖြည်း ပေါ်လာတဲ့ လက်ရာလေးတွေ ဖြစ်ပါတယ်။

တချို့အိတ်တွေက တောက်ပတဲ့ အရောင်တွေနဲ့ ပျော်ရွှင်မှုကို ဖော်ပြနေပြီး တချို့ကတော့ နူးညံ့တဲ့ အရောင်တွေနဲ့ တည်ငြိမ်မှုကို ပြောပြနေပါတယ်။ တူညီသောအရာတခုကတော့ စိတ်ကူးစိတ်သန်းနဲ့အတွေးတွေကို ချည်ပင်များနဲ့ ဖော်ပြထားခြင်း ဖြစ်ပါတယ်။

အနည်းငယ်သောကွဲပြားမှုတွေ၊ အရောင်တွဲစပ်မှုတွေကပဲ ဒီအိတ်လေးတွေရဲ့ အလှတရား ဖြစ်လာပါတယ်။

ဖုန်း၊ ကတ်၊ ငွေသား၊ နားကြပ်နဲ့ နေ့စဉ်လိုအပ်တဲ့ အသုံးအဆောင်လေးတွေကို ထည့်သိမ်းဖို့ အသုံးဝင်သလို လက်မှုဖန်တီးသူတစ်ယောက်ရဲ့ အချိန်နဲ့ ကျွမ်းကျင်မှုကိုလည်း ကိုယ်နဲ့အတူ သယ်ဆောင်သွားနိုင်ပါတယ်။

လက်ထဲမှာ ကိုင်ထားတဲ့ အိတ်လေးတစ်လုံးရဲ့ နောက်ကွယ်မှာ ဖန်တီးသူရဲ့ ပုံပြင်တစ်ပုဒ် ရှိနေပါတယ်။

ဒီအိတ်လေးတွေကတော့ ကလေးကင်ဆာလူနာတွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ Sharing Our Strength ရဲ့ ဖန်တီးမှု ထုတ်ကုန်များပဲ ဖြစ်ပါတယ်။

For creators, a strand of yarn is more than just a material. It carries colors, ideas, time, and creativity.

These crochet pouches are more than simply yarn turned into bags. Each stitch is carefully made by hand, and every color combination is thoughtfully chosen, allowing beautiful patterns and designs to gradually come to life.

Some pouches express joy through bright and vibrant colors, while others reflect calmness through softer tones. What they all have in common is that they are a way of expressing imagination and ideas through yarn.

The small differences in each piece and the unique color combinations are what make these pouches special.

They are practical for carrying everyday essentials such as phones, cards, cash, and earphones, while also carrying the time, skill, and dedication of the makers who created them.

Behind every handmade pouch is a story.

These beautiful crochet pouches are products created by Sharing Our Strength, an organization that supports kid cancer patients.





Address

54/Right, 1st Floor, Shan Kone Street, Myaynigon, San Chaung Tsp
Yangon

Opening Hours

Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Alerts

Be the first to know and let us send you an email when Sunflower Natural Dye Textiles posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sunflower Natural Dye Textiles:

Shortcuts

Share