13/08/2021
ကိုယ့်အဖေ အောက်ဆီဂျင်ကျပြီး အရေးပေါ်အခြေအနေဖြစ်နေတုန်းက အောက်ဆီဂျင်ရဖို့ ခက်ခဲနေချိန်
St. Joseph Catholic Major Seminary (ပါရမီParami) မှာတက်ခွင့်ရခဲ့လို့သာ
စင်တာက ဆရာ၊ဆရာမတွေရဲ့ ဂရုတစိုက်ကြည့်ရှုကုသမှုကြောင့်သာ🙏🙏🙏
အဖေ့ကျမ်းမာရေးပြန်ကောင်းလာခဲ့တာ
--------------‐-----------------------------------------------------------
ကိုဗစ် ၁၉ ရောဂါကြောင့် အောက်ဆီဂျင်လိုပါက Oxygen Concentrator များဖြင့် အောက်ဆီဂျင် ပေးပြီး ကုသစောင့်ရှောက်မှုပေးနေသော ကိုဗစ်စင်တာ များရှိပါတယ်
ဆေးရုံအဆင့်မဟုတ်သော်လည်း ဆရာဝန်၊ သူနာပြုများဖြင့် ၂၄ နာရီ စောင့်ရှောက်မှု ပေးပါသည်
ကိုဗစ်ရောဂါကုသမှုအတွက် အဓိက လိုအပ်သော ဆေးဝါးများကို ထောက်ပံ့ပေးပါသည်
ကုသမှု အားလုံး အတွက် ငွေကြေး တပြားမှ ပေးစရာမလိုပါ
ကိုဗစ် ရောဂါ စစ်ဆေးမှု နှင့် အခြားသော သွေး/ဆီး/ဓါတ်မှန် စစ်ဆေးမှူများ မလုပ်ပေးနိုင်ပါ/လုပ်ခွင့်မပြုပါ
စင်တာမှ သတ်မှတ်ထားသော ကုသမှု Guideline အတိုင်းသာ ကုသပေးမည် ဖြစ်ပါသည်
ပြင်ပမှ ယူလာသောဆေးများ၊ ပြင်ပမှ မိမိကိုယ်ပိုင် ဆရာဝန်များ ညွှန်ကြားသော ဆေးများ ဖြင့် ကုသခွင့် လုံးဝ ခွင့်မပြုပါ
အစားအသောက်နှင့်ပတ်သက်၍ မိမိဘာသာ စီစဉ်ရပါမည်
လူနာစောင့် တစ်ယောက် ခွင့်ပြုပါသည်
လူနာတင်ရန် အတွက် ကြိုတင် တယ်လီဖုန်းဆက်ပီး ကုတင် အလွတ် ရှိ/မရှိ မေးရန် လိုပါသည်
ကုတင်လွတ်ပါက သက်ဆိုင်ရာ တာဝန်ခံမှ ဆက်သွယ်စီစဉ်ပေးပါလိမ့်မည်
ထပ်မံသိလိုသည်များကို အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်