01/02/2026
အဆိပ်ခွက်ထဲကို နှစ်ချို့ဝိုင် နှစ်ပတ်လောက်ရောပေးပါလား။
အရသာလေး ဖျက်ချင်လို့..........
မင်းမသိခဲ့တဲ့ မင်းနဲ့ဆက် မမက်ခဲ့တဲ့ အနာဂတ်အိပ်မက်တွေကို နှစ်စိတ်တစ်ကိုယ် နဲ့ကျင်လည်နေခဲ့တာ မျက်ကန်းတစေ တစ်ကောင်လိုပေါ့.........
ရာသီတိုင်း နာရီတိုင်း မင်းမပါတော့ဘူးဆိုတာသေချာပြီလား အထပ်ထပ်မေးရင်း တိမ်တွေပေါ်ပဲတက်အိပ်ဖြစ်ခဲ့တယ်(ဖက်ကြမ်းလေးနဲ့ပါပဲ)............
လွမ်းတယ် ချစ်သူ......
ငါသတိရတိုင်း နင်မြင်ချင်တဲ့ ပန်းတွေပွင့်လိုက်တာဆိုတာလေ............မြင်သမျှနေရာတိုင်းပန်းတွေချည်းပဲဟာ............
Sun 1 feb
23.00 P.M