Shwe War Win Online Shop

Shwe War Win  Online Shop We are selling Monk robes and accessories.We are openning 4 retail shops in Yangon and Yedashe.

အရည်အသွေးမြင့် သင်္ကန်းနှင့် ပရိက္ခရာပစ္စည်းများအား ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

 #လမြတ်ဝါဆို(စေတနာသုံးတန်) 💢📌လောက၌ မိမိ နှစ်သက်သော ပစ္စည်းဝတ္ထုကို သူတစ်ပါးအား ပေးလှူပါမည်”ဟု ဝန်ခံစကား ပြောကြားဖို့ရန် ...
18/07/2026

#လမြတ်ဝါဆို(စေတနာသုံးတန်) 💢

📌လောက၌ မိမိ နှစ်သက်သော ပစ္စည်းဝတ္ထုကို သူတစ်ပါးအား ပေးလှူပါမည်”ဟု ဝန်ခံစကား ပြောကြားဖို့ရန် ခဲယဉ်း၏။

✅ယင်း-ထက် “ပေးလှူပါမည်”ဟု ဝန်ခံထားသည့်အတိုင်း ပစ္စည်းဝတ္ထု အစုစု၌ တပ်မက်မှု “လောဘ”ကို ပယ်ဖြတ်၍ လက်တွေ့ ပေးလှူဖို့ရန် ပို၍ခဲယဉ်း၏၊

✅ယင်း ထက် ပေးလှူပြီးနောက် နောင်တ တဖန် မပူပန်ရန် ပို၍ပင် ခဲယဉ်းလှ၏။ လှူဖို့မခက် အပရစေတနာ မပျက်ဖို့ခက်သည်။
ထို့ကြောင့် နောင်တ တဖန် ပူပန်မှု အပရစေတနာချို့တဲ့ ပျက်ကွက်မှု မဖြစ်ရအောင် ဆောက်တည်၍ နည်းများမဟူ ပေးလှူရာ၏ ...

📌ပေးလှူပြီးသောအခါ အပရစေတနာ စင်ကြယ်မွန်မြတ်အောင် မပြုနိုင်သော သူတို့သည် လူဖြစ်လာ၍ ချမ်းသာကြွယ်ဝသော အမျိုး၌ ဖြစ်ရစေကာမူ ထူးထွေကောင်းမြတ် သာယာ နှစ်သက်အပ်သော စားဖွယ်, သောက်ဖွယ်, အဝတ်တန်ဆာ, အသုံးအဆောင် ဘဏ္ဍာတို့ကို သုံးဆောင်ခံစားလိုစိတ် မဖြစ်ပေါ်တတ်ခြင်း, သုံးဆောင်ခံစားဖို့ရန် စိတ်မညွှတ်တတ်ခြင်း, သုံးဆောင် ခံစားလို စိတ်ဖြင့် သုံးဆောင်ခံစားအပ်သော စည်းစိမ် ဥစ္စာတို့ ရုတ်တရက် ဆုတ်ယုတ် ပျက်စီးတတ်ခြင်း, ရာထူးမှ အချခံရတတ်ခြင်း-စသော အနိဋ္ဌအကျိုး အမျိုးမျိုးတို့ကို ခံစားရတတ်သည်။

💯စေတနာသုံးတန်...
**မလှူမီရှေးအဖို့၌ ဖြစ်ပေါ်နေသော စေတနာသည် ပုဗ္ဗစေတနာ မည်၏။
**ပေးလှူ နေဆဲအချိန်၌ ဖြစ်ပေါ်နေသော စေတနာသည် မုဉ္စစေတနာ မည်၏။ **ပေးလှူပြီးနောက် ထိုဒါနကို အာရုံယူကာ ထပ်ကာထပ်ကာ ဝမ်းမြောက်ဝမ်းသာဖြစ်နေသော ကုသိုလ်စေတနာသည် အပရစေတနာ မည်၏။ ဖြင့် လှူဒါန်းသင့်ပါသည်။💢💢

🙏သာသနာရောင်ဝါလင်း ရွှေဝါဝင်း🙏🙏
Hot line: 09 45000 6910
https://www.tiktok.com/.war.win.thin

 #လမြတ်ဝါဆိုရဟန်း သံဃာတော်တို့၏ ဝါဆိုချိန်ခါလည်း နီးပါပြီ ... သံဃာတော်တို့အား ဝါဆိုသင်္ကန်း ကပ်လှူခြင်းအားဖြင့် ဘဝသံသရာတ...
15/07/2026

#လမြတ်ဝါဆို

ရဟန်း သံဃာတော်တို့၏ ဝါဆိုချိန်ခါလည်း နီးပါပြီ ...
သံဃာတော်တို့အား ဝါဆိုသင်္ကန်း ကပ်လှူခြင်းအားဖြင့် ဘဝသံသရာတွင် ကျင်လည်နေသမျှ ကာလပတ်လုံး .......

🍁(၁)အဝတ်အထည်အတွက် စိုးရိမ်ကြောင့်ကြရမှု ကင်းခြင်း၊
🍁(၂)ရုပ်အဆင်းအင်္ဂါ ရွှေရောင်အဆင်း လှပတင့်တယ်ခြင်း၊
🍁(၃) ခန္ဓာကိုယ်အရောင်အဝါထွန်းလင်းခြင်း၊
🍁(၄) အသားအရေနူးညံ့ ချောမွေ့ ခြင်း၊
🍁(၅) ခန္ဓာကိုယ်တွင် အညစ်အကြေးတို့ ကင်းစင်ခြင်း၊
🍁(၆) အလိုရှိပါက တောင့်တရုံမျှဖြင့် အဝတ်အထည်တို့ရရှိခြင်း၊
🍁(၇) သံသရာ၌ ဘုရားရှင်တို့နှင့် တွေ့ ကြုံဖူးမြော်ခွင့်ရခဲ့သည်ရှိသော် ထို
ဘုရားရှင်က (ဧဟိဘိက္ခူ) ခေါ်ရုံမျှဖြင့် ရဟန်းအသွင် အလိုလိုဖြစ်ရခြင်း ဟူသော အကျိုးတရား ခုနစ်ပါးတို့ကိုလည်း ရရှိနိုင်သည် ..

🔶ဝါဆိုသင်္ကန်းအလှူဟာ စီဝရဒါန အလှူဖြစ်သလို ကာလဒါန အလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို လှူဒါန်းတဲ့သူတွေဟာ သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာ လိုတာကို ရစေနိုင်တဲ့ ကာလဒါန အကျိုးကို လည်း ရရှိနိုင်ပြီးအဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလည်း လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည် အဆင်း လှပခြင်းနဲ့ပြည့်စုံနိုင်ကြောင်း၊ ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း သင်္ကန်းလှူ ရတဲ့ အကျိုးအားကြောင့် ရဟန်းဘဝကို အလွယ်တကူ ရရှိကာ မဂ်ဖိုလ်နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ကြောင်း စသဖြင့်ပြောလိုတာ ဖြစ်ပါတယ်...

🟧ကာလဒါန အလှူရဲ့သဘောက အကျိုးပေးတဲ့အခါ ကိုယ်လိုတဲ့အချိန်မှာ လိုအပ်ချိန်နဲ့ကိုက်ညီတဲ့၊ လိုအပ်ချိန်မှာလိုအပ်တဲ့ အရာကို လွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ်....

🔸🔶သာသနာရောင်ဝါလင်း ရွှေဝါဝင်း 🔸🔶
☎️ Hot line : 09 45 000 6910☎️
https://www.tiktok.com/.war.win.thin

 #ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့ ..🍂🐚🐚ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်။ “ဗျာ...
29/04/2026

#ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့ ..🍂🐚

🐚ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်။ “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟု ဆိုစမှတ်ပြုကြသည်။
(ဗျာ-ကဆုန်လပြည့်နေ့၌ ဗျာဒိတ်တော်ကို ခံယူတော်မူပါသည်။ ဖွား-က‌ဆုန်လပြည့်နေ့၌ ဖွားမြင်တော်မူပါသည်။ ပွင့်-က‌ဆုန်လပြည့်နေ့၌ ဘုရားပွင့်တော်မူပါသည်။ စံ-ကဆုန်လပြည့်နေ့၌ ပရိနိဗ္ဗာန် စံဝင်တော်မူပါသည်။)

🐚ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက် ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။ မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

🐚ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသားကို သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ) တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒန မင်းကြီးနှင့် မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သော နှစ်ပေါင်း၂,၆၀၀၊ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃)၊ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ နံနက် ၁ ချက်တီးအချိန် ၀ိသာခါနက္ခတ်နှင့် စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့ အသွား လုမ္ဗိနီအင်ကြင်းတော၌ ဖွားမြင်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် ၄၅ နှစ် နေခဲ့ပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ ၌ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။

🐚ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအား ထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့်နေ့တွင် ဗောဓိပင်အား ရေသွန်းလောင်းခြင်း ကဲ့သို့သော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်သည်။ ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။ ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်လည်း ဖြစ်သည်။

🍂ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓမြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်ရာမှ ဘုရားပွင့်တော်မူရာ အထိမ်းအမှတ်ဖြစ်သော ဗောဓိပင်များ အဓွန့်ရှည်စေရန်အတွက် ရေသွန်းလောင်းခြင်းကို အမြတ်တနိုးပြုခဲ့ကြသည်။ “တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံးကာလ၊ ရေအခန်းခြောက်ဆုံးအချိန်၊ ရေအဆုတ်ဆုံးအချိန် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာအမှီသဟဲပြု၍ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်းဖြင့် ညောင်ရေသွန်းပွဲတော် ပေါ်ပေါက်လာရခြင်းဖြစ်သည်။

🍂🔥ကဆုန်လတွင် ပူပြင်းလှသည်။ ကောင်းကင်၌လည်း မိုးသားများ အုံ့မှိုင်းကာ တဂျိန်းဂျိန်းနှင့် မိုးချုန်းသံများ ကြားရ၏။ အသူရာနတ်မင်းက သိကြားမင်းရှိရာ တာဝတိံသာနတ်ပြည်သို့ စစ်မောင်းသံပေးနေသည့်အလား ထင်ရသည်ဟုပင် ဆိုကြသည်။ မည်သို့ပင်ဆိုစေ၊ ထိုအချိန်ထိုအခါမျိုးတွင် မြန်မာပြည်သူပြည်သားတို့အနေဖြင့် ညောင်ရေသွန်းလောင်းရင်း အန္တရာယ်ကင်းရှင်းကာ ငြိမ်းချမ်းသာယာပါစေကြောင်း ရွှေဝါဝင်း မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။🙏🙏🙏

💥Credit; The Daily Eleven

🙏ပျော်ရွှင်ကြည်နူးဖွယ် နှစ်သစ်ချိန်ခါ လေးဖြစ်ပါစေ ...🙏🙏
01/01/2026

🙏ပျော်ရွှင်ကြည်နူးဖွယ် နှစ်သစ်ချိန်ခါ လေးဖြစ်ပါစေ ...🙏🙏

💢မြတ်ကထိန် အရာမြောက်ဖို့ ...✅ကထိန်သင်္ကန်း ဖြစ်ပေါ်လာအောင် အမိအဖကိုပင် မည်သည့် ဥပါယ်နှင့်မျှ မတောင်းအပ်၊ အလှူမခံရ။ သဒ္ဓါ...
25/10/2025

💢မြတ်ကထိန် အရာမြောက်ဖို့ ...

✅ကထိန်သင်္ကန်း ဖြစ်ပေါ်လာအောင် အမိအဖကိုပင် မည်သည့် ဥပါယ်နှင့်မျှ မတောင်းအပ်၊ အလှူမခံရ။ သဒ္ဓါအလျောက် ဖြစ်ပေါ်လာမှ ခင်းရသည်၊

✅သင်္ကန်းကို လှူသောအခါလည်း ပုဂ္ဂိုလ်ကို မရည်ညွှန်းရ၊ “ဣမံ ကထိနစီဝရံ သံဃဿ ဒေမ”ဟု ဆို၍ သင်္ကန်းတစ်ထည်ကိုဖြစ်စေ၊ အများကိုဖြစ်စေ သံဃာကို ရည်ညွှန်းလှူဒါန်းမှ ကထိန်အရာ မြောက်သည်။

🙏သာသနာရောင်ဝါလင်း ရွှေဝါဝင်း🙏🙏
☎️ရန်ကုန် - 09450006910, 09 787 455950
☎️ရေတာရှည် - 09790619163

🏮ကထိန်လှူနည်း မှန်ကန်ပါမှ ကထိန်ခင်းသည့် သံဃာရော၊ လှူဒါန်းသူများပါ ရသင့်ရထိုက်သည့် အကျိုးကို ရမည် ...🏮🏮သာသနာရောင်ဝါလင်း ရ...
20/10/2025

🏮ကထိန်လှူနည်း မှန်ကန်ပါမှ ကထိန်ခင်းသည့် သံဃာရော၊ လှူဒါန်းသူများပါ ရသင့်ရထိုက်သည့် အကျိုးကို ရမည် ...🏮🏮

သာသနာရောင်ဝါလင်း ရွှေဝါဝင်း
☎️YGN: 09450006910
☎️YEDASHE: 09790619163

🐚လှူကထိန် မြတ်သင်္ကန်း ...☎️YGN: 09450006910 , 09 787 455950☎️YEDASHE: 09790619163
18/10/2025

🐚လှူကထိန် မြတ်သင်္ကန်း ...
☎️YGN: 09450006910 , 09 787 455950
☎️YEDASHE: 09790619163

🏮ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ် အခါသမယလေး ဖြစ်ပါစေ ...🙏🙏
04/10/2025

🏮ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ် အခါသမယလေး ဖြစ်ပါစေ ...🙏🙏

ပြည့်ဝရွှေရည် မှန်ကန်ဂုဏ်သင်း ရွှေဝါဝင်း ....
13/08/2025

ပြည့်ဝရွှေရည် မှန်ကန်ဂုဏ်သင်း ရွှေဝါဝင်း ....

💚ရာဇဝင်ထဲက ပြောင်ခေါင်းစိမ်း( သို့) Peridot ....

💚ပြောင်ခေါင်းစိမ်းကို သြဂုတ်လတွင် မွေးဖွားသူတို့၏ အဆောင်ကျောက်(Birthstone) အဖြစ် တန်ဖိုးထား ဝတ်ဆင်ကြသည်၊

💚ပင်လယ်နီထဲတွင် ဆီးနှင်းများဖုံးလွှမ်းလျှက် ရှာဖွေရခက်သော ကျွန်းတစ်ကျွန်းရှိသည်၊ ထိုကျွန်းကို ပင်လယ်ဓားပြများက ရှာဖွေတွေ့ရှိခဲ့ပြီး ကျွန်းနှင့်အတူ ပြောင်းခေါင်းစိမ်းများကိုပါ အတူတွေ့ရှိခဲ့ခြင်းဖြစ်သည်၊ ထိုကျွန်းအမည်ကို တိုပါစီယို( Topazio) ကျွန်းဟုခေါ် သည်၊

💚နောက်ပိုင်း ပင်လယ်ဓားပြများ ပျောက်ကွယ်သွားချိန် မှာတော့ တိုပါစီယိုကျွန်းနှင့်အတူ ပြောင်ခေါင်းစိမ်းများလည်း ပျောက်ကွယ်သွားခဲ့သည်၊
၁၉၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ အီဂျစ်တို့က ထိုကျွန်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြပြီး အစိမ်းရောင် ပြောင်ခေါင်းစိမ်းများလည်း လူတွေရှေ့မှောက်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်၊

💚ယခုအခါမှာတော့ ပြောင်ခေါင်းစိမ်းများကို တိုပါစီယိုကျွန်းတွင်သာမက ဘရာဇီး၊မဒက်စကာ၊ ရုရှား၊ တောင်အာဖရိက၊ အမေရိက၊ ကိုလံဘီယာ၊ အိန္ဒိယ၊မြန်မာနှင့် တရုတ်နိုင်ငံများမှာပါ ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ပါသည်၊

💚တကယ်တော့ ပြောင်ခေါင်းစိမ်းသည် (7up) ပုလင်းအစိမ်းရောင်နှင့်တူသောကျောက်ဖြစ်သည်၊ ပြောင်းခေါင်းစိမ်း၏ အစိမ်းရောင်၌ အမြဲလို အဝါရောင်ဖေါက်လျှက်ရှိပြီး စိမ်းဝါရောင်ဂျယ်လီတုံးတစ်တုံးနှင့်လည်းတူ၏..

🆗(စာရှည်သွားပြီ ....)

💢စျေးကွက်ဝင်မှုနှင့် ကျောက်မျက်တန်ဖိုး အကြောင်းကို ဆက်လက်ဖေါ် ပြပါအုံးမည် ... 💚🆗

💯Credit: Sr.U Mya Kyaw ( ကျောက်ရိုင်းဘူမိ)🔘

💢ဥပုသ်သီလ စောင့်ရအောင် ... #ကာမေသု မိစ္ဆာစာရကံ📌ကာမေသု မိစ္ဆာစာရကံ၏ အကျိုးရင်း, အကျိုးဆက်တို့ကို အဋ္ဌကထာထိုထိုမှ ထုတ်နုတ်...
07/08/2025

💢ဥပုသ်သီလ စောင့်ရအောင် ...
#ကာမေသု မိစ္ဆာစာရကံ📌
ကာမေသု မိစ္ဆာစာရကံ၏ အကျိုးရင်း, အကျိုးဆက်တို့ကို အဋ္ဌကထာထိုထိုမှ ထုတ်နုတ်၍ သုတေသန သရုပ်ပြ အဘိဓာန်တွင်
` #ကာမေသုကံကျိုးပြစ်ဒဏ်ထိမှန်၁၅ပါး´ ဟူသော ခေါင်းစဉ်းဖြင့် အပြစ် ၁၅-ပါး ပြပါသည်။ ထို ၁၅-ပါးမှာ -
❎၁။ #အပါယ်လေးပါး လားရခြင်း၊
❎၂။ #မိန်းမ,ပဏ္ဍုက်ဖြစ်ရခြင်း၊
❎၃။ #ရန်သူနှင့်တွေ့ရခြင်း၊
❎၄။ #လူအများမုန်းခြင်း၊
❎၅။ #အစားအသောက်အ၀တ်အထည်အိပ်ရာနေရာ ရခဲခြင်း၊
❎၆။ #ဆင်းဆင်းရဲရဲအိပ်ရ, #နိုးရခြင်း၊
❎၇။ #အမျက်ဒေါသကြီးခြင်း၊
❎၈။ #လောကုတ္တရာတရားမရနိုင်ခြင်း၊
❎၉။ #စည်းစိမ်ဥစ္စာပျက်ပြုန်းရခြင်း၊
❎၁၀။ #ယုံကြည်မှုကင်းမဲ့ခံရခြင်း၊
❎၁၁။ #ဘေးတွေ့ရခြင်း၊
❎၁၂။ #ယုံမှားသံသယများခြင်း၊
❎၁၃။ #ချစ်သူတို့နှင့်ခွဲနေရခြင်း၊
❎၁၄။ #အသက်တိုခြင်း၊
❎၁၅။ #ဆင်းရဲကြီးစွာတွေ့ရခြင်း၊ ဟူ၍ ဖြစ်ပါသည်။
#မုသာဝါဒကံ📌
မုသာဝါဒ ဖြစ်မြောက်ရန် အင်္ဂါ ၄ ပါး
မုသာဝါဒ ကံတစ်ခု အပြည့်အစုံ ဖြစ်မြောက်ဖို့အတွက် အောက်ပါ အင်္ဂါ ၄ ပါး ပြည့်စုံရပါတယ်-
* အတတ္ထဝတ္ထု (Atatthavatthu) - မဟုတ်မမှန်သော အကြောင်းအရာ ဖြစ်ခြင်း။ (မိမိ ပြောလိုသည့် အကြောင်းအရာသည် အမှန်တရားနှင့် ကင်းကွာနေရမည်)
* ဝဉ္စနာစိတ္တံ (Vañcanācittaṃ) - သူတစ်ပါးကို လိမ်လည်လှည့်ဖြားလိုစိတ် ရှိခြင်း။ (မသိဘဲ မှားယွင်းပြောဆိုမိခြင်း မဟုတ်ဘဲ၊ ရည်ရွယ်ချက်ရှိရှိ လိမ်ညာလိုစိတ် ရှိရမည်)
* တဇ္ဇပယောဂေါ (Tajjapayogo) - လိမ်ညာရန် အားထုတ်ခြင်း/ ကြံစည်ခြင်း။ (နှုတ်ဖြင့် ပြောဆိုခြင်း၊ စာဖြင့် ရေးသားခြင်း၊ လက်ဟန်ခြေဟန်ဖြင့် ပြသခြင်း စသည်)
* ပရဿ တဒတ္ထဝိဇာနနံ (Parassa Tadatthavijānanaṃ) - သူတစ်ပါးက မိမိပြောသော မဟုတ်မမှန်သည့် အကြောင်းအရာကို နားလည်သွားခြင်း။ (ပြောတဲ့သူရဲ့ လိမ်ညာမှုကို လက်ခံယုံကြည်သည် ဖြစ်စေ၊ နားလည်သွားသည် ဖြစ်စေ ရမည်)
ဒီအင်္ဂါ ၄ ပါး ပြည့်စုံမှသာ မုသာဝါဒ ကံတစ်ခု အပြည့်အစုံ မြောက်ပြီး မကောင်းတဲ့ အကျိုးပေးပါတယ်။
မုသာဝါဒ ပြုခြင်း၏ အကျိုး (ကံ၏အကျိုး)
မုသာဝါဒ ကံကို ပြုလုပ်ခြင်းဟာ အကုသိုလ်ကံ (Demeritorious Kamma) ဖြစ်တဲ့အတွက် မကောင်းတဲ့ အကျိုးတရားတွေကို ပေးပါတယ်။ ဒီအကျိုးတရားတွေဟာ ဘဝသံသရာမှာ ခံစားရနိုင်ပြီး လိမ်ညာမှုရဲ့ ပြင်းထန်မှု၊ လိမ်ညာတဲ့ စိတ်ရင်း စတာတွေပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။
အဓိက အကျိုးပေးမှုတွေကတော့-
❎* အပါယ်ဘုံ (ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်) သို့ ရောက်ရှိခြင်း။
❎* လူ့ဘဝပြန်ရောက်ရင်လည်း ပါးစပ်မှ အပုပ်နံ့နံခြင်း။
❎* မကောင်းသော စကားများ ပြောဆိုခြင်း။
❎* သူတစ်ပါးက မိမိစကားကို မယုံကြည်ခြင်း။
❎* အသရေပျက်ခြင်း။
❎* စကားထစ်ခြင်း၊ စကားမပီခြင်း။
❎* ပတ်ဝန်းကျင်က မုန်းတီးခြင်း စတာတွေ ဖြစ်ပါတယ်။
မုသာဝါဒမှ ရှောင်ကြဉ်ခြင်း (မုသာဝါဒါ ဝေရမဏိ)
မုသာဝါဒမှ ရှောင်ကြဉ်ခြင်းဟာ ကုသိုလ်ဖြစ်ပြီး ကောင်းကျိုးတွေကို ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ငါးပါးသီလကို ခံယူဆောက်တည်တဲ့အခါမှာ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ဖို့ စတုတ္ထသိက္ခာပုဒ်အဖြစ် ခံယူကြပါတယ်။ မုသာဝါဒမှ ရှောင်ကြဉ်ခြင်းရဲ့ ကောင်းကျိုးတွေကတော့-
✅* သံသရာဘဝမှာ အပါယ်ဘုံသို့ မရောက်ရခြင်း။
✅* ပါးစပ်မှ မွှေးကြိုင်သော ရနံ့များ ထွက်ခြင်း။
✅* စကားကို သူတစ်ပါးက ယုံကြည်လက်ခံခြင်း။
✅* လူမှုအသိုင်းအဝိုင်းတွင် ချီးမွမ်းခြင်း ခံရခြင်း။
✅* စိတ်ဓာတ် ကြည်လင်ဖြူစင်ခြင်း။
✅* ရိုးသားဖြောင့်မတ်သူ ဖြစ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် မုသာဝါဒဆိုတာ မကောင်းမှုကံ၊ မကောင်းမှုအကျိုးပေးတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ရှောင်ကြဉ်သင့်တဲ့အရာ ဖြစ်ပါတယ်။

💢ကုသိုလ်အကျိုးပြည့်ဝစွာ ရနိုင်ကြပါစေ ...
🙏သာသနာရောင်ဝါလင်း ရွှေဝါဝင်း🙏🙏

Address

Yangon

Telephone

09787455950

Website

Alerts

Be the first to know and let us send you an email when Shwe War Win Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe War Win Online Shop:

Shortcuts

Share