29/02/2024
films ဆိုတာဘာလဲ။
Photoresist films ဆိုတာ ပါးလွှားတဲ့ filmsတစ်မျိုးကို ပလပ်စတစ်၂ခုကြားမှာထည့်ထားပြီး အလင်းရောင်ထိတွေ့မှုပေါ်မူတည်ပြီး ပုံဖော်ပေးတဲ့ filmsတစ်ခုဖြစ်ပါတယ်။
အဲ့ Photoresist films မှာ အလွှာသုံးလွှာပါဝင်ပြီး
၁။ ပလပ်စတစ်အလွှာ
၂။ အလင်းထိတွေမှုကိုခံစားနိုင်သောဆေးရည်ပါဝင်သော အလွှာ
၃။ ပလပ်စတစ်အလွှာဖြစ်ပါတယ်။
films ကို ဘယ်နေရာမှာသုံးကြတာလဲ။
Photoresist films တွေကို Printed Circuit Board(PCB) လို့ခေါ်တဲ့ Circuit ပြားပြုလုပ်တဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။
Photoresist films မှာ
Positive Photoresist films နဲ့
Negative Photoresist films ဆိုပြီး ၂မျိုးရှိပါတယ်။
➕ Positive Photoresist films ကတော့အလင်းထိတွေ့မှုမရှိတဲ့နေရာတွေမှာ ပါဝင်သော အလင်းကိုခံစားသိနိုင်သည့် ဆေးရည်ပါဝင်သောအလွှာကို ခြောက်သွေ့စေပြီး အလင်းမထိသည့်နေရာကို ပုံရိပ်ထင်ကျန်စေခြင်းဖြင့် Circuit ပုံတွေကိုဖြစ်ပေါ်စေပါတယ်။
➖ Negative Photoresist films ကတော့ အလင်းထိတွေ့တဲ့နေရာတွင်ရှိသော အလင်းကိုခံစားသိနိုင်သည့် ဆေးရည်ကိုခြောက်သွေ့စေပြီး အလင်းထိသည့်နေရာကို ပုံရိပ်ထင်ကျန်စေခြင်းဖြင့် Circuit ပုံတွေကိုဖြစ်ပေါ်စေပါတယ်။
ဒါကြောင့်မို့ Photoresist filmsကို သိမ်းဆည်းတဲ့အခါစူးရှသော အလင်းမထိရောက်စေရန် Dark Room လို့ခေါ်တဲ့ အမှောင်ခန်းသုံး မီးအဝါလေးတွေဖွင့်ထားတဲ့အခန်းမှာအသုံးပြုရင်အသင့်တော်ဆုံးဖြစ်ပါတယ်။စူးရှတဲ့အလင်းထိတွေ့တဲ့အခါ Photoresit films ကအလင်းကိုခံစားသိရှိသွားပြီး အလုပ်လုပ်သွားတာကြောင့် ဆေးရည်ခြောက်သွေ့ပြီးပျက်စီးစေပါတယ်။
Films အသုံးပြုခြင်းသည်
✅ ကွန်ပြူတာမှထုတ်ထားသော PCB Design ကိုတိတိကျကျထုတ်ပေးနိုင်ခြင်း။
✅ Single Layer ထက်ပိုသော PCB လိုင်းတွေမှာ တစ်ထပ်တည်းကျဖို့ ပိုလွယ်စေခြင်း။
✅ Prototype PCB ပြုလုပ်ရာမှာ လျှင်မြန်ပြီး ကုန်ကျစရိတ်သက်သာခြင်း။
✅ Skill Screen Printing method ကဲ့သို့ Prototype အတွက် တစ်ခါလုပ်တိုင်း ပိုးဇာဘောင်လုပ်ရန်မလိုခြင်း။
စတာတွေကြောင့် Photoresist films ကို International PCB House ကြီးများတွင် စက်ကြီးများဖြင့် တွဲဖက်အသုံးပြုကြပြီး မြန်မာနိုင်ငံတွင် အိမ်တွင်းနည်းလမ်းများဖြင့်သာ အသုံးပြုနေကြပါသေးတယ်။
နောက်ရက်တွေမှာလဲ electronic နဲ့ပတ်သက်တဲ့ ဗဟုသုတအခြေခံလေးတွေ ကျွန်တော်သိသလောက်မျှဝေပေးသွားမှာမို့ like & Shareလေးလုပ်ထားပြီး လိုအပ်တဲ့အခါအသုံးပြုနိုင်ကြပါစေ။သင်ဆရာမြင်ဆရာအားလုံးကို အမြဲလေးစား credit ပေးလျှက် Sharing လေးပြုလုပ်လိုက်ရပါတယ်။