Kiko - Gift & Home Decor

Kiko - Gift & Home Decor | Gift & Decor Store
Beautiful items for your space & heart 💕
Quality | Affordable | Aesthetic
"your happiness is my hope" 🍀

tiktok.com/

ဒီရက်ပိုင်း ခေါင်းထဲရောက်ရောက်လာတဲ့ စာစုလေးတစ်ခုက - “လူနည်းနည်း၊ ပန်းများများ” 🌸🌸လူတွေကြားမှာ နေထိုင်ရင်း တစ်နေ့တာကုန်သွ...
12/09/2026

ဒီရက်ပိုင်း ခေါင်းထဲရောက်ရောက်လာတဲ့ စာစုလေးတစ်ခုက -

“လူနည်းနည်း၊ ပန်းများများ” 🌸🌸

လူတွေကြားမှာ နေထိုင်ရင်း တစ်နေ့တာကုန်သွားတဲ့အခါ
ကိုယ့်အတွက်ပဲ သီးသန့်ကျန်တဲ့ ညအချိန်လေးမှာ
စိတ်ကို ပြန်အနားပေးနိုင်မယ့် အရာလေးတွေကို ပိုမြတ်နိုးတတ်လာတယ်။ 🪴

မိုးအေးအေးလေး 🌧️
ပန်းရနံ့လေး 🌸
Candle လေးရဲ့ ခပ်ဖျော့ဖျော့မီးရောင် 🕯️
ပြီးတော့ တိတ်ဆိတ်တဲ့ အခန်းလေးတစ်ခန်း…

အဲ့ဒါလေးတွေကပဲ တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ခဏလောက် မေ့သွားစေတတ်တယ်။

အရင်တုန်းက မေ့ရဲ့ Love Language က
ကိုယ်ချစ်ခင်ရတဲ့သူတွေကို ပန်းလေးတွေလက်ဆောင်ပေးတာပါ။ 💐

သူငယ်ချင်းအိမ်သွားရင်လည်း သူတို့မေမေအတွက် ပန်းလေးဝယ်သွားပေးတတ်တယ်။

ဘာလို့လဲဆိုတော့
ပန်းလေးတစ်ပွင့်ပေးလိုက်ရုံနဲ့ လက်ခံရရှိသူရဲ့ တစ်နေ့တာကို နည်းနည်းလေးပိုလှသွားစေနိုင်တယ် လို့ ယုံကြည်လို့ပါ။

ဒါပေမယ့် အခုနောက်ပိုင်းမှာတော့
ပန်းလေးတွေအစား လက်ခံရရှိသူအတွက် အချိန်ကြာကြာအသုံးဝင်ပြီး
ကိုယ့်အတွက်လည်း အနားယူချိန်လေးတစ်ခု ဖန်တီးပေးနိုင်မယ့်
Aromatherapy Scented Candle လေးတွေ ကို ပိုပြီး လက်ဆောင်ပေးဖြစ်လာတယ်။ 🎁🌿

အိမ်ထဲမှာ candle လေးထွန်းထားတာက
နေရာလေးကို Cozy & Relaxing ဖြစ်စေရုံတင်မကဘဲ—

🕯️ တစ်နေ့တာပင်ပန်းမှုတွေကို ခဏလောက်ချထားဖို့
🕯️ ကိုယ့်အတွက် Me-time လေးယူဖို့
🕯️ Meditation, Yoga, Journaling လုပ်တဲ့အချိန်မှာ အေးအေးဆေးဆေးနေဖို့

အဲ့ဒီလို သေးသေးလေးသော အချိန်တွေကို ပိုပြီးအဓိပ္ပာယ်ရှိစေတတ်ပါတယ်။

မေ့ဆီမှာတော့ လက်ရှိ ရနံ့ 7 မျိုး In Stock ရှိပါတယ်ရှင် 🕯️

🪴 Vanilla
✨ Amber
🎐 Blue Wind Chime
🌱 Green Tea
🌸 England Pear & Freesia
⛵ Sea Salt Sage
🧡 Sweet Persimmon

တစ်ခါထွန်းရင် 1 နာရီ – 1 နာရီခွဲခန့် လောက်ဆို လုံလောက်ပါတယ်ရှင်။ 🕯️

ချစ်စရာ Packing လေးနဲ့
အသုံးလည်းဝင်တဲ့အတွက် ကိုယ်ချစ်ရတဲ့သူတွေအတွက်
“I thought you might need a little me-time.” ဆိုတဲ့ သဘောမျိုးနဲ့ လက်ဆောင်ပေးလို့လည်း လှပါတယ်။ 🎁

တစ်ခါတလေ
Healing ဆိုတာ အဝေးကြီးသွားရှာစရာမလိုပါဘူးရှင်။
ကိုယ့်အခန်းလေးထဲမှာပဲ ရှိနေတတ်ပါတယ်။ 🌿🕯️

(မေ့အမ မမမေရဲ့ content idea လေးအတွက် ကျေးဇူးပါရှင်)

09/09/2026

Japanese Wind Chime လို့ ခေါ်ကြတဲ့ ဖန်လုံး wind chime လေးတွေ🎐🎐🎐
လေတိုက်ရင် ကြားနေရမယ့်အသံလေးရယ် သူ့ရဲ့ရှိရင်းစွဲ ချစ်စရာကောင်းတဲ့ ပုံစံလေးရယ်ကလေ မြင်လိုက်တိုင်း ကြားလိုက်ရတိုင်းမှာ လူကို အကြည်ဓာတ်လေး ဖြစ်စေတယ်ကွယ်🍀🍀
မင်မင့်လို Home Decor ချစ်တဲ့သူတွေဆို ကိုယ့်အိမ်လေးကို ဘယ်နားလေးမှာ ဘယ်လိုလေး လှအောင် နေချင်စရာကောင်းအောင် ထားရမလဲဆိုပြီး ချစ်စရာကောင်းတဲ့ ပစ္စည်းလေးတွေ ဝယ်စုတတ်ကြတဲ့သူတွေအတွက် အလှလေးတွေကြီးပဲ ရွေးပြီး တင်ထားပေးပါတယ်🎐
မကြာခင်ရောက်တော့မယ့် ပစ္စည်းသစ်လေးပေါ့ရှင်🤩

08/09/2026

လေပြေ အေးအေးလေး တိုက်လိုက်တိုင်း မှာ Wind Chime လေးတွေဆီက ထွက်ပေါ်လာတဲ့ ငြိမ့်ညောင်းတဲ့ အသံသာသာလေးတွေက စိတ်ကို ကြည်လင်အပန်းပြေစေပြီး အိမ်လေးထဲမှာ အေးချမ်းခြင်းတွေကို ပြည့်နှက်သွားစေပါတယ်… 🍃🎐

အိမ်ရဲ့ အလှအပကို တိုးစေရုံတင်မကဘဲ ကံကောင်းခြင်းနဲ့ စွမ်းအင်ကောင်းတွေကို သယ်ဆောင်ပေးမယ့်
ဒီ Japanese Wind Chime လေးတွေနဲ့အတူ ချစ်စရာကောင်းတဲ့ အိမ်လေးအဖြစ် ဖန်တီးကြည့်လိုက်ပါနော် 🎐 🏠 🏡
အိမ်တက်မင်္ဂလာ၊ bd gift လက်ဆောင်ပေးချင်တဲ့သူတွေ အတွက်လည်း အရမ်းသင့်တော်ပါတယ်ရှင်😍
ဖန်ထည်လေးမို့ quality လေး အရမ်းကောင်းပါတယ်✨✨

💰💰💰Price - 16500
2ခုယူရင် 16000 နဲ့ရပါမယ်ရှင်🍀🍀🍀

07/09/2026

ဘဲကိုဖက်ပြီးအိပ်ချင်တဲ့သူတွေ...
size အကြီး‌ဆုံးမှ အကြီးဆုံး ဆိုသူတွေအတွက် ဘဲရုပ်အကြီးဆုံးဆိုဒ်ကြီး Kiko မှာ ရပါပြီရှင်...
ခုလိုမိုးအေးအေးမှာ ဖက်အိပ် နွေးနေတာပဲကွယ်🥰

#လက်ဆောင်

07/09/2026

Galaxy Light Projector က brand အလိုက် quality ပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိတာမို့ သေချာကြည့်ပြီးမှ ဝယ်ကြပါနော်🥰
high quality အကြည်ကိုမှ ဈေးတန်တန်လေး ရချင်တယ်ဆို မင်မင့်ဆီမှာ မှာလို့ရပါမယ်ရှင်🤩🤩🤩
slide 12ခု ပါပါတယ်ရှင်✨
အလှတွေကြီးပဲမို့ မင်မင်တော့ အရမ်းတွေကြွေ 🥰
ပြီးမှ 1ခုချင်းစီ ရိုက်ထားတာကို တင်ပေးပါမယ်နော်🤩

#လက်ဆောင်

07/09/2026

High quality - Galaxy Light Projector ထဲက slide လေးတွေ စမ်းကြည့်ရင်း မနေနိုင်တော့လို့
လာတင်တာ😬
ဒီလို quality ပါတဲ့ 12 slide ကိုမှ 1သိန်းမကျော်တဲ့ ဈေးလေးနဲ့ ရမယ်နော်🤩🤩
brand, quality အမျိုးမျိုးရှိတာမို့ Kiko က quality နဲ့ ပတ်သက်ပြီး အပြည့်အဝ တာဝန်ယူပါတယ်ရှင်🥰

07/09/2026

ငယ်ငယ်တုန်းကကြည့်ရတဲ့ တရုတ်သိုင်းကားတွေထဲမှာ တွေ့ရတဲ့ အရက်အိုးလေးတွေလို 🍾
ကျိကုန်းကားထဲက ရေဘူးလေးလိုမျိုး အရမ်းချစ်စရာကောင်းတဲ့
ဘူးသီးခြောက်ပုံစံရေဘူးလေးတွေ instock ရပါပြီရှင်
ဖန်အထူသားလေးမို့ အပူ အအေးထည့်လို့ရပါတယ်
500ml ဆန့်ပါတယ်ရှင်...
ခရမ်း၊ အပြာ၊ ပန်းရောင်လေးကတော့ လွယ်လို့ရတဲ့ကြိုးလေးလဲပါပါတယ်ရှင်🩷🩵💜

06/09/2026

New product လေးရောက်ရှိ
မနက်ဖြန်မှ details post တင်ပေးမယ်နော်

02/09/2026

ချစ်စရာ အရုပ်လေးလို့ ထင်ရပေမယ့် တကယ်တမ်းကျ 3မျိုးတောင် အသုံးပြုလို့ရတဲ့ 3 in 1 Cute Pillow Blanket လေး ရောက်ပါပြီရှင် ✨

​ခေါင်းအုံးတစ်လုံးတည်းနဲ့တင် မကဘဲ စောင်ရော၊ လက်ထည့်လို့ ရတဲ့ နေရာလေးပါ ပါဝင်တဲ့ 3 in 1 Pillow လေးပါ!

​ချစ်စရာကောင်းပြီး quality အရမ်းကောင်းလို့ လုံးဝ ကြိုက်စေရမယ်ရှင်😍😍😍

အထဲက စောင်လေးကလည်း အသားလေးအရမ်း ကောင်းပြီးတော့အိအိ‌ နွေးနွေးလေးကွယ်🤩

100×150 cm size မို့ တစ်ယောက်စာခြုံ ကွက်တိပါပဲရှင်

မင်မင့်လိုမျိုး ရာသီဥတုအေးရင် လက်ဖျား လေးတွေ အေးတတ်တဲ့သူတွေအတွက်လည်း အရမ်း အဆင်ပြေပါတယ်ရှင်💕

သယ်ရလွယ်ကူလို့ ခရီးသွားရင်ပဲ ယူသွားမလား🧳
​ကားပေါ်ပဲဆောင်ဆောင် ၊ ရုံးခန်းထဲမှာပဲထားထား ၊ အိမ်မှာ TV ကြည့်ရင်းပဲဖက်ဖက် အရမ်းအဆင်ပြေပါတယ်။
သားသားမီးမီးလေးတွေဆိုလည်း အရမ်းကြိုက်ကြမှာ💕

အသုံးလည်းဝင်လို့ ချစ်တဲ့ ခင်တဲ့သူတွေကို ပေးဖို့ လက်ဆောင်အဖြစ်လည်း အထူးသင့်တော်ပါတယ်နော် 🎁

Design 4မျိုး ရပါမယ်ရှင် 💚🤍🤎💛🩶🩷🩵

#လက်ဆောင် #အရုပ်

01/09/2026

ကြယ်တွေ လတွေ အပြင် universe တစ်ခုလုံးကို ကိုယ့်အခန်းထဲ ခေါ်ထည့်ပြီး စကြာဝဠာတစ်ခုလုံးက ငါအပိုင်ပဲဆိုတဲ့စိတ်နဲ့ manifest ပြီး အိပ်ကြည့်နော်🌝🌝🌝

quality အကြည်
Galaxy Light Projector (3 slide)

Address

Yangon

Telephone

+959966098661

Website

Alerts

Be the first to know and let us send you an email when Kiko - Gift & Home Decor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share