09/10/2026
💥 ဒီကနေ့ခေတ်မှာ လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးလိုမျိုး အသေးအဖွဲ အသုံးစရိတ်လေးနဲ့ ကုန်ကျသွားမယ့် ၅,၀၀၀၊ ၁၀,၀၀၀ ကျပ်ကို အချိန်ကြာကြာ စိတ်နှလုံးမှာ စွဲမှတ်ကျန်နေရစ်မယ့် စာအုပ်တအုပ်အဖြစ် ပြောင်းလဲကြည့်လိုက်ပါ။
🔹 စာအုပ်တအုပ် ဆိုတာ စာမျက်နှာတွေနဲ့ စာလုံးတွေပဲ မဟုတ်ပါဘူး။
🔹 တခါတလေ ကိုယ် မရောက်ဖူးတဲ့ နေရာတခုကို ရောက်ခွင့်ပေးတယ်။
ကိုယ် မတွေ့ဖူးတဲ့ လူတယောက်ရဲ့ဘဝကို သိခွင့်ပေးတယ်။
ကိုယ် မခံစားဖူးတဲ့ ခံစားချက်တခုကို ခံစားကြည့်ခွင့်ပေးတယ်။
🔹 ဆရာ မြသန်းတင့် ပြောဖူးသလို—
“လူတယောက်ဟာ တဘဝတည်းမှာ ပန်းပဲသမား၊ ဆရာဝန်၊ ငှက်ခတ်သမား၊ အင်ဂျင်နီယာ အစရှိတာတွေ ပြိုင်တူ လုပ်လို့ မရဘူး။ အဲဒါကြောင့် ကျွန်တော်တို့ စာဖတ်ကြတယ်” တဲ့။
🔹 တကယ်တော့ ဒီစကားလေးက စာဖတ်ခြင်းရဲ့ အဓိပ္ပာယ်ကို တော်တော်လေး ပြည့်ပြည့်စုံစုံ ပြောပြနေပါတယ်။
🔹 ကျွန်တော်တို့ဟာ တဘဝတည်းနဲ့ ဘဝပေါင်းများစွာကို ကိုယ်တိုင် ဖြတ်သန်းလို့ မရပါဘူး။
ဒါပေမဲ့ စာအုပ်တအုပ်ကို ဖွင့်လိုက်တဲ့အခါမှာတော့—
ကိုယ် မကြုံနိုင်တဲ့ အခြားသူတွေရဲ့ဘဝထဲကို ခဏလောက် ဝင်ကြည့်လို့ ရတယ်။
🔸 သူတို့ရဲ့ ပျော်ရွှင်မှုတွေ...
🔸 ဝမ်းနည်းမှုတွေ...
🔸 ချစ်ခြင်းတွေ...
🔸 ဆုံးရှုံးမှုတွေ...
🔸 မျှော်လင့်ချက်တွေနဲ့
🔸 ရှင်သန် ရုန်းကန်ရမှုတွေကို သိလာရတယ်။
🔹 အခြားဘဝတွေအကြောင်း သင်ယူဖို့၊ ကိုယ် မကြုံနိုင်တဲ့ ဘဝတွေကို ခံစားကြည့်ဖို့ ကျွန်တော်တို့ စာဖတ်ကြပါတယ်။
🔹 ပြီးတော့ ရသစာပေက ကျွန်တော်တို့ကို ပေးနိုင်တဲ့အရာတခုက—
နှလုံးသားကို နူးညံ့စေတာပါ။
🔸 လူတယောက်ကို အလွယ်တကူ မဆုံးဖြတ်မိတော့အောင်၊
🔸 သူ့နေရာကနေ ဝင်စဉ်းစားတတ်လာအောင်၊
🔸 ကိုယ် မသိတဲ့ နာကျင်မှုတွေကို ကိုယ်ချင်းစာတတ်လာအောင် စာပေက သင်ပေးပါတယ်။
🔹 တခါတလေ ဘဝမှာ အကြံပေးမယ့်သူတောင် မလိုပါဘူး။
ကိုယ် ခံစားနေရတာကို နားလည်ပေးနိုင်မယ့် စာတကြောင်းလောက်ပဲ လိုတတ်ပါတယ်။
အဲဒီစာတကြောင်းကို စာအုပ်တအုပ်ထဲမှာ တွေ့လိုက်ရတဲ့အခါ—
“ဒီစာအုပ်ကို ဖတ်မိတာ တကယ် ကောင်းတာပဲ…”
လို့ ကိုယ့်ဘာသာကိုယ် တွေးမိတတ်ပါတယ်။
🔹 ဒါပေမဲ့ အခုလိုခေတ်မှာ စာအုပ်ကောင်းတအုပ် ဝယ်ဖို့ဆိုတာလည်း အရင်ကလောက် မလွယ်တော့ပါဘူး။
🔹 ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ နေ့စဉ်အသုံးစရိတ်တွေကလည်း တဖြည်းဖြည်း ပိုများလာတယ်။
၅,၀၀၀ ကျပ်၊ ၁၀,၀၀၀ ကျပ် ဆိုတာတောင် လွယ်လွယ်နဲ့ ကုန်သွားနိုင်တဲ့ငွေ ဖြစ်လာတယ်။
လက်ဖက်ရည်ဆိုင် တခါထိုင်ရင်းနဲ့ ကုန်နိုင်တယ်။
စားစရာတခုခု ဝယ်ရင်းနဲ့ ကုန်နိုင်တယ်။
နေ့စဉ် အသုံးစရိတ်လေးတွေနဲ့ပဲ မသိမသာ ပျောက်သွားနိုင်တယ်။
🔹 ဒါပေမဲ့ လူတယောက် အသက်ရှင်ဖို့အတွက် အစာအာဟာရကို မှီဝဲရသလိုပဲ—
အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်တော့ စာပေကို မှီဝဲကြရမယ်။
အစာအာဟာရက ခန္ဓာကိုယ်ကို အားဖြည့်ပေးသလို၊
စာပေကလည်း ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေကို အားဖြည့်ပေးပါတယ်။
🔹 တနေ့ပြီး တနေ့ စာဖတ်လာရင်းနဲ့
🔸 အတွေးတွေ ပိုကျယ်လာတယ်။
🔸 အမြင်တွေ ပိုပြည့်လာတယ်။
🔸 လူတွေအပေါ် နားလည်မှုတွေ ပိုရှိလာတယ်။
🔹 ပြီးတော့…
နှလုံးသားကလည်း နည်းနည်းချင်း ပိုနူးညံ့လာတယ်။
🔹 ဒါကြောင့် စာအုပ်တအုပ်ကို ဝယ်တဲ့အခါ
စာအုပ်တအုပ်ကိုပဲ ဝယ်တာ မဟုတ်ပါဘူး။
🔸 ဘဝတခုကို ဝယ်ယူနေတာပါ။
🔸 အတွေးတခုကို ဝယ်ယူနေတာပါ။
🔸 ကိုယ် မကြုံနိုင်တဲ့ အတွေ့အကြုံတခုကို ဝယ်ယူနေတာပါ။
🔹 ကုန်ဈေးနှုန်းတွေ ဘယ်လောက်ပဲ တက်တက်…
ကျွန်တော်တို့ စာဖတ်တာကိုတော့ မရပ်လိုက်ကြရအောင်။ 🤎
🔹 ကျွန်တော်တို့ တတ်နိုင်သလောက်
ကိုယ့်စိတ်အတွက်၊ ကိုယ့်အသိဉာဏ်အတွက်
စာအုပ်တအုပ်လောက်တော့ ချန်ထားကြရအောင်။
🔹 ဒီတခါတော့ ခဏတာနဲ့ ပျောက်သွားမယ့် ၅,၀၀၀၊ ၁၀,၀၀၀ ကျပ်ကို အချိန်ကြာကြာ စိတ်ထဲမှာ ကျန်နေမယ့် စာအုပ်တအုပ်အဖြစ် ပြောင်းလဲကြည့်ပါ။
🔹 ကိုယ် မနေထိုင်နိုင်တဲ့ ဘဝတွေကို ဖတ်ကြည့်ရင်း
ကိုယ့်ဘဝကိုယ် ပိုနားလည်လာကြပါစို့။ 🤎📚
📚 အခုဖော်ပြထားတဲ့ စုစည်းမှုလေးကို မှာယူလိုပါက Page messenger box တွင် လာရောက်မှာယူနိုင်ပါတယ်ဗျ။
💥 အထူး သတင်းကောင်း အနေနဲ့ အခုပို့စ်ပါ Set တခုလုံးကို မှာယူချင်သူများ အတွက် ပို့ခ အခမဲ့နဲ့ ပို့ဆောင်ပေးသွားပါ့မယ် ခင်ဗျာ။
#စာဖတ်ခြင်း #ဇလပ်နီစာပေ
#စာအုပ်များနှင့်အတူ_စိမ်းလန်းငြိမ်းချမ်းသော_အနာဂတ်နေ့ရက်များဆီသို့