14/09/2026
အသစ်ထွက်လာတဲ့ Vampire Sweet Blood Watery Lip Tint လေးတွေ …
အရောင်လေးတွေက အရမ်းလှတယ်။
Bloody Rose နဲ့ Berry Vein ဆိုပြီး နှစ်ရောင်ထွက်ပါတယ် 🩷💜
🌹 Bloody Rose ကတော့ ပန်းဆီရင့်ကိုမှ အနီဘက်အားများပါတယ်။
🫐 Berry Vein ကတော့ ပန်းခရမ်းကိုမှ ခရမ်းဘက်အားများပါတယ်။
အပုတ်အရင့်ဆိုပေမဲ့ သူက Watery Tint ဆိုတော့
ဆိုးရတာ အတော်လှပါတယ်။
နှစ်ရောင်ရောဆိုးတာလည်းလှတယ်။
ဆိုးရတာ ပေါ့ပေါ့ပါးပါး ဖြစ်ပြီး ရေသောက်တာ၊ အအေးသောက်တာ၊ ခေါက်ဆွဲပြုတ်စားတာထိ မပျက်ပါဘူး။
တစ်ရှုးနဲ့ ဖိသုတ်လည်း အရောင် ကျန်နေဆဲပါပဲ …
အနံ့လေးကလည်း အသီးနံ့မွှေးမွှေးလေးတွေ 🍇🍈
• သဘာဝဆန်ဆန်လေးလှချင်ရင် ခပ်ပါးပါးလေးဆိုး
• ဂျစ်ကန်ကန်ရုပ်လေးဖြစ်ချင်ရင် Bold Look လေး ဆိုးပစ်ကွာ …
Lightweight ဖြစ်ပြီး Long Lasting ဖြစ်တဲ့ Lip Tint လေးရှာနေရင်တော့ AURA Plus မှာ ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် …