စာပေလောက Junction City

Directions Website

စာပေလောက Junction City Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စာပေလောက Junction City, Book shop, Junction City ဗိုလ်ချုပ်စျေးသစ်, Yangon.

14/10/2026

ဆိုရီရေးဆစ်ရောဂါ

ဆိုရီရေးဆစ်ရောဂါသည် ယခင်က မြန်မာနိုင်ငံတွင် အဖြစ်နည်းသော အရေးပြားရောဂါတစ်မျိုး ဖြစ်သော်လည်း ယခုနောက် ပိုင်းတွင် ပို၍ အဖြစ်များလာကြောင်း တွေ့ရပါသည်။

အချို့သော လူနာများအနေဖြင့် ဆိုရီရေးဆစ်ရောဂါ ဖြစ်လို့ဖြစ်နေမှန်း မသိဘဲ အခြားသော အရေးပြားရောဂါများနှင့် မှားယွင်းသိရှိမှုကြောင့် ရောဂါမှာ မသက်သာပဲ ပို၍ ဆိုးရွားစွာ ခံစားရလေ့ ရှိပါသည်။

ယခုစာအုပ်တွင် ဆိုရီရေးဆစ်ရောဂါနှင့် ပတ်သက်သည့် ဗဟုသုတများသာမက ကုသပုံ ကုသနည်းမျိုးစုံကိုပါ စုံလင်စွာ ဖော်ပြပေးထားသဖြင့် စာဖတ်သူတို့ အတွက် အကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)
မှာယူလိုပါက စာပေလောက (Junction City)
ဖုန်း & Viber 09422579988

ဆရာ နိုင်ဇော်၏ ဥယျောဇဉ်         လောကတွင် ဆေးဘက် မဝင်သော သစ်ပင် မရှိချေ။ အညွန့် အရွက် အပွင့် အခေါက် အနှစ် အသီး အမြစ် သူ့န...
14/10/2026

ဆရာ နိုင်ဇော်၏ ဥယျောဇဉ်

လောကတွင် ဆေးဘက် မဝင်သော သစ်ပင် မရှိချေ။ အညွန့် အရွက် အပွင့် အခေါက် အနှစ် အသီး အမြစ် သူ့နည်း သူ့ဟန် ဆေးဘက် ဝင်သည်ချည်းသာ ဖြစ်သည်။ အသုံးဝင်လှသည့် အပင်ထွက် ပစ္စည်း အချို့ကို အာဟာရ အဖြစ် နေ့စဉ် မှီခို စားသုံး နေရလောက်အောင် အားကိုး အားထား ပြုရသည်။ အချို့ အပင်ထွက်တွေကတော့ အာနိသင် ပြင်းထန်လွန်း အားကြီးသည်။ အသုံး မတတ်ပါက အဆိပ်အတောက် ဖြစ်လိမ့်မည်။
ဆရာဝန် ဆိုသည်မှာ ကျောင်းဆရာ၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ ဘုန်းကြီး၊ စစ်သား၊ အနုပညာရှင်၊ အစ ရှိသူများ ကဲ့သို့ပင် အသက် မွေးမှု အတတ် တစ်ခုကို ကျွမ်းကျင်အောင် သင်ကြား ထားသူများ ဖြစ်သည်။ ဆရာဝန် မလုပ်သော ဆရာဝန် အချို့ ရှိကြသည် ဆိုတာ အဆန်း မဟုတ်ပါ။ ရှေ့နေ မလုပ် သော ရှေ့နေ၊ အင်ဂျင်နီယာ မလုပ်သော အင်ဂျင်နီယာ၊ ကဗျာ မရေးသော ကဗျာဆရာ အစရှိသည်များ လည်း ရှိနေကြသည်သား။
အချို့ ဆရာဝန်တွေက ဆေးကုသမှုကို စွန့်လွှတ်ပြီး သူတို့ ကျွမ်းကျင်ရာကို ဆောင်ရွက် အောင်မြင်ကြသည်။ အချို့ ဆရာဝန်တွေက ဆရာဝန် အလုပ်နှင့်သာ အသက်မွေးကြသည်။ အချို့လည်း ဆေးပညာ နယ်ပယ်ထဲမှာ နေရင်း ဝါသနာ ပါတာကို တွဲဖက် လုပ်ကိုင်ကြသည်။ ဆရာဝန် မလုပ်သော ဆရာဝန် အချို့ ထူးချွန် အောင်မြင်ကြသဖြင့် သူတို့လို ဆရာဝန် မလုပ်မှ ချွန်လိမ့် မွန်လိမ့်မည်လည်း မဟုတ်ပါ။ ဆေးပညာကို နဂိုတည်းက မကျွမ်းကျင် စိတ် မပါသည့် အချို့သော ဆရာဝန်တွေ ဆရာဝန် မလုပ်ကြသည့် အတွက် လူ့အဖွဲ့အစည်း၏ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေမှာ များစွာ သက်သာရာ ရသွားသည် ဟုလည်း ဆိုနိုင်စကောင်းသည်။ ဆေးပညာတွင် ကျွမ်းကျင် ပိုင်နိုင်သည့် ဆရာဝန် လုပ်သော ဆရာဝန် များစွာတို့က ဆေးပညာ နယ်ပယ်မှာ လူတကာ အားကျ ရလောက်အောင် ထင်ရှား ထူးချွန် အောင်မြင် ကျော်ကြားကြတာလည်း ရှိသည်။
မည်သည့် အသက်မွေးမှု မဆို စာသင်ခန်း နှင့် ပရိဝုဏ်တွင် သင်ကြား ရသော ပညာတွေက ဘဝမှာ ရပ်တည်ရင်း ဆက်လက် ဆည်းပူးဖို့ လုံလောက်သော အခြေခံ များစွာတို့ကို ပေးလိုက်သည်။ ယူတတ်ဖို့သာ လိုသည်။ ယူချင်ဖို့ သာ လိုသည်။ စာသင်ခန်း သို့မဟုတ် သင်ကြား သင်ယူ ရသည့် ပတ်ဝန်းကျင် မှ တစ်ဆင့် ဘဝထဲသို့ ဆက်လက် လျှောက်လှမ်း သွားရမည့် အင်အား အခြေခံကို ရနိုင်သည်။ တက္ကသိုလ်က သင်ရိုးညွှန်းတန်းပါ ပညာတွေကိုသာ သင်သည် မဟုတ်။ သင်ရိုးညွှန်းတန်း ပြင်ပ ပညာ အချို့ကိုပါ သင်ကြား ပေးလိုက်စမြဲ ဖြစ်သည်။
သို့ ပါသော်လည်း စာသင်ခန်း နှင့် ပရိဝုဏ် ဆိုတာက ပြီးပြည့်စုံသည် မရှိနိုင်။ စာသင်ခန်းထဲ ဝင်ရောက် လာကြကတည်းက ကွဲပြားသည့် နောက်ခံများ ပါလာခဲ့ပြီး ဖြစ်သည်။ စာသင်ခန်း နှင့်
ကျောင်း ဝန်းကျင်မှာ မိမိ လိုရာကိုသာ ရတတ်သမျှ ယူငင်ကြပြီး ရှည်လျားသော ကိုယ်ပိုင် ခရီးကို ဆက်ကြသည်။ အတွေ့အကြုံနှင့် ကျွမ်းကျင်မှု၊ တတ်သိမှုနှင့် ဉာဏ် အလင်းကို မိမိတို့ ဘာသာ ဘဝထဲမှာ ဆက်လက် ရှာဖွေ ယူရသည်။ တစ်သက်တာ သင်ယူမှူ ဟုပင် ဆိုတတ်ကြလေသေးသည်။ သို့အတွက် တစ်ဦး နှင့် တစ်ဦး လာရာတွေ မတူ သလို လားရာတွေ ခြားနားကြလေသည်။
လူ့သမိုင်း၊ ဆေးပညာ သမိုင်းမှာ ပထမဆုံး မှတ်တမ်းတင် စာရင်း ဝင်သည့် သမားတော်များ အနက် တစ်ဦး အပါအဝင် ဖြစ်သူ အီဂျစ် လူမျိုး အင်မ်ဟိုတက် (ဘီစီ ၂၇ ရာစု) ကိုယ်တိုင်သည်ပင် ဆေးကုသခြင်း သာမက ကဗျာ စာဆို၊ အင်ဂျင်နီယာ ဗိသုကာ၊ တရားသူကြီး၊ နက္ခတ် ကျွမ်းကျင်သူ၊ နန်းတွင်း အမတ်၊ ဘုန်းတော်ကြီး အစရှိသည့် မတူ ကွဲပြား ခြားနားသော အလုပ်အကိုင် အမျိုးမျိုး အဖုံဖုံတို့ကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သို့ အတွက် လူ့ သမိုင်းစဉ် တစ်လျှောက် နိုင်ငံတကာမှာ သမားတော်များသည် ဆေးကုသမှု နှင့် အသက် မွေးကြရင်း အခြား နယ်ပယ်များမှာ ပါဝင်ကြသလို အချို့လည်း လမ်းကြောင်း အသစ်များ ရှာဖွေခဲ့ကြသည်။ မျက်မှောက်ခေတ်မှာ ဆေးကုသမှသည်ပင် ကျွမ်းကျင်မှု အချို့ ထပ်မံ လိုအပ် လာခဲ့ရာ အချို့က အမြင့် တောင်တက် ဆရာဝန်၊ အချို့က ရေငုပ် ဆရာဝန်၊ အချို့က လေကြောင်း ပျံသန်းမှ ဆရာဝန်တွေ ဖြစ်လာကြသလို အချို့က စက်ရုပ် တီထွင်သူ အင်ဂျင်နီယာ ဆရာဝန်များ ဖြစ်လာသည်။ ဆရာဝန် စာရေးဆရာ၊ ဆရာဝန် ပန်းချီဆရာ၊ ဆရာဝန် သရုပ်ဆောင်၊ ဆရာဝန် အဆိုတော်၊ ဆရာဝန် ဂီတဆရာတွေ ပေါ်လာတာ မဆန်းလှသော်လည်း ဆရာဝန် ကာယဗလ မောင်များ၊ ဆရာဝန် လက်ဝှေ့သမား၊ ဆရာဝန် ဘောလုံး ချန်ပီယံများလို မထင်မှတ်သော နယ်နိမိတ် အထိ ရောက်ရှိ ထွန်းပေါက် အောင်မြင် သွားကြတာလည်း တွေ့ရသည်။ နိုင်ငံရေး နယ်ပယ်ကား ဆိုဖွယ် မရှိ၊ ဆရာဝန်တွေ ရောက်ရှိ စွမ်းဆောင်ကြသည်။
မြန်မာနိုင်ငံတွင် ၁၉၆ဝ ပြည့်နှစ်များ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်က ပေါ်ပေါက် လာခဲ့သည့် စနစ်သစ် ပညာရေး အရ အခြေခံ ပညာရေး အလယ်တန်းကတည်းက အမှတ် အနည်း အများ အလိုက် ဝိဇ္ဇာ နှင့် သိပ္ပံ ဟု ခွဲခြားခဲ့သည်။ ဝိဇ္ဇာ အတွဲ ရရှိသူများ သိပ္ပံ ဘာသာရပ်များ သင်ကြားခွင့် မရတော့ချေ။ တက္ကသိုလ်များကိုလည်း သက်မွေးဝမ်းကျောင်း တက္ကသိုလ်များ နှင့် ဝိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ်များ ဟု ခွဲခြားပြီး အမှတ် စနစ် နှင့် ဝင်ခွင့် ပြုခဲ့ပြန်ရာ ဆေးတက္ကသိုလ်များသည် မလိုအပ်ပါဘဲနှင့် တက္ကသိုလ် ဝင်တန်း စာမေးပွဲ အမှတ် အများဆုံး ရရှိသည့် သိပ္ပံ အတွဲ ကျောင်းသားများကို လက်ခံရာ ဖြစ်လာခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် နှစ်ပေါင်း ၅ဝ ကျော် လာသည့် လက်ရှိ အချိန်ထိအောင် အခြေခံအားဖြင့် များစွာ မပြောင်းလဲနိုင်သေးပဲ တည်ရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် ဆင်း ဆရာဝန်များ အကြားမှာ နိုင်ငံတကာ ဖြစ်စဉ် အတိုင်းပင် ဆေးကုသ နှင့် အသက် မွေးသူ မွေးကာ အောင်မြင်ကြသလို မတူ ခြားနားသော လမ်းကြောင်း များစွာတို့ကို ရွေးချယ် လျှောက်လှမ်း သွားကြသူတွေလည်း အမျိုးမျိုး ပေါ်ပေါက်ခဲ့ကြတာ အများ အသိပင် ဖြစ်ပြီး သီးခြား စာတစ်စောင် တစ်ဖွဲ့ ရေးသား ပြုစုစရာ ပင် ဖြစ်သည်။ နိုင်ငံတကာ ဖြစ်စဉ် အတိုင်း လိုင်းကွဲ အမျိုးမျိုးစီ ရောက်ရှိခြင်းက ဆန်းပြားသည် ဟု မဆိုသာသော်လည်း နှစ်ပေါင်း ၅၀ ကျော်မျှ မြန်မာနိုင်ငံ ဆေးတက္ကသိုလ်များသည် တက္ကသိုလ်ဝန်တန်း စာမေးပွဲ အမှတ် အများဆုံး ကျောင်းသားများကို လက်ခံ သင်ကြားကာ ဆရာဝန်များ ဖြစ်အောင် လေ့ကျင့် သင်ကြား ပေးခဲ့ခြင်းသည် လူသားအရင်းအမြစ်များ ဆုံးရှုံးရာ ထောင်ခြောက် တစ်ခု ဖြစ်ခဲ့သည် ဟုလည်း ဆိုနိုင်စကောင်းသည်။ သီးခြား ရှုမြင် သုံးသပ် ရမည့် ဧရိယာ တစ်ခု ဖြစ်ပါသည်။
သည် စာအုပ်မှာတော့ နိုင်ငံတကာက ထင်ရှား ထူးချွန်သည့် ဆရာဝန် (၃ဝ) ဦး၏ ဘဝ ရုပ်ပုံလွှာ အချို့ ကို ရေးဆွဲ ကြည့်လိုက်ပါသည်။ စုံလင်လှသည် မဟုတ်သော်လည်း ၁၉ ရာစု မှသည် ၂၁ ရာစု အထိ ထိုသူတို့၏ သြဇာ လွှမ်းမိုးမှုများ အထင်အရှား ရှိနေသည်။ နေရာ ဒေသ အနေနှင့် အာရှ ၊ အာဖရိက၊ ဥရောပ၊ အမေရိက၊ လက်တင် အမေရိက နိုင်ငံ ပေါင်းစုံ၊ နောက်ခံ မျိုးစုံ၊ လျှောက်လှမ်းပုံ အလီလီ ဖြစ်သည်။ မွေးနေ့ အလိုက် စီစဉ် ထားပေးရာ အစောဆုံး ၁၈၁၃ မွေးဖွားသူ နှင့် နောက်အကျဆုံး ၁၉၆၅ ခုနှစ် မွေးဖွားသူ အထိ နှစ်ပေါင်း ၁၅ဝ ခန့် ကို ဖြန့်ကျက်သည်။ အချို့က ဆရာဝန် အလုပ်အကိုင်နှင့် ထင်ရှား ထူးချွန်သည်။ အချို့က ဆရာဝန် အလုပ်ကို ဆက်လုပ်ရင်း ထူးချွန်ရာကို လုပ်ကိုင်သည်။ အချို့ကတော့ သူတို. ထူးချွန်သည့်ဘက်ကို ကူးပြောင်း သွားကြသည်။ ထူးချွန်သည် ဆိုရာမှာ သမားရိုးကျအားဖြင့် အကောင်း အလင်းဘက်ကို အားသာသည် ဟု ထင်ရသည့်တိုင် ခြွင်းချက် အဖြင့် အဆိုး အမှောင်လည်း ဖြစ်နိုင် ရှိနိုင်သေးသည်သာ။
ဆရာဝန် (၃၀) ဦး စလုံး ကိုယ် ရွေးချယ် လိုက်ကြသည့် လမ်းမှာ ကိုယ် ယုံကြည်ရာ ကိုယ့် တရားနှင့် လျှောက်လှမ်းခဲ့ကြသည်။ သူတို့. ဘဝတွေက အံ့ဩစရာ ကောင်းလောက်အောင် အမျိုးမျိုး အဖုံဖုံ စုံလင်လှသည်။ အများစုက လောကကို တိုးတက်အောင် တည်ဆောက် ပေးကြသည်။ အချို့က တောက်ပစွာ ပွင့်ဖူး အလှ ဆင်ကြသည်။ အချို့က ပြောင်မြောက်စွာပင် ကိုယ်ကျိုးစွန့်. အနစ်နာ ခံ သွားကြသည်။ အချို့ အနည်းစုကတော့ အမည်းစက် ပမာ စွန်းထင်းကြသည်။ အဆိပ်အတောက် သဖွယ် ဖျက်ဆီး တာပင် ရှိသေးသည်။ ထင်ရှားသည်၊ ထူးချွန်သည် ဆိုတာကလည်း ဆေးဘက်ဝင် အပင်များ ကဲ့သို့ ပင်။ သမ္မာနှင့် မိစ္ဆာ သဘော ကိန်းဝပ်နေကြသည်။ အမှောင် ရှိသဖြင့် အလင်း၏ သတ္တိက ပိုပြီး ထင်ရှား လာရလေသည်။

နိုင်ဇော်
၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက်

လူသားအကျိုးပြု ပျားမျိုးစုပျားသည် အင်းဆက်ပိုးတစ်မျိုးသာဖြစ်သော်လည်း လူသားတို့၏ကျန်းမာရေးအတွက် ပျားရည်၊ ပျားနို့၊ ပျားဝတ်...
14/10/2026

လူသားအကျိုးပြု ပျားမျိုးစု

ပျားသည် အင်းဆက်ပိုးတစ်မျိုးသာဖြစ်သော်လည်း လူသားတို့၏ကျန်းမာရေးအတွက် ပျားရည်၊ ပျားနို့၊ ပျားဝတ်မှုန်၊ ပျားကော်နှင့် ပျားဖယောင်း တို့ကို ထုတ်လုပ်ပေးခြင်းဖြင့် များစွာအကျိုးပြုလျက် ရှိပါသည်။

အဆိုပါ ပျားထွက်ပစ္စည်းများဖြင့် ရောဂါများကုသခြင်းကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြ ပါသည်။ နောက်ဆုံး ပျားတုပ်ခံရသူပင် ပျားဆိပ်ကြောင့် ခန္ဓာကိုယ်ရှိရောဂါအချို့ကို သက်သာပျောက်ကင်း စေကြောင်း တွေ့ရှိခဲ့ရသည်။

ထိုမှမက ကမ္ဘာပေါ်ရှိသစ်ပင်ပန်းပင်များ မျိုးအောင်စေရန်အတွက် ဝတ်မှုန်ကူးခြင်းအလုပ်ကို လုပ်ဆောင်ပေးခြင်းကြောင့် ကမ္ဘာကြီးစိမ်းလန်းစိုပြေ၍ စားနပ်ရိက္ခာထုတ်လုပ်ရေး၌လည်း ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိကြပါသည်။ ဤသို့သော ဂုဏ်ဒြပ်များပိုင်ဆိုင်လျက်ရှိသည့် ပျားမျိုးစုအားလုံးကို ဂုဏ်ပြုသောအားဖြင့် ဤစာအုပ်ကိုရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

မှာယူလိုပါက စာပေလောက (Junction City) ဖုန်း & Viber 09422579988

သင်က တချိန်လုံး အပြင်ထွက်နေရလို့ နွေရာသီရဲ့ အပူဒဏ်၊ မိုးရွာထဲသွားရလို့  အိုက်စက်မှု၊ မီးပျက်လို့ ချွေးသံရွှဲရွှဲဖြစ်ရတဲ့...
14/10/2026

သင်က တချိန်လုံး အပြင်ထွက်နေရလို့ နွေရာသီရဲ့ အပူဒဏ်၊ မိုးရွာထဲသွားရလို့ အိုက်စက်မှု၊ မီးပျက်လို့ ချွေးသံရွှဲရွှဲဖြစ်ရတဲ့ အခိုက်အတန့်တွေနဲ့ အရေးပေါ် ဓာတ်မီး၊ ဖုန်းအားသွင်းဖို့အတွက် ပါဝါဘဏ် ... ဒီလို ပြဿနာတွေကို တစ်ပြိုင်နက်တည်း ဖြေရှင်းပေးမယ့် အလွန်အသုံးဝင့်မည့် Smart gadget တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
​
ကျွန်တော်တို့ရဲ့ 3 in 1 smart ခါးချိတ် fan ဟာ သာမန်ပန်ကာမဟုတ်ပါဘူး။ ခေတ်မီနည်းပညာနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Smart gadget တစ်ခုပါ။

ပူအိုက်တဲ့ဒဏ်ကို အေးမြစေဖို့ လေအားအဆင့် 5 ဆင့် နဲ့ အမြဲတမ်း ပံ့ပိုးပေးနိုင်ပါတယ်။ 10000 mAh ပါဝင်လို့ သင့်ကို 24နာရီ ပတ်လုံး အေးမြမှုကိုရရှိ‌စေနိုင်တဲ့အပြင် ဒီပန်ကာထဲမှာ ပါဝင်တဲ့ 10000 mAh စွမ်းဆောင်ရည်မြင့် ဘက်ထရီက သင့်ဖုန်းကို အရေးပေါ်အချိန်တွေမှာ အားပြန်သွင်းပေးနိုင်တယ်။ မီးပျက်လို့ပဲဖြစ်ဖြစ်၊ outdoor ထွက်တဲ့အခါမှာပဲဖြစ်ဖြစ် အလင်းရောင်လိုအပ်တဲ့အခါ ဓာတ်မီးအဖြစ် အသုံးပြုနိုင်ပါ‌သေးတယ်။

• သင်က fashion ကိုကြိုက်နှစ်သက်သူ ဆိုပါက Jacket, Coat နဲ့ မိုးကာအင်္ကျီ အောက်တွင် တပ်ဆင် အသုံးပြုခြင်းဖြင့် သင့်အားလန်းဆန်းအေးမြစေနိုင်ပါတယ်။
• ပေါ့ပါးတဲ့ဒီဇိုင်းကြောင့် လည်ပင်းမှာ ဆွဲပြီး သွားရင်းလာရင်း အသုံးပြုနိုင်ပါတယ်။
• ​Indoor မှာလဲ စာဖတ်ချိန် ဒါမှမဟုတ် အလုပ်လုပ်ချိန်မှာ စားပွဲပေါ် တင်ပြီး အသုံးပြုနိုင်ပါတယ်။

ပူအိုက်မှုဒဏ်၊ ဘက်ထရီအားကုန်မှာ စိုးရိမ်မှုနဲ့ အမှောင်ထုရဲ့ စိုးရိမ်မှုတွေကနေ တစ်ပြိုင်တည်း လွတ်မြောက်ဖို့ဆိုရင် ဒီ 3 in 1 smart ခါးချိတ် fan လေးက သင့်ရဲ့ အကောင်းမွန်ဆုံး အဖော်မွန်ပဲဖြစ်ပါတယ်။

ဈေးကတော့ 120000/- ကျပ်ဖြင့် ရန်ကုန်၊ မန္တလေးမြို့တို့မှာ in-stock ဝယ်ယူ အားပေးနိုင်ပါတယ်။ အရောင်အ‌နေကတော့ လိမ္မော်၊ မီးခိုး နဲ့ စိမ်းပုတ် ဆိုပြီရွေးချယ်စရာ 3 ရောင်ရှိပါတယ်။
YGN 09422579988
MDY 09775488886

ဆေးဖက်ဝင် ရှီးပဒီးဤစာအုပ်တွင် သဘာဝအလျောက်ဖြစ်ပေါ်လာပြီး အလွန်ရှားပါးအဖိုးတန် မှိုမျိုးစိတ်တစ်မျိုးဖြစ်သည့် ဆေးဖက်ဝင် ရှီ...
14/10/2026

ဆေးဖက်ဝင် ရှီးပဒီး

ဤစာအုပ်တွင် သဘာဝအလျောက်ဖြစ်ပေါ်လာပြီး အလွန်ရှားပါးအဖိုးတန် မှိုမျိုးစိတ်တစ်မျိုးဖြစ်သည့် ဆေးဖက်ဝင် ရှီးပဒီး အကြောင်းသိကောင်းစရာများကို မည်သူမဆို လွယ်ကူစွာ ဖတ်ရှု သဘောပေါက်နားလည်နိုင်စေရန် ရေးသားဖော်ပြထားပါသည်။

ဆေးဖက်ဝင်ရှီးပဒီး စတင်ပေါ်ပေါက်လာသည်မှအစပြု၍ မည်သည့်ရောဂါများတွင် အသုံးပြု နိုင်သည်တို့ကို လေ့လာပြီး စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ကချင်ပြည်နယ်၏ ရေခဲတောင်များတွင် သဘာဝအလျောက်တွေ့နိုင် သော်လည်း သိပ္ပံနည်းကျ မွေးမြူထုတ်လုပ်နိုင်ပါက ဒေသခံများအတွက် ဝင်ငွေကောင်းနိုင်သော တန်ဖိုးကြီးပစ္စည်းတစ်ခုဟု ဆိုချင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

မှာယူလိုပါက စာပေလောက (Junction City) ဖုန်း & Viber 09422579988

ဆေးဖက်ဝင် ရှီးပဒီးဒေါက်တာခင်မောင်လွင် (FAME)မှာယူလိုပါက စာပေလောက (Junction City) ဖုန်း & Viber 09422579988
14/10/2026

ဆေးဖက်ဝင် ရှီးပဒီး

ဒေါက်တာခင်မောင်လွင် (FAME)

မှာယူလိုပါက စာပေလောက (Junction City) ဖုန်း & Viber 09422579988

ဒေါက်တာခင်မောင်လွင် (FAME) စာအုပ်များမှာယူလိုပါက ....စာပေလောက Junction City တွင်ရရှိနိုင်ပါသည်...Phone&Viber 09-42257998...
14/10/2026

ဒေါက်တာခင်မောင်လွင် (FAME) စာအုပ်များ

မှာယူလိုပါက ....

စာပေလောက Junction City

တွင်ရရှိနိုင်ပါသည်...

Phone&Viber 09-422579988

အခန်း (၁)          မိဖြူ၊ မွေးကတည်းက ပါလာတဲ့ ဆံပင်တွေ၊ ဘော်ငွေသား လို ဖွေးဖွေးဖြူအိ နေခဲ့တာ၊ ကျိန်စာ တစ်ခုခု သင့်ထားသလို...
13/10/2026

အခန်း (၁)
မိဖြူ၊ မွေးကတည်းက ပါလာတဲ့ ဆံပင်တွေ၊ ဘော်ငွေသား လို ဖွေးဖွေးဖြူအိ နေခဲ့တာ၊ ကျိန်စာ တစ်ခုခု သင့်ထားသလိုပဲ။ အံ့အား သင့်ဖို့ ကောင်းတယ်။ ပိုးချည်မျှင် ပမာ နူးညံ့တယ်။ ရွှေဖြူ
နန်းကြိုး လေးတွေ... ခတ်ထားတဲ့ အလား သဏ္ဍာန် အရောင် လင်းလက် သမို့ မြင်သူ တွေ့သူတိုင်း ရင်သပ် ရှုမောကြ ရတယ်။
တစ်သက်တာမှာ အမေ့ မျက်နှာကို တစ်ကြိမ် တစ်ခါမျှ မိဖြူ၊ မတွေ့ခဲ့ ရ။ အမေ့ ရင်ခွင်မှာ မိဖြူ၊ မနွေးထွေး ရ။ အမေ့ နို့ချို မိဖြူ၊ မချိုမြိန်ခဲ့ ရတဲ့ အေးစက်၊ နာကြည်း၊ ခါးသီး ပေးဆပ်မှ အတွက်နဲ့ပဲ ဟောသလို မှော်ပဉ္စလက် တန်ခိုး အလှမျိုးကို ပိုင်ဆိုင် ခွင့်များ ရခဲ့ပါလေ သလား။
အပြော ကျယ်လှတဲ့ လောက နယ်၊ သောက အလယ်မှာ သည် ... သမီးချောလေးကို ထားရစ်ခဲ့ပြီး ဝိညာဉ် လွင့်သွားခဲ့ရတဲ့ အမေ။
အမေ…။
အမေ…။
အမေ…။
အမေ… ခေါ်သံ။
မိဖြူ၊ နှလုံးသား ကွက်လပ်ထဲမှာ အမြဲ မပြတ် ပဲ့တင် ထပ်နေတယ်။ ဟိုး . . အဝေးမှာ မိုးကြိုးသံလို ထစ်ချုန်း ရိုက်ခတ် မြည်ဟည်း နေတတ်တယ်။
ဒါပေမဲ့လည်း အနီးနားမှာတော့ဖြင့် ... ကုန်းမြင့် မြက်ခင်း လွင်ပြင်ထဲက လေတိုက်ခတ်သံ တဝီဝီ။
ဖေကြီးနဲ့ မိထွေးတို့ အမဲလိုက် ကွင်းဆင်း သွားကြတဲ့ မြင်းခွာသံ တဖြောင်းဖြောင်း။
သားရေစိမ်း ကြာပွတ်သံ တရွှမ်းရွှမ်း။
ကြာပွတ်တို့ အသံ ကျယ်လောင်လေလေ မြင်းများ အပြေး မြန်ဆန် လေလေ။
တောခြောက် ဟစ်ကြွေးသံတွေ။
သားကောင်ရဲ့ စူးရှ နာကျင် ညည်းတွားသံ။
အထိန်းတော်ကြီး ရင်ခွင်ထဲမှာ ပုံပြင်လေးတွေ နားဆင်ရင်း နဲ့ မိဖြူ ချော့သိပ် ခံခဲ့ရတယ်။ မိဖြူ ရဲ့ ဝိညာဉ် အခန်း လွတ်တွေကို သည်အတိုင်းပဲ မင်းတုံး ချပိတ်ခဲ့တယ်။
အဲသလို နည်းလမ်းမျိုးနဲ့ မိဖြူ ကြီးပြင်း လူလားမြောက် လာခဲ့ရတယ်။
မိဖြူ ရဲ့ အဖော် အပေါင်း၊ မိဖြူရဲ့ ပြတင်းပေါက် လေညင်း၊ မိဖြူ ရဲ့ ခြေနင်း စကြာဟာဖြင့် မြင်းနက် မဟူရာပေါ့ရှင်။
မဟူရာ မြင်းနက်ကြီးကို မိဖြူ၊ ဒုန်းစိုင်း စီးနင်း သွားတဲ့ အခါများ ကျရင် ကုန်းမြင့် မြက်ခင်း လွင်ပြင် ဒေသ တစ်ခွင်လုံး လည်း တိုက်ခတ်လို့။ မြက်ရိုင်းပင်တွေက တသိမ့်သိမ့် လှိုင်းထ တုန်ခါ နေမယ်။ ပန်းပွင့်လေးတွေ ခေါင်း တဆတ်ဆတ် ညိတ် နေမယ်။
မိဖြူလေးရဲ့... ငွေ ဆံပင်တွေလည်း ဖားလျား ကျလို့။ သံမဏိ မီးတောက် လျှပ်စီး လက်နေသလိုမျိုး တလွင့်လွင့်ပဲပေါ့။
မိဖြူရဲ့ အသားအရေက ပန်းနုရောင်။ လွင်ပြင် လေကြမ်း
တိုက်စား ထားတဲ့ အခါများမှာ ပါးပြင် နှစ်ဘက်စလုံး ရဲရဲ နီမြန်း လာတတ်တယ်။
မိဖြူ မျက်ဝန်းက ညိုပြာရောင်။ ဝမ်းနည်းတဲ့ အခါ အညို မှိုင်းမှိုင်းမှုန်သွားတတ်တယ်။ ပျော်ရွှင်တဲ့ အချိန်၊ ဒေါသ ထွက် ချိန်များမှာ အပြာနုရောင် လင်းလက် လာတတ်တယ်။
မိဖြူ ဝတ်လိုက် ဆင်လိုက်ရင်လည်း အမြဲတမ်း လိုလိုပဲ မိုးပြာရောင် ဖျော့တော့တော့လေး။ တကယ့် မိုးကုတ်စက်ဝိုင်း အောက်ခြေ အစွန်း အစပ် နားက ပြာပါတယ် ဆိုနိုင်ရုံ အရောင် မှိန်မှိန် မှေးမှေးလေး။
ဟိုး . . . ဝေး . . . လှမ်းလှတဲ့ ရေးရေး ပျပျ သီးနှံ ကောက်ပဲ အခင်းတွေထဲမှာ မြေနီ အလိမ်းလိမ်း အကျံကျံ ဖြစ်နေ သူတွေဟာ မြက်ခင်း လွင်ပြင်ကြီးရဲ့ အလျားလိုက် ပိုးပဝါ တစ်စ၊ မီးတောက် မီးလျှံ တစ်ခုလို၊ လွင့်ဖြတ် သွားတဲ့ အရာကိုပဲ အံ့အာသရဲ လှမ်းပြီး ကြည့် နေမိကြမယ်။
မြေသား ထဲက ပေါက်ဖွား ဖန်ဆင်း ခံထား ရတဲ့ လူသား။ နောက်ဆုံးကျတော့ မြေကြီး ရင်ခွင်ထဲကိုပဲ အရိုး ပြာစ ကြွေကျ ... ရမယ့် မြေမှုန့် စား။ သီးနှံ ကောက်ပဲခင်းနဲ့ ကြိတ်ဆုံ ဝင်ရိုးမှာပဲ တစ်ရစ်ဝဲဝဲ လှည့်ပတ် နေရတဲ့ သံသရာ။ သူတို့ တစ်တွေရဲ့ ရှင်သန် ခွင့် တဒင်္ဂမှာ ရင်ခွင်ထဲက ပွင့်ကန် လှိုင်းခတ် သီဖွဲ့မိကြတဲ့ ဝေဒနာ သီချင်းဟာ မိဖြူ အကြောင်းပဲ ဖြစ်ဖို့ များတယ်။
အဲသည့် ဒဏ္ဍာရီ သီချင်း ခေါင်းစဉ်ဟာ ‘ဆံဖြူမယ်” ဆိုတဲ့ အမည် နာမ ဖြစ်ချင်လည်း ဖြစ်မယ်။
အင်မတန် ဆန်းကြယ် နက်နဲ၊ ဆွတ်ပျံ့ ကြည်နူးဖွယ်လည်း ကောင်းလိမ့်မယ်။
လွမ်းမောဖွယ်ရာ။
ဒါပေမဲ့လို့ သူတို့တစ်တွေ ဆွဲဆွဲငင်ငင် သီဆိုလိုက်တဲ့ လေးတွဲ့ တေးသံ အပြာများကို ကျကျနန နားဆင်ဖူးသူတော့လည်း တစ်ဦး တစ်ယောက်မှဖြင့် မရှိခဲ့ပေဘူး။

နိုင်ဇော်
၂၀ ရက်၊ ဧပြီလ၊ ၁၉၈၉ ခုနှစ်

ဆရာ နိုင်ဇော်၏ ဥယျောဇဉ်         ၁၉၉၉ ခုနှစ် ဆိုတာကို အသံကြားလိုက်ရလျှင်ပင် ရင်ခုန်ချင်စရာ ကောင်းသည်။         ၂၀၁၄ - ၂၀၁၅...
12/10/2026

ဆရာ နိုင်ဇော်၏ ဥယျောဇဉ်

၁၉၉၉ ခုနှစ် ဆိုတာကို အသံကြားလိုက်ရလျှင်ပင် ရင်ခုန်ချင်စရာ ကောင်းသည်။
၂၀၁၄ - ၂၀၁၅ ခုနှစ်မှ တွက်ကြည့်လျှင် လွန်ခဲ့သော ၃၅ နှစ်။
၁၉၇၉ ခုနှစ်သည် ကမ္ဘာသမိုင်းကို နည်းပေါင်းစုံနှင့် အလှည့် အပြောင်း အချိုးအကွေ့တွေ ဖြစ်ပေါ်စေခဲ့သည်။ ၁၉၇၉ ခုနှစ်သည် ၁၉၇ဝ ပြည့်နှစ်များ၏ နောက်ဆုံး နှစ် ဖြစ်ပြီး လွန်စွာ စိတ်လှုပ်ရှားစရာ ကောင်းသော ၁၉၈ဝ ပြည့်နှစ်များဆီသို့ လက်ဆင့် ကမ်း ကူးပြောင်းလုဆဲဆဲ အချိန် ဖြစ်သည်။
၁၉၇၉ ခုနှစ်မှ ဆယ်စုနှစ် တစ်ခု အကြာ ၁၉၈၈-၈၉ ခုနှစ်သည် ၁၉၇၉ ခုနှစ်မှ ခြေလှမ်း တစ်ဆင့် လှမ်းတက်လိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
ယခု အချိန်မှာတော့ ခြေလှမ်း များစွာ ခရီး ရောက်ခဲ့ပြီ ။

လူ့သမိုင်းသည် နှစ်ပေါင်း ၁ဝဝ အတွင်းမှာ သိသာ ထင်ရှားစွာ ပြောင်းလဲသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ ဖြစ်သည့် ၁၉၁၄-၁၅ ခုနှစ်ကို ပြန်ကြည့်လျှင် မယုံကြည်နိုင်စရာ ကမ္ဘာ ပေါ်တွင် နယ်ချဲ့ အရင်းရှင် စနစ်သာ ကြီးစိုးဆဲ ဖြစ်သည်။ နိုင်ငံ များစွာတို့သည် နယ်ချဲ့ လက်အောက်တွင် ကျွန်သဘောက် ဘဝ ကျရောက်ကာ အချို့ နိုင်ငံများက အင်ပါယာ အချို့၏ အစိတ်အပိုင်းသာ ဖြစ်နေခဲ့ပြီး မွေးဖွား လာခဲ့ခြင်းပင် မရှိသေးချေ။ ဥပမာ အားဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေးနှင့် အာရပ်နိုင်ငံ အများစုသည် လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ တုန်းက ဖြစ်တည်ခဲ့ခြင်း မရှိသေးချေ။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ ကအဖြစ်အပျက်တစ်ခုသည်ပင်မျက်မှောက်ကာလသမိုင်းအခြေအနေဆီသို့ ရောက်ရှိ လာအောင် လွှမ်းမိုး ပို့ဆောင် ပေးနိုင်ခြင်း ရှိကောင်း ရှိနိုင်သည်။ ဥပမာအားဖြင့် ၁၉၁၅ ခုနှစ်တွင် မွေးဖွားခဲ့သော ဗိုလ်ချုပ် အောင်ဆန်းကြောင့် မြန်မာနိုင်ငံ၏ လက်ရှိ သမိုင်း အဖြစ်အပျက်များ ပြောင်းလဲ လာခဲ့ခြင်းမျိုး ဖြစ်သည်။

ကျွန်တော် ငယ်စဉ်က စာပေဗိမာန် စာစဉ် အဖြစ် ထုတ်ဝေခဲ့သော “နှစ်ငါးဆယ် ကမ္ဘာ့ ရေးရာ စာအုပ်များကို မက်မက်မောမော ဖတ်ရှုခဲ့သည်။ ဓာတ်ပုံ များစွာ ဝေဝေဆာဆာနှင့် အဆင့်မြင့် ရိုက်နှိပ်ခဲ့သည့် ခေတ်ပြိုင် သမိုင်း စာအုပ်များ ဖြစ်သည်။
နှစ်ပေါင်း ၅ဝ အတွင်း ဖြစ်ပျက်ခဲ့သမျှကို ပိုင်းခြား ကြည့်လိုက်သော အခါ အခြေအနေတွေက ပိုပြီး မြင်သာထင်သာ ရှိလာပုံ ရသည်။
ယခုရေးသား ပြုစုလိုက်သော စာအုပ်က ဆယ်စုနှစ် တစ်ခု မဟုတ်။ နှစ် ၅၀ အထိလည်း မဝေးပါ ။ လွန်ခဲ့သော ၃၅ နှစ်၏ ၁၉၇၉ ခုနှစ် ကို အဓိက ထားပြီး ကြည့်ရှုသည်။
၁၉၇၉ ခုနှစ်မှာ ဖြစ်ပျက် ကြုံတွေ့ခဲ့သည့် အခြေအနေတွေက မျက်မှောက်ကာလအထိ လွှမ်းမိုးမှု ရှိနေသည် ဟု ယူဆသည့် အထွက် ၁၉၇၉ ခုနှစ် အဖြစ်အပျက်များကို ဗဟိုပြုပြီးနောက် ၂၀၁၄ ခုနှစ် အထိ ၃၅ နှစ်တာအချိန်ကို ဆွဲဆန့်ပြီး ကောက်ကြောင်းများ ပုံဖေါ် ကြည့်ထားသည်။ ထိုအခါအံ့ဩစရာ ကောင်းသော အဆက်အစပ်များကို တွေ့ရသည်။ ထူးခြားသည့် ဖွံ့ဖြိုး ကြီးထွား ဖြတ်သန်းမှုများ ပေါ်လွင် ထင်ရှား လာသည်။ မယုံနိုင်လောက်အောင်. တိုက်ဆိုင်ခြင်းများလည်း ရှိနေသည်။
တကယ်တော့ ၁၉၇၉ ခုနစ်တုန်းက ကျွန်တော်သည် ၂၂.၂၃ နှစ် အရွယ်။ မန္တလေး ဆေးတက္ကသိုလ် တတိယအမ်ဘီ အတန်းတွင် ပညာ သင်ကြား ဖြတ်သန်းဆဲ ကာလ ဖြစ်သည်။ ကျွန်တော့်ဘဝ၏ အတွေ့အကြုံ အသစ်၊ အမြင်သစ် အချို့လည်း ထိုအချိန်က ရှိခဲ့သည်။ လက်ရေး လက်သားမှ အစ ပြောင်းလဲခဲ့သော နှစ် ဖြစ်သည်။ ထိုအချိန်ကာလ ၁၉၇၉ ခုနှစ်တွင် ရှိနေသော အရှိန် အဟုန်နှင့် အငွေ့အသက် အချို့ကို ကျွန်တော် ထိသိ ခံစားမိခဲ့သည်။ ယခု ပြန်တွေးကြည့်သော အခါ ထိုစဉ်က အာရုံ ခံစားမှုများ ယခု အချိန် အထိ ဆက်လက် မှန်ကန် နေကြောင်း တွေ့ရလေသည်။ မျက်မှောက်ကာလအထိ ဖြတ်သန်း ရသည့် နိုင်ငံတကာ အရေးအရာများကို ၁၉၇၉ ခုနှစ်နှင့် တိုက်ဆိုင် အဖြေရှာ ကြည့်တိုင်း တွေးစရာ အချက်အလက်တွေက ရှိနေတတ်သည်။ လည်ပြန် ကြည့်လိုက်သည် ထင်သည်။
၁၉၇၉ ခုနှစ် ဆေး-မန်း-တ အမ်ဘီ ကျောင်းသား ဘဝမှာ လက်လှမ်းမှီသရွေ့ တနေ့တစောင်း စိတ်ဝင်တစား လှမ်းမျှော် ကြည့်နေသော ကမ္ညာ့အရေးအရာများသည်ပင် ရေးဖွဲ့ရာ အခြေခံ အုတ်မြစ် ဖြစ်သည့် အတွက် ဤစာအုပ်သည် ၁၉၇၉ ခုနှစ်ကပင် မသိစိတ်မှာ သန္ဓေ တည်ခဲ့ပြီး ဖြစ်ဟန် တူသည်။
“၁၉၇၉ ခုနှစ် “
ဟိတ် ကြီးမားသလောက် နိုင်ငံတကာ လှုပ်ရှားမှုများ ပြင်းထန် အားကောင်းခဲ့သည့် နှစ်။
၁၉၇၉ ခုနှစ်မှ စတင် ရေတွက်ပါက နှစ်ပေါင်း ၅၀ အကြာ။
ယခုလက်ရှိ ၂၀၁၄-၂၀၁၅ ခုနှစ်မှ လာမည့် ၁၅ နှစ်။
၂ဝ၂၇ ခုနှစ် အထိ ၁၉၇၉ ခုနှစ်၏ အချို့သော အဖြစ်အပျက်တွေက ဩဇာ လွှမ်းမိုး ဦးတည် ဟု ကျွန်တော် မှတ်ထင် ယုံကြည်နေသည်။
၂၀၂၉ ခုနှစ် အထိ ၁၉၇၉ ခုနှစ်၏ အချို့သော အဖြစ်အပျက်များ ဩဇာ လွှမ်းမိုးနေဦးမည်ဟု ကျွန်တော် မှတ်ထင် ယုံကြည်ပါသည်။
၁၉၇၉ ခုနှစ်မှ နှစ်ပေါင်း ၇၅၊ ကျွန်တော် သက်ရှိ ထင်ရှား မရှိနိုင်တော့သည့် လာမည့် ၂၀၅၄ ခုနှစ်နှင့် နှစ်ပေါင်း ၁၀၀ ၊ ၂၀၄၉ ခုနှစ်များမှာ မည်သည့် အခြေအနေတွေ ကြုံတွေ့ ရမည်ဆိုတာ ခန့်မှန်းကြည့်ဖို့ စောလွန်းနေပါသေးသည်။ သို့တိုင်အောင်ပင် ၁၉၇၉ ၏ အရှိန် မကုန် အချို့ နေရာတွေမှာ လွှမ်းမိုးကောင်း လွှမ်းမိုးကြဦးမည် ဟု မှန်းဆ တွေးထင်မိပါသည်။
ထို့ကြောင့်လည်း ဤစာအုပ်ကို “၁၉၇၉ အကျိုးဆက်များ” တစ်နည်းအားဖြင့် “ အနာဂတ် သမိုင်းကို လည်ပြန် ကြည့်ခြင်း” ဟု အမည် ပေးခဲ့ခြင်း ဖြစ်ပါသည်။ ဤစာအုပ်ကို ရေးသား ရခြင်း၏ ရည်ရွယ်ချက်မှာ ၁၉၇၉ ခုနှစ်တုန်းက ကမ္ဘာ့ နေရာ အနှံ့အပြားရှိ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်များ တွင် ဖြစ်ပျက် ကြုံတွေ့ရသမျှ အရေးကြီးသော အခြေအနေများဆီသို့ တွန်းပို့ခဲ့သည့် နောက်ခံ အနေ အထားများ၊ ဖြတ်သန်း ရပုံများ၊ လက်ရှိ အချိန် အထိ အရှိန်အစော် ရှိနေသေးပုံများကို ပုံဖေါ်ကြည့်ရန် နှင့် နောင် ဖြစ်ပေါ် လာနိုင်သည့် အလားအလာ အချို့ကို သုံးသပ် ဖေါ်ထုတ်ကြည့်ဖို့ ဖြစ်ပါသည်။
နိုင်ငံတကာ အခြေအနေများကို အာရုံစိုက်နိုင်ရန် အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်သော အခြေ အနေ အဖြစ်အပျက် ဖြတ်သန်းမှုများကို ချန်လှပ် ထားခဲ့သော်လည်း ဆက်စပ် စဉ်းစား တွေးဆ ဆင်ခြင် ကြည့်နိုင်လိမ့်မည် ဟု မျှော်လင့်ပါသည်။

၁၉၇၉ အကျိုးဆက်များ” စာအုပ်ကို အခန်း (၉) ခန်း ခွဲပြီး ရေးသား ပြုစုထားရာ အခန်း (၁) “၁၉၇၉ တရုတ် နဂါး နိုးလာချိန်” မှာ လက်ရှိ ကမ္ဘာ့ အင်အားကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး များမကြာမီ “မဟာ အင်အားကြီး နိုင်ငံ” ဖြစ်လာပြီး ကမ္ဘာ့ အရေးအရာများ အပေါ် များစွာ သြဇာ လွှမ်းမိုး လာဖွယ် ရှိသည့် တရုတ် နိုင်ငံ၏ ရပ်တည်မှု အနေအထားသည် ၁၉၇၉ ခုနှစ်တွင် အမြစ် ခိုင်မာစွာ ခြေကုတ် မြဲမြံ သွားခဲ့သည့် အကြောင်းနှင့် ဆင့်ကဲ ဖြတ်သန်း ကျော်လွှား လာခဲ့ပုံများကို ရေးသား ထားခြင်း ဖြစ်ပါသည်။
အခန်း (၂) “၁၉၇၉ အင်ဒိုချိုင်းနား ပုံရိပ်ဆိုး” သည် တရုတ် နိုင်ငံ၏ ရပ်တည်မှု အနေအထား ပြောင်းလဲ ချိန်တွင် ဆက်စပ်နေသည့် အရှေ့တောင်အာရှ ဒေသတွင်းသို ့ ရိုက်ခတ် ကြုံတွေ့ရပုံ အချို့ကို ရှာဖွေ ကြည့်ခြင်း ဖြစ်ပါသည်။ ဗီယက်နမ် နှင့် ကမ္ဘောဒီယား နိုင်ငံတို့၏ အတွေ့အကြုံများကို အဓိက ထားသော်လည်း အရှေ့တောင် အာရှ၏ ဖြတ်သန်းမှုကို ဆက်စပ် ဖေါ်ပြရသည်။ ဤအခန်းသည် ၃၅ နှစ် အတွင်း ဒေသ တစ်ခု၏ အလှပဆုံး သမိုင်း အပြောင်းအလဲ ဟုလည်း ဆိုနိုင်သည်။ အကြောင်းမှာ ၁၉၇၉ ခုနှစ်တုန်းက ဒေသတွင်း နိုင်ငံ အချို့မှာ ကြွယ်ဝ ပြည့်စုံရန် ကြိုးစား အားထုတ်စ ပြုနေပြီ ဖြစ်သော်လည်း အများစုက စစ်ဒဏ်သင့်၊ အချင်းချင်း စိတ်ဝမ်း ကွဲပြားကာ ဆင်းရဲမှု ကပ်ဘေးများ သင့်နေခဲ့သည်။ အရှေ့တောင် အာရှ၏ နိုင်ငံများသည် ၃၅ နှစ်တာ ကာလအတွင်း မယုံနိုင်လောက်အောင် ဖွံ့ဖြိုးမှုချင်း ယှဉ်ပြိုင်နေကြပြီ ဖြစ်သည်။ ပြောင်းလဲဖို့ အဆင်သင့် ဖြစ်သည့် နိုင်ငံတွေ ရှေ့သို့ အမြန်ဆုံး ရောက်လာပြီး ဖွံ့ဖြိုး တိုးတက်နိုင်သည့် အခွင့်အလမ်းများနှင့် ထူးကဲစွာ ကြုံကြိုက် နေရခြင်း ဖြစ်သည်။ လှမ်းယူနိုင်အောင် အချင်းချင်း လက်ကမ်း ပေးနေတာ တွေ့ရသည်။
အခန်း (၃) ဖြစ်သည့် '၁၉၇၉ ပါရှန်း လှိုင်းတံပိုး’ မှာ ၁၉၇၉ ခုနှစ်တွင် ကြုံတွေ့ခဲ့ရသည့် အီရန် နိုင်ငံ၏ အစ္စလမ္မစ် တော်လှန်ရေး အကြောင်း အဓိက မီးမောင်း ထိုးကြည့်သည်။ အီရန် နိုင်ငံ၏ ပထဝီ အနေအထား၊ ရေနံ သယံဇာတ ကြွယ်ဝမှု အစရှိသည့် မဟာဗျူဟာ အနေအထား အပြင် ဘာသာရေး နှင့် ယဉ်ကျေးမှုတို့က လှိုင်းတံပိုး သဖွယ် အရှိန်အဟုန် ကြီးမားသော အပြောင်းအလဲကို ဖြစ်စေခဲ့သည်။ အီရန် နိုင်ငံ၏ ၁၉၇၉ ခုနှစ် အတွေ့အကြုံက အစ္စလမ္မစ် လူ့အဖွဲ့အစည်းနှင့် အစ္စလမ္မစ် နိုင်ငံများ အပေါ် မတူ ကွဲပြားစွာ သက်ရောက်ခဲ့သလို နိုင်ငံတကာ အရေးအရာများ အပေါ် ယခု အချိန် အထိ လွှမ်းမိုး စိန်ခေါ်နေဆဲ ရှိသေးသည်။
အခန်း (၄) ဖြစ်သည့် “၁၉၇၉ အာဖဂန် ကြိုးဝိုင်း” မှာ ၁၉၇၉ ခုနှစ် အတွင်း အာဖဂန်နစ္စတန် နိုင်ငံ အတွင်းသို. ဆိုဗီယက် တပ်များ ဝင်ရောက် သိမ်းပိုက် ရသည် အထိ တွန်းပို့ခဲ့သော အခြေအနေ များ၊ ဆက်လက် ကြုံတွေ့ရသည့် ခုခံမှု၊ ဆိုဗီယက် ကျူးကျော်မှုကြောင့် ပေါ်ပေါက် လာသည့် နောက်ဆက်တွဲ အကျိုးဆက်များ၊ ဆိုဗီယက် ကျူးကျော်စစ် ဆယ်စုနှစ် တစ်ခုနှင့် အာဖဂန် ပြည်တွင်းစစ် မှသည် အမေရိကန်နှင့် အပေါင်းအပါ တပ်ဖွဲ့များ ဝင်ရောက်ခြင်းနှင့် အာဖဂန်နစ္စတန်တွင် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ပေါ်ပေါက်နိုင်ရေး ကြိုးပမ်းနေပုံများ အထိ ရေးသားထားပါသည်။ ယူရေးရှား၏ အသည်းနှလုံး ဒေသပီပီ အာဖဂန်နစ္စတန်၏ အပြောင်းအလဲများက နိုင်ငံတကာ ဆက်ဆံရေး အပေါ် သက်ရောက်မှုများ ရှိလိမ့်မည်မှာ မလွဲပါ။
အခန်း (၅) ဖြစ်သည့် ‘၁၉၇၉ အရှေ့အလယ်ပိုင်း ချိုးကူသံ” တွင် ၁၉၇၉ ခုနှစ်တုန်းက အမေရိကန်၏ ကမကထ ပြုမှုကြောင့် အစ္စရေး နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့ အကြား ငြိမ်းချမ်းရေး စာချုပ် တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ပုံကို ဖေါ်ပြထားပြီး ဖြစ်ပေါ်လာသည့် အကျိုးဆက် သက်ရောက်မှုများကို ရေးသား ထားသည်။ လက်ရှိ ပါလက်စတိုင်း၏ အပြောင်းအလဲ ဆင့်ကဲဖြစ်စဉ်နှင့် အစ္စရေး၏ ရှင်သန် တည်မြဲမှ အကြောင်းကိုလည်း တွေ့ရမည် ဖြစ်သည်။
အခန်း (၆) က “၁၉၇၉ အာရပ် ကကြိုးကကွက်များ” ဖြစ်သည်။ မျက်မှောက်ကာလ နိုင်ငံတကာ ဆက်ဆံရေးတွင် “အာရပ်နွေဦး” နှင့် အိုင်အက်စ်လို အစွန်းရောက် လက်နက်ကိုင်များ၏ လှုပ်ရှားမှုက အရေးကြီးလှသည်။ ၁၉၇၉ ခုနှစ်မှသည် . ပြောင်းလဲ လာသော အခြေအနေ အချို့ကို ထင်ဟပ် ထားပါသည်။
အခန်း (၇) ဖြစ်သည့် “၁၉၇၉ စစ်အေး နေညိုးစဉ်” မှာ ၁၉၇၉ ခုနှစ်တွင် စစ်အေး တိုက်ပွဲ သံမဏိ ကန့်လန့်ကာ ပြိုလဲဖို့ အတွက် အရှေ့ ဥရောပ ပိုလန် နိုင်ငံမှ ရှေးဦး ပထမ အချက် ပေးသံ ကြားခဲ့ ရပုံ၊ ဒုတိယ စစ်အေးတိုက်ပွဲ (၁၉၇၉-၁၉၈၅) ကာလမှသည် ၁၉၈၉ ခုနှစ် တော်လှန်ရေးများ အကြောင်း ကောက်ကြောင်း ဖေါ်ပြသည်။ ဆိုဗီယက် ယူနီယံ ပြိုကွဲခြင်း၏ နောက်ဆက်တွဲများနှင့် လက်ရှိ ရုရှား နိုင်ငံ၏ ရပ်တည်ချက်ကြောင့် စစ်အေးခေတ် တစ်ကျော့ပြန်သလို ဖြစ်ရပုံကို ရှုမြင် ကြည့် ထားပါသည်။
အခန်း (၈) မှာ “၁၉၇၉ အကွေ့အချိုး အရောင်မျိုးစုံ” ကို ရေးသားရာ အမေရိကန် ပြည်တွင်းရေး၊ ရေနံ ဈေးနှုန်း၊ လက်တင် အမေရိက၊ အာဖရိက တစေ့တစောင်း၊ ဥရောပ အခြေအနေ နှင့် ကိုးရီးယား နှစ်နိုင်ငံတို့၏ ကောက်ကြောင်းများ ပါဝင်ပါသည်။
အခန်း (၉) က ၁၉၇၉ မှသည် ၂၀၁၄-၁၅' ဖြစ်လေရာ ၂ဝ ရာစု အနှောင်းပိုင်းမှသည် ၂၁ ရာစု၏ ဒုတိယ ဆယ်စုနှစ် အလယ်ပိုင်း အထိ ၃၅ နှစ်တာ ဖြတ်သန်း ပြီးနောက် ရင်ဆိုင်နေရသည့် ဝါဒရေးရာ ကွက်လပ်၊ ဒီမိုကရေစီ ကျင့်သုံးမှု၊ စိန်ခေါ်မှု အသစ်များ အကြောင်း ဖြန့်ကြည့် ရှုမြင် ထားပါသည်။
“အနာဂတ်၏ နိဒါန်း” ကို တစေ့တစောင်းမျှ မျှော်ကြည့် ထားသလို “ကိုးကားစာများ” ဖေါ်ပြ
ထားပါသည်။

“၁၉၇၉ ခုနှစ် အကြောင်း” ရေးသားဖို့ စိတ်ကူးမိခဲ့တာ ကာလ တာရှည်ခဲ့ပြီ ဖြစ်သော်လည်း ၂၀၀၆-၂၀၀၇ ခုနှစ်မှာ သေသေချာချာ စတင် ဖွဲ့စည်း ဖြစ်ခဲ့သည်။ အချက်အလက်များ စနစ်တကျ စီစဉ်ပြီး ဆောင်းပါးများ ရေးသားခဲ့သည်။ စာအုပ်ပါ စာစု အတော် များများကို Health for All နှင့် Wellness မဂ္ဂဇင်းတို့မှာ ဖေါ်ပြ ဖြစ်ခဲ့ပါသည်။ အဆိုပါ မဂ္ဂဇင်း အယ်ဒီတာများကို ကျေးဇူး အထူး တင်ရှိပါသည်။
ကိုးကားရန် စာအုပ်စာတမ်းများ ရှာဖွေခဲ့သည့် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှ စာကြည့်တိုက်မှူး ဒေါက်တာ ဒေါ်လှိုင်လှိုင်ကြီးနှင့် စာကြည့်တိုက် ဝန်ထမ်းများ၊ တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှ ဝန်ထမ်းများ၊ ရန်ကုန်မြို့ အမျိုးသား စာကြည့်တိုက်မှ ဝန်ထမ်းများ၊ စာအုပ် ဖြစ်ပေါ်ရေး အတွက် အဘက်ဘက်က ကြိုးပမ်း ပေးခဲ့သည့် ဦးသိန်းထွန်း ဒေါ်မြင့်မြင့်ဦးတို့၏ “မုဒိတာ” ဝိုင်းတော်သားများကို ကျေးဇူးတင်စကား ဆိုရပါမည်။

၂၀၀၆-၂၀၀၇ ဆောင်းပါးများ စတင် ရေးသားခဲ့သည့် အချိန်က ရည်ရွယ်ချက်မှာ ၁၉၇၉ ခုနှစ် ၏ နှစ် ၃ဝ နှစ်ပတ်လည် “ပုလဲ ရတု” ကျရောက်မည့် ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေဖို့ ဖြစ်သည်။ သို့သော် အကြောင်း အကြောင်းတို့ကြောင့် ရွေ့လျားခဲ့ပြီး ၃၅ နှစ်ပတ်လည် “သန္တာနီ ရတု ကာလ ကျရောက် သည့် ၂၀၁၄-၁၅ ခုနှစ်ကျမှ ထွက်ရှိနိုင်ခဲ့ပါတော့သည်။
သမိုင်း၏ သဘော အရ ရပ်တန့်နေရိုး မရှိ၊ ဆက်လက် ရွေ့လျားနေမည် ဖြစ်ရာ၊ နောက်ထပ် ၅ နှစ် အကြာ နှစ်ပေါင်း ၄၀ နှစ်ပတ်လည် “ပတ္တမြား ရတု” ကာလ ၂၀၁၉ ခုနှစ်မှာ ဤစာအုပ်၏ စာမျက်နှာများကို ပြန်လည် လှန်လှော ကြည့်လိုက်ချင်ပါသည်။ နောက်ထပ် ၁ဝ နှစ် ၁၅ နှစ် အစရှိသဖြင့် လှမ်းမျှော် ကြည့်ချင်ပါသေးသည်။
“၁၉၇၉ အကျိုးဆက်များ” ကို ရေးသား ရသည့် ဧရိယာ၊ အခင်းအကျင်း နေရာနှင့် အဖြစ် အပျက် အပြောင်းအလဲနှင့် ပြက္ခဒိန်တို့က ကျယ်ပြန့် များပြားလှသဖြင့် အဘက်ဘက်က လိုလေသေး မရှိ ပြီးပြည့်စုံစွာ ဖေါ်ပြနိုင်မည် မဟုတ်ပါ။ အတတ်နိုင်ဆုံး ညှိနှိုင်း ထားသည့်တိုင် တိမ်းစောင်းမှ အချို့လည်း ရှိနိုင်ပါသည်။ ရှုမြင်ရာ ထောင့်များကို ပြောင်းရွှေ့ ကြည့်ကာ စုံလင်စေဖို့ အားထုတ် ထားသဖြင့် အသေ သဘော မဟုတ်ဘဲ သက်ဝင် လှုပ်ရှား ပြောင်းလွယ် ပြင်လွယ် ရှိလိမ့်မည် ဟု မျှော်လင့်ပါသည်။ စာဖတ်သူတို့ အတွက် ဆက်လက် ဖြန့်ကျက် တွေးတောစရာ အချက်အလက် ကုန်ကြမ်း အချို့ ရရှိခဲ့သည် ဆိုလျှင် ရေးသား ပြုစု ရကျိုး နပ်ပြီ ဖြစ်ပါသည်။

နိုင်ဇော်
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၅

Address

Junction City ဗိုလ်ချုပ်စျေးသစ်
Yangon

Alerts

Be the first to know and let us send you an email when စာပေလောက Junction City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category