Virtu Fashion

Virtu Fashion It's my style, it's my dream.

Cotton vs linen Cotton နဲ့ Linen ဟာ သဘာဝအမျှင်အခြေခံ အထည်တွေဖြစ်လို့ ဆင်တူသလိုရှိပေမဲ့ တကယ်တမ်းမှာတော့ သူတို့ရဲ့ ဂုဏ်သတ္...
13/05/2026

Cotton vs linen

Cotton နဲ့ Linen ဟာ သဘာဝအမျှင်အခြေခံ အထည်တွေဖြစ်လို့ ဆင်တူသလိုရှိပေမဲ့ တကယ်တမ်းမှာတော့ သူတို့ရဲ့ ဂုဏ်သတ္တိတွေက တော်တော်လေး ကွဲပြားပါတယ်။ သူတို့ရဲ့ အဓိကကွာခြားချက်တွေကို အောက်ပါအတိုင်း နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -

၁။ ရရှိသည့် အရင်းအမြစ် (Origin)
• Cotton (ဂွမ်း/ဝါ): ဝါဂွမ်းပင်ရဲ့ အသီး (Cotton boll) ထဲက အမျှင်လေးတွေကနေ ပြုလုပ်တာပါ။
• Linen (လင်နင်): ပိုက်ဆံပင် (Flax plant) ရဲ့ ပင်စည်ကရတဲ့ အမျှင်တွေကနေ ပြုလုပ်တာ ဖြစ်ပါတယ်။

အပူချိန်နှင့် လေဝင်လေထွက်
• Cotton: လေဝင်လေထွက် ကောင်းပါတယ်။ ချွေးစုပ်ယူမှုလည်း ကောင်းပေမဲ့ စိုသွားရင် ခြောက်ဖို့ အချိန်နည်းနည်းယူရတတ်ပါတယ်။
• Linen: လေဝင်လေထွက် အကောင်းဆုံးပါ။ အပူဒဏ်ကို အထိရောက်ဆုံး ကာကွယ်နိုင်ပြီး ချွေးစုပ်တာတင်မကဘဲ အစိုဓာတ်ကို မြန်မြန်ဆန်ဆန် ပြန်ထုတ်ပေးနိုင်လို့ နွေရာသီမှာ Linen က အကောင်းဆုံးပဲ ဖြစ်ပါတယ်။

၄။ ပုံပန်းသဏ္ဍာန် (Look & Style)
• Cotton: အသားချောပြီး ညီညာတဲ့အတွက် စမတ်ကျကျ (Formal) ဝတ်ချင်တဲ့အခါ သုံးပါတယ်။
• Linen: အမျှင်လေးတွေက အဖုအထစ်လေးတွေ ပါတတ်လို့ သဘာဝဆန်တဲ့ (Natural/Rustic look) ကို ပေးပါတယ်။ ပေါ့ပေါ့ပါးပါး (Casual) ပုံစံအတွက် ပိုလိုက်ဖက်ပါတယ်။

အနှစ်ချုပ်ရရင်

• Cotton ကို ရွေးပါ: သင်က နူးနူးညံ့ညံ့၊ အိအိစက်စက်နဲ့ မီးပူတိုက်ရသက်သာတဲ့ အဝတ်အစားမျိုးကို လိုချင်ရင်။
• Linen ကို ရွေးပါ: သင်က နွေရာသီမှာ အေးအေးချမ်းချမ်း ရှိချင်ရင်၊ အကြမ်းခံတာ ကြိုက်ရင်နဲ့ တွန့်နေတဲ့ သဘာဝအလှ (Natural look) ကို နှစ်သက်ရင်။

အခုလို နွေရာသီ ရောက်တော့မှာဆိုတော့ လင်နင် (Linen) အင်္ကျီလေးတွေက ပိုပြီး လူကြိုက်များလာပါတယ်။

သင်ကော ဘယ်လို အသားမျိုးကို ပိုသဘောကျပါသလဲ?

Credit #
Knowledge sharing #
Cotton &Linen #
Photo #

04/05/2026
04/05/2026
အသက် ၄၀ ကျော်ဒီဇိုင်နာဘဝလက်ရှိမှာ အသက် ၄၀ ကျော် ဒီဇိုင်နာဖြစ်နေမယ်ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၅ နှစ်လောက်မှာ ဒီဇိုင်...
14/08/2025

အသက် ၄၀ ကျော်ဒီဇိုင်နာဘဝ

လက်ရှိမှာ အသက် ၄၀ ကျော် ဒီဇိုင်နာဖြစ်နေမယ်ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၅ နှစ်လောက်မှာ ဒီဇိုင်နာစလုပ်ခဲ့သူတွေပဲ။ အဲဒီအချိန်ကာလကို ပြန်ကြည့်ရင် ပြည်တွင်းမှာ ဒီဇိုင်နာခေါင်းစဥ် တပ်ကြပေမဲ့ တကယ့်ဒီဇိုင်နာအစစ် မရှိသလောက်ပဲ။ အပ်ချုပ်သမားဘဝကနေ ဒီဇိုင်နာဆိုပြီး ဖန်တီးဆန်းသစ်မှုတွေ ချပြလာကြတယ်။ အရာအားလုံးက ကိုယ်သိလောက် နားလည်သလောက် မှန်းဆပြီး ဒီဇိုင်နာလုပ်ခဲ့ကြတယ်။ ဒီဇိုင်နာဘဝမပီပြင်ရတဲ့ အကြောင်းရင်းက ပညာရပ်ဖွံ့ဖြိုးမှု အားနည်းချက် အဓိကဖြစ်နေခဲ့တယ်။ စံနမူနာယူစရာ ဒီဇိုင်နာ မရှိခဲ့ဘူး။ Inspire ယူစရာ ဖက်ရှင် မရှိခဲ့ဘူး။

ဒီဘက်ခေတ်ရောက်လာတော့ ဖက်ရှင်ပညာရပ်မျိုးစုံ ဖြည်းဖြည်းချင်း မြင့်လာတယ်။ ဒီဇိုင်နာအနည်းစုက အဆက်မပြတ် သင်ယူရင်း ဒီဇိုင်နာအလုပ်ကို ပရော်ဖက်ရှင်နယ်အဆင့် လုပ်တတ်သွားကြတယ်။ ပညာရပ် upgrade ဖြစ်သွားကြတယ်။ အတွေးအမြင်တွေ ပွင့်သွားကြတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို လုပ်တတ်သွားကြတယ်။ ခေတ်ကာလအလိုက် အလုပ်လုပ်တဲ့ပုံစံတွေ ပြောင်းလဲလိုက်နိုင်ကြတယ်။ ဒီလိုဒီဇိုင်နာတွေအတွက် အသက် ၄၀ ဒီဇိုင်နာဘဝက အကောင်းဆုံး version ဖြစ်နေမှာ သေချာတယ်။

စိတ်မနေကာင်းစရာက ပြည်တွင်းဒီဇိုင်နာ အများစုဟာ အဲဒီအဆင့်ကို ရောက်မသွားကြဘူး။ လွန်ခဲ့တဲ့ ၁၅ နစ်ကအတိုင်း ဘာမှမပြောင်းသွားကြဘူး။ ပြောင်းလဲခဲ့ရင်တောင် တိုးတက်မှု နှေးနေခဲ့တယ်။ ဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ ဒီဇိုင်နာပုံရိပ် တက်မသွားကြဘူး။ အကြောင်းရင်းကတော့ ဒီဇိုင်နာအလုပ်ကို အပ်ချုပ်သမားလို လုပ်နေခဲ့တာကြောင့်ပဲ။ လိုအပ်တဲ့ ဒီဇိုင်နာ ပညာကို မသင်ယူခဲ့ဘူး။ သင်ယူခဲ့ရင်တောင် ချုပ်လုပ်မှု နည်းပညာတစ်ခုထဲကိုပဲ ထပ်ခါထပ်ခါ သင်ယူနေခဲ့တာမျိုးဖြစ်တယ်။

အပ်ချုပ်သမားအလုပ်က အတွေးအခေါ်နဲ့ အမြင်တွေထက် ခန္ဓာကိုယ် အဓိက အားစိုက်ရတဲ့ အလုပ်ပဲ။ ၁၀ နှစ်ကျော်လောက် ခန္ဓာကိုယ်အားစိုက်ခဲ့မယ်ဆိုရင် ဒီအချိန်မှာ မျက်စိမှုန်၊ လည်းပင်းနာ၊ ခါးနာ၊ ဒူးနာ အကုန်လုံး မခံနိုင်တော့ဘူး။ အလုပ်ကနေ ပိုက်ဆံရနေရင်တောင် ပင်ပန်းလွန်းလို့ မလုပ်ချင်တော့တာမျိုး ခဏခဏဖြစ်လာမယ်။ အသက် ၄၀ ကျော်မှာ အပ်ချုပ်သမားလိုပဲ ဆက်လုပ်နေမယ်ဆိုရင် နှစ်တိုအတွင်းမှာပဲ ဒီဇိုင်နာအလုပ်ကို စွန့်လွှတ်ရလိမ့်မယ်။ နိုင်ငံတကာဒီဇိုင်နာတွေထဲမှာ Coco Chanel, Ralph Lauren, Tommy Hilfigure, Karl Lagerfeld, Giorgio Armani တို့က အသက် ၇၀၊ ၈၀၊ ၉၀ အထိ ဒီဇိုင်နာဘဝကို ပျော်ပျော်ကြီးလုပ်ခဲ့ကြတယ်။ အသက် ၄၀ ရောက်ရင် နားပြီဆိုတာမျိုး မရှိဘူး။ သူတို့က အလုပ်နားရမယ့်အရွယ်မှာတောင် မနားနိုင်မယ့် နည်းလမ်းရှာဖွေခဲ့ကြတယ်။

ဒီဇိုင်နာအလုပ်ကလည်း ခန္ဓာကိုယ် မပင်ပန်းတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တချိန်လုံး ခန္ဓာကိုယ်အားစိုက်စရာ မလိုတာတော့ သေချာတယ်။ အဲဒီအတွက် ဖက်ရှင်အသိပညာ၊ ဖန်တီးမှုနဲ့ စီးပွားရေးအမြော်အမြင်ရှိလာအောင် ရင်းနှီးမြုပ်နှံရမယ်။ မသင်ယူဖူးတဲ့ ပညာရပ်တွေ ထပ်သင်ယူရမယ်။ ရေရှည်ထိ ဖက်ရှင်နယ်ပယ်မှာ ဘယ်လိုရှင်သန်ရမလဲဆိုတာကို သင်ယူရမယ်။

နောက်ထပ် အသက် ၅၀၊ ၆၀၊ ၇၀ အထိ ဒီဇိုင်နာဆက်လုပ်မယ်ဆိုရင် အပ်ချုပ်သမားအတွေ့အကြုံကနေ ဒီဇိုင်နာအတွေ့အကြုံဖြစ်လာအောင် ပြောင်းလဲယူတာ အကောင်းဆုံးပဲ။

Credit #

Fashion Director Z Htoi San
Credit #

10/07/2025

ထိုင်မသိမ်း ! အခေါ်အဝေါ် မတိမ်းပါးစေလိုပါ
~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ခါက. TV Channel တစ်ခု မှာ နံမည်ကျော် ဒီဇိုင်နာ တစ်ယောက်ရဲ့ Interview တစ်ခုကြည့် လိုက်ရတယ် ~~ သူက. သူဖန်တီး တဲ့ မဂ်လာဝတ်စုံ တွေ အကြောင်း အားတက်သရော ရှင်းပြနေတာပါ... အဲ့မှာ ဘာတွေ့လိုက်ရလဲ ဆိုတော့
သတို့သမီး ဗြန့်ထဘီ ကြီး ကို ကိုင် ၊ ကိုင်ပြီး
ဒီ ထိုင်မသိမ်း ကို စီးကွင့်တွေ နဲ့ ဘယ်လို ထိုးထားတာ ၊ တန်ဖိုးကြီး စိန်ပွင့်တွေ အလုံးရေ ဘယ်လောက်စီ ထားတာဆိုပြီး ရှင်းပြနေလေရဲ့!
ကိုယ့်မှာ စိတ် စနိုးစနောင့်ဖြစ်မိတယ်
မြန်မာ့ရိုးရာ ဝတ်စုံ တစ်ထည်ရဲ့ အခေါ်အဝေါ် တစ်ခု ကို အထက်နဲ့ အောက် အကြိမ်ကြိမ် မှားပြီး ပြောနေ ၊ ခေါ်နေတာ ကိုပါ ~~~
သူ့ ကို အပြစ်တင်လို့လဲ မရပါဘူး ၊ အခု အတော်များများ ကကို သတို့သမီး ဝတ်စုံ ၊ မဂ်လာဝတ်စုံ ကို ထိုင်မသိမ်းဝတ်မှာလေ ၊ ထိုင်မသိမ်း ဝတ်ပြီး ဆောင်မှာ! စသည့်ဖြင့် တွင်တွင်ကျယ်ကျယ်အမှားကြီး က တစ်ပြည်လုံး လိုလိုပါ ~~~

ဒါ ဆို ဘာအရေးကြီးလို့လဲ ၊ ဒီ အခေါ်အဝေါ် လေး အတွက်နဲ့ ဘာဖြစ်သွားမှာ မို့လို့လဲ တွေးကြ ၊ ပြောကြရင်တော့ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု နဲ့ ထုံးဓလေ့ အခေါ်အဝေါ် ​ပျောက်ပြီး နောက်ဆုံး အမှားကြီး ကို အမှန်ထင်သွားတယ်မှာ ၊ မ​​ပျောက်ကွယ် သင့်တဲ့ အမျိုးသားရေး လက္ခဏာ ရပ်တွေ မသိလိုက်ဖာသာ ​ပျောက်ကွယ်သွားရတော့မှာပါ~~ နံမည်ကျော် ဒီဇိုင်နာ တွေ အနေနဲ့လဲ ရိုးရာဝတ်စားဆင်ယင်မှု ဝေါဟာရ မှန်ကန်စေရေး အထူးဂရုပြုပေးကြပါလို့ မေတ္တာ ရပ်ခံပါရစေ
ကဲ ... ထိုင်မသိမ်း အကြောင်းလေး ပြန်ဆက်ကြရအောင်
ထိုင်မသိမ်း ဆိုတာ မင်းသမီး ၊ ယခုခေတ် သတို့သမီး တွေ အပေါ်ဝတ်ရတဲ့ အကျီ်ကို ခေါ်ဆိုတာပါ ၊ ရတနာပုံခေတ် မတိုင်မီ ကုန်းဘောင်ခေတ်ဦး နောက် အမရပူရ ခေတ် အထိ အမျိုးသမီး တွေ ရဲ့ အပေါ် ဝတ်အကျီ တွေဟာ သိုရင်း ၊ သင်တိုင်း သဏ္ဍန် တင်ပါးထိ ဖုံးလို့ ရှည်လျားကြပါတယ် ၊ ဒီ အခါ အဲ့အမျိုးသမီးဟာ ထိုင် လိုက်တော့မယ် ဆိုရင် ရှည်ကျနေတဲ့ အကျီ် အောက်နားစ. ကို အဝိုင်းအဝိုင်းညီအောင် သိမ်းပြီး ၊ ပြုပြင်ပြီးမှ ထိုင်ရပါတယ် ~~~
ရတနာပုံခေတ်လောက် ရောက်တဲ့ အခါမှာ အပေါ်ဝတ် သိုရင်းရှည် လို အကျီ် ကို ခါးအနီးနားတစ်ဝိုက်ထိ တိုအောင် ၊ တင်ပါး အထက်ထိ တိုအောင် ပြုပြင်ချုပ်လုပ်ဝတ်ဆင်ခဲ့ကြပါတယ် ၊ အဲ့ အပေါ်ဝတ်အကျီ်ဟာ ထိုင်လိုက်တဲ့ အခါ မှာ အနားစ သိမ်းစရာ မလိုပဲ ၊ ကိုယ်နဲ့ ချပ်ချပ်ရပ်ရပ် ရှိနေလို့ ထိုင်မသိမ်း အကျီလို့ ခေါ်ပါတယ်တဲ့
ရတနာပုံခေတ် က အမျိုးသမီး တွေ ဟာ ရင်စည်း ၊ ရင်ခံ အရင်ပတ်ပြီး အပေါ်က ထိုင်မသိမ်း အကျီ် ကို ထပ်မံဝတ်ဆင်ရလေ့ ရှိပါတယ် ။ ရွှေနန်းတော် အတွင်းက. မိဘုရား ၊ မင်းသမီး များ ကတာ့ ခါးသေး ၊ ရင်ချီအောင် ဂရုစိုက်ပြီး ကိုယ်ကျပ် အကျီ် ကို အနောက်တွင် ကြိုးနှစ်ဆယ့်လေးချောင်းယှက်သိုင်းထိုး ကာ ဝတ်ဆင်ပြီး ထိုင်မသိမ်း အကျီ်ကို အပေါ်က. ထပ်ဝတ်ပါတယ်။
အဲ့ ထိုင်မသိမ်းအကျီ် မှာ ရှေ့ နှစ်ခု စိတဲ့ နေရာ ၊ ဗိုက်ပြင်အနီးနား မှာ ယနေ့ခေတ် အလွယ်ခေါ်နေတဲ့ ကြေးစည် ( အမှန်က. ကရနို့ ၊ အနို့ ) နှစ်ဖက်ချ ချုပ်လုပ် တပ်ဆင်ရပါတယ်....။

အောက်က ဝတ်တာ တော့ ဗြန့်ထဘီ ပေါ့ ၊အနက်ရောင် အထက်ဆင်အပြားကြီး နှစ်ထွာခန့် ၊" အကိုယ် "ဆိုတဲ့ ချိတ်သား က တစ်တောင်လောက်သာ ရှိပါတယ် ၊ ထို ကိုယ်ထည်သား အောက်က မှ ကန်လန့်စင်း အကြောင်းလေးများကို "သာလိကာမျက်လုံး " ခေါ်ပြီး အောက်ဆုံးကမှ ရေသီနား ဆက်ရပါတယ် ။ ဒါဟာ ရှေးမြန်မာအမျိုးသမီးတို့ရဲ့ ဝတ်စားဆင်ယင် မှု ထိုင်မသိမ်း ၊ ဗြန့်ထဘီ တို့ပါ
ဒါဆို အဲ့ခေတ်က. အမျိုးသမီး တွေ ဘယ် ပေါ့ပေါ့ပါးပါးရှိပါလဲ ၊ အိမ်နေရင်း ဘယ်လိုများ နေကြပါလိမ့် ဆိုရင်... ပွဲလမ်းသဘင်မရှိလို့ အိမ်နေရင်း အခါ ၊ ညဘက် အိပ်ရာဝင်တဲ့ အခါတွေ မှာတော့ ယနေ့ ခေတ်အခေါ် ကွင်းထမီ ၊ အဲ့ခေတ် အခေါ် #ဒုံးထဘီ တွေ ဝတ်ပြီးအိပ်ကြနေကြပါ တယ် ၊ အပေါ်အကျီ် ကတော့ ရင်ဖုံးလက်ရှည် ၊ တရုတ်ပွ ရင်ဖုံးအကျီ်များ နဲ့ နေကြ ၊ အိပ်ကြရပါတယ်။
ဒီအကြောင်းအရာ များဟာ မြတ် သိမှီလိုက်တဲ့ သက်တော်ကြီး ဆွေတော်မျိုးတော် များ ၊ ပညာရှင်များ ကို လက်လှမ်းမှီသလောက် မေးမြန်းထားတာလေးတွေပါ ၊ ဒီထက် ပိုမို ပြည့်စုံအောင် အသိပညာရှင် ၊ အတတ်ပညာ ရှင် တို့က ဖြည့်စွက်ရေးသားဆွေးနွေးပေးကြပါ ~~~~

မြန်မာ့ယဉ်ကျေးမှု ထုံးဓလေ့ ဝေါဟာရ အမှန်များ ရှင်သန် မှန်ကန်စေလိုမှု ဆန္ဒ အမှန်ဖြင့်

မြတ်သခ်ငယ်( ခတ္တိယရိပ်ငြိမ် )
Photo.. ဆရာတင့် Tint HtooAung

✨️ အိမ်တွင်းစီးပွားအဖြစ် တစ်ယောက်တည်းအိမ်မှာအထည်ချုပ်မယ်ဆိုရင်-• အပ်ချုပ်စက်၊ ပိတ်စ၊ အပ်၊ ချည် စသည်တို့ကို စီစဉ်ပါ။• မိမ...
10/07/2025

✨️ အိမ်တွင်းစီးပွားအဖြစ် တစ်ယောက်တည်းအိမ်မှာအထည်ချုပ်မယ်ဆိုရင်-
• အပ်ချုပ်စက်၊ ပိတ်စ၊ အပ်၊ ချည် စသည်တို့ကို စီစဉ်ပါ။
• မိမိအထည်ချုပ်ပညာကိုတိုးတက်အောင် သင်ယူပါ (YouTube, Facebook Group, သင်တန်း)။
• အိမ်သုံးအထည် (ခေါင်းစည်းကွင်း၊ အိပ်ရာခင်း၊ ခေါင်းစွပ်အင်္ကျီ၊ ဘောင်းဘီ၊ ) တို့ကနေစပါ။
• ဈေးကွက်ရှာဖွေရန် မိသားစု၊ မိတ်ဆွေတွေကိုစဖြန့်ပြီး နောက်ဆုံးမှာ page ဖွင့်ဖော်ပြပါ။
• တစ်ယောက်တည်းဖြစ်တာကြောင့် အချိန်ဇယားတစ်ခုပြုလုပ်ထားပါနော်....

🧵 အထည်ချုပ်အလုပ်အတွက် နေ့စဉ်အချိန်ဇယား (ဥပမာ)ဖော်ပြပေးခြင်းပါ.....
အဓိကအနေနဲ့ အချိန်ဇယားနဲ့ ပြင်ဆင်တတ်ပါစေ။
မနက် ၆:၀၀ - ၇:၀၀ နိုးထ → မနက်စာ၊ အိမ်အလုပ်အနည်းငယ်လုပ်မနက်
၇:၀၀ - ၈:၃၀ အပ်ချုပ်စက်/ပစ္စည်း၊ Pattern စနစ်တကျပြင်ဆင်
မနက် ၈:၃၀ - ၁၂:၀၀ အထည်ချုပ်အလုပ် (ပစ္စည်းတစ်ခု ~ နှစ်ခု)
နေ့လည် ၁၂:၀၀ - ၁:၀၀ နေ့လည်စာ၊ အနားယူချိန်နေ့လယ် ၁:၀၀ - ၃:၀၀ ထပ်မံအထည်ချုပ်၊ ပမာဏအလိုက်ဖြန့်ချိန်ပြင်
နေ့လယ် ၃:၀၀ - ၄:၀၀ ပစ္စည်းတစ်ခုဖန်တီးပြီးသည်နောက် သန့်ရှင်းရေး/ဓာတ်ပုံရိုက်
ညနေ ၄:၀၀ - ၅:၀၀ page/Online Marketplace တင်ရန်
ညနေ ၅:၀၀ - ၇:၀၀ မိသားစုအချိန်၊ ညစာ
ည ၇:၀၀ - ၈:၀၀ Order များပြန်လည်စစ်ဆေး၊ မနက်ဖြန်အတွက်ပြင်ဆင်မှု
ည ၈:၀၀ - ၉:၀၀ သင်ယူမှု (သင်တန်း၊ Video ကြည့်ခြင်း)
ည ၉:၀၀ နောက်ပိုင်းအနားယူချိန်၊ အိပ်ချိန်

📌
• အလုပ်ကို ၂-၃ နာရီအတွင်းထားပြီး အနားယူချိန်ထည့်ပါ။
• တစ်ပတ်ကို ၁ ရက် သို့မဟုတ် ၂ ရက်ကို “ပစ္စည်းဝယ်ရန်”၊ “ဈေးကွက်လေ့လာရန်”၊ “ပုံရိုက်ဖန်တီးရန်” ချိန်အဖြစ် သတ်မှတ်ပါ။
• မိမိရဲ့အချိန်စာရင်းကို နေ့စဉ်မှတ်သားဖို့ “အချိန်ဇယားစာအုပ်” သုံးပါ။

Credit

Credit #

Address

Yangon

Telephone

+959789162596

Website

Alerts

Be the first to know and let us send you an email when Virtu Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Virtu Fashion:

Shortcuts

Share