Htoo Aung-ထူးအောင်

Htoo Aung-ထူးအောင် ဘုရားဆင်းတုတော်အမျိုးမျိုးနှင့်ကြ?

18/06/2023
03/02/2022

ဒီနေ့ မနက်ကတည်းက တောက်လျှောက် အလုပ် လုပ်လာရင်း အရမ်းပင်ပန်းနေတာနဲ့ ကော်ဖီတခွက်နဲ့ အပြင် ကို လှမ်းကြည့်မိတယ်။

လူတွေ က နေ့စဉ် ရှင်သန်ဖို့အတွက် ရုန်းကန် လှုပ်ရှားနေကြရတယ်။ တချို့မျက်နှာလေးတွေက ပျော်ရွှင်ဖွယ်၊တချို့တွေက ပင်ပင်ပန်းပန်းနေပူပူမှာ လှုပ်ရှားသွါးလာရလို့လားမသိ ညှိုးနေကြတယ်။ တချို့က လဲ ဘာတွေတွေးတောပြီး လမ်းလျှောက်မှန်းမသိ သူ့ခေါင်းထဲ အတွေးတခုခုတော့ရှိနေပုံပါပဲ။

ဘဝဆိုတာ တချို့အတွက်က ငွေတထောင်ကို ပင်ပင်ပန်းပန်းရှာနေရချိန် တနေ့ကို သိန်းဆယ်ရာချီ၊ထောင်ချီဝင်နေတဲ့ တချို့အတွက်ကတော့ ငွေတထောင်ဆိုတာ အမှုံအမွှားတခု လောက်သာ ဖြစ်လိမ့်မယ်။ ကံတရားကြောင့် အတိတ်ကံကြောင့်လို့ ကျမတို့ မြန်မာတွေက နှစ်သိမ့်ဖြေသိမ့်ရင်း လက်ရှိဘဝမှာပဲ တင်းတိမ်ရောင့်ရဲပြီး ပျော်အောင်နေကြတယ်။ ရတာကို တခဏတာအတွင်း သုံးဖြုန်းရင်း နောင်ခါလာနောင်ဈေးဆိုပြီး ပေါ့ပေါ့တန်တန် တွေပြီး နေကြသူတွေရှိကြတယ်။

ကျမအမြဲတမ်း မှတ်ထားတာတခု ရှိတယ်။ ဆင်းဆင်းရဲရဲမွေးလာတာ သင့်အပြစ်မဟုတ်ဘူး။ မိဘအပြစ်လဲမရှိဘူး။ ဆင်းဆင်းရဲရဲ သေသွါးရင်တော့ ဒါဟာ သင့်အပြစ်ဖြစ်သွါးပြီ ဆိုတဲ့ စကားတခု။
မိသားစု တခုတည်းမှာ မွေးဖွါးလာကြသူချင်းအတူတူ တယောက်ရဲ့ ကံနဲ့တယောက်မတူကြပြန်ဘူး။

ကျမဘဝကတော့ မိဘတွေ အပေါ်ကို တွန်းတင်ပေးလိုက်ပေမဲ့ အရာရာကို လွှတ်ချပြီး မြန်မာပြည်မှာ စီးပွါးရေးလုပ်မယ်ဆိုပြီးအတင်းဇွတ်ပြန်လာခဲ့ တာ။အိမ်ထောင်ကလဲ ကျနေပြီဆိုတော့လေ။ နောက်ပြီး ကိုယ့်အကို၊အမတဝမ်းကွဲတွေဆိုတာ မြန်မာပြည်မှာပဲ အောင်မြင်တဲ့ လုပ်ငန်းရှင်တွေဆိုတော့ ကိုယ်လဲ လုပ်ရင်ဖြစ်နိုင်ချေရှိမယ်ပေါ့ ။ အမြဲတမ်းဘာလုပ်လုပ် ငါလုပ်ရင်ဖြစ်တယ်လို့ ယုံကြည်မှုအပြည့်ရှိတော့ ရှိတဲ့ငွေအရင်းအနှီးနဲ့ စတိုးဆိုင်စဖွင့်ခဲ့တယ်။ အကျိုးမပေးဘူး။ အမြတ်မထွက်တဲ့အပြင် အရင်းပါပျောက်တာ။ အလုပ်မျိုးစုံ လုပ်တယ်။ စီးပွါးပျက်ချက်ဆိုတာ ‌အကြွေး လည်ပင်းခိုက်နေပြီ။ ကလေးကရှိတော့ အကြီးလေးက မွေးကတည်းက ဆေးရုံ ၊ဆေးခန်း မလွတ်တမ်းပြရသူ ချူချာ တဲ့ကလေးဖြစ်တော့ ကုန်ပေါက်ဆိုတာ ။ ဘယ်လောက်ခေတ်ပညာတတ်တယ်ပဲပြောပြော နောက်ဆုံး ဗေဒင်ဆရာမျိုး စုံတွေနဲ့ အဖြေရှာရတာပဲ။ အလုပ်လုပ်နေရက်နဲ့ကို ငွေ လက်ထဲရှိမယ်ဆို ကုန်ပေါက်တခုမဟုတ်၊တခု ပေါ်ပြီး စုထားသမျှ ထွက်ရော၊ စီးပွါးကလဲ အဆင်မပြေ ၊တနှစ်မပြည့်ဘူး နောက်တလုပ်ပြောင်းရနဲ့။ စိတ်သောကတွေဆိုတာ အရူးတယောက်လိုပဲ ချွတ်ခြုံကျလို့ ၊ အပြင်မှာကျမ သူငယ်ချင်းမိတ်ဆွေတွေ တွေ့ရင်တောင် အတွေ့မခံရဲဘူး။ ဒါလားနိုင်ငံခြားမှာ ပညာသင်၊အလုပ်လုပ်ပြီးပြန်လာတာ လူရုပ်မပေါ်ဘူး လို့ ဝိုင်းလှောင် အတင်းပြောခံရမှာမို့ ကျမလဲ လူသားပေမဲ့ရှက်တတ်တာပဲ ဘယ်သူငယ်ချင်းကိုမှ မဆက်သွယ်ပဲ ဘဝကို ဖြတ်သန်းခဲ့တာ။ အိမ်ထောင်သည်ဖြစ်လာတဲ့အတွက် နှစ်ဦးလုံးရဲ့ ကံဇာတာ သည် အိမ်ထောင်တခုအတက်အကျ ပေါ်အကျိုးသွါးသက်ရောက်တယ်။

ဘဝဆိုတာ တယောက်တည်းနေရင်တယောက်တည်းရဲ့ကံပဲ။ နှစ်ဦးပေါင်းလိုက်ရင် တယောက်နဲ့တယောက် အကျိုးပေး ဘက်မျှနေမှ လို့ ကျမထင်တယ်။ ကိုယ့်ဦးနှောက်သေးသေးလေးနဲ့တွေးကြည့်တာပါ။ မှားချင်လဲမှားမယ်ပေါ့။

တခါတလေ ကျမ တွေးမိတာတခု ရှိတယ်။ ကျမတို့ လူမျိုးတွေက ရောင့်ရဲ တင်းတိမ်တက်ကြတယ်။ ဘဝတလျှောက်လုံး အဆင်ပြေပြေ လုပ်သမျှ ချောမွေ့ပြီး ငွေကြေးပူပင်စရာ မရှိတဲ့သူဆိုတာ အရေအတွက်နည်းပါတယ်။ ပုံမှန်ဘဝလေးမှာ ရှင်သန်ပျော်မွေ့ရင်းအရိုးထုတ်သွါးကြတာလဲရှိကြမယ်။ သူတို့တွေက အတိတ်ကပေးသလောက်ပေါ့ဆိုပြီး ပိုပြီး ကြိုးစားအားမထုတ်ကြဘူး။ ကျမအမျိုးသားဆိုရင်လဲ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းချင်တဲ့သူ ငွေက ထိုက်သလောက်ရမှာပေါ့ဆိုပြီး နှစ်ယောက်အမြဲ ငြင်းရတယ်။ ဗေဒင် ယတြာ မယုံဘူး။ ကျမသည် ကျမ ဘုရားစတင်ပင့်ဆောင်ခဲ့သည့်အချိန်မှ စပြီး ဘဝအဆင့်အတန်း တစတစ မြင့်တက်လာခဲ့တယ်။ စိတ်ချမ်းသာရတယ်၊ငွေအတွက် ပူပင်စရာမလိုအောင် မနက်နိုးထ နိုင်ခဲ့တယ်။ အရမ်းချမ်းသာ နေလို့တော့မဟုတ်ဘူး။အရင်လို ငွေကို တရာသုံးဖို့ ချင့်ချိန်နေရတဲ့ဘဝ မဟုတ်လို့။ ကျမ စိတ်ရှိတိုင်း လှူနိုင်ချင်တဲ့ ဘဝတခု အနေအထားတခုမှာနေရတာကိုက စိတ်ကျေနပ်မှုပါ။ တချိန်ချိန်မှာ ချမ်းသာကြွယ်ဝမှုတွေ ရမယ်လို့ကို ယုံကြည်တယ်။ ကျမ အကိုတွေ ၊အမတွေ ၊အမျိုးတွေ ဘယ်လောက်ချမ်းသာ ချမ်းသာ ကျမ ချမ်းသာခြင်းမဟုတ်သလို ယနေ့ထိ ကျမ ရပ်တည်မှုက ဘုရားရှင်အပေါ်ယုံကြည်ပြီး ကိုယ့်စွမ်းကိုယ်စနဲ့ ကြိုးစား လာခဲ့ရတာပါ။ ကျမဘဝ ကျမ တည်ဆောက်ခဲ့ရတာပါ။ ဘယ်အမျိုးဆီကမှ ကျမ ငွေကြေးအထောက်အပံ့ မယူခဲ့တာ ကျမ အတ္တ ကျမ မာနကြောင့်ပါ။ ကျမယောကျာ်းဆီကတောင် ကျမ အထောက်အပံ့ မယူခဲ့ပါဘူး။ ကျမက မာန တအားကြီးလို့ တချိန်ချိန် အောင်မြင်ခဲ့ရင် ငါကူညီခဲ့လို့ ငါ လုပ်ပေးခဲ့လို့ပါဆိုပြီး ဘယ်သူ့ဆီကမှ အသံမကြားချင်လို့ကို တယောက်တည်း ကြိုးစားခဲ့ရတာတွေပါ။

ကျမ လို ဘဝတူတွေ ရှိရင် အားမငယ်ပါနဲ့။ အဆင်မပြေမှုဆိုတာ ဆေးမသိသေးရင် ကြာလိမ့်မယ်။ ဆေးတွေ့သွါးရင် အေးဆေး ဖြစ်သွါးပါမယ်။

ကျမဘဝအကြောင်း၊ ကျမ ဘယ်လောက်ခါးခါးသီးသီး ဖြတ်သန်းခဲ့ရတယ်၊ ဘယ်လိုတွေ အကြွေးတင်ပြီး သောကပွေ ကုန်းကောက်စရာငွေမရှိလောက်အောင် ဖြစ်ခဲ့ရလဲ ကျမ ပြန်ပြန်တွေးတယ်။ ဘဝမှာ ရင်နာစရာတွေ အပြည့် မေ့ပစ်လို့မရတဲ့နေ့ရက်တွေအတွက် ထိပ်ဆုံးကို တွန်းပို့ပေးဖို့ အင်အားတခုအနေနဲ့ ကျေးဇူးတင်ရင်း အားနေချိန်လဲတွေးတယ်၊ရေချိုးရင်းလဲတွေးတယ်၊ ကြုံရင်ကြုံသလို သတိရပြီး တွေးဖြစ်အောင်တွေးတယ်။ ကျမကို အိမ်ထောင်သည်နှစ်ဦးအတွက် ကိုက်ညီအောင် ဘုရားထုလုပ်ပူဇော်ဖို့ တွက်ချက်ပြီး နှစ်ဦးဟောခကို တဦးစာပဲ ယူခဲ့တဲ့ ဆရာ့ကိုလဲ ကျေးဇူးတင်တယ်။ ကျမ ဒီဘုရားဆင်းတုတော်တွေ ထုလုပ်ဖြစ်အောင် အိပ်မက်လာပေးတဲ့ အဘဘိုးမင်းခေါင်နဲ့ သူတော်စင်ကြီးကိုလဲ ကျေးဇူးတင်သလို ဒီ‌ေဗဒင်ပညာနှင့်တကွ ပညာများကို သင်ကြားပေးသော သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာများကို လည်းကျေးဇူးတင်ပါတယ်။ လုပ်ငန်းအတွေ့အကြုံပေါင်းများစွါကနေ မိမိနဲ့ ပဌါန်းဆက် လာကိုက်ညီလို့ ဘုရားတွေ ပူဇော်ဖြစ်ကြသူတွေကိုလဲ ကျေးဇူးတင်မိပါတယ်။ ကျမ လို ဒုက္ခရောက်ပြီး ဘဝမှာ ပူပင်စရာတွေနဲ့ ပြည့်နေ အကြွေးဝိုင်းနေသူတွေ ၊ငွေကြေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး အဆင်မပြေကြသူ ကို တစိတ်တပိုင်း ကူညီလိုက်ရလို့လဲ ကျေးဇူးတင်မိတယ်။( အမြဲတမ်းအဆင်ပြေနေဖို့က တဖက်လူအပိုင်း နဲ့ လုပ်ခိုင်းတာတွေ လိုက်နာဖို့ ကျင့်ကြံဖို့ ၊အကြံရယူဖို့တော့ လိုအပ်ပါတယ်။ရောက်ရှိလာတဲ့အခွင့်အရေးကို အမိအရဖမ်းယူတတ်ဖို့လဲ လိုပါတယ်။ ငွေအကြွေးတွေတင်နေတယ် ၊ငွေ ရလာပါရက်နဲ့ အကြွေးမဆပ်ပဲ တခြားနေရာသုံးလိုက်တာတို့ ၊ချဲထပ်ထိုးလိုက်တာတို့ စသဖြင့် စနစ်တကျမစီမံရင်တော့ အကြွေးမကြေပါဘူး။ အလုပ်အကိုင်အခွင့်အလမ်းပေါ်လာရက်သားနဲ့ မမြင်တတ်ရင်လဲ အဆင်မပြေပါဘူး။ )

ဒီအောက်က ဘုရား ဆင်းတုတော်က ကျမ ဘဝကို အပြောင်းအလဲ တစတစ ဖြစ်လာစေပြီး ဘုရားရဲ့ တရားတော်နဲ့အညီ ကျင့်ကြံနေထိုင်ရင်း လမ်းကြောင်းတခုပေါ် ရောက်ရှိလာခဲ့ရတာပါ။

အမှန်ပြောရရင် ကျမ ကို ဒီပုံကြီး ပန်းပုဆရာ ထုပေးလိုက်တုန်းက အရမ်းစိတ်ဆိုးတယ်။ ကြည့်လေ
ဘုရားပုံကို ပုံမကျပန်းမကျ။ ဒါပေမဲ့ ဒီဘုရားပုံတော်လေးက ဘဝတလျှောက်လုံး အမှတ်တရဖြစ်စေခဲ့ပါတယ်။ဘဝတခုလုံးပြောင်းလဲစေခဲ့တယ်။

တချို့ ဘယ်ဘုရားပုံ ထုလုပ်ရမလဲ တွေဝေနေသူတွေအတွက် ကျမပြောပြတာပါ။ ဘုရားဆိုမှတော့ သပ္ပာယ်တာ ပူဇော်ချင်ကြတာ ကျမအပါအဝင် လူတိုင်းပဲလေနော်။ မိမိရဲ့ ပူဇော်လိုတဲ့ သဒ္ဓါစိတ်နဲ့ သာရွေးချယ်ပါ။ ဘယ်နေရာ၊ဘယ်ဒေသ ဖြစ်ဖြစ် ဘုရားတဆူ ပင့်ဆောင်တော့မယ်ဆိုရင် မြင်လိုက်တာနဲ့ ပင့်ဖို့ ဖြစ်သွါးတဲ့ ဘုရားကို ပင့်ကြပါ။ ဟိုရွေးဒီရွေး၊ ဟိုဟာမကြိုက် ဒီဟာမကြိုက် မဖြစ်မိစေနဲ့နော်။ အကြောင်းတိုက်ဆိုင်လို့ ကိုယ့်ဆီ ရောက်လာခဲ့တဲ့ ဘုရားတဆူ ဖြစ်ရင်တောင် သဒ္ဓါစိတ်ထက်သန်စွါ ပူဇော်ပါ။ဒီဘုရားလေး ပင့်ချင်လိုက်တာလို့ စိတ်ထဲ ဖြစ်တာနဲ့ ဘာမှ တွေဝေမနေပဲ ပင့်ဖြစ်အောင်ပင့်ပါ။ စိတ်ဆိုတာ ထူးဆန်းတယ်၊ အကြောင်းရှိလို့ နှိုးဆော်တာပါ။ တခါတလေမှာလေ အဓိက အရာကို ကျမ လုပ်ပေးလိုက်တာမို့ သေချာလေး ပူဇော်ကြည့်ကြပါ။

"နေ့နံဘုရားဆို သူရိယ ကို ပြေးသာသတိရ ထာဝရ ၊စိတ်ချအမှန် ကြီးပွါးရန်"

သူရိယ နိ‌ဗ္ဗာန်ကုန် နှင့် ပန်းပုလုပ်ငန်း
ဖုန်း 09406309022

02/03/2021

🪔🪔🪔နေဝင်မီးလက် စီးပွားတက်🪔🪔🪔

နေဝင် မီးလက် စီးပွါးတက် ဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါ။ နေဝင်ချိန်မှာ မီးထွန်းတယ် ဆိုတာက အိမ်မှာ စီးပွါး လာဘ်လာဘ တွေ ရွှင်လန်းလာစေဖို့ အတွက်ပါပဲ ။

ညနေ နေဝင်ချိန်တွင် ဘုရားဆီမီး ပူဇော်ရန်ဖြစ်သည်။ လအလိုက် နေဝင်ချိန် နေထွက်ချိန် သိရှိရန် လိုသလို ယုံယုံကြည်ကြည် ပြုလုပ်ပါက စီးပွားလာဘ်လာဘ တိုးတက်လာမည်မှာ ဧကန်မလွဲဖြစ်ပါသည်။

လုပ်ငန်း ကိုင်ငန်းတွေ အဆင်ပြေမယ်။ ဘယ်အရာ မဆို မှန်မှန်ကန်ကန် နည်းစနစ်ကျ လုပ်လေ ပိုပြီး လာဘ်လာဘတွေ ရွှင်လန်း လာစမြဲပါ..

လုပ်နည်းလုပ်ဟန်က မခက်ပါဘူး။ ညနေ နေဝင် ချိန်ကို လအလိုက် သိထားဖို့ပါပဲ ညနေ နေဝင်ချိန်ကို တိတိကျကျ ဘုရားမီး ပူဇော် ပေးဖို့ ပါပဲ...

လ အလိုက် နေဝင် ချိန်များ

တန်ခူးလ ညနေ (၆:၀၀) နာရီ
ကဆုန်လ ညနေ (၆:၁၀) နာရီ
နယုန်လ ညနေ (၆:၀၀) နာရီ
ဝါဆိုလ ညနေ(၆:၃၀) နာရီ
ဝါခေါင်လ ညနေ(၆:၂၀) နာရီ
တော်သလင်း ညနေ (၆:၁၀) နာရီ
သီတင်းကျွတ် ညနေ(၆:၀၀)နာရီ
တန်ဆောင်မုန်း ညနေ (၅:၅၀) နာရီ
နတ်တော် ညနေ (၅:၄၀)နာရီ
ပြာသို ညနေ(၅:၃၀) နာရီ
တပို့တွဲ ညနေ (၅:၄၀)နာရီ
တပေါင်း ညနေ (၅:၅၀) နာရီ

ယင်းအချိန်များတွင် မြတ်စွာဘုရားရှင်အား ဆီမီး ထွန်းပူဇော် ပေး ရန် ဖြစ်ပါတယ်။

ဆီမီးပူဇော်ခြင်းဖြင့် လာဘ်ပွင့် စီးပွါးတက်ရုံမက တခြားသော ကုသိုလ် ကောင်းကျိုးများစွါပါရရှိစေပါသည်။

🙏🙏🙏ဆီမီး🪔 လှူရသောအကျိုး🙏🙏🙏

အလှူဒါနပြုကြရာ တွင် ဆီမီးလှူရသော အကျိုး ရှစ်ပါးဟူ၍ ရှိပါသည်။ ထိုအကျိုး ရှစ်ပါးတို့မှာ –

၁။ ဒိဗ္ဗစက္ခုဉာဏ်ကိုရခြင်း။

၂။ အမိ၀မ်းတွင်းမှ ကန်းသောအမျိုး၌ မဖြစ်ခြင်း၊

၃။ တွေဝေငိုက်မျဉ်းခြင်းမှကင်းခြင်း၊

၄။ ကြည်လင်သော မျက်စိရှိခြင်း၊

၅။ အမျိုးစည်းစိမ် အခြံအရံအားဖြင့် မြတ်ခြင်း၊

၆။ အမှတ်မရှိသော အရပ်၌ရှိသောဝတ္ထုတို့ကို ထိုအရပ်မှ မြင်နိုင်ခြင်း၊

၇။ တောက်ပသော အရောင်ရှိခြင်း၊

၈။ နတ်ကဲ့သို့တင့်တယ်ခြင်းဟူ၍ဖြစ်ကြပါသည်။

ချစ်စွာသော စာရှုသူများရှင့် …။ စာရှုသူများ အားလုံးလိုလိုပင် မြတ်စွာဘုရား ရှင်အား ဆီမီးလှူခြင်း ကုသိုလ်နှင့်အတော်ပင် နီးစပ်လှူဒါန်းကြဖူး ပေလိမ့်မည်။

တချို့လည်း နေ့ညမပြတ် ဆီမီးလှူဒါန်း ပူဇော်ကြသကဲ့သို့ အချို့လည်း ဘုရားစေတီ များတွင် သီတင်းကျွတ်၊ တန်ဆောင်တိုင်စသော အခါကြီးရက်ကြီးများ၌ ဆီမီးတစ် ထောင်အလှူများ၊ လျှပ်စစ်မီးအလှူများ စသည်ဖြင့် လှူဒါန်းကုသိုလ်ယူတတ်ကြပါ သည်။

အမှန်စင်စစ် လူတိုင်းလိုလို လွယ်ကူနီးစပ်၍လှူဒါန်းလေ့ရှိကြသော ဆီမီးအလှူ သည် နီးကပ်လွယ်ကူသလောက် အဘယ်မျှအကျိုးထူးပေးသည် ဆိုသည်ကို စာပေ များထဲမှ မှတ်သားမိသမျှကို ဆီမီးအလှူရှင်များ ကြည်ညိုသဒ္ဓါပွားများနိုင်ရန်နှင့် ၀မ်း မြောက်ကြည်သာ ရိုသေစွာ အလေးထားလှူဒါန်းနိုင်ရန် ရည်သန်လျက် မျှဝေတင်ဆက် လိုက်ရပါခြင်းပါ။

ဂေါတမ ဘုရားအလောင်းတော်သည် ဘဝ ပေါင်းများစွာ သံသရာတွင် ကျင်လည်တော်မူရင်း ရှေးရှေးဘဝက ပြုကျင့်ခဲ့ဖူးသော

အပရာပရိယ ဝေဒနိ ကံကြောင့် နတ်ပြည်မှ စုတေခဲ့ပြီး ပေါရာဏ ဒီပင်္ကရာဘုရားရှင်နှင့် အဖတူ အမိကွဲ မောင်နှမ တော်စပ်သော နှမ(မင်းသမီးတစ်ပါး)ဖြစ်လာခဲ့လေသည်။

(မှတ်ချက်။ ။ ပေါရာဏဒီပင်္ကရာ ဟူသည် လေးသချေင်္နှင့် ကမ္ဘာတစ်သိန်း၏ အထက်တစ်ဆူတည်းသာ ပွင့်သော (သာရကမ္ဘာ)တွင်ပွင့်တော်မူ သောဘုရားရှင် ဖြစ်ပါသည်။ ဓမ္ပာဝတီမြို့၏ မင်းမျိုးတွင်ဖြစ်ပြီး အနှစ်တစ်သောင်း နန်းတော်တွင်နေထိုင် ရင်း နိမိတ်ကြီးလေးပါးကိုမြင်ရာမှ တရားကိုသိလျက် တောထွက်တော်မူပြီးလျှင် ဒုက္ကရ စရိယ ခုနစ်ရက်မျှကျင့်ပြီးနောက် သဗ္ဗညုဘုရားရှင် ဖြစ်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

ဂေါတမဘုရားအလောင်းတော် သုမေဓာရှင် ရသေ့ဘဝဖြင့် ဗျာဒိတ်ခံယူခဲ့သော ဒီပင်္ကရာဘုရားရှင်မဟုတ်ပါ။ ထိုဒီပင်္ကရာဘုရားရှင်အား ကျမ်းဂန်တို့၌ မစ္ဆိမဒီပင်္ကရာ ဘုရားရှင်ဟူ၍ ကွဲပြားစွာမှတ်သားရ ရပါသည်။

ပေါရာမာဒီပင်္ကရာဘုရားရှင် လက်ထက်တော်တွင် ပစ္ဆိမဒီပင်္ကရာဘုရားအ လောင်းတော်သည် ပစ္စည်းဥစ္စာ ကြယ်ဝချမ်းသာသော ပုဏ္ဏားအမျိုးတွင် ဖြစ်ခဲ့လေ၏။

တစ်နေ့တွင် ပါရာဏဒီပင်္ကရာဘုရားရှင် ဟောကြားတော်မူသော တရားတော်ကို နာကြားအပြီးတွင် ကာမဂုဏ်အပြစ်တို့ကို မြင်သည်ဖြစ်လျက် ရဟန်းပြုတော်မူလေ သည်။ရဟန်းဘဝမှာပင် အဘိဉာဉ်ငါးပါး၊ သမာပတ်ရှစ်ပါးကို ရတော်မူလေသည်။

ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းတော်သည် ပေါရာဏဒီပင်္ကရာဘုရားရှင်အား ဖူးမြော်ရင်း အသရတော်ကို အားကျလျက် –

ငါလည်း ဘုရားဆုကိုတောင်းမှပဲဟု စိတ်အကြံဖြစ်လျက် သပိတ်ကိုပိုက်ကာ တစ်မြို့လုံးလှည့်လည်၍ ဆီအလှူခံတော်မူလေ၏။

ရသမျှသောဆီနှင့် တစ်ဉာဉ့် ပတ်လုံး ဘုရားရှင်အား မီးပူဇော်လှူဒါန်းခဲ့လေသည်။ ဆီမီးပူဇော်အပြီးတွင် နောင်အခါ အရှင်မြတ်ကဲ့သို့ ဘုရားဖြစ်ရပါလို၏ဟု ဆုတောင်းခဲ့ဖူးလေသည်။

ပေါရာဏဒီပင်္ကရာဘုရားရှင်မှလည်း ဤကဲ့သို့ ဆီမီးပူဇော်ရတဲ့ ကောင်းမှု ကြောင့် သင်သည် ဒီပင်္ကရာဟူသော အမည်ဖြင့် ဘုရားစင်စစ်ဖြစ်ပေလိမ့်မည်ဟု ဗျာဒိတ်စကားမိန့်ကြားတော်မူသည်။

ပစ္ဆိမဒီပင်္ကရာဘုရာအလောင်းတော်ရဟန်းလည်း ဗျာဒိတ် ရသောနေ့မှစ၍ အမြဲပင် ဆီအလှူခံကာ ဆီမီးလှူဒါန်းခြင်းကို ပြုလေသည်။

တစ်နေ့သော် အလောင်းတော် ရဟန်းသည် ဆီအလှူခံရန် နန်းတော်သို့ ၀င်လေသည်။ ထိုအခြင်းအရာကို ပေါရာဏဒီပင်္ကရာဘုရားရှင်နှင့် အဖတူ အမိကွဲ မင်းသမီးသည် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ် အထက်၌နေရင်း သပိတ်ပိုက်၍ ဆွမ်းခံကြွ လာ သောရဟန်းတော်ကို မြင်လေသည်။ မင်းသမီး လည်း –

အင်း ဒီအချိန်ကတော့ ညနေချိန်ဆို တော့ ဒီကိုယ်တော် ဆွမ်းခံတာတော့ မဟုတ် နိုင်ဘူး။ ဘာများ အလှူခံပါလိမ့်ဟု တွေး ရင်း သိလိုစိတ်ဖြင့် အလုပ်အကျွေး မိန်းမအား စုံစမ်းစေလေသည်။ အကြောင်းစုံကို သိလေ သော် ရဟန်းတော်အား အပင့်ခိုင်းပြီးလျှင် ရွှေအဆင်းနှင့်တူသော မုန်ညင်းဆီများကို လောင်းလှူလေသည်။ ထိုသို့လှူဒါန်းပြီး နောက်
အရှင်ဘုရား တပည့်တော်သည် ဤ မုန်ညင်းဆီ လှူရသောကောင်းမှုကံကြောင့် နောင်သောအခါသဗ္ဗညု ဘုရားစင်စစ်ဖြစ်၍ ဤမုန်ညင်းဆီ၏ နာမည်ဖြင့် (သိဒ္ဓတ္ထ)ဟူသော အမည်ကိုလည်း ရ ရပါလို၏။

ဒီအကြောင်းကောင်းမှု ဆုတောင်းမှုကိုလည်း မောင်တော်ဘုရားကို လျှောက်တင်ပေးပါဘုရား}ဟု လျှောက်တင်လေသည်။

ရဟန်းတော်(ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းတော်)လည်း နှမတော်မင်းသမီး မှာကြားသည့် အတိုင်း ပေါရာဏဒီပင်္ကရာဘုရားအား လျှောက်ထားလေရာ ဘုရားရှင်က

ရဟန်း ယခုငါ၏နှမသည် မိန်းမသားဖြစ်လို့ ဗျာဒိတ်မရအပ်ဘူး။ ရဟန်း ဘုရားဖြစ်အောင် ပြုတတ်သော တရားတို့မည်သည် အလွန်ခဲယဉ်းကုန်လေ၏။

ကမ္ဘာတစ် သိန်းပတ်လုံး ပါရမီတော်များကို ဖြည့်ကျင့်၍ မြဲသောလုံ့လလည်းရှိရမည်။ တည်တံ့ ခိုင်မာသော ဆုတောင်းလည်းရှိရမည်။

လူဖြစ်ခြင်း ယောကျ်ားစစ်ဖြစ်ခြင်း၊ အရဟတ္တဖိုလ်ရခြင်း၏ အကြောင်းရဟန်း ဖြစ်ခြင်း၊ သက်တော်ထင်ရှား ဘုရားရှင်ကို ဖူးမြင်ရခြင်း၊ ရသေ့ရဟန်းဖြစ်ခြင်း၊ အဘိ ဉာဉ်သမာပတ်နှင့်ပြည့်စုံခြင်း ကိုယ့်အသက်ကိုစွန့်လွှတ်နိုင်သောလွန်ကဲသော ကုသိုလ်ရှိ ခြင်း၊ အလွန်အကဲဘုရားဖြစ်လိုခြင်း၊ ဟူသောရှစ်ပါးသော အင်္ဂါတို့ပေါင်းဆုံမိရမည်။ သို့ မှသာ နိယနဗျာဒိတ်ခံ၍ ဆုပန်ခြင်းပြည့်စုံနိုင်တယ်။

နှမတော်သည် ဤအင်္ဂါတို့နှင့် မပြည့်စုံသောကြောင့် ဗျာဒိတ်မရနိုင်ပေဘူးဟု မိန့်တော်မူလေသည်။

ထိုအခါ ရဟန်းတော်က –

အရှင်ဘုရားဒီအတိုင်းဆိုလျှင် အရှင်ဘုရား၏ နှမတော်သည် သူတောင့်တ အပ်သော ဘုရားအဖြစ်ကို မရနိုင်တော့ဘူးလားဘုရားဟု လျှောက်ပြန်လေသည်။

ထိုအခါ ဘုရားရှင်က အနာဂတသ ဉာဏ်တော်ဖြင့်ကြည့်လေသော် နှမတော်သည် ဘုရားဖြစ်အောင် ပါရမီဖြည့်နိုင်စွမ်းသော အင်အားကို မြင်တော်မူလေသည်။

ထို့နောက် ဤသို့ မိန့်တော်မူလေသည်။

ရဟန်း … ဤကမ္ဘာမှ ၁၆ သချေင်္၊ ကမ္ဘာ တစ်သိန်းလွန်သောအခါ သင်ရဟန်းသည် ငါကဲ့သို့ ဒီပင်္ကရာဟူသော အမည်ဖြင့် ဘုရားဖြစ်လိမ့်မည်။ ထိုအခါ သင်သည် နှမတော်ကို ဗျာဒိတ်စကား

မိန့်ကြားနိုင်လိမ့်မည်ဟု မျက်ကွက် ဗျာဒိတ် စကားကို မိန့်ကြားတော်မူခဲ့ပါလေသည်။

အထက်ဖော်ပြပါ ဇာတ်တော်သည်သော တတ္တတီကျမ်းလာ အကြောင်းအရာ များ ဖြစ်ပါသည်။

ထိုကျမ်းလာ အရဆိုပါလျှင် ပစ္ဆိမဒီပင်္ကရာဘုရား အလောင်းတော် သည် ပေါရဏဒီပင်္ကရာ ဘုရားရှင်အား ဆီမီးအလှူကို ကောင်းစွာ တခမ်းတနား လှူဒါန်း၍ ဘုရားဆုကို ပန်ခဲ့ဖူးလေသည်။

တစ်ဖန် ဂေါတမဘုရားအလောင်းတော် နုစဉ်ကာလ အမျိုးသမီးဘဝဖြင့် မျက်ကွယ်ဗျာဒိတ်ကို တောင်းခံရာတွင်လည်း ဆီမီး လှူရန်အလို့ငှာ မုန်ညင်းဆီကို ပစ္ဆိမဒီပင်္ကရာ အလောင်းတော်အား လှူဒါန်းခဲ့ခြင်း ဖြစ်လေသည်။ သို့ဖြစ်ပါ၍ ဆီမီးလှူရခြင်း၏ အကျိုးသည် သဒ္ဒါပြဋ္ဌာန်းမှု အား ကောင်းလျှင် အားကောင်းသလောက် အကျိုးထူးများစွာပေးတတ်သော ကုသိုလ်တော် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ကျမ်းကိုး။ ။ ဤစာစုအားတင်ဆက်ခြင်းသည် သုခမှတ်စု မြန်မာအဘိဓာန် တို့မှ ကောက်နုတ်ခြင်းဖြစ်ပြီး အထူးအားဖြင့် နိုင်ငံတော်သြဝါဒါစရိယ မြန်မာစာ သြဝါဒစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ထီးချိုင့်မြို့ တည်တောဆရာတော် ဘုရား ကြီး၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေ မှ

Crd ဇင်လဲ့ရည်နွယ်

သူရိယဘုရားဆင်းတုတော်လုပ်ငန်း
ဖုန်း09406309022

Address

Kyaikasan Road, Tarmwe
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Htoo Aung-ထူးအောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share