Kira & Nora Online Shop

Kira & Nora Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kira & Nora Online Shop, Shopping & retail, Yankin, Yangon.

11/01/2019

📨🌿 Royal Express Myanmar ကို ယုံကြည်စွာအသုံးပြုလျက်ရှိသော မိတ်ဆွေများအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပထမဦးစွာ ပြောကြားပါရစေ။ 🙏🙏

★★★★★

🌿 မိတ်ဆွေတို့ရဲ့ အားပေးမှုကြောင့်သာ ကျွန်ုပ်တို့ အခုလို နှစ်ပေါင်းရှည်ကြာ အောင်မြင်စွာ ရပ်တည်နေနိုင်တာပါ။ မိတ်ဆွေတို့ရဲ့ Feedbacks မှတဆင့် Royal Express Myanmar အပေါ်ထားရှိသော ယုံကြည်အားကိုးမှုများကို တွေ့ရှိရတဲ့အတွက် ဆက်လက်ကြိုးစားဖို့ ခွန်အားသစ်များစွာ ရရှိပါတယ်။ 🌿

★★★★★

💐 ယခုရောက်ရှိနေတဲ့ နှစ်သစ်မှာလည်း Royal Express Myanmar မှ ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများဖြင့် အလုပ်အကျွေးပြုနိုင်ရန် ပြင်ဆင်ထားပါတယ်။ 💐

★★★★★

🎉 တဆက်တည်းမှာပဲ မိတ်ဆွေတို့ သိရှိလိုလားနေတဲ့ အချက်အလက်အချို့ကို ရှင်းလင်းတင်ပြပေးပါရစေ။

💥 ၁) လက်ရှိအချိန်တွင် Cash On Delivery (COD ) အတွက်ငွေကောက်ပြီး၊ ငွေပြန်အမ်းသည့် ကြာချိန် ၂ ပတ်ဖြစ်နေရခြင်းအကြောင်းမှာ Royal Express Myanmar မှ စာရင်းများကို Manual ဖြင့်သာ လုပ်ကိုင်ဆောင်ရွက်နေရပြီး အမှားအယွင်းမရှိအောင် အသေအချာစစ်ဆေးရန် အချိန်လိုအပ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

COD အတွက် အလျင်မြန်ဆုံး အချိန်သတ်မှတ်ချက်ဖြင့် ငွေပြန်အမ်းနိုင်ရန် ပြင်ဆင်နေပါတယ်။ ဒီအတွက် အထူးစီစဉ်ထားတဲ့ IT System မှာလည်း ၈၀% ခန့်ပြီးစီးနေပြီ ဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။

★★★★★

💥 ၂) ၀န်ထမ်းများရဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် အမြန်ဆုံးပြုပြင်ပြောင်းလဲသွားပါမယ်။ ၀န်ထမ်းများရဲ့ စွမ်းဆောင်ရည် ပိုမို မြင့်မားလာစေဖို့ မိတ်ဆွေတို့ရဲ့ Feedback များ၊ အကြုံပြုချက်များကိုလည်း ၀မ်းမြောက်စွာ ကြိုဆိုလက်ခံနေပါတယ်။

အဆင်မပြေမှုများကြုံတွေ့ရပါက www.royalx.net/feedback တွင်ဖြစ်စေ၊ www.facebook.com/RoyalExpressMyanmar တွင်ဖြစ်စေ အကြောင်းကြားပေးပါရန် လေးစားစွာ ပန်ကြားလိုပါတယ်။

★★★★★

💥 ၃) Royal Express Myanmar ရဲ့ ဈေးနှုန်းများဟာ အမြန်ချောပို့ အသုံးပြုသူများအတွက် ဦးတည် သတ်မှတ်ထားတာ ဖြစ်သောကြောင့် Online Shopping လုပ်ကိုင်သူများအတွက် ဈေးများနေသည်မှာ အမှန်ပင်ဖြစ်နိုင်ပါတယ်။

Online Shopping လုပ်ကိုင်သူများအတွက် အခြားဝန်ဆောင်မှုများနဲ့မတူ ထူးခြားကောင်းမွန်သော ၀န်ဆောင်မှုများ၊ ဈေးနှုန်းများဖြင့် မိတ်ဆွေတို့ရဲ့ အကျိုးစီးပွားတိုးတက်အောင် တဖက်တလမ်းမှ အထောက်အကူပြုနိုင်ရန် လုပ်ကိုင်ဆောင်ရွက်နေပါကြောင်း အသိပေးလိုပါတယ်။

★★★★★

🌿 နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာစွာဖြင့် အောင်မြင်ပျော်ရွှင်နိုင်ကြပါစေကြောင်း Royal Express Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🌿

🌿 B.O.D
🌿 Royal Express Services Ltd.
🌿 www.royalx.net

Address

Yankin
Yangon
11191

Website

Alerts

Be the first to know and let us send you an email when Kira & Nora Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share