08/09/2026
ဒေါက်တာခင်မောင်ညို ကိုယ်တိုင် သောက်သုံးပြီး ညွှန်းဆိုပေးထားတဲ့ ဘွန်စွန်း စိမ်းပြာရေညှိ ✨
ကြားဖြတ်ကြော်ငြာ(၁)...
#ဒေါက်တာခင်မောင်ညို
(Boonsom Spirulina Farm သို့ ခရီးတစ်ခေါက်)
လူတွေ မေးလွန်းကြလွန်းလို့ ကြားဖြတ်ကြော်ငြာ ဝင်လိုက်တာပါ။
တကယ်လည်းကြော်ငြာတစ်ခုတင်ချင်တာပါ။ ကျွန်တော်အသက်ကြီးလာတဲ့အခါ ကောင်းတာလေးတွေကိုမျှဝေချင်လို့ပါ။Boon Som Spirlina ကထုတ်တဲ့ စိမ်းပြာရေညှိဆေးပြားဟာ ကျွန်တော့်အတွက် အကျိုးရှိတဲ့အကြောင်း ဝေမျှတာပါ။
ကျွန်တော်ဒီဆေးကိုသောက်ပြီး မမောမပန်း ခရီးသွားနိုင်လာတယ်။ အလုပ်တွေ ၈ နာရီကျော် တောက်လျှောက်လုပ်နိုင်တာမို့ ကျွန်တော့်ကိုယ်တွေ့အကြုံတွေကို ဆက်စပ်တင်ပြတာပါ။
▪️▪️▪️
ဒီနှစ် စကတည်းက ကျွန်တော် ခရီးသွားခဲ့တာတွေကို လိုင်းပေါ် အမြဲ တင်ဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီနဲ့ မတ်လတုန်းက ချင်းမိုင်ကို သွားခဲ့တယ်။ မေနဲ့ ဇွန်မှာတော့ မလေးရှားနဲ့ စင်ကာပူကို သွားခဲ့ပါတယ်။ ဒီကြားထဲမှာပဲ နေပြည်တော်ကိုလည်း သုံးခေါက်လောက် သွားဖြစ်ခဲ့ပါသေးတယ်။
ဒီလို ခရီးသွားတဲ့အခါ တစ်ခါတစ်ခါလည်း အုပ်စုလိုက်၊ အဖွဲ့လိုက် သွားဖြစ်သလို၊ တစ်ခါတစ်ခါကျတော့လည်း တစ်ယောက်တည်းပဲ ခရီးထွက်ဖြစ်ပါတယ်။ အဖော်မပါဘဲ သွားတတ်တာမျိုးပေါ့။ (စကားပုံတစ်ခုလိုပါပဲ... "အဖော်နဲ့ ခရီးသွားရင် ဝေးဝေးရောက်တယ်၊ တစ်ယောက်တည်း သွားရင်တော့ မြန်မြန်ရောက်တယ်" ဆိုသလိုပေါ့)
ကျွန်တော် ဘာလို့ ခရီးတွေ ဒီလောက်တောင် သွားနေရသလဲဆိုရင် စိတ်ကြည်လင် ပွင့်လန်းစေဖို့ပါပဲ။
တကယ်တော့ ခရီးထွက်လိုက်ရင် ပုံမှန်လုပ်နေကျ (Routine) အလုပ်တွေ အားလုံးပျက်သွားတတ်ပါတယ်။ အထူးသဖြင့် အသက်ကြီးပိုင်း လူကြီးတွေဆိုရင် အချိန်မှန်စား၊ အချိန်မှန်အိပ်ရတာအပြင် ဆီးသွား၊ ဝမ်းသွား စတာတွေကလည်း ပုံမှန် မဟုတ်တော့ဘူး။ ခရီးသွားရတာ အဆင်မပြေကြပါဘူး။ ဒါကြောင့်လည်း အသက်ကြီးလာတဲ့အခါ ခရီး မသွားချင်ကြတော့တဲ့အပြင် အိမ်အပြင်တောင် မထွက်ကြတော့တာကို တွေ့ရတတ်ပါတယ်။
ကျွန်တော့်မှာလည်း သွေးတိုး အသင့်အတင့် ရှိပါတယ်။ ဆီးကျိတ်ကလည်း အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Grade 4 တောင် ပါ။ ဒါပေမဲ့ ဒီနှစ်ခုလုံးကို ကျွန်တော် ဆရာဝန်နဲ့ သေချာ တိုင်ပင်ကာ ဆေးနဲ့ ထိန်းထားနိုင်ခဲ့ပါတယ်။
ကျွန်တော် အိပ်ရာက ထတာနဲ့ မေတ္တာပို့တယ် (မေတ္တာသုတ် ရွတ်ဆိုတာပါ)။ ဘုရားဂုဏ်တော် ပွားများတယ်။ ပြီးရင် လေ့ကျင့်ခန်းလုပ်၊ တရားထိုင်ပါတယ်။
အဲဒါပြီးတဲ့နောက် ကော်ဖီသောက်၊ ကိုယ်လက်သန့်စင်ပါတယ်။ ကော်ဖီသောက်ပြီး ရေမချိုးခင် စာတစ်ပုဒ်လောက် ဖတ်တယ်၊ ဆောင်းပါးတစ်ပုဒ်လောက် ရေးပါတယ်။ ဆောင်းပါးက မပြီးသေးရင်တော့ နေ့ခင်းနဲ့ ညဘက်မှာ ဆက်ရေးလေ့ရှိပါတယ် (ပျမ်းမျှအားဖြင့်တော့ တစ်နေ့ကို ဆောင်းပါးတစ်ပုဒ် ပြီးပါတယ်)။ ခရီးသွားနေစဉ် ကာလတွေမှာလည်း တတ်နိုင်သမျှ ဒီဇယားအတိုင်း လုပ်ဖြစ်ပါတယ်။
နေ့ခင်းဘက်တွေမှာတော့ အခြား လုပ်စရာရှိတာတွေ လုပ်တယ်။ မိတ်ဆွေတွေနဲ့ တွေ့တယ်။ ပွဲတွေ တက်ပါတယ်။ (ပွဲဆိုတာ မွေးနေ့ပွဲ၊ တွေ့ဆုံပွဲ၊ အဝေးရောက် သူငယ်ချင်းတွေ ပြန်လာရင် သွားတွေ့တာမျိုးတွေရှိတယ်)။ အမြဲတမ်းလိုလိုပဲလား ဆိုရင်တော့ အမြဲတမ်းလိုလိုပါပဲ။ ဒါပေမဲ့ ကျွန်တော် အားတဲ့ရက်က တစ်ပတ်မှာ ၂ ရက်လောက်တော့ ရှိတတ်ပါတယ်။ မသေချာပါဘူး။
နေ့ခင်း အပြင်ထွက်ရင် ၁၁ နာရီလောက် ထွက်တာ များပါတယ်။ တစ်ခါတစ်ခါ အလွန်ရှားပါးတဲ့ အခြေအနေ (Very rare occasion) ကျမှသာ နံနက်စောစော ထရတာမျိုး ရှိတာပါ။ တစ်ခါတစ်ခါကျရင်လည်း ညဘက် ၈ နာရီကျော်မှ အိမ်ပြန်ရောက်တတ်တာမျိုးလည်း ရှိပါတယ်။
မနက် ၁၁ နာရီထွက်၊ အိမ်ကို ညဘက် ၈ နာရီ၊ ၉ နာရီမှ ပြန်ရောက်တဲ့နေ့တွေမှာ "မပင်ပန်းဘူးလား" လို့ လူတွေက မေးကြပါတယ်။ ပုံမှန်ဆိုရင် မနက် သွားပြီး ညနေ ၃ နာရီလောက် ပြန်ရောက်ရင် ခဏ အိပ်စက် အနားယူတတ်ပါတယ်။ မအိပ်ရရင်လည်း ဘာမှတော့ မဖြစ်ပါဘူး၊ အပြင်ထွက်တဲ့ အခါမျိုးမှာ အမြဲ လန်းဆန်းနေတာပါပဲ။
အဲဒါကို ပြောရရင်တော့ ကျွန်တော် သောက်တဲ့ ဆေးတွေကြောင့်လို့ ထင်တာပါပဲ။ သေချာတာတစ်ခုကတော့ စိမ်းပြာရေညှိ (Spirulina) သောက်ထားတဲ့ နေ့တွေမှာတော့ သေချာပေါက် လန်းဆန်းနေတာပါပဲ။
ဒါကြောင့်မို့လို့ ကျွန်တော့်ကို မေးမြန်းတောင်းဆိုနေကြတဲ့ သူတွေအတွက် ဒီပို့စ်လေးကို ကြားဖြတ် ရေးပေးလိုက်တာပါ။ ကျွန်တော် သောက်တဲ့ စိမ်းပြာရေညှိကတော့ ထိုင်းနိုင်ငံက ထုတ်တဲ့ Boonsom Spirulina ပါပဲ။
(ဆက်ပါမည်)
#ဒေါက်တာခင်မောင်ညို
ဒီစာကို ရေးနေစဉ်မှာပဲ message ဝင်လာပါ တယ်။
“အန်ကယ့်ဆီက မိတ်ဆွေတွေ ဘွန်စွန်းစိမ်းပြာရေညှိမှာချင်ရင် Delivery free နဲ့ အိမ်အရောက်ပို့
စီစဉ်ပေးပါမယ်ရှင့်။
ဒီဖုန်းနံပတ်လေးကို ဖုန်းဆက်လို့ရပါတယ် ..09 45 775 0007 “ တဲ့။