Myanmar Gospel Book Room

Myanmar Gospel Book Room 1993-Received the Permission from the Living Stream Ministry to translate the ministry books into Myanmar Language. 1995- Established Myanmar Gospel Book Room
(1)

ပြန်လည်ရယူသော အသင်းတော်သည် သရဖူကို ရရှိထားပြီး ဖြစ်သည်။ သို့ရာတွင် သူသည် သခင်ဘုရား၏ ပြန်လည်ရယူခြင်း၌ သူရရှိထားသောအရာကို ...
02/09/2026

ပြန်လည်ရယူသော အသင်းတော်သည် သရဖူကို ရရှိထားပြီး ဖြစ်သည်။ သို့ရာတွင် သူသည် သခင်ဘုရား၏ ပြန်လည်ရယူခြင်း၌ သူရရှိထားသောအရာကို သခင်ဘုရား ပြန်ကြွလာသည့်တိုင် ကိုင်စွဲထားခြင်း မရှိပါက သူ၏သရဖူကို အခြား တစ်ဦးတစ်ယောက်က ယူဆောင်သွားမည်ဖြစ်သည်။
ဗျာဒိတ် ၃:၁၁ အောက်ခြေမှတ်စု ၂

ကျွန်ုပ်တို့သည် ကျေးဇူးတော်မှ ဖြတ်တောက်ခံရရန် အပြစ်ပြည့်ဝသော မည်သည့် အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ကျွန်ုပ်တို့သည် ...
02/09/2026

ကျွန်ုပ်တို့သည် ကျေးဇူးတော်မှ ဖြတ်တောက်ခံရရန် အပြစ်ပြည့်ဝသော မည်သည့် အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ကျွန်ုပ်တို့သည် နေရာတစ်ခုတွင် အချိန် အတော် ကြာနေထိုင်ရန်သာ လိုအပ်ပြီး၊ ကျွန်ုပ်တို့သည် ကျေးဇူးတော်၏ နယ်ပယ်မှ အခြား နယ် ပယ်တစ်ခုသို့ ရွှေ့သွားကြောင်း အာရုံခံစားရလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့သော အခြေ အနေတွင် ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်သင့်ပါသနည်း။ ကျွန်ုပ်တို့သည် “သခင်ဘုရား၊ ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ။ ကျွန်ုပ်ကို ကျေးဇူးတော်၏ နယ်ပယ်အထဲသို့ ပြန်လည်ခေါ် ဆောင်တော်မူပါ”ဟူ၍ ဆုတောင်းသင့်ပါသည်။ ကျွန်ုပ်တို့သည် ကျေးဇူးတော်၏ နယ် ပယ်အထဲသို့ မူလအစက ဝင်ရောက်လာခဲ့သည့် နည်းလမ်းအတိုင်း လှည့်ပြန်လာရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ကျေးဇူး တော်နယ်ပယ်အထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ကျွန်ုပ် တို့၏ အပြစ်များကို ရိုးရိုးလေး ဝန်ချတောင်းပန်ခြင်း၊ သခင်ယေရှုကို ကျွန်ုပ်တို့၏ ကယ် တင်ရှင်အဖြစ် လက်ခံရရှိပြီး၊ ကိုယ်တော်၏ အသွေးတော်ကို ယူဆောင်ခြင်းဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရှိခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့ ရပ်တည် သော ဤကျေးဇူးတော်အထဲသို့ ပို့ဆောင်ပေးသည်။ ကျွန်ုပ်တို့သည် မှားယွင်းစွာ လုပ် ဆောင်မိ၍၊ ကျေးဇူးတော်နှင့် ကင်းကွာလျက်ရှိကြောင်း အာရုံခံစားရသည့်အခါတိုင်း၊ ကျွန်ုပ်တို့က “ အို ဘုရားသခင်၊ ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ။ အဖိုးထိုက်သော အသွေး တော်နှင့် ကျွန်ုပ်ကို သန့်ရှင်းစင်ကြယ်စေတော်မူပါ”ဟူသည့် တူညီသော ဆုတောင်းချက် ကို ထပ်ခါတလဲလဲ ပြုရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဤသို့လုပ်ဆောင်မည်ဆို လျှင်၊ သင်သည် ကျေးဇူးတော်အထဲသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
(Life-study of Romans, msg 9)

Week 7

01/09/2026
01/09/2026
ကျွန်ုပ်တို့သည် သခင်ယေရှုကို ချစ်သောအခါ ကိုယ်တော်၏ဘုရားဆိုင်ရာ ကြွယ်ဝစေခြင်းခံရသော လူသားဇာတိ၌ ကိုယ်တော်ကဲ့သို့ တူညီလာကြသ...
01/09/2026

ကျွန်ုပ်တို့သည် သခင်ယေရှုကို ချစ်သောအခါ ကိုယ်တော်၏ဘုရားဆိုင်ရာ ကြွယ်ဝစေခြင်းခံရသော လူသားဇာတိ၌ ကိုယ်တော်ကဲ့သို့ တူညီလာကြသည်။ ကိုယ်တော်၏ကြွယ်ဝသော ဂုဏ်အင်္ဂါများ၌ ပေါများကြွယ်ဝ သော ဘုရားသခင်သည် ကျွန်ုပ်တို့၏ ရနံ့မွေးကြိုင်သော “ယေရှုဆိုင်ရာ” လူသားကောင်းမြတ်ခြင်းများမှတစ်ဆင့် ထင်ရှားသည်။ ဤ”ယေရှုဆိုင်ရာ”လူသားကောင်းမြတ်ခြင်းများသည် သာမန်ထက်ထူးကဲလှသော ချစ်ခြင်းမေတ္တာ၊ အတိုင်းမသိသော စိတ်ရှည်သည်းခံခြင်း၊ ပြိုင်ဘက်ကင်းသော သစ္စာရှိခြင်း၊ အကြွင်းမဲ့သော နှိမ့်ချခြင်း၊ အစွမ်းကုန် စင်ကြယ်ခြင်း၊ အမြင့် ဆုံးသော သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်း၊ တောက်ပခြင်းနှင့် ဖြောင့်မှန်ခြင်းတို့ ပါဝင်သည်။ ဤကောင်းမြတ်ခြင်းများက ဧဝံဂေလိကျမ်းလေးကျမ်း၌ မှတ်တမ်းတင်ထားသည့် ယေရှု၏ အသက်တာ အမှန်ဖြစ်ပြီး၊ ယခု ကျွန်ုပ်တို့ တွေ့ကြုံ ခံစားခြင်း၊ မွေ့လျော် ဝမ်းမြောက်ခြင်းနှင့် ထင်ရှားခြင်းအတါက် ကျွန်ုပ်တို့၏ ကိန်းဝပ်နေသော အသက် ဖြစ်သည်။ ကျွန်ုပ်တို့၏ ကိန်းဝပ်နေသောအသက်အဖြစ် ခရစ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်အတွက် အကြွင်းမဲ့ဖြစ်သော၊ ဘုရားသခင်၏ ကျေနပ်နှစ်သိမ့်ခြင်းအတွက်ဖြစ်သော အသက်တာ - ကျွန်ုပ်တို့၏အသက်ရှင်ခြင်းသည် မီးရှို့ရာပူဇော် သက္ကာ အားဖြင့် ပုံဆောင်ထားသည့် ယေရှု၏ လူသားအသက်ရှင်ခြင်းကို ပုံတူပွားခြင်းဖြစ်လာခြင်း - ကို အသက်ရှင်ရန် တတ်စွမ်းစေသည်။
Week 7

ချစ်သောသန့်ရှင်းသူများiOS နှင့် အခြား OS အသုံးပြုသော ဖုန်းနှင့် တက်ဘလက်များအတွက် ဓမ္မသီချင်း အဲပ်ကို အောက်ပါလင့်မှ ရယူနိ...
30/08/2026

ချစ်သောသန့်ရှင်းသူများ

iOS နှင့် အခြား OS အသုံးပြုသော ဖုန်းနှင့် တက်ဘလက်များအတွက် ဓမ္မသီချင်း အဲပ်ကို အောက်ပါလင့်မှ ရယူနိုင်ပါပြီ။

ဤအဲပ်ထဲမှာ မြန်မာ၊ အင်္ဂလိပ်၊ ကချင်နှင့် မတူ ဘာသာစကားဖြင့် ဓမ္မသီချင်းများကို ရရှိနိုင်ပါသည်။

https://myanmar-hymn-pwa.vercel.app/

ဖုန်းထဲသို့ တိုက်ရိုက် Install လုပ်နည်း

*Android (Google Chrome):

Chrome ဘရောက်ဇာတွင် https://myanmar-hymn-pwa.vercel.app ကို ဖွင့်ပါ။
ညာဘက်အပေါ်ထောင့်ရှိ Menu (⋮) ကို နှိပ်ပြီး Install app သို့မဟုတ် Add to Home screen ကို ရွေးပါ။

*iOS (Safari):

Safari ဘရောက်ဇာတွင် https://myanmar-hymn-pwa.vercel.app ကို ဖွင့်ပါ။
အောက်ခြေရှိ Share Icon (⬆️) ကို နှိပ်ပြီး Add to Home Screen ကို ရွေးပါ။

ကျွန်ုပ်တို့သည် သခင်ဘုရား၌ တည်နေခြင်းနှင့် အလင်း၌ လျှောက်လှမ်းခြင်း အားဖြင့် ထာဝရအသက်၏ မိတ်သဟာယကို မွေ့လျော်ဝမ်းမြောက်သေ...
29/08/2026

ကျွန်ုပ်တို့သည် သခင်ဘုရား၌ တည်နေခြင်းနှင့် အလင်း၌ လျှောက်လှမ်းခြင်း အားဖြင့် ထာဝရအသက်၏ မိတ်သဟာယကို မွေ့လျော်ဝမ်းမြောက်သောအခါ၊ ကျွန်ုပ်တို့ သည် ဘုရားဆိုင်ရာ ဘိသိက်ပေးခြင်း၏ သွန်သင်ခြင်းအောက်တွင် ရှိကြသည် (၁ယော၊ ၂း၂၀၊ ၂၇)။ ဘုရားသခင်၏ သားများသည် ဘုရားဆိုင်ရာ ဘိသိက်ပေးခြင်းအားဖြင့် သွန်သင်ခံရရန် မွှေးဖွားလာကြသည်။
ဘိသိက်ပေးခြင်းကို ဆီထည့်ခြင်းမျိုးအဖြစ် မှတ်ယူ နိုင်ပါသည်။ များစွာသောစက်များသည် ဆီထည့်ခြင်းကို လိုအပ်သည်။ ၎င်းတို့သည် ဆီ ထည့်ခြင်းမရှိပါက၊ ချောမွေ့စွာ မလည်ပတ်နိုင်ပါ။ ယင်းအစား၊ ၎င်းတို့သည် ဆူညံသံ များစွာကို ထွက်စေပါသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့ ခရစ်ယာန်များက ကျွန်ုပ်တို့၏ ဇနီး သို့မဟုတ် ကျွန်ုပ်တို့၏ ခင်ပွန်း သို့မဟုတ် အသက်ကြီးသူများ သို့မဟုတ် ညီအစ်ကို များထံသို့ ဆူညံသံများစွာ ထွက်စေတတ်ကြပါသည်။ ဤသည်မှာ ကျွန်ုပ်တို့သည် ဘိသိက် ပေးခြင်း နည်းပါးနေကြောင်း ဆိုလိုသည်။ ကျွန်ုပ်တို့သည် ဆီထည့်ခြင်းခံရရန် လိုအပ် သည်။
ဟာလေလုယ။ ဘိသိက်ပေးခြင်းသည် ကျွန်ုပ်တို့အတွင်း၌ရှိသောကြောင့် ကျွန်ုပ်တို့၌ ဆီ၏ အရင်းအမြစ်ရှိသည်။ အချိန်တိုင်း ၎င်းသည် ကျွန်ုပ်တို့အား ဘိသိက်ပေးသည်။ ထပ်မံ၍ ဤအရာသည် အသက် ဝေငှဖြန့်ဖြူးခြင်းဖြစ်သည်။ ဤဘိသိက်ပေးခြင်းသည် ကျွန်ုပ်တို့အား သွန်သင်ပေးသည်၊ ကျွန်ုပ်တို့အား ဆီထည့်ပေးသည်၊ အချိန်တိုင်း ကျွန်ုပ် တို့ကို ထိန်းညှိပေးသည်။...ဤသည်မှာ အသက်ဝေငှဖြန့်ဖြူးခြင်းဖြစ်သည်။ (CWWL, 1983, vol. 2, "The Divine Dispensing of the Divine Trinity," p. 243)

ချစ်သော သန့်ရှင်းသူများပြန်လည်ရယူခြင်းကျမ်းမူ အဲပ်ကို ယခုအခါ highlight လုပ်ခြင်း၊ ဆိုရှယ်မီဒီယာတစ်ခုခုသို့ ကျမ်းပိုဒ် သီ...
28/08/2026

ချစ်သော သန့်ရှင်းသူများ

ပြန်လည်ရယူခြင်းကျမ်းမူ အဲပ်ကို ယခုအခါ highlight လုပ်ခြင်း၊ ဆိုရှယ်မီဒီယာတစ်ခုခုသို့ ကျမ်းပိုဒ် သီးသန့်ကို မျှဝေခြင်း ပြုနိုင်ပြီ ဖြစ်ပါတယ်။
ယခု လက်ရှိ Adroid အသုံးပြုသူများအနေဖြင့် Play Store မှ အပ်ဒိတ်ပြုလုပ်ပြီး အသုံးပြုနိုင်ပါပြီ။

iOS အသုံးပြုသူများအနေဖြင့်လည်း မကြာမီ ရရှိနိုင်မှာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Play Store မှ အပ်ဒိတ် ပြုလုပ်ရန်

https://play.google.com/store/apps/details?id=org.rvinmyanmar.holybiblervmm

မှတ်ချက်။ Play Store မှ ဝယ်ယူထားပြီး၊ အပ်ဒိတ်ပြုလုပ်ခြင်း မဟုတ်ပါက ရရှိနိုင်မည်မဟုတ်ပါ။

ယောဟန်၏ ရေးသားချက်များတွင် ဘုရားဆိုင်ရာအရာများကို ဖော်ပြပေးသည်။ ဘုရားဆိုင်ရာအရာများတွင် အစမရှိ၊ အဆုံးမရှိပါ၊ အကြောင်းမှာ...
27/08/2026

ယောဟန်၏ ရေးသားချက်များတွင် ဘုရားဆိုင်ရာအရာများကို ဖော်ပြပေးသည်။ ဘုရားဆိုင်ရာအရာများတွင် အစမရှိ၊ အဆုံးမရှိပါ၊ အကြောင်းမှာ ဘုရားဆိုင်ရာအရာ မှန်သမျှသည် ထာဝရဖြစ်ပြီး၊ အစမရှိ အဆုံးမရှိသောကြောင့် ဖြစ်သည်။ ယောဟန် သည် ဤကဲ့သို့သော စကား အသုံးအနှုန်းများကို အသုံးပြု၍ သူ၏ စာစောင်များကို ရည်ရွယ််ချက်ရှိရှိ ရေးသားခဲ့ကြောင်း ကျွန်ုပ် ယုံကြည်ပါသည်။ သူသည် ကျွန်ုပ်တို့ထံသို့ အမှု ဆောင်ပေးခဲ့သော အရာမှန်သမျှသည် အစမရှိ၊ အဆုံးမရှိသော ထာဝရဖြစ်ကြောင်း ကျွန်ုပ်တို့အား ပြသရန် သူ၌ ရည်ရွှယ်ချက် ရှိခဲ့သည်။ ထို့ကြောင့် ခရစ်တော်သည် ထာဝရ အရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့အား ပြောကြားခဲ့သည်။ ကိုယ်တော်သည် ပထမဆုံးဖြစ်ပြီး၊ နောက်ဆုံးလည်း ဖြစ်သည် (ဗျာ၊၂းဂ။ ၂၂း၁၃ခ)။ ကိုယ်တော်သည် ပထမဆုံးဖြစ်သောကြောင့် မည်သူမျှ၊ မည်သည့်အရာ ကိုယ်တော်ထက် စော၍ မရှိနိုင်ပါ။ ကိုယ်တော်သည် နောက်ဆုံးဖြစ်သောကြောင့် မည်သူမျှ၊ မည်သည့်အရာမျှ ကိုယ်တော်၏ နောက်၌လည်း မရှိနိုင်ပါ။ ဤသည်မှာ ကိုယ်တော်သည် အရာခပ်သိမ်းဖြစ်ကြောင်း ညွှန်ပြသည်။ ထာဝရ အရှင်ဖြစ်သော ခရစ်တော်ကို အစမရှိ၊ အဆုံးမရှိသော စက်ဝိုင်းတစ်ခုအားဖြင့် ပုံဆောင်နိုင်ပါသည်။ ခရစ်တော်သည် အရာခပ်သိမ်းနှင့် နေရာတိုင်းကို သိမ်းပိုက်ထားသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် မည်သည့်ရာထူးအဆင့်အတန်းကိုမျှ မပေးထားပါ။ ကျွန်ုပ်တို့သည် ဘာမျှမဟုတ်ပါ၊ ကိုယ်တော်သည် အရာအားလုံးဖြစ်သည်။ ဟာလေလ ယာ။ ကိုယ်တော်သည် ပထမဆုံးနှင့် နောက်ဆုံးဖြစ်တော်မူသည်။ ဤအရာသည် အသက် ဝေငှဖြန့်ဖြူးခြင်းအတွက်လည်း ဖြစ်သည်။
(CWWL, 1983, vol. 2, "The Divine Dispensing of the Divine Trinity,” pp. 240-241)

ကျွန်ုပ်တို့၏ ဘုရားသခင်သည် ကျွန်ုပ်တို့အထဲသို့ မိမိကိုယ်တော်တိုင် အလုပ်လုပ်ရန် ရည်ရွယ်ချက်အတွက် သုံးပါးတစ်ပါး ဖြစ်တော်မူ...
25/08/2026

ကျွန်ုပ်တို့၏ ဘုရားသခင်သည် ကျွန်ုပ်တို့အထဲသို့ မိမိကိုယ်တော်တိုင် အလုပ်လုပ်ရန် ရည်ရွယ်ချက်အတွက် သုံးပါးတစ်ပါး ဖြစ်တော်မူသည်။ ကိုယ်တော်သည် ခမည်းတော် ဖြစ်ပြီး၊ “ဖရဲသီးတစ်လုံး” ဖြစ်တော်မူသည်။ ကိုယ်တော်သည် သားတော်လည်း ၊ ဖြစ်ပြီး၊ “အပိုင်းပိုင်းစိပ်ခြင်း”ခံရသည်။ ကိုယ်တော်သည် ဝိညာဉ်တော်လည်းဖြစ်၍ “အရည်အဖြစ် ညှစ်ခြင်း” ခံရသည်။ ကြီးမားသော ဖရဲသီးတစ်လုံးသည် လူအထဲသို့ ဝင်ရောက်နိုင်ရန်အတွက်၊ ၎င်းသည် ဤဖြစ်စဉ်အားလုံးကို ဖြတ်ကျော်ရမည်။ ဤ အဆင့်များသည် ဝေငှဖြန့်ဖြူးခြင်း၏ အဆင့်များဖြစ်သည်။ ဖရဲသီးကို ဝေငှဖြန့်ဖြူးပေးရန်သာမဟုတ်ဘဲ၊ ၎င်းသည် လူ၏ စေ့စပ်ထုံးဖွဲ့မှုအထဲသို့ အစာခြေကာ စိမ့်ဝင်ပေါင်းစည်း သွားရန်လည်း လိုအပ်ပါသည်။ ထို့အတူပင် သုံးပါးတစ်ပါးဘုရား – ခမည်းတော်၊ သားတော်နှင့် ဝိညာဉ်တော် – သည် အသက်ပေးသော ဝိညာဉ်တော်ဖြစ်လာရန် ဖြစ်စဉ် အဆင့်ဆင့်ကို ဖြတ်ကျော်ခဲ့သည်၊ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို သောက်သုံးနိုင်ပြီး၊ ထိုသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဒြပ်သဘာဝ ဖြစ်လာနိုင်သည်။ ဤသည်မှာ ဘုရားဆိုင်ရာသုံးပါးတစ်ပါး၏ ဘုရားဆိုင်ရာ ဝေငှဖြန့်ဖြူးခြင်း ဖြစ်သည်။ (CWWL, 1990, vol. 3, "A Deeper Study of the Divine Dispensing," p. 357)

Address

Yangon

Telephone

+951384374

Website

Alerts

Be the first to know and let us send you an email when Myanmar Gospel Book Room posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Gospel Book Room:

Shortcuts

Share