Y & K online shopping

Y & K online shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Y & K online shopping, Shopping & retail, Yangon.

07/08/2023
မိန်းမတွေရဲ့အဝတ်ဘီဒိုဆိုတာကြိုက်လို့ဝယ်ထားပေမယ့် မဝတ်ဖြစ်တဲ့အင်္ကျီဆိုတာ သီးသန့်ရှိတယ်…😬မတော်မှန်းသိပေမယ့် တချိန် ဝိတ်ချပြ...
30/09/2021

မိန်းမတွေရဲ့အဝတ်ဘီဒိုဆိုတာ

ကြိုက်လို့ဝယ်ထားပေမယ့် မဝတ်ဖြစ်တဲ့အင်္ကျီဆိုတာ သီးသန့်ရှိတယ်…😬

မတော်မှန်းသိပေမယ့် တချိန် ဝိတ်ချပြီးရင် တော်မှာပါဆိုတဲ့ စိတ်နဲ့ ဝယ်ထားတဲ့ အင်္ကျီတွေလဲရှိတယ်….😉

ဝယ်တုန်းကတော့ကြိုက်တယ်;
နောက်မှ မကြိုက်လို့ မဝတ်တော့တဲ့ အင်္ကျီတွေက သတ်သတ်…😅

ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ဝတ်မရတဲ့ အင်္ကျီတွေကလဲ ရှိပြန်တယ်…😆

ဝလာလို့ ပိန်သွားလို့ ဝတ်မရတော့တဲ့ ဟာတွေကလဲ တပုံ….🤪

Online ကမှာထားပြီး ရောက်လာတော့ တမျိုးဖြစ်နေလို့ ချောင်ထိုးထားရတဲ့အင်္ကျီတွေလဲရှိတယ်…😄

မဝတ်ချင်လို့ မဝတ်တာတွေကလဲ သီးသန့်…😉

ဆိုတော့ကား… မိန်းမတွေ အင်္ကျီဝယ်ရင် (ဘီဒိုထဲမှာ အင်္ကျီတွေမှ အများကြီး ဘာလို့ထပ်ဝယ်မှာလဲလို့ )မပြောပါနဲ့…..😁
ကိုယ်တွေမှာ တခါတခါ အပြင်ထွက်ရင်ဝတ်စရာကိုမရှိတာပါ…..😥

📝

ကိုယ်နှစ်သက်တဲ့ -( Pre Owned )- အဝတ်တွေကို မဝတ်ခင်မှာဘယ်လိုလျှော်ဖွတ်မလဲ?ဒါကတော့ -( Pre-Owned,Thrift )- လမ်းဘေးပုံပုံစတိ...
29/09/2021

ကိုယ်နှစ်သက်တဲ့ -( Pre Owned )- အဝတ်တွေကို မဝတ်ခင်မှာဘယ်လိုလျှော်ဖွတ်မလဲ?

ဒါကတော့ -( Pre-Owned,Thrift )- လမ်းဘေးပုံပုံစတိုး အစုံကနေ
အသစ်ချပ်ချွတ်မဟုတ်တဲ့အဆင်တန်ဆာတိုင်းကို ကိုယ့်ခန္ဓာကိုယ်ပေါ်မတင်ခင်ဘာတွေလုပ်သင့်လဲ။ ဘယ်လိုသန့်စင်ပြီးမှဝတ်သင့်သလဲကိုသိသလောက်လေးပြန် Share ပေးမှာပါ။ ခင်ဗျာ
အထည်ရေအများကြီးပြန်ရောင်းမဲ့သူတွေအတွက်မဟုတ်ပဲ
တစ်ကိုယ်ရည်ဝတ်မဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။

• Online Store တွေကဝယ်တာဆိုရင်
များသောအားဖြင့်အထူးတလည်ပြန်လျှော်ဖို့မလိုပါဘူး
အခုနောက်ပိုင်း Online Thrift Store တွေမှာ အများစုက
အစကတည်းကပိုးသတ်ပြီး သန့်ပြီးသား -( A Grade )- ဘေထုပ်တွေကိုမှ ထပ်ပြီးလျှော်ဖွတ်မီးပူတိုက်ပြီးရောင်းကြတာများပါတယ်။
( အများသောအားဖြင့်အဲ့ဒီအထည်တွေမှာသူတို့နဂိုပါလာတဲ့
အမွှေးနံ့ရှိပါတယ် )
ဒါပေမဲ့စိတ်ချလက်ချဝတ်ချင်တယ်၊ ဒါကကိုယ့်ရဲ့ -( pre Owned )- အဝတ်ဝတ်တဲ့ -( First Experience )- ဆိုရင်တော့ကိုယ့်
လက်ထဲရောက်ပြီးမှစိတ်ကြိုက်ထပ်လျှော်ဖွတ်တာအကောင်းဆုံးပါ။ ပြီးတော့ပထမဆုံးဝတ်တဲ့အချိန်မှာအိမ်နေရင်းဆိုရင်တောင် -( Underwear )- နဲ့ဝတ်တာအကောင်းဆုံးပါ

အဲ့လိုမဟုတ်ပဲတစ်ယောက်ယောက်ဆီက ပြန်ဝယ်ထားတဲ့ -( One Handed )- အထည်လေးတွေဆိုရင်လဲပြန်လျှော်ပြီးမှဝတ်တာအကောင်းဆုံးပါ။ ဒီ၂မျိုးလုံးအတွက်ကပုံမှန်ကိုယ်အိမ်မှာလျှော်နေကျလိုစက်/လက်နဲ့ပဲလျှော်လဲရသလို ဒိုဘီအပ်လဲအဆင်ပြေပါတယ်။

ပုံပုံစတိုးက၊ ဒါမှမဟုတ်ဆိုင်ခန်းနဲ့ရောင်းတဲ့ဘေထုပ်တန်းကအထည်လေးတွေဝတ်မယ်ဆိုရင်တော့ တော်မတော်သိချင်လို့ဆိုပြီးအရမ်းကာရောစွပ်ကြည့်၊ဝတ်ကြည့်တာမျိုးရှောင်ပါ
များသောအားဖြင့်သူတို့ရောင်းတဲ့အထည်တွေက -(Grade A )- ရယ်ဘာရယ်မဟုတ်ပဲရောနေတတ်တာတွေများပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအထိက ဒီကိစ္စကပြဿနာကြီးမဟုတ်ပေမဲ့
အခုလိုကူးစက်ရောဂါတွေပိုများလာတဲ့အချိန်၊ လူများများရှိတဲ့နေရာမှာဖွင့်ထားတဲ့အထည်တွေကိုဒီလိုလုပ်တာက Riskများပါတယ်။ အထည်တွေစိတ်ကြိုက်ရွေးပြီးရင်လဲလက်သေချာဆေးပေးပါ။

စိတ်တိုင်းကျရွေးပြီးလို့မဝတ်ခင်လျှော်မယ်ဆိုရင်

👔 အထည်နည်းရင်လက်နဲ့လျှော် စက်နဲ့မလျှော်နဲ့
Admin ကတော့ကိုယ်စိတ်တိုင်းကျကြိုက်တဲ့တစ်ထည်ကို
ထပ်ပြီးစိတ်တိုင်းကျအစွန်းအထင်းအနာအဆာစစ်ပြီးလျှော်ရတာသဘောကျပါတယ်။ ပိုပြီးဂရုတစိုက်ကျကျနနသန့်စင်နိုင်ပါတယ်။ ရေနွေးနွေးလေးနဲ့လျှော်တာပိုကောင်းပါတယ်။

👔 Thrift ထည်တွေရဲ့အစွန်းအထင်းနဲ့အနံ့အသက်အတွက် Vinegar ကအကောင်းဆုံး
အဝတ်ဖြူတွေပေါ်မှာစွန်းထင်းတာတွေပါလာရင် Vinegar သုံးတာအသင့်တော်ဆုံးပါ။ Spray ဘူးအလွတ်ရှိရင်အဲ့ထဲထည့်ပြီး
စွန်းနေတဲ့နေရာတွေကိုနှံ့အောင်ဖျန်းပြီး ၁နာရီလောက်ထားပေးလိုက်ပါ။ ပြီးမှလျှော်ပါ။ အနံ့ပျောက်ဖို့အတွက်လဲထပ်ပြီး
Vinegar ကိုသုံးနိုင်ပါတယ်။ ရေတစ်ပုံးမှာ Vinegar သောက်ရေခွက်တစ်ခွက်နဲ့ရောပြီးအဲ့အတိုင်းကိုမှဆပ်ပြာနဲ့ရောလျှော်လို့ရပါတယ်။

👔 အိမ်မှာ Baking Soda အလွယ်ရှိရင် သူ့ကိုသုံးပြီးလျှော်လို့လဲရပါတယ်။ လျှော်မဲ့အဝတ်ပေါ်မှာ Baking Soda ကိုဖြူးပြီးတစ်နာရီလောက်ထားပေးပါ ။ အတွင်းရောအပြင်ရောလုပ်နိုင်ရင်ပိုကောင်းပါတယ်။ Polyester နဲ့လုပ်တဲ့အထည်တွေအတွက်ပိုသင့်တော်တဲ့နည်းလမ်းပါပဲ။

👔 တကယ်လို့အပေါ်ကနည်းတွေအတိုင်းမလျှော်ခဲ့မိလို့
အနံ့စွဲနေသေးတယ် အနံ့ပျောက်ချင်တယ်ဆိုရင်လဲ အပေါ်ကပြောထားတဲ့ Vinegar နဲ့နည်းအတိုင်းပြန်လျှော်နိုင်ပါတယ်။
ဒါမှမဟုတ်အိမ်မှာကြောင်လေးတွေမွေးထားလို့ Cat Litter (ကြောင်သဲ) အဆင်သင့်ရှိတယ်ဆိုရင်အနံ့ပျောက်ဖို့သူ့ကိုသုံးလဲရတယ်။ လေလုံအိတ်တစ်အိတ်ထဲမှာအဝတ်ကိုအရင်ထည့်၊ပြီးရင် Cat Litter ကိုသီးသန့်အိတ်ကလေးနဲ့ထပ်ထည့်ပြီး
၂ခုလုံးကိုတစ်အိတ်ထဲမှာ၁ပတ်လောက်ထားလိုက်ပါ။ တိုက်ရိုက်တော့မထိပါစေနဲ့နော်။ နေသာတဲ့နေ့မျိုးဆိုနေရောင်ကောင်းကောင်းရတဲ့နေရာမျိုးမှာသေချာလှမ်းပါ။အနံ့အသက်ရောအရောင်အသွေး သစ်လွင်လာပါလိမ့်မယ်။

ကဲ! ဒီလောက်ဆိုကိုယ်ရွေးလာတဲ့ဘေထည်လေးတွေကိုအိမ်မှာ
လျှော်ဖို့အထောက်အကူဖြစ်မယ်ထင်ပါတယ်။ ကုန်ကျစရိတ်နည်းနည်းနဲ့လှလှပပဆင်ယင်နိုင်ကြဖို့ဆန္ဒပြုပါတယ်ခင်ဗျာ 🙏

CRD - thrift and lit

27/09/2021
Thrift (ခြိုးခြံချွေတာခြင်း)❤️❤️❤️Thrift Clothes or Vintage ဆိုတာ ပိုင်ရှင်က၀တ်ပီးသော်လည်း နောက်တစ်ဦး ၀တ်ဖို့အတွင် လုံလေ...
25/09/2021

Thrift (ခြိုးခြံချွေတာခြင်း)❤️❤️❤️
Thrift Clothes or Vintage ဆိုတာ ပိုင်ရှင်က၀တ်ပီးသော်လည်း နောက်တစ်ဦး ၀တ်ဖို့အတွင် လုံလောက်တဲ့ quality နဲ့ သက်တမ်းရှိပြီးသားပါ....

Branded တွေ ၀တ်မှSmart ကျတဲ့ ခေတ်က နောက်ကျကျန်ခဲ့ပါပီနော် အခုဆို လူငယ်တော်တော်များအနေနဲ့ ကိုယ်နဲ့ comfortable ဖြစ်ပီး ဈေးသက်သက်သာသာနဲ့ ရနိုင်တဲ့
secondhand clothes ( 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬) လို့ခေါ်တဲ့ မြန်မာ မှာဆိုရင် (ဘေထုပ်)လို့ လူသိများတဲ့ အ၀တ်အထည်တွေကို ရွေးချယ်ဝတ်ဆင်နေကြပါပီ ....နိုင်ငံတကာမှာလည်း
𝐓𝐡𝐫𝐢𝐟𝐭 Store တွေ တော်တော်များများရှိတာ တွေ့နေရပါတယ် တစ်ချို့ အနောက်နိုင်ငံသားလူငယ်တွေဆိုရင် second hand clothes တွေကိုတောင်save money အနေနဲ့ ရှာဖွေ ၀တ်နေကြပါပီနော်
မြန်မာမှာ (ဘေထုပ်)၀တ်တာနဲ့ ပိုက်ဆံမတက်နိုင်လို့ ၀တ်တယ်ဆိုတဲ့ ခေတ်က ကုန်သွားပါပီနော်....
ဟုတ်ပီ ...ဒါဆို ဘာလို့ 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬(ဘေထုပ်) ကို ၀တ်ဆင်ကြသလဲ?????

✅ပိုက်ဆံ အကုန်အကျ သက်သာမယ်...
(𝐒𝐚𝐯𝐞 𝐌𝐨𝐧𝐞𝐲)
✅ဖိအားမရှိဘူး(𝐒𝐚𝐯𝐞 𝐒𝐭𝐫𝐞𝐬𝐬)

🟢ပိုက်ဆံအကုန်အကျသက်သာမယ်....

𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬ထဲမှာ ရွေးချယ်နိုင်ရင်
တကယ့် branded အ၀တ်အစားတွေပါအစ ပါပါတယ် ပုံမှန် အ၀တ်အစားစတိုး ဆိုင်တစ်ခုမှာ branded အကျီတစ်ထည်အနေနဲ့ ပေးရမဲ့ ပမာဏ ထက်အဆပေါင်းများစွာ သက်သက်သာသာနဲ့ ၀တ်ဆင်နိုင်ပါမယ် ဒါဆို သင့်ရဲ့ ပိုက်ဆံအကုန်အကျများစွာ သုံးစရာမလိုတော့ဘူးပေါ့(ရွေးတတ်ဖို့တော့ လိုတာပေါ့နော် )

🟢ဖိအားမရှိဘူး.....

အ၀တ်အစား ၀တ်ပီဆိုတာနဲ့ ကိုယ်ဈေးကြီးကြီးပေးဝယ်ထားတဲ့အ၀တ်အစားဆိုရင် ဘ်ာနေကာသွားသွား ဂရုတစိုက်တော့ရှိရတယ် အစွန်းအထင်းတွေ ပေသွားမလား /ညစ်ပတ်သွားမလားဆိုပြီးပေါ့....
ဘာလို့လဲ ကိုယ့်လုပ်အားခနဲ့ပိုက်ဆံအကုန်အကျများများပေးဝယ်ထားရတာကို ဒါဆို ဒီ𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬တွေဝတ်တဲ့အခါ အဲ့တာအပေါ်စိတ်မသက်ရောက်ဘူး ဈေးသက်သက်သာသာနဲ့‌ပေးဝယ်ထားတာကြောင့်စွန်းပေသွားလည်း
လွှင့်ပစ်လို့ရတယ် /မကြိုက်တော့ဘူးလား အ၀တ်အထည်တွေ ပြန်လှူဒါန်းလို့တောင်ရပါသေးတယ် ....

Brand အစွဲမရှိပဲ ကိုယ်နဲ့ comfortable
ဖြစ်နိုင်ပီး အ၀တ်အစားတစ်မျိုးကို အချိန်အကြာကြီး ပေးမ၀တ်ချင်တဲ့ လူငယ်တွေအနေနဲ့ကတော့ 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬 တွေကတော့ ရွှေပါပဲရှင်
Thrift vibes

😱😱စျေး လေးတွေက 💰1500 ,2000,2500ဖြစ်လို့ အမြန်ရွေးလိုက်တော့နော်ပုံအောက်မှာsizeစျေးနှုန်းပါတယ်နော်⛅🌧️ရန်ကုန် အိမ်အရောက် ငွ...
15/09/2021

😱😱စျေး လေးတွေက 💰1500 ,2000,2500
ဖြစ်လို့ အမြန်ရွေးလိုက်တော့နော်
ပုံအောက်မှာsizeစျေးနှုန်းပါတယ်နော်

⛅🌧️ရန်ကုန် အိမ်အရောက် ငွေချေ လို့နိုင်ပြီး
နယ်မြို့များကို လည်း ကားဂိတ်ပို့ပေးပါတယ်

💰💰wave pay ,kbz pay နဲ့လည်းငွေပေးချေဝယ်
ယူလို့ရပါတယ်

🧥👗မှတ်ချက် vintage အထည် ဆိုတာ used
ထားတဲ့အထည်များဖြစ်တာမို့ error သေးသေး
လေးတွေရှိနိုင်ပါတယ် used ရဲ့သဘောကို လက်
ခံနိုင်မှဝယ်ယူအားပေးဖိုမေတ္တာ ရပ်ခံပါတယ်

📱09 673287516 Wave pay
📱09 673287516 kbz pay

ပိုက်ဆံရှိတဲ့သူတွေပဲ ဝတ်လေ့ရှိတဲ့Vintage (မြန်မာအခေါ် ဘေထုတ်)ဘေထုတ်လို့ပြောတာနဲ့ အယူအဆမှားနေတဲ့လူတချို့က ဟင်ခနဲဆိုဖြစ်ပါ...
14/09/2021

ပိုက်ဆံရှိတဲ့သူတွေပဲ ဝတ်လေ့ရှိတဲ့
Vintage (မြန်မာအခေါ် ဘေထုတ်)

ဘေထုတ်လို့ပြောတာနဲ့ အယူအဆမှားနေတဲ့
လူတချို့က ဟင်ခနဲဆိုဖြစ်ပါတယ် 🙅🏻

တကယ်တော့ နိုင်ငံတကာမှာ ✈
Vintage ခေါ် ဘေ အဝတ်အထည်များကို
သာမာန်အဝတ်အထည်များထက်ပိုပြီး😱
စိတ်ဝင်စားလေ့ရှိပါတယ် 👨🏻‍💼

ဘာကြောင့်လဲဆိုတော့ 🤔
နံမည်ကြီးအမှတ်တံဆိပ်တွေမှ 🏷
အသစ်ထပ်မံ 🤷🏻‍♀️ ထုတ်လုပ်ခြင်းမရှိတော့တဲ့
အဝတ်အထည်တွေကို 💁🏻
တစ်ခုတည်းသောရရှိနိုင်တဲ့ နေရာက
Vintage (ဘေ) ဆိုင်တွေမှာပဲ ဖြစ်ပါတယ်😱

သူကအသစ်မဟုတ်လို့ဆိုပြီးဝယ်ရင်စိတ်မသန့်တာမျိုးမဖြစ်ပဲဒီဇိုင်းကွာလာတီကိုပိုကြိုက်လို့ဆိုပြီးဝယ်​စေချင်တယ်

ဒါ့အပြင်
✅ ဒီဇိုင်းအသစ်တွေ
✅ ဘဝမှာ တစ်ခါမှ မမြင်ဘူးတဲ့ ပုံစံတွေ
✅မြန်မာနိုင်ငံထုတ်မဟုတ်ပဲ နိုင်ငံခြားက ထုတ်တဲ့ အဝတ်အထည်တွေ ကို
✅💰 စျေးနှုန်းသက်သာစွာနဲ့ ရ ရှိနိုင်တဲ့
အခွင့်အရေးကို မရွေးချယ်မိဘူးဆိုရင်တော့
သင်ဟာ အရမ်းခေတ်နောက်ကျနေပါပြီ 🤷🏻‍♀️

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959799484398

Website

Alerts

Be the first to know and let us send you an email when Y & K online shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share