Share & Glow With Khant Kyawt Thi

Share & Glow With Khant Kyawt Thi ☘️💫🎀ရေးချင်ရာတင်ချင်ရာပြောချင်ရာလေးတွေကိုမျှဝေမဲ့Pageဖြစ်တယ်မကြိုက်သောမမြင်ချင်သူများလဲရှိရင်ကျော်သွားနိုင်ပါတယ်ရှင့်💫☘️🎀

လူတစ်ယောက်ကို ချစ်ရတာ လွယ်တယ်။ လွယ်ရတဲ့အကြောင်းရင်းကရင်ထဲက ဖြစ်ပေါ်လာတဲ့  ယုံကြည်မှု၊ သဒ္ဓါတရားကြောင့်ဖြစ်တယ်။ရင်ထဲက သဒ္...
01/04/2026

လူတစ်ယောက်ကို ချစ်ရတာ လွယ်တယ်။
လွယ်ရတဲ့အကြောင်းရင်းက
ရင်ထဲက ဖြစ်ပေါ်လာတဲ့ ယုံကြည်မှု၊ သဒ္ဓါတရားကြောင့်ဖြစ်တယ်။

ရင်ထဲက သဒ္ဓါတရားဟာ အဲဒီလူကို
နှစ်လိုစိတ်၊ ချစ်စိတ်တွေ ဖြစ်ပေါ်လာစေတာဖြစ်တယ်။

ဒါပေမဲ့ လူတစ်ယောက်ကို နားလည်ဖို့ကျတော့
ရှည်လျားတဲ့ကာလ၊ နွေးထွေးမှု၊ စိတ်ရှည်သည်းခံမှု လိုတယ်။

အရင်တုန်းက အချစ်ဆိုတာ
တစ်ဖက်သားကို ကိုယ့်ဆီက အကောင်းဆုံးတွေ ပေးလိုက်ခြင်းလို့ ထင်ခဲ့တယ်။

နောက်ကျမှ သဘောပေါက်နားလည်လာတာက
ကိုယ်ကောင်းတယ် ထင်တိုင်း
တစ်ဖက်သားအတွက် ကောင်းချင်မှကောင်းမယ်ဆိုတာပါ။

သူလိုချင်တဲ့အရာက အဖိုးတန်ရှားပါးတဲ့လက်ဆောင် မဟုတ်ဘူး။
သူလိုချင်တာက သူနဲ့အတူ အိပ်ရေးပျက်ခံတဲ့သူ၊
သူနဲ့အတူ အိပ်ရာနိုးထတဲ့သူ၊
သူနဲ့အတူ ကောင်းခြင်း ဆိုးခြင်းတွေကို မျှဝေတဲ့သူ၊
ပြီးတော့ ဆင်းရဲဒုက္ခ အခက်အခဲတွေကို အတူရင်ဆိုင် ကျော်ဖြတ်သူပေါ့။

စစ်မှန်တဲ့ သံယောဇဉ်က
ပစ္စည်းဥစ္စာနဲ့ တိုင်းတာတာ မဟုတ်ပါဘူး။

ရိုးရှင်းတဲ့ သာမန်နေ့ရက်တွေမှာ
တစ်ဖက်သားကို စိတ်ရှည်သည်းခံမှု၊
အားပေးဖေးမ ကူညီမှုတွေကို
ကိုယ်ပေးနိုင်ခဲ့ပြီလားဆိုတာနဲ့ တိုင်းတာပါတယ်။

စိတ်ပညာရှင်တွေက ပြောတယ်...
သင့်ကို နားလည်တဲ့သူက
သင်လိုအပ်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။

သင့်ကို နားမလည်တဲ့သူက
သူလိုအပ်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်တဲ့...

သက်သောင့်သက်သာရှိတဲ့ သံယောဇဉ်ဆိုတာ
လူတစ်ယောက်ရဲ့ရှေ့မှာ
ကိုယ်ဟာ ကိုယ့်ဖြစ်တည်မှုအတိုင်း
ရှင်သန်နိုင်ခွင့် ရခြင်းပါပဲ။

ကိုယ့်ပုံစံကြောင့် တစ်ဖက်လူ ကြောက်လန့်သွားမှာကို
စိုးရိမ်ပူပန်စရာ မလိုဘူး။
တကယ့်သံယောဇဉ်ဆိုတာ
အချိန်ရဲ့စမ်းသပ်မှု၊ အဆုံးအဖြတ်ကို ခံနိုင်ပါတယ်။

ကိုယ့်ကို သူနားလည်တဲ့အတွက်
ကိုယ့်ရဲ့ ချို့ယွင်းချက်၊ အားသာချက် အားလုံးကို သူချစ်လို့ဖြစ်တယ်။

သံယောဇဉ်တိုင်းက အချစ်နဲ့ စတင်တာဖြစ်ပြီး
နောက်ပိုင်းမှာ တစ်ဖက်သားကို တဖြည်းဖြည်း
နားလည်နိုင်ဖို့ ကြိုးစားတာဖြစ်တယ်။

တစ်ဖက်သားရဲ့ ဝါသနာ၊ အကြိုက်၊
တစ်ဖက်သားရဲ့ အတွေးအခေါ်တွေကို
စနားလည်ရာကနေ ဒါတွေဟာ နှစ်ယောက်သားရဲ့အချစ်ကို ပိုခိုင်မာ၊ ပိုနွေးထွေးစေတာဖြစ်တယ်။

အချင်းချင်း ချစ်ကြိုက်ပြီး
အချင်းချင်း နားလည်မှုရှိမှ
ရှည်လျားတဲ့ ဘဝခရီးမှာ
ခရီးဆုံးထိ အတူလက်တွဲသွားနိုင်ဖို့
မျှော်လင့်ချက်ရှိမှာ ဖြစ်ပါတယ်။

(( စာဟောင်းတစ်ပုဒ် .. မျှဝေပါတယ် ))

💌
#နိုင်းနိုင်းစနေ

:

: တိတ်တိတ်လေး နေရတာ အရမ်းကြိုက်လာတယ်။ခုနောက်ပိုင်း life style ဟာတကယ်ရိုးရှင်းပြီး နေချင်စဖွယ်ဖြစ်လာတယ် ။အလုပ်လုပ်ချိန်မှ...
26/03/2026

: တိတ်တိတ်လေး နေရတာ အရမ်းကြိုက်လာတယ်။
ခုနောက်ပိုင်း life style ဟာ
တကယ်ရိုးရှင်းပြီး နေချင်စဖွယ်ဖြစ်လာတယ် ။
အလုပ်လုပ်ချိန်မှာ ကောင်းကောင်းလုပ်မယ် ။
နားတဲ့အချိန်မှာ ကောင်းကောင်းနားမယ် ။
ကောင်းကောင်းစားမယ် ။
အိပ်ပျော်အောင်ကြိုးစားမယ် ။
ကိုယ့်အလုပ်ကို ချစ်မယ် ။
ဘာပဲလုပ်လုပ် စေတနာပါပါနဲ့ လုပ်ရမယ်နော်ဆိုပြီး
ကိုယ့်စိတ်ကို သတိပေးတယ် ။
သီချင်းလေးနားထောင် စာအုပ်လေးဖတ်လိုက်
လမ်းလျှောက်ထွက်ပြီး
လေကောင်းလေသန့်တဝကြီးရှူလိုက်နဲ့ ။
စိတ်မပျော်တဲ့အခါ
ကောင်းကင်ကို အကြာကြီးငေးကြည့်တယ်။
လုပ်ရမဲ့ plan တွေလည်း မချပြဖြစ်တော့ဘူး ။
တိတ်တိတ်လေး ကြိုးစားပြီး အောင်ပွဲခံမယ် ။
ကြိုးစားသလောက် မဖြစ်လာရင်လည်း
ကိုယ့်ကိုယ်ကိုယ် ဦးစွာထွေးပွေ့ပြီး နှစ်သိမ့်ပေးမယ် ။
ကိုယ့်ကို ချစ်တဲ့လူအနည်းစုနဲ့
ဘဝကို အဓိပ္ပာယ်ရှိရှိ
meaningful life ဖြစ်အောင် ရှင်သန်နေတယ် ။
ဘဝကတော့ ဘာမှ သိပ်ပြီး မခမ်းနား မထူးခြားပါဘူး ။အတတ်နိုင်ဆုံးပျော်အောင် နေတယ်။
ဒီလောက်ပဲ....။

အခုချိန်မှာ တစ်ယောက်တည်းဖြစ်နေတဲ့အမျိုးသမီးတွေ…ဒါမှမဟုတ်…. relationship ကနေ ကျောခိုင်းထွက်ခွါလာတဲ့အမျိုးသမီးတွေရှိရင် ပြ...
26/03/2026

အခုချိန်မှာ တစ်ယောက်တည်းဖြစ်နေတဲ့အမျိုးသမီးတွေ…

ဒါမှမဟုတ်…. relationship ကနေ ကျောခိုင်းထွက်ခွါလာတဲ့

အမျိုးသမီးတွေရှိရင် ပြောပြချင်တာက….

မလောနဲ့… အလျင်မလိုနဲ့ ….

Single life ထဲမှာရှိတဲ့ ဒီအချိန်တွေမှာ… လုံးဝ ကင်းကင်းရှင်းရှင်း single ရေမရောစစ်စစ်ထဲ တပျော်ကြီးနေလိုက်ဦး…

ဘာdate ညာ date ကအစ ဒီလူ့ကိုအပျင်းပြေ စကားပြောကြည့်လိုက်မယ် ဟိုလူ့ကို အပျော်တွဲကြည့်လိုက်မယ်ဆိုပြီးလည်း မလုပ်နဲ့… အထူးသဖြင့် social media ပေါ်က အပျော်အလှော်ဆက်ဆံရေးတွေ… အီစီကလီတွေကအစ ရပ်ပစ်….

အပြင်က လက်တွေ့ ကိုယ့်ဘဝထဲမှာကိုယ် ပျော်အောင်နေ…. လုပ်စရာရှိတာတွေကို တက်တက်ကြွကြွလုပ်…. ပိုက်ဆံရှာ… အလှအပအတွက် ဂရုစိုက်…. ခရီးတွေထွက်… ဝါသနာပါရာတစ်ခုခုကိုလုပ်….
အပြင်က လက်တွေ့ဘဝမှာ တပျော်ကြီး တဝကြီးရှင်သန်ပစ်…

အဲ့ဒီလိုနေနေရင်းကမှ… ငါဘာကြိုက်တတ်လဲ… ငါဘာကိုဖြစ်ချင်တာလဲ… ငါဘာကို ငြင်းပယ်ရမလဲဆိုတာတွေကို ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိလာမယ်….

ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိပြီး ကိုယ့်ကိုယ်ကို ရွေးချယ်တဲ့သူတွေအနားကို အဲ့လိုလူကို ရွေးချယ်ချင်တဲ့သူတွေ ရောက်လာလိမ့်မယ်….ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိသွားရင် ကိုယ့်အနားမှာ ဘယ်လိုလူကို ထားချင်တာတွေကအစ သိလာသလို ရောက်လည်း ရောက်လာလိမ့်မယ်….

Single Life မှာ single စစ်စစ်ကြီးအဖြစ်

တဝကြီး အရင်ပျော်လိုက်ပါ…… 🍀🌸

:Chan

Crd

25/03/2026

#နွဲ့ယဉ်ဝင်း #သီချင်း

19/03/2026
ငွေရှာဖို့ ခက်ခဲကြတဲ့ Middle Class တွေရဲ့ပြသနာတွေထဲကတစ်ခုက..Overthink ဖြစ်တာ! ငါ့ကိုလူတွေဘယ်လိုထင်မလဲငါ့ကိုလူတွေဘယ်လိုမြ...
22/02/2026

ငွေရှာဖို့ ခက်ခဲကြတဲ့ Middle Class တွေရဲ့
ပြသနာတွေထဲကတစ်ခုက..

Overthink ဖြစ်တာ!

ငါ့ကိုလူတွေဘယ်လိုထင်မလဲ
ငါ့ကိုလူတွေဘယ်လိုမြင်မလဲ
ငါ့ကိုလူတွေက ငွေလိုနေတယ်လိုထင်သွားမှာလား
ငါ့ကိုလူတွေက အမှားတွေ
ထိုင်စောင့်ပြီးဝေဖန်ကြမှာလား

အဲ့လို Overthinking ဖြစ်တာရဲ့
နောက်ဆက်တွဲက..

ရလက်စဝင်ငွေနဲ့ဆက်ကြိတ်မိတ်နေရတာ
ကိုယ်မမြင်ချင်တဲ့မျက်နှာတွေကို
နေ့တိုင်းကြည့်ရပြီး သည်းခံရတာ
အနာဂတ်အတွက်အမြဲပူပန်နေပြီး
သောကနဲ့အသားကျလာတာ

People opinions do not pay your bills ပါ!

မဟုတ်လည်း ကိုယ့်အချိန်နဲ့စွမ်းအင်ကို
တစ်လဘယ်လောက်ဆိုပြီး ရောင်းနေရတာပဲမဟုတ်ဘူးလား

အပိုဝင်ငွေအတွက် ကိုယ့် Skills ကို
ကိုယ်ပြန်အရောင်းတင်တာ
ကိုယ့်အတွေ့အကြုံတွေနဲ့ Service ပြန်ရောင်းတာ
ကိုယ့်အဆက်အသွယ်တွေနဲ့
ရောင်းကုန်ပြန်ဖန်တီးတာ

ဘယ်သူတွေက ဘာလို့လာဝေဖန်ကြမှာ?

တစ်ခုခုစဖို့တွေဝေတိုင်း
မရှိမာနဆိုတာ ကြားလို့ပဲကောင်းပြီး
လက်တွေ့ဘဝမှာ ဇိမ်မကျကြောင်းသတိရရပါမယ်

ကိုယ်က တစ်ခုခုမှာ Talented ဖြစ်မနေရင်တော့
ကနဦးမှာတော့လာပါဝယ်ပါ
လူသိအောင်ပြောရောင်းရမှာပါပဲ
ပိုက်ဆံနောက်လိုက်ရင်
Personal life ပျောက်သွားမလားဆိုပြီး
ကြိုစိုးရိမ်နေကြတာက ကြောင်တောင်တောင်
အတွေးအခေါ်ဖြစ်ပါတယ်

ပိုက်ဆံကပဲ အချိန်ကိုပြန်ဝယ်ပေးနိုင်တာ
အဆင်ပြေမှုတွေကိုပြန်ဝယ်ပေးတာပါ

လက်တွေ့မကျပဲဆွေးမြေ့နေတဲ့
Mindset တွေကိုအရင်ပြင်ဖို့ပါပဲလေ

Crd:

15/02/2026

သန့်ရှင်းတဲ့ရပ်ဝန်းဆီသို့

Address

Yangon

Alerts

Be the first to know and let us send you an email when Share & Glow With Khant Kyawt Thi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Share & Glow With Khant Kyawt Thi:

Shortcuts

Share