Beauty World Co., Ltd.

Beauty World Co., Ltd. Quality, Variety, Capacity......
Three Factors have contributed in sustaining our position as market The Official Page of Beauty World Co., Ltd.

that is No.(1) stationery company in Myanmar, headquartered in Yangon. We are also the only authorized distributor of Deli Stationery and Oval Corporation.

အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့ စကားကို ကြားဖူးကြမှာပါ…စာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်းတည်းနဲ့တင် စာသင်ကြားခြင်းထက်ပိုတ...
10/09/2026

အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့ စကားကို ကြားဖူးကြမှာပါ…

စာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်းတည်းနဲ့တင် စာသင်ကြားခြင်းထက်ပိုတဲ့ ကိစ္စများစွာကို လုပ်ဆောင်နိုင်ပါတယ်။

တစ်ခါတလေ စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့အရာတွေကို စာရွက်ပေါ် ချရေးလိုက်ရုံနဲ့ စိတ်သက်သာရာ ရစေသလို၊ ရည်မှန်းချက်တွေကို ရေးမှတ်ပြီး တစ်နေ့ချင်း လုပ်ဆောင်သွားရင် မဖြစ်နိုင်ဘူးထင်ခဲ့တဲ့ အိပ်မက်တွေက ပိုနီးကပ်လာနိုင်ပါတယ်။

Doodle လေးတွေ ဆွဲတာ၊ စိတ်ကူးအသစ်တွေ မှတ်သားတာ၊ ကိုယ့်အတွက် Journaling အချိန်လေးထားတာတွေကလည်း စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းက ဖန်တီးပေးနိုင်တဲ့ ပျော်ရွှင်မှုတွေပါပဲ…

စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းသာရှိရင် ကိုယ့်အတွေးတွေကို စနစ်တကျ စီစဉ်နိုင်တယ်၊ ကိုယ့်စိတ်ကူးတွေကို အသက်ဝင်အောင် ပုံဖော်နိုင်တယ်၊ ကိုယ့်အိပ်မက်တွေကို တစ်လှမ်းချင်း အကောင်အထည်ဖော်နိုင်ပါတယ်။

တစ်ခါတလေမှာ အစပြုမှုတစ်ခုအတွက် လိုအပ်တာက ပစ္စည်းအများကြီး မဟုတ်ပါဘူး။ စာမျက်နှာအလွတ်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်းကနေလည်း ကိုယ့်ရဲ့နေ့သစ်၊ စိတ်ကူးသစ်နဲ့ ဇာတ်လမ်းသစ်တစ်ပုဒ်ကို စတင်ရေးသားလိုက်ဖို့ပဲ လိုပါတယ်။

ကလေးငယ်များ၊ ကျောင်းသားကျောင်းသူများရဲ့ ပညာရေးခရီးလမ်းကို အထောက်အကူပြုနိုင်မယ့် စာရေးကိရိယာလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ဖို...
10/09/2026

ကလေးငယ်များ၊ ကျောင်းသားကျောင်းသူများရဲ့ ပညာရေးခရီးလမ်းကို အထောက်အကူပြုနိုင်မယ့် စာရေးကိရိယာလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားသူများအတွက် Beauty World Co., Ltd ရဲ့ အဖွဲ့ဝင်အသစ်အဖြစ် ပါဝင်နိုင်ရန် အောက်ပါရာထူးများ လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

1) 𝐇𝐑 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 - 𝐅𝐞𝐦𝐚𝐥𝐞 (𝟏) ဦး
2) 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐨𝐫 - 𝐌𝐚𝐥𝐞 𝐨𝐫 𝐅𝐞𝐦𝐚𝐥𝐞 (𝟏) ဦး
3) 𝐒𝐭𝐨𝐫𝐞 𝐒𝐭𝐚𝐟𝐟 - 𝐌𝐚𝐥𝐞 (𝟏) ဦး
4) 𝐒𝐜𝐫𝐢𝐩𝐭 𝐖𝐫𝐢𝐭𝐞𝐫 - 𝐌𝐚𝐥𝐞 𝐨𝐫 𝐅𝐞𝐦𝐚𝐥𝐞 (𝟏) ဦး

𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 ⬇️

- သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိရမည်
- Teamwork နှင့် အလုပ်လုပ်နိုင်ရမည်
- လုပ်ငန်းများကို လျင်မြန်စွာသင်ယူနိုင်ရမည်
- Communication ကောင်းရမည်
- သက်ဆိုင်ရာအလုပ်အပေါ်မှာ တာဝန်ယူမှုအပြည့်ရှိရမည်

အကျိုးခံစားခွင့်များ ⬇️

- Uniform
- Ferry
- Training
- KPI Percentage
- Attendance Allowance
- Annual Bonus

𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬 :
9:00 AM to 5:00 PM (Monday to Saturday)

𝐎𝐟𝐟 𝐝𝐚𝐲𝐬 : Sunday & Public Holidays

𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - အမှတ် B/8 ၊ မြရတနာလမ်း၊ မြစိမ်းရောင်စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

𝐏𝐡 𝐧𝐨. - 09 775 460 866 / 09 949 226 002

𝐄𝐦𝐚𝐢𝐥 : [email protected]

စိတ်ဝင်စား၍ လျှောက်ထားလိုပါက ဖော်ပြပါ Email နဲ့ Viber no. တို့ကို CV form များ‌ပေးပို့ လျှောက်ထားနိုင်ပါသည်။ JD အသေးစိတ်ကိုလည်း Viber တွင်‌မေးမြန်းနိုင်ပါသည်။

စာရေးကိရိယာလို့ ဆိုလိုက်ရင်‌ ခဲတံ၊ ဘောပင်နဲ့ စာအုပ်တွေက မပါမဖြစ်ပါပဲ။ ဒါပေမဲ့ စာလေ့လာရာမှာပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရာမှာပဲဖြ...
09/09/2026

စာရေးကိရိယာလို့ ဆိုလိုက်ရင်‌ ခဲတံ၊ ဘောပင်နဲ့ စာအုပ်တွေက မပါမဖြစ်ပါပဲ။ ဒါပေမဲ့ စာလေ့လာရာမှာပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရာမှာပဲဖြစ်ဖြစ် ပိုပြီးအသုံးဝင်စေတဲ့ စာရေးကိရိယာပစ္စည်းလေးတွေက နောက်ကွယ်ကနေ အမြဲတမ်းပံ့ပိုးပေးနေတတ်ပါတယ်။

Sticky Notes ရဲ့ အရေးကြီးတဲ့အပိုင်းတွေကို မှတ်သားထားနိုင်တဲ့ အရည်အချင်းတွေ၊
စာတစ်ပုဒ်၊ အလုပ်တစ်ခုရဲ့ လိုအပ်တဲ့နေရာတွေကို Highlight လုပ်ထားနိုင်တဲ့ Highlighter တွေ၊
စာရွက်စာတမ်းတွေကို အမျိုးအစားအလိုက် တသီးတသန့်စုစည်းထားနိုင်တဲ့ Paper Clips တွေက
သေးသေးလေးဖြစ်ပေမဲ့ နေ့စဉ်လုပ်ငန်းတွေကို ပိုမိုလွယ်ကူပြီး အစီအစဉ်ကျစေပါတယ်။

ဒီသေးငယ်တဲ့ စာရေးကိရိယာပစ္စည်းလေးတွေက စာလေ့လာချိန်မှာ အရေးကြီးတာတွေကို မလွတ်သွားစေဖို့၊ အလုပ်လုပ်ချိန်မှာ လိုအပ်တာတွေကို စနစ်တကျ စီမံနိုင်ဖို့နဲ့ နေ့စဉ်တာဝန်တွေကို ပိုမိုထိရောက်စွာ ပြီးမြောက်စေဖို့ ကူညီပေးတဲ့ powerful helper လေးတွေဖြစ်ပါတယ်။

Stationery ပစ္စည်းလေးတွေကို မှန်ကန်စွာ အသုံးချပြီး စာသင်ချိန်၊ အလုပ်ချိန်နဲ့ နေ့စဉ်ဘဝကို ပိုမိုစနစ်ကျပြီး ထိရောက်အောင် ဖန်တီးနိုင်ဖို့ Beauty World က အမြဲအတူရှိနေမှာပါ။

စက်တင်ဘာလ (၈) ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ စာတတ်မြောက်‌ရေးနေ့ (International Literacy Day)” ကို ကျွန်တော်တို့ ...
08/09/2026

စက်တင်ဘာလ (၈) ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ စာတတ်မြောက်‌ရေးနေ့ (International Literacy Day)” ကို ကျွန်တော်တို့ Beauty World Co., Ltd ကနေ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ခင်ဗျာ…

အရည်အသွေးပြည့်မီပြီး ဈေးနှုန်းသင့်တင့်တဲ့ စာရေးကိရိယာများကို နိုင်ငံအနှံ့ ဖြန့်ဖြူးနိုင်အောင် ကြိုးစားအားထုတ်လျက်ရှိပါတယ်။

“စာသင်ခန်းမှသည် ဘဝမှတ်တိုင်များဆီသို့” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကလေးတစ်ယောက်၊ လူငယ်လေးတစ်ယောက်ရဲ့ ပညာရေးလမ်းကြောင်းပေါ်မှာ အကောင်းဆုံး အထောက်အပံ့တစ်ခု ဖြစ်စေဖို့ အမြဲတမ်း ရည်ရွယ်ထားပါတယ်။

သင်ယူမှုတိုင်းက တန်ဖိုးရှိပါတယ်။ ဘယ်ပညာရပ်ပဲဖြစ်ဖြစ် တတ်မြောက်သည်အထိ လေ့လာသင်ယူနိုင်ဖို့ Beauty World က အနားမှာ အကောင်းဆုံးအဖော်အဖြစ် အမြဲတမ်း အတူရှိနေပေးသွားပါမယ်ခင်ဗျာ…

ကျောင်းသားဘဝတုန်းက ဘောပင်တစ်ချောင်း၊ ခဲဖျက်တစ်တုံး၊ စာအုပ်အသစ်လေးတစ်အုပ်ဆိုတာစာရေးဖို့အတွက်ပဲ မဟုတ်ခဲ့ပါဘူး။သူငယ်ချင်းနဲ...
04/09/2026

ကျောင်းသားဘဝတုန်းက ဘောပင်တစ်ချောင်း၊ ခဲဖျက်တစ်တုံး၊ စာအုပ်အသစ်လေးတစ်အုပ်ဆိုတာ
စာရေးဖို့အတွက်ပဲ မဟုတ်ခဲ့ပါဘူး။

သူငယ်ချင်းနဲ့ အတူတူ ဆင်တူကိုင်သုံးခဲ့တဲ့အချိန်တွေ၊ စာမေးပွဲနီးလို့ “ဒီဘောပင်လေး ကိုင်ဖြေရင် Lucky ဖြစ်တယ်” လို့ ယုံကြည်ခဲ့ရတဲ့ နေ့ရက်တွေ၊ Pencil Case အသစ်လေးကို ကျောင်းယူသွားဖို့ စိတ်လှုပ်ရှားခဲ့ရတဲ့ မနက်ခင်းတွေ…

ဒီလို စာရေးကိရိယာလေးတိုင်းမှာ အချိန်တစ်ခုရဲ့ ပျော်ရွှင်မှု၊ ရင်ခုန်မှုနဲ့ မေ့မရတဲ့ အမှတ်တရလေးတွေ ပါဝင်နေတတ်ပါတယ်။

တစ်ချိန်တုန်းက ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ဖူးသူတိုင်းအတွက် စာရေးကိရိယာလေးတွေဟာ အတိတ်ကို ပြန်လည်သတိရစေတဲ့ အမှတ်တရလေးတွေ ဖြစ်နေမှာပါ။

စာဖတ်သူတို့ရဲ့ ကျောင်းသားဘဝက အမှတ်ရဆုံး စာရေးကိရိယာ အမှတ်တရလေးက ဘာလဲ? Comment မှာ ပြန်မျှဝေပေးခဲ့ပါဦးနော်…

#စာရေးကိရိယာ #ကျောင်းသားဘဝ #အမှတ်တရ

စာသင်ချိန်ကျောင်းသားဘဝတည်းက အတူရှိခဲ့တဲ့ “သူ”စာသင်ချိန်တွေ၊ အတွေးတွေလွင့်မြောနေတဲ့အချိန်… စာမေးပွဲခန်းကနေစလို့ အလုပ်လုပ်...
02/09/2026

စာသင်ချိန်ကျောင်းသားဘဝတည်းက အတူရှိခဲ့တဲ့ “သူ”

စာသင်ချိန်တွေ၊ အတွေးတွေလွင့်မြောနေတဲ့အချိန်… စာမေးပွဲခန်းကနေစလို့ အလုပ်လုပ်ချိန်အထိ အမြဲတမ်းအတူတူရှိနေပေးခဲ့တဲ့သူက သူတစ်ယောက်တည်းပါပဲ။

ပျော်စရာတွေကို အတူတူမျှဝေရင်း၊ အပင်ပန်းဆုံးအချိန်တွေမှာလည်း အနားကနေထွက်ခွာမသွားဘဲ ရင်ဖွင့်သမျှကို ဂရုတစိုက်နားထောင်ပေးခဲ့တဲ့ သူ့ကိုအခုချိန်ထိ ကျေးဇူးတင်နေရပါတယ်။

ဘဝရဲ့စာမျက်နှာတိုင်းမှာ အမှတ်တရတွေကို ရေးပေးခဲ့သလို၊ အိပ်မက်တွေဆီကိုလည်း တစ်ကြောင်းချင်း နီးကပ်အောင် တွဲခေါ်ပေးနေခဲ့တဲ့ Ball Pen တွေက ကျွန်တော့်အတွက်တော့ စာရေးကိရိယာပစ္စည်းထက်ပိုတဲ့ အရေးအပါဆုံးသူငယ်ချင်းပါပဲ။

#စာရေးကိရိယာ

ဘောပင်တစ်ချောင်းရဲ့ အရည်အသွေးကို ဘယ်လိုသတ်မှတ်လေ့ရှိလဲ… ရေးလို့ကောင်းရုံနဲ့ ဘောပင်တစ်ချောင်းကို အရည်အသွေးကောင်းတယ်လို့ သ...
29/08/2026

ဘောပင်တစ်ချောင်းရဲ့ အရည်အသွေးကို ဘယ်လိုသတ်မှတ်လေ့ရှိလဲ…

ရေးလို့ကောင်းရုံနဲ့ ဘောပင်တစ်ချောင်းကို အရည်အသွေးကောင်းတယ်လို့ သတ်မှတ်လို့မရပါဘူး။

ဘောပင်ကောင်းတစ်ချောင်းဆိုတာ စာရေးတဲ့အခါ လက်ထဲမှာ ကိုင်ရတာ သက်သောင့်သက်သာရှိပြီး အချိန်ကြာကြာရေးနေရင်တောင် ညောင်းညာမှုမရှိဖို့ လိုပါတယ်။

အထူးသဖြင့် ကျောင်းသားတွေအတွက်ရော၊ အရေးကြီးတဲ့ အစည်းအဝေးတွေကြား Note မြန်မြန်မှတ်ရတဲ့အခါ လက်နဲ့တစ်သားတည်းဖြစ်ပြီး သက်သောင့်သက်သာရှိတဲ့ ဘောပင်တွေကသာ ပိုပြီး အသုံးဝင်စေမှာပါ။

စာရေးရာမှာ အနှောင့်အယှက်ဖြစ်တဲ့ မင်ထစ်တာ၊ မင်ပြတ်တာတွေ၊ လက်နဲ့ စာအုပ်တွေမှာ ပေပွစေတဲ့ မင်ယိုစိမ့်မှု တအားများတဲ့အချက်တွေက ဘောပင်တစ်ချောင်းရဲ့ အရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။

ဘောပင်တွေဆိုတာကတော့ Digital ခေတ်ကို ရောက်လာတဲ့အချိန်မှာတောင်မှ Note အကြမ်းမှတ်ဖို့နဲ့ ဦးနှောက်မှတ်ဉာဏ်ကို အထောက်အပံ့ပေးဖို့ လိုအပ်နေဆဲ အရာတွေပါပဲ။

စာဖတ်သူတို့ရော ဘောပင်တစ်ချောင်းဝယ်တဲ့အခါ ဘယ်လိုအချက်တွေကို အဓိကထားပြီး ဝယ်လေ့ရှိကြလဲ? Comment မှာ မျှဝေပေးခဲ့ပါဦးနော်…

ထင်းတစ်စည်းတည်းကို သားတစ်ယောက်ချင်းစီအားနဲ့ ချိုးဖို့ကြိုးစားပေမယ့် မချိုးနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ထင်းချောင်းတွေကို တစ...
28/08/2026

ထင်းတစ်စည်းတည်းကို သားတစ်ယောက်ချင်းစီအားနဲ့ ချိုးဖို့ကြိုးစားပေမယ့် မချိုးနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ထင်းချောင်းတွေကို တစ်ချောင်းစီခွဲလိုက်တဲ့အခါမှာတော့ အလွယ်တကူ ချိုးနိုင်သွားခဲ့ပါတယ်။

စာလေ့လာရာမှာပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရာမှာပဲဖြစ်ဖြစ် လိုအပ်တဲ့အရာတွေကို စနစ်တကျနဲ့ မှန်မှန်ကန်ကန်အသုံးပြုနိုင်လေလေ တာဝန်တစ်ခုက ပိုပြီး‌ရှေ့ရောက်လေပါပဲ…

ကျောင်းစာလေ့လာချိန်မှာ BOSS Stationery ရဲ့ ဘောပင်နဲ့ ခဲတံလေးတွေက စာရေးသားမှုကို ပိုမိုချောမွေ့စေပြီး လက်ရေးလှလှ ရေးနိုင်ဖို့ ကူညီပေးပါတယ်။

သန့်ရှင်းသပ်ရပ်တဲ့စားပွဲအတွက် File နဲ့ Magazine Container တွေလို Essential Stationery တွေက Deli ရဲ့ အဓိကတာဝန်ယူပေးထားမယ့်အပိုင်းဖြစ်ပါတယ်။

Oval နဲ့ဆိုရင်တော့ အမှားဆိုတာမရှိလောက်အောင် ပြင်ဆင်ပြောင်းလဲနိုင်ပြီး သင်ခန်းစာမှတ်စုတိုင်းကို သပ်သပ်ရပ်ရပ် ထိန်းသိမ်းနိုင်မှာပါ။

အဘိုးအိုနှင့် သားသုံးယောက်ရဲ့ သင်ခန်းစာလို တာဝန်တစ်ခုကို လွယ်လွယ်နဲ့ ပြီးပြည့်စုံအောင်ဆောင်ရွက်နိုင်ဖို့ Beauty World Co., Ltd ရဲ့ BOSS Stationery, Deli နဲ့ Oval Correction တို့က အမြဲတမ်း အတူရှိပေးနေပါတယ်ခင်ဗျာ…

စည်းကမ်းအလွန်ကြီးပြီး ကိုယ့်ရဲ့အလုပ်၊ စာသင်မှုနဲ့ Daily Routine တွေကို Plan ကျကျ လုပ်ဆောင်တတ်တဲ့ Virgo တို့ရဲ့ Season လေ...
24/08/2026

စည်းကမ်းအလွန်ကြီးပြီး ကိုယ့်ရဲ့အလုပ်၊ စာသင်မှုနဲ့ Daily Routine တွေကို Plan ကျကျ လုပ်ဆောင်တတ်တဲ့ Virgo တို့ရဲ့ Season လေး ရောက်ရှိလာပြီနော်။

Virgo Sign၊ တစ်နည်းအားဖြင့် ကန်ရာသီဖွား တွေကတော့ သပ်သပ်ရပ်ရပ်ရှိတာကို သဘောကျတတ်ပြီး အရာတစ်ခုလုပ်တိုင်း အကောင်းဆုံးရလဒ်ရအောင် ကြိုးစားတတ်သူတွေပါ။ Notes တွေ ရေးတဲ့အခါပဲဖြစ်ဖြစ်၊ စာရွက်စာတမ်းတွေ စုစည်းတဲ့အခါပဲဖြစ်ဖြစ် “လွယ်လွယ်ရှာလို့ရမယ်၊ သန့်သန့်ရှင်းရှင်းရှိမယ်” ဆိုတာ Virgo တို့အတွက် အရေးကြီးပါတယ်။

ဒါကြောင့် စနစ်ကျတဲ့ Lifestyle ကို ပိုပြီးအဆင်ပြေစေဖို့ Virgo တို့နဲ့ အလိုက်ဖက်ဆုံး Stationery Item 3 မျိုးကို ရွေးပေးလိုက်ပါတယ်…

1) အမှားလေးတစ်ခုတောင် မထားချင်တဲ့ Virgo တွေအတွက် သပ်သပ်ရပ်ရပ်လေး ပြင်လို့ရမယ့် Correction Tape

2) အသေးစိတ် Notes တွေကို တိတိကျကျနဲ့ ဖတ်လွယ်အောင် ရေးနိုင်တဲ့ Fine-tip Black Pens

3) Document တိုင်းကို နေရာတကျ သိမ်းဆည်းပြီး လိုအပ်ချိန်တိုင်း သပ်သပ်ရပ်ရပ်အသုံးပြုနိုင်မယ့် Document Folder

ကဲ… Virgo ရာသီဖွားလေးတို့ရော ဒီ 3 မျိုးထဲက ကိုယ့်ရဲ့ Daily Life မှာ မပါမဖြစ် Item က ဘာလေးဖြစ်မလဲ? Comment မှာ ပြောပြပေးသွားပါဦးနော်။

ဘောပင်ဆိုတာ ဒီလိုလေးမှ ရေးလို့ကောင်းတာလား… ? ဘောပင်ဆိုရင် လေးနစ်နေမှ ရေးရတာ ပိုထိမိပြီး ရေးလို့ကောင်းတယ်လို့ ပြောတဲ့သူတွ...
21/08/2026

ဘောပင်ဆိုတာ ဒီလိုလေးမှ ရေးလို့ကောင်းတာလား… ?

ဘောပင်ဆိုရင် လေးနစ်နေမှ ရေးရတာ ပိုထိမိပြီး ရေးလို့ကောင်းတယ်လို့ ပြောတဲ့သူတွေရှိသလို၊ ပေါ့ပေါ့ပါးပါးနဲ့ မြန်မြန်ဆန်ဆန် စာရေးနိုင်လို့ ပေါ့တာကိုမှ ရွေးဝယ်တဲ့သူတွေလည်း ရှိကြပါတယ်။

ကိုယ်တွေငယ်ဘဝတုန်းကတော့ ရိုးရိုးဘောပင်ကိုတောင် ခပ်လေးလေး ဖြစ်သွားအောင်လို့ Ballpen ကိုယ်ထည်ထဲကို သုံးပြီးသား Staples တွေထည့်ပြီးတော့တောင် ရေးခဲ့ဖူးပါတယ်။

စာဖတ်သူတို့ရော ဘယ်လိုရေးရတာကို ပိုကြိုက်လဲ၊ အခုထိရော Staples တွေ ထည့်ထားတဲ့ ဘောပင်လေးတွေ အိမ်မှာရှိသေးလား… ဖြေခဲ့ကြပါဦး…

Address

No. B-8, Mya Yadanar Road, Mya Sein Yaung Industrial Zone, Hlaing Thar Yar Township
Yangon
11121

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30
Saturday 08:30 - 16:30

Telephone

+9595130595

Alerts

Be the first to know and let us send you an email when Beauty World Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Beauty World Co., Ltd.:

Shortcuts

Share