Doctor DJ

Doctor DJ Your Daily Dose of DJ Vibes 🎧✨
"DJ တွေရဲ့ Music တွေ အမြဲလန်းဆန်းနေဖို့...အားဆေးတစ်ခွက်"

🟥 DJ  ဆိုသည်မှာ ကျနော်တို့ ခေါ်နေကြတဲ့ DJ ရဲ့ နာမည်အရှည်က Disc Jockey လို့ဆိုပါတယ်(မြန်မာ ဆန်ဆန်ပြောရရင် ဓါတ်ပြားတွေနဲ့ ...
25/09/2022

🟥 DJ ဆိုသည်မှာ

ကျနော်တို့ ခေါ်နေကြတဲ့ DJ ရဲ့ နာမည်အရှည်က Disc Jockey လို့ဆိုပါတယ်
(မြန်မာ ဆန်ဆန်ပြောရရင် ဓါတ်ပြားတွေနဲ့ ကစားသူလို့ ဆိုရမလားပဲ)
DJ ရဲ့ အကြမ်းဖျဥ်း အလုပ်ကတော့ ပရိသတ်ကို ဖျော်ဖြေဖို့အတွက် ရှိပြီးသား သီချင်းတွေ တစ်ပုဒ် နဲ့ တစ်ပုဒ် ကို ရောနှောပေါင်းစပ်ခြင်းနဲ့ သီချင်းတစ်ပုဒ် နဲ့ တစ်ပုဒ် ကြား transition အကူးအပြောင်းကို ချောမော ပြေပြစ်အောင်လုပ်ခြင်းလို့ သတ်မှတ်ကြပါတယ်
ဒါပေမဲ့လည်း အပေါ်ကပြောခဲ့တဲ့ DJ defination တစ်ခုတည်းနဲ့ DJ အားလုံးကို ဘောင်သွင်းသတ်မှတ်လိုက်လို့လည်း မဖြစ်ပြန်ပါဘူး ဘာလို့လည်း ဆိုတော့ DJ အမျိုးအစားကွဲတွေမှာ တစ်ခု နဲ့ တစ်ခု မတူညီကြလို့ပါပဲဗျ

🟥 DJs အမျိုးအစားများ

၁) Radio DJs
Radio station တစ်ခုမှာ Radios DJs တွေ ရှိကြပါတယ်
သူတို့အလုပ်ကတော့ Radio ကလွင့်မဲ့ သီချင်း တစ်ပုဒ်နဲ့ တစ်ပုဒ် အကူးအပြောင်း ချောမွေ့အောင်လုပ်ဖို့နဲ့ Host တွေရဲ့ စကားသံနဲ့ သီချင်း အဝင်အထွက် အဆင်ပြေစေဖို့ အဓိက အလုပ်လုပ်ကြရပါတယ်
ဒီထပ်ပိုတဲ့ အလုပ်တွေလည်း ရှိနိုင်ပါသေးတယ်ဗျ DJ အမျိုးအစားတွေက များတဲ့ အတွက် အကြမ်းဖျဥ်းပဲ ရေးလိုက်ပါတယ်

၂) Club DJs

ကျနော်တို့ stage show ပွဲတွေ၊ ပါတီတွေ၊ ဘားတွေ၊ Club တွေမှာ ဖွင့်တဲ့ DJ ကိုတော့ Club DJs လို့ ခေါ်ကြပါတယ်

Club DJs ရဲ့ အဓိက အလုပ်ကတော့ သီချင်းတစ်ပုဒ်ကနေ တစ်ပုဒ် အဆက်မပြတ်ပဲ ရှိနေစေဖို့ အဓိကဖြစ်ပြီး ပိရိသတ်ရဲ့ တုံ့ပြန်မူ အနိုမ့်အမြင့်ပေါ်မူတည်ပြီး ပွဲကို ထိန်းနိုင်ဖို့ ဘာဘာညာညာ တွေလည်း ရှိပါသေးတယ်

ဒီ Club DJs ရဲ့ အမျိုးအစားအောက်မှာမှ ထပ်ကွဲထွက်လာတာကတော့
− HipHop music တွေပဲ အဖွင့်များတဲ့ Club DJ ကို HipHop DJ
_ House music တွေပဲ အဖွင့်များတဲ့ Club DJ ကို House DJ
_ Techno တွေပဲ အဖွင့်များရင် Techno DJ ပေါ့ဗျာ
( အခုဒီမှာကတော့ Vina ဆိုလား ဘာဆိုလား အဲ့ဒါဆိုလည်း Vina DJ ပေါ့ဗျာ )
ဘယ်လို ဂီတအမျိုးအစားပဲ ဖြစ်ဖြစ်ပါ Club DJs တစ်ယောက်ရဲ့ ရှိသင့်တဲ့ အရည်အချင်းကတော့ Technical skills လို့ခေါ်တဲ့ transition အကူးအပြောင်းတွေ effect တွေ ကို ချောချောမွေ့မွေ့ သုံးနိုင်တာတွေ နောက်ပြီး ပိရိသတ်က ဘာလိုချင်လဲ ဘယ်သီချင်းကို ဘယ်အချိန်မှာ ဖွင့်သင့်တယ်ဆိုတာကို သိတာတွေက မရှိမဖြစ် လိုအပ်တဲ့ skill တစ်ခုလို့ ဆိုပါတယ်ဗျ

၃) Turntablists

Turntablists ဆိုတာကို Battle DJs လို့လည်း ခေါ်ကြပါတယ်
Turntablists တွေဟာ ဓါတ်ပြားစက် ဖြစ်တဲ့ Turntables နဲ့ DJ တွေအတွက် သီးသန့်ထုတ်ထားတဲ့ DJ mixer တွေကို သုံးပြီး ရှိပြီးသား Record ယူပြီးသား အသံတွေကနေ မတူညီတဲ့ အသစ်ဖြစ်တဲ့ အသံကို ဖန်တီး သူတွေလို့ ဆိုပါတယ်
သူတို့က DJ equipment တွေကို ဂီတတူရိယာတစ်ခုလိုအသုံးပြုကြသူတွေလည်းဖြစ်ပါတယ်
Turntablists တွေရဲ့ လူသိအများဆုံး Technique တစ်ခုကတော့ Scratching လို့ခေါ်တဲ့ ( မြန်မာလိုဆို ဒီဂျေပွတ်တာပေါ့ ) နည်းတစ်မျိုးပဲဖြစ်ပါတယ်
Turntablists ရဲ့ Technique တွေက တခြား DJ တွေနဲ့ ကွာခြားတာကတော့ Remix လုပ်ခြင်း သီချင်းတွေကို ရောနှောခြင်း ဆိုတာထပ် ရှိပြီးသား အသံ ရှိပြီးသား သီချင်းကို တစစီ ခွဲခြမ်းပြီး အသံသစ်တစ်ခု music arrange အသစ်တစ်ခုကို ဖန်တီးသူတွေဖြစ်ကြပါတယ်
( HipHop music ရဲ့ အစကလည်း Turntablists DJ တွေကနေစခဲ့တာပဲ ဖြစ်ပါတယ်ဗျ )
Turntablists တွေဟာ နှစ်စဥ်ပြုလုပ်လေ့ရှိတဲ့ DMC World DJ Championships တွေလိုပွဲတွေမှာကော Redbull 3style ဆိုတဲ့ ပွဲတွေမှာပါ ပါဝင်လေ့ရှိပါတယ်ဗျ

၄) Mobile DJs

Mobile DJs ဆိုတာကတော့ ပြောရရင် ပွဲအသေးလေးတွေဖြစ်တဲ့ မွေးနေ့ပွဲ၊ ပါတီအသေးလေးတွေ၊ စာသင်ကျောင်းကပွဲတွေ အစရှိသဖြင့်မှာ လိုက်ဖွင့်တဲ့ DJ ကို Mobile DJs လို့ သုံးနုန်းလေ့ရှိကြပြန်ပါတယ်
Mobile DJs ကတော့ ပေါ့ပေါ့ပါးပါး စက်တွေ Controller တွေ Lighting system တွေလောက်ပဲ သုံးကြတယ်လို့ဆိုပါတယ်

၅) Porducer DJs

ဒီ DJs အမျိုးအစားမှာကတော့ ကိုယ်ပိုင် သီချင်းကို တီးခတ်တဲ့ Music producer တွေ popular ဖြစ်တဲ့သီချင်းတွေကို Remix ပြန်လုပ်ကြတဲ့ DJ မျိုးကို ဆိုလိုပါတယ်
သူတို့ကတော့ Turntablists တွေလို Live performance ထပ် ကိုယ်တိုင် တီးခတ် remix ထားတဲ့ သီချင်းတွေကို Club တွေ music festival တွေမှာ ကိုယ်တိုင် ပြန်ဖွင့်ကြတဲ့ DJ တွေလို့ဆိုနိုင်ပါတယ်
( Club မှာပြန်ဖွင့်ကြတယ် ဆိုပေမဲ့လည်း Club DJs လို အဆက်မပြတ် ဖြစ်ဖို့ ပိရိသတ်အကြိုက်သိဖို့ထက် ကိုယ်ပိုင် သီချင်းကို အစီအစဥ် တစ်ကျဖြစ်အောင် ဖွင့်တတ်ကြတဲ့ သူမျိုးတွေပါ )

၆) DJanes

DJanes ဆိုတဲ့ အသုံးအနုန်းကတော့ female DJ ( အမျိုးသမီး DJ ) တွေကို ဖေါ်ကျူးတဲ့ အသုံးအနုန်းလို့ဆိုပါတယ်
ဂျာမနီလိုနိုင်ငံမျိုးမှာ ဒီအသုံးအနုန်းကို သုံးတယ်ဆိုပြီး တခြားတခြားသော နိုင်ငံက Female DJ တွေကိုလည်း DJanes လို့ သုံးနုန်းကြတာတွေ့ဖူးပါတယ်
( မြန်မာနိုင်ငံမှာတော့ DJanes လို့ သုံးနုန်းတာ မတွေ့ဖူးသေးပါ )

၇) Celebrity DJs

ဒီ DJs အမျိုးအစားကတော့ ရှင်းပါတယ်ဗျ နာမည်ကြီးပြီးသားသူက ဘာမဆိုင် ညာမဆိုင် DJs ထလုပ်တာကိုခေါ်တဲ့ နာမည်ပါ
( ဟိုဖေါ်ဒီဖေါ် အတိုးအလျော့ စလေဇီးသီး ဒီဂျေပေါ့ဗျာ )

၈) Bedroom DJs

အိမ်မှာပဲ ကိုယ့်ဘာသာကိုယ်တီး ကိုယ့်ဘာသာ record ယူပြီး အင်တာနက် အွန်လိုင်းပေါ်တင်တဲ့ DJs မျိုးကိုကျ Bedroom DJs လို့ သုံးနုန်းကြပြန်ပါတယ်ဗျ

Original Post Credit to W3YA https://www.facebook.com/mgwiya

ရန်ကုန်မြို့ရဲ့ "Biggest Desi Bollywood Party"မှာ ကဲ့ဖို့ အဆင်သင့် ဖြစ်ပြီလား။အားလုံးစောင့်စားနေကြတဲ့ bollywood ရုပ်ရှင်...
18/09/2022

ရန်ကုန်မြို့ရဲ့ "Biggest Desi Bollywood Party"မှာ ကဲ့ဖို့ အဆင်သင့် ဖြစ်ပြီလား။
အားလုံးစောင့်စားနေကြတဲ့ bollywood ရုပ်ရှင် တွေရဲ့ သီချင်းတွေကို Latest Remix အလန်းစား Version တွေနဲ့ က ခုန် လို့ ရမယ့် Desi Bollywood In ရန်ကုန် ပွဲလေးလာပါပြီ။ သွားရေး လာရေး လွယ်ကူတဲ့နေရာမှာ အိမ်အပြန်နောက်မကျအောင် စျေးနှုန်း သက်သက်သာလေးတွေတွေနဲ့ စီစဥ်ပေးထားတဲ့အတွက် ရန်ကုန်မြို့ရဲ့ Bollywood ချစ်ပရိတ်သတ် ကြီး လာခဲ့စေချင်ပါတယ်။
GA - 10,000 Kyats (1 Drinks)
Vip - 150,000 Kyats (4 persons)
Vvip - 220,000 kyats (6 persons)
Dj Line-up ကို တစ်ချက်လောက်ကြည့်လိုက်ရအောင်......
DJ Zadd
Dj Puni
Dj Panda
Dj Amalia သူတို့ရဲ့ အမိုက်စား performance တွေနဲ့ ဖျော်ဖြေမှာဆိုတော့ ညစ်စရာတွေဘေးဖယ်ပြီး၊ကခုန်ဖို့အတွက် Desi Bollywood ကို သာ လာခဲ့လိုက်တော့နော်။
Date:23 September 2022 (Friday)
Time: 5:00 to 10:00pm
Table package တွေအတွက် အသေးစိတ် သိရှိလိုပါက 09766677842 ကို ဖုန်းနဲ့ဖြစ်ဖြစ် Viber ကနေဖြစ်ဖြစ် ဆက်သွယ်လို့ရပါတယ်။.....လူအများကြီးဝင်မယ်ဆို စျေးလည်းစစ်လို့ရပါတယ်....😄😁😆
Location: Divine (ဆရာစံလမ်း)

စက်လေးရမယ်နော်။ဒီရက်ပိုင်း စက်အသစ်လေးတွေထက်ရောက်မှာမို့ ဒီစက်​လေးတွေကို စျေးသက်သာလေးနဲ့ရောင်းပေးမယ်နော်။ ဆီမှာ CDJ,DDJ,X...
25/08/2022

စက်လေးရမယ်နော်။ဒီရက်ပိုင်း စက်အသစ်လေးတွေထက်ရောက်မှာမို့ ဒီစက်​လေးတွေကို စျေးသက်သာလေးနဲ့ရောင်းပေးမယ်နော်။ ဆီမှာ CDJ,DDJ,XDJ တွေကို အသစ်ဆက်ဆက်ရော အဟောင်းလတ်လတ် လေးတွေရော ဝယ်လို့ရသလို့ ပြန်ရောင်းခချင်တဲ့စက်လေးတွေကိုလည်း ဝယ်ပါတယ် ခင်ဗျ။ ရောင်းချင်တာပဲဖြစ်ဖြစ်၊ဝယ်ချင်တာဖြစ်ဖြစ် 09766677842 ကို Hello သာလုပ်လိုက်ပါ။

23/06/2022

အရင်ထဲကအရမ်းကြိုက်ခဲ့တဲ့ Artist တွေရဲ့ Hip Hop သီချင်းအဟောင်း လေးတွေနားဆင်ရင်း စိတ်ကူးပေါက်လို့ ​mashup ပုံစံလေး လုပ်ဖြစ်သွားတာပါ။ အားလုံးကို လေးစားပါတယ် 😘

21/05/2022

J Me-Yangon(Zadd Remix) coming soon

Address

Pazundaung Township
Yangon
11171

Telephone

+959766677842

Website

Alerts

Be the first to know and let us send you an email when Doctor DJ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Doctor DJ:

Share