19/10/2025
............မျဉ်းဖြောင့်တကြောင်း(သို့)လူ့ဂွစာ...............
ဆရာနီကိုရဲရဲ့ "ကျွန်တော်ဖြတ်သန်းခဲ့ဖူးသော မျဉ်းဖြောင့်တကြောင်း" ဆိုတဲ့ စာက အဆိုတော်ထူးအိမ်သင်းအကြောင်းအနည်းငယ် ရေးထားဝာာပါ။ သူ့ကို ရင်းနှီးတဲ့သူတွေ၊ သူ့ပရိသတ်တွေက "ကိုငှက်" လို့ခေါ်ကြတာ တချို့လည်းသိကြမှာပါ။ ကိုယ်ကတော့ ရေးရလွယ်အောင် အဆိုတော်ထူးအိမ်သင်းကို "ကိုငှက်" ဆိုတဲ့ အသုံးနဲ့ပြန်ရေးပြပါမယ်။ ထိုစာထဲမှာ ဆရာနီကိုရဲက ကိုငှက်ကို "သူ့ကို လုပ်ချင်တာကိုလုပ်ရဲသည့်သတ္တိထက် မလုပ်ချင်တာကိုမလုပ်ရဲသည့်သတ္တိကို ပိုသဘောကျမိပါတယ်" လို့ ရေးခဲ့သည်။ အဲ့လိုတွေကြောင့်မို့ သူ့ကို လူ့ဂွစာလို့ ခေါ်တတ်ကြတယ်တဲ့။
ဆရာနီကိုရဲက သူ၏ (၃၇)နှစ်ပြည့် မွေးနေ့မှာ ကိုငှက်ကို ဂုဏ်ပြု သီချင်းဆိုပေးဖို့ပြောတော့ " ဟာ မဆိုချင်ပါဘူးဗျာ" လို့ငြင်းသတဲ့။
တရက် Central Hotel အခန်းတခန်းမှာ သူတို့နှစ်ယောက် အရက်သောက်ရင်: ခြေသလုံးလှဲနေတုန်း သူစိမ်း(၂) ယောက်က တံခါးလာခေါက်ကာ မိတ်ဆက်တယ်။ တူအရီး နှစ်ယောက်ဖြစ်ကြသော ထို(၂)ယောက်ထဲမှ ဦးလေးဖြစ်သူက ဘေးမှသူ့တူကိုညွှန်ကား " ကျွန်တော့တူက အဆိုအရမ်းဝါသနာပါလို့ အပေါ်ထပ် Karaoke ခန်းထဲမှာ ကျွန်တော့တူဆိုတာကို လိုက်နားထောင်ပေးပြီးလိုတာတွေပြင်ပေးပါလား ဆရာ" ဆိုကား တောင်းတောင်းပန်ပန်ပြောတော့ သူစဉ်းစားကာ " ခဏနေလိုက်ခဲ့မယ်" ဆိုကာ အခန်းထဲဆေးလိပ်သောက်ကာ တခုခုကိုစဉ်းစားပြီး" ကိုရဲဝင်း ခင်များပါ လိုက်ခဲ့ဗျာ" ဟုဆိုကာသွားပြီး လူငယ်လေးဆိုတာကိုနားထောင်ပြီး သေချာပြောပြ၊ သူလည်းဆိုပြသတဲ့။
အဲ့လိုပဲ တနေ့ ဆရာနီကိုရဲရဲ့ "ကြည်ပြာရောင်နဂ္ဂတစ်များ Press Show" ပွဲ ရုပ်ရှင်ရုံအပြင်မှာ မိကွန်ထောနဲ့ထိုင်နေတဲ့သူ့ကို ဆရာနီကိုရဲကတွေ့တယ်။ သူကလည်း ဆရာ့ကိုမြင်တော့ " ကိုရဲဝင်းလာလေဗျာ" လို့လှမ်းခေါ်တယ်။ သူတို့နှစ်ယောက်ဆေးလိပ်သောက်ရင်: ဆရာနီကိုရဲက "ဆေးလိပ်သောက်ချင်လို့ထွက်လာတာဗျာ" လို့ စကားစတော့ ကိုငှက်က " ကျွန်တော်ကတော့ ကြည့်ကိုမကြည့်ချင်တာဗျာ ဘာလို့လဲမသိဘူး ကျွန်တော်မြန်မာကားဆို ကြည့်မရဘူး" ဟု ထိုဇာတ်ကားရဲ့ ဝတ္ထုပိုင်ရှင် ဇာတ်ညွှန်းရေးဆရာရှေ့မှာဆိုတယ်တဲ့။
တရက် သူတို့နှစ်ယောက် လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ဆိုင်ရှေ့မှ "ဟာ ကိုငှက်ကြီး" ဆိုတဲ့အသံကြောင့် မော့ကြည့်ကြတော့ ဂစ်တာလွယ်ထားတဲ့လူငယ်လေးတယောက် ဖြစ်သည်။ ထိုလူငယ်လေးက သူအခုမှဝယ်လာတဲ့ ဂစ်တာလေးကို လက်မှတ်ထိုးပေးဖို့ပြောပြီး ဂစ်တာကောင်း/မကောင်း စစ်ကြည့်ပေးဖို့တောင်းဆိုတယ်တဲ့။ စစ်ကြည့်တော့ မကောင်းလို့ ဂစ်တာမှာပါတဲ့ ဆိုင်နာမည်ကိုကြည့်ပြီး "ဒီကောင်တွေ လုပ်ပြန်ပြီ ကိုယ် လိုက်ရွေးပေးမယ် ညီ" ဆိုပြီး ဂစ်တာဆိုင်ကိုသွားကြတယ်တဲ့။ ဆိုင်ရောက်တော့ သူက ဆိုင်ကလူတွေကို "ခင်များတို့ အဲ့လို မလုပ်ပါနဲ့ဗျာ" လို့ဆိုရင်း ဂစ်တာတလက်သေချာရွေးပေးပြီး "ညီ ဒါပဲယူ ဒါကောင်းတယ်" ဆိုပြီးပြောတော့ လူငယ်လေးက ၂ လက်လုံးယူမယ်ဆို၏။ အဲ့တာနဲ့ ကိုငှက်က " ညီကလည်း တလုံးဆိုတော်ရောပေါ့ကွ လောဘကြီးလှချည်းလား ဒီတလက်ကိုလည်း လက်မှတ်ထိုးပေးမယ်" ဆိုကာ လူငယ်လေး ခေါင်းကိုခပ်ပြင်းပြင်းပုတ်ရင်းပြောသတဲ့။ "ကိုငှက်လက်မှတ်နဲ့ဂစ်တာကိုပြန်မထားခဲ့နိုင်ဘူး၊ ဒီကောင်ကိုလည်း ကိုငှက်ရွေးပေးထားတာဆိုတော့ ယူမှကိုရမှာ" ဆိုပြီး ဝယ်ဖို့လုပ်ပေမဲ့ ပိုက်ဆံကမလောက်ဘူးတဲ့ အဲ့တာနဲ့ ဆိုင်ရှင်ကို ကောင်လေးက တောင်ပန်းတယ်တဲ့ "ကျွန်တော်မနက်ဖြန် ဆက်ဆက်လာပေးပါ့မယ် သူမှတ်ပုံတင်ထားခဲ့ပါ့မယ်" လို့ဆိုတော့ "ကိုယ်စိုက်ပေးမယ်" ဆိုကာဝယ်ပေးတယ်တဲ့။
အဲ့လို ပုံမှန်လူတွေ အများအားဖြင့် ဘာကြောင့် ညာကြောင့်ဆိုပြီးလုပ်တဲ့အရာတွေကို သူက မလုပ်ချင်ရင် မလုပ်ဘဲနေပြီး လူတွေ ဟိုဟိုဒီဒီတွက်ဆပြီး မလုပ်တဲ့အရာတွေကို သူက လုပ်ချင်လုပ်တယ်တဲ့။
အဲ့တာမို့ သူ့ကို လူ့ဂွစာလို့ ခေါ်တတ်ကြတယ်တဲ့။ လူ့ဂွစာဖြစ်ဖို့က သတ္တိလိုပါတယ်။"အဆိုတော်ထူးအိမ်သင်း" လို လူတယောက်နှင့် နှိုင်းပြီးပြောတာမဟုတ်ပေမဲ့ ကိုယ်လည်း လူ့ဂွစာဖြစ်ချင်တယ်။
ကျွန်တော်ဖြတ်သန်းခဲ့ဖူးသောမျဥ်းဖြောင့်တကြောင်းထူးအိမ်သင်ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အမှတ်တရစာစုများ[အစိ....