Ko Myat Thu - Video Game Store

Ko Myat Thu - Video Game Store Video Game Sale & Service

PS4 Slim 1Tb Jail စက်တွေ ရောက်ပါပြီ ခင်ဗျာစက်တိုင်း Original seal နဲ့ Original Controller နဲ့ ရပါမယ်အာမခံ ၃ လ ဂိမ်းအပြည်...
08/09/2026

PS4 Slim 1Tb Jail စက်တွေ ရောက်ပါပြီ ခင်ဗျာ

စက်တိုင်း Original seal နဲ့ Original Controller နဲ့ ရပါမယ်

အာမခံ ၃ လ ဂိမ်းအပြည့် အိမ်ရောက်အသင့်ဆော့ပါ

ဈေးက ၁၂ သိန်းတိတိပါခင်ဗျာ

ကိုမြတ်သူ ဂိမ်းဆိုင်
မြေနီကုန်း ဒဂုံစင်တာ ၁ ဒုတိယ ထပ်မှာပါ
ဖုန်း 0943075154- 09255455255 ပါ

PS3 ဆော့ချင်တဲ့သူတွေ အတွက် P3 500Gb Jail စက်လေး ရောက်ပါတယ်ဂိမ်းအပြည့် Controller တခု အာမခံ ၃ လ ပါရှိပါတယ် ဈေးက ၄၅၀၀၀၀ ပါ
06/09/2026

PS3 ဆော့ချင်တဲ့သူတွေ အတွက် P3 500Gb Jail စက်လေး ရောက်ပါတယ်

ဂိမ်းအပြည့် Controller တခု အာမခံ ၃ လ ပါရှိပါတယ် ဈေးက ၄၅၀၀၀၀ ပါ

အရမ်းတန်တဲ့စျေးနဲ့ P5 ရမယ်ဗျာ✅PS5 No Jail ✅Fat model✅Original seal✅3 months warranty 😍၁၈ သိန်း တိတိ😍Ko Myat Thu -Video G...
05/09/2026

အရမ်းတန်တဲ့စျေးနဲ့ P5 ရမယ်ဗျာ

✅PS5 No Jail
✅Fat model
✅Original seal
✅3 months warranty

😍၁၈ သိန်း တိတိ😍

Ko Myat Thu -Video Game Store
0943075154 - 09255455255

✅အသစ်စက်စက်လဲ ရမယ်✅Jail စက်လဲ ဖြစ်မယ်✅Original ခလုပ်အသစ်ထပ်ရဦးမယ်✅SDD ကလဲ 1TB official❌Disc Drive မပါတဲ့ Digital edition...
04/09/2026

✅အသစ်စက်စက်လဲ ရမယ်
✅Jail စက်လဲ ဖြစ်မယ်
✅Original ခလုပ်အသစ်ထပ်ရဦးမယ်
✅SDD ကလဲ 1TB official
❌Disc Drive မပါတဲ့ Digital edition
🚫Disc drive တွေကနောက်ပိုင်းလဲ မလိုတော့ဘူး

Jail ပြီး ဂိမ်းသွင်းပြီး အသစ်စက်စက်အသင့်ဆော့ ကို ၃၇ သိန်း နဲ့ရမယ် ညီကိုတို့

✳️ကိုမြတ်သူ ဂိမ်းဆိုင် ✳️
မြေနီကုန်း ဒဂုံစင်တာ ၁
စမ်းချောင်းမြို့နယ် ရန်ကုန်
0943075154-09255455255

PS4 PS5 ဂိမ်းဆိုင် ဖွင့်ထားသူတွေ အချင်းချင်း လိုင်စင်ကိစ္စ ဆိုင်ကိစ္စ နဲ့ အချင်းချင်း သိချင်တာတွေ သတင်းဖလှယ်လို့ ရအောင် ...
03/09/2026

PS4 PS5 ဂိမ်းဆိုင် ဖွင့်ထားသူတွေ အချင်းချင်း လိုင်စင်ကိစ္စ ဆိုင်ကိစ္စ နဲ့ အချင်းချင်း သိချင်တာတွေ သတင်းဖလှယ်လို့ ရအောင် Group လေး ဖွဲ့ပေးပါဆိုတာနဲ့ ဆိုင်သမားတွေ ချည်းပဲ စုပြီး Group ဖွဲ့ပေးလိုက်ပါတယ်

ဆိုင်သမားတွေရဲ့ အခက်အခဲကို ကျနော်လဲ ဝင်ပြီးဆွေးနွေးပေးပါမယ် ကျနော် သိထားတာတွေကိုလဲ ရှင်းပြ ပြောပြပေးပါမယ်

Group ထဲ အဖွဲ့ဝင်ရန် အတွက်

၁ . အမှန်တကယ် ဂိမ်းဆိုင် ဖွင့်လှစ်ထားသူဖြစ်ရပါမယ်

၂ . ဂိမ်းဆိုင် ဖွင့်လှစ်ထားသည့် မြို့နှင့် ဆိုင်နံမည်

တို့က group မန်ဘာအချင်းချင်း မိတ်ဆက်ရန် ဖော်ပြပေးရပါမယ်

မှတ်ချက်

ကျနော် အဲဒီ ဂရုမှာ စျေးလုံးဝ မရောင်းပါ
နည်းပညာ ကူညီရန် သီးသန့် ဖြစ်သည်

ဆိုင်သစ် ဆိုင်ဟောင်း မည်သူမဆို အဖွဲ့ဝင်နိုင်ပြီး ဝင်ရောက်လိုသူ များ ( G ) ဟု မှတ်ချက်ပေးခဲ့ပါ ထည့်ပေးပါမည်

P5 user များ GTA6 လဲထွက်ခါနီးနေပြီမို့ စျေးသက်သက်သာသာနဲ့ SSD တိုးချင်ရင် Samsung PCie 4.0NVMe M2 SSD 1TB good second han...
01/09/2026

P5 user များ GTA6 လဲထွက်ခါနီးနေပြီမို့ စျေးသက်သက်သာသာနဲ့ SSD တိုးချင်ရင် Samsung PCie 4.0NVMe M2 SSD 1TB good second hand တွေရောက်ပါတယ်

P5 Jail user များအတွက် ဂိမ်းများများထည့်ချင်သူများလဲ အဆင်ပြေပါတယ်
စျေးက အရမ်းသက်သာပါမယ်
1TB ကိုမှ ၄ သိန်းပါ အာမခံက ၁ လပါပါမယ်

အရည်အတွက်က ၄ ချောင်းပဲ ရှိပါတယ်
ဦးသူယူပါ ခင်ဗျာ

ကိုမြတ်သူ (တခွန်းဆိုင် ) Video Game Store
0943075154-09255455255

ထိုင်း ပလေးစတိုး ဖြည့် ကက်တွေ ဈေးရင်းတိုင်း ရောင်းပေးပါသည်ဘာလို့ ဈေးရင်းတိုင်း ရောင်းနိုင်တာလဲဆိုတော့ အကောင့်နဲ့ ဝယ်ရင် ...
31/08/2026

ထိုင်း ပလေးစတိုး ဖြည့် ကက်တွေ ဈေးရင်းတိုင်း ရောင်းပေးပါသည်

ဘာလို့ ဈေးရင်းတိုင်း ရောင်းနိုင်တာလဲဆိုတော့ အကောင့်နဲ့ ဝယ်ရင် 5% ဈေးသက်သာတဲ့ အတွက် ဝယ်သူဖက်က ဝန်ဆောင်ခကို မယူပဲ ဆိုနီက ပေးသော ရာခိုင်နှုန်းကိုသာ ယူပါသည်

ဝယ်ယူသူများအား ငွေဝင်ပြီး ၅ မိနစ်အတွင်း ငွေဖြည့် ကုဒ် ၁၂ လုံး ကို ပေးပို့ပါမည်

မကြာခင် ထွက်ရှိလာမည့် GTA VI တို့ FC27 တို့လို ဂိမ်းတွေကို ငွေဖြည့်ကက် သုံးပြီး ဝယ်ချင်တယ်ဆို ကိုမြတ်သူ ဆိုင်မှာ Online စနစ်နဲ့ ဝယ်ယူနိုင်ပါပြီ

Ko Myat Thu - Video Game Store
0943075154 - 09255455255

အကောင့်တုနဲ့ လိုက်တင်နေရင် ပင်ပန်းမှာစိုးလို့ ဆိုင်ကဝန်ထမ်းတွေ ရုပ်ဆိုးတာကတော့ ဝန်ခံရမှာပဲ တယောက်မှ ပုံမလာဘူး မိနိးမကြော...
29/08/2026

အကောင့်တုနဲ့ လိုက်တင်နေရင် ပင်ပန်းမှာစိုးလို့

ဆိုင်ကဝန်ထမ်းတွေ ရုပ်ဆိုးတာကတော့ ဝန်ခံရမှာပဲ တယောက်မှ ပုံမလာဘူး မိနိးမကြောက်ရလို့ အိုစာနေတဲ့ ကောင်တွေ နဲ့ ကလေးအဖေရုပ်တွေ

ရုပ်ဖြောင့်ဖြောင့် ခပ်ချောချော ဆိုလို့ ငါတယောက်ပဲ ရှိတယ် လို့ပြောရမယ်

🫡🫡🫡

*တခွန်းဆိုင်*ကျနော်တို့ငယ်ငယ်တုန်းက ဈေးဆိုင်ကြီး တချို့ရှိတယ်  ဆိုင်နံမည်နောက်မှာ (တခွန်းဆိုင်) ဆိုပြီးရေးထားလေ့ ရှိတယ်တ...
28/08/2026

*တခွန်းဆိုင်*

ကျနော်တို့ငယ်ငယ်တုန်းက ဈေးဆိုင်ကြီး တချို့ရှိတယ် ဆိုင်နံမည်နောက်မှာ (တခွန်းဆိုင်) ဆိုပြီးရေးထားလေ့ ရှိတယ်

တခွန်းဆိုင်ဆိုတာ မမှီလိုက်သူတွေ သိရအောင်ပြန်ပြောရရင် ရောင်းတဲ့ပစ္စည်းမှာ စျေးနှုန်းတခါထဲ ရေးထားပြီးသား

ဈေးမဆစ် နဲ့ အဆစ်မတောင်းနဲ့ အပိုပစ္စည်းလက်ဆောင် ဘာမှမပေးဘူး ဒီဈေးနဲ့ ဒါဝယ်ရင် ဒါပဲရမယ် အဲလိုရောင်းတာ ဝယ်သူရောင်းသူ ရှင်းတယ်

ဆိုင်သမားတွေ ဆိုတာ ကိုယ့်အိတ်ထဲက အပါခံပြီးဘယ်သူ့ကိုမှ အပိုလက်ဆောင်မပေးဘူး ပေးရင်လဲ ဝယ်သူဆီက စျေးပိုယူထားပြိးမှ လူကြားကောင်းအောင် လုပ်ပြီး တခုဝယ်တခုလက်ဆောင်တို့ Cash Back ပြန်ပေးတာတို့ လူမြင်ကောင်းအောင် လုပ်ပြကြတာ အဲဒါကိုမှ တချို့ကမြောပါပြီး အဟုတ်ထင်နေကြတာလဲ ရှိတယ်

ကျနော်က ဆိုင်စဖွင့်ကတည်းက တခွန်းဆိုင်လို့သာ နံမည်မတပ်တာ ကျနော်ဆိုင်မှာ ဈေးဆစ်လို့ မရသလို ဈေးလျော့ပေးလေ့လဲ မရှိဘူး အပိုလက်ဆောင်လဲ ဘာမှ မပေးဘူး၊ ဘာလို့လဲဆို ဘာမှ ပိုယူထားတာ မရှိလို့ ဘာမှ အပိုမပေးနိုင်တာ သဘောတရားက ရိုးရိုးလေးပါပဲ

နောက်တခုက ဆိုင်မှာ လာဝယ်ကြတဲ့ မိတ်ဆွေတွေကို ဘယ်တော့မှ ဓါတ်ပုံတို့ Video တို့ ကျေးဇူးတင်ပါတယ် ဘာညာပေါကားတွေ မရိုက်ဘူး

ဝယ်သူမှာလဲ သူ့ Privacy ဆိုတာရှိမယ် ကိုဖက်ကလဲ ethics ကိုစောင့်ထိန်းပေးရမယ်
ကျနော့် ဆိုင်မှာဆို အနုပညာရှင်အသိုင်းအဝိုင်းဖက်ကရော ဆယ်လီတွေရော လာနေဝယ်နေကြ ခုထိ ရှိတယ်

ကျနော် တခါမှ ဝယ်သူကို အသုံးချပြီး ဘယ်သူက တော့ ဆိုင်မှာ လာအားပေးသွားလို့ ကျေးဇူးတင်ပါတယ် ဘာညာ တောသီးကြိုက် အကွက်တွေ ဘယ်တော့မှ မတင်ဘူး

ထားပါ စောစောက တခွန်းဆိုင် ကိစ္စပြန်ဆက်ရရင်

ကျနော့် page မှာ အရင်တုန်းက ဂိမ်းစက်တွေ တင်ရောင်းရင် ဈေးပါတင်ရောင်းတယ်

တချို့က မကြိုက်ဘူး။
သူတို့ ဈေးတင် ရောင်းမရတော့လို့

တချို့က ကြိုက်တယ်
ကျနော်တင်တဲ့ ဈေးထက်လျော့ပြီး ဘိန်းစားဈေးရောင်းနည်းနဲ့ လိုက်ရောင်းရလို့

နောက်ပိုင်း အာရုံနဲနဲနောက်လာတာနဲ့ ဈေးတင်မရေးတော့တာ ခုတော့ ဈေးပါရေးပြီး ပြန်တင်တော့မယ်

ကျနော်က ဂိမ်းစက် တလုံးဆိုရင် ရောင်းရင်ဝယ်ရင် ထိုက်သင့်တဲ့ အမြတ် ဘယ်လောက်ဆိုတာ % သတ်သတ်မှတ်မှတ် ယူထားပြီးသား -page မှာ ဈေးရေးလဲ ဒီဈေး
-ဖုန်းနဲ့ဈေးမေးလဲ ဒီဈေး
-ဆိုင်မှာ လာဝယ်လဲ ဒီဈေးပဲ

ပြီးတော့ စကားအပိုတွေလဲ ပါတ်ချွဲနပ်ချွဲစကားတွေလဲ မပြောချင်ဘူး အွန်လိုင်းshop တွေလို မင်မင်တွေ ကာကာတွေ ချစ်တို့ရေလဲ မပြောချင်ဘူး မပြောတတ်ဘူး ဈေးရောင်းတာဆိုပေးမယ့် ဟလို …ကိုမြတ်သူရေ ဈေးဘယ်လောက်လဲ အေးညီဒီစက်ကတော့ ဘယ်လောက် ကျမယ် ဒါပဲပြီးပြီး လာဝယ်ရင် လိုအပ်တာကို ခိုတာကပ်တာ မရှိပဲ လုပ်သင့်တာအကုန်လုပ်ပေး တာဝန်ယူပေးလိုက်တယ်
အဲလိုနဲ့ရောင်းလာတာ ခုဆို ၁၅ နှစ်ကျော်ပြီ အရင်တုန်းကလဲ ဒီတိုင်းပဲ ခုလဲ ဒီတိုင်းပဲ ဆက်သွားပါမယ်

နောက်ပိုင်းတော့ ကိုမြတ်သူ ( တခွန်းဆိုင် ) Game shop လို့ နံမည်တပ်ပြီး ရောင်းရင်ကောင်းမလားလို့တောင် စိတ်ကူးမိပါတယ် ခင်ဗျာ

ဂိမ်းဝါသနာရှင်တွေ နဲ့ ကျနော်တို့ ကြုံတွေ့နေရတဲ့ လက်ရှိအခြေအနေကို အားလုံး သတိပြုမိအောင် ဒီစာလေးကို ဖတ်ကြည့်ပါကျနော့်ရဲ့ဆိ...
27/08/2026

ဂိမ်းဝါသနာရှင်တွေ နဲ့ ကျနော်တို့ ကြုံတွေ့နေရတဲ့ လက်ရှိအခြေအနေကို အားလုံး သတိပြုမိအောင် ဒီစာလေးကို ဖတ်ကြည့်ပါ

ကျနော့်ရဲ့ဆိုင်ကို ဂိမ်းဝါသနာရှင်အတော်များများ သိရှိကြပါတယ် ဂိမ်းစက် အရောင်းအဝယ် အလဲအထပ် ဂိမ်းစက်ပြုပြင် ဂိမ်းခွေကူး ခလုပ်ပြင် စတဲ့ ဂိမ်းနဲ့ပါတ်သက်တာတွေကို စုံလင်အောင် ဝန်ဆောင်မှု့ပေးပါတယ်

ဆိုင်မှာ ဆိုရင် လဲ ကျွမ်းကျင် ဝန်ထမ်း ဝါရင့်ဆားဗစ်ဆရာတွေ စုစုပေါင်း ၅ ယောက်ရှိပါတယ်

ကျနော့် ဆိုင်က တယောက်ထဲနဲ့ တနိုင်တပိုင် အရောင်းအဝယ်ပုံစံ ၊ လမ်းကြုံလို့ ဝယ်ရောင်း ဝင်လုပ်တဲ့ ပုံစံ နဲ့ အလုပ်မရှိလို့ ဂိမ်းစက်အရောင်းအဝယ် လုပ်နေတဲ့ ပုံစံ မဟုတ်ပါ။ ဆိုင်ဖွင့်လှစ်ပြီး ဝန်ဆောင်မှု့ပေးခဲ့တာ သက်တမ်း ၁၅ နှစ်ကျော်ပါပြီ

ခုလိုပြောရတာက လုပ်နေတဲ့ ညီကိုတွေကို နိမ့်ချလိုတဲ့ အတွက် ပြောရခြင်း မဟုတ်ဘူးဆိုတာ နားလည်ပေးပါ

အဓိက ပြောချင်တာက နှစ်များစွာကြာလာပေမယ့် ခုချိန်မှာ ဂိမ်းစက်များ ပြုပြင်ရာတွင် အပိုပစ္စည်းရှားပါးမှုကို စတင်ခံစားနေကြရတာ အဆိုးရွားဆုံးအခြေအနေကိုရောက်နေပါပြီ

ကားလောကမှာလဲ အပိုပစ္စည်း လဲစရာ ဝယ်မရလို့ မစီးပဲ ရပ်ထားရတဲ့ ကားတွေ ရှိတယ်ဆိုတာ ကြားနေရသလို ကျနော် တို့လဲ အလားတူပါပဲ

နေ့စဉ်ပုံမှန် လိုအပ်တဲ့ spare parts တွေကို အချိန်မီ အားစိုက်ညဖြည့်ဆည်းပေးထားနိုင်ပေမယ့် တခါတရံမှ လိုအပ်တဲ့ microchip တွေ parts တွေကိုတော့ ခုလိုမှာယူတင်သွင်းရ ခက်ခဲနေချိန်မှာ တခါတရဲအဆင်သင့် မရှိနေနိုင်ပါဘူး

ပြည်တွင်းမှာလဲ တခြား လျှပ်စစ် ပစ္စည်း ကားပစ္စည်းတွေလို သိးသန့်ရောင်းချနေတဲ့ ဆိုင်တွေ မရှိပါဘူး

တကယ်တမ်း ဂိမ်းစက်ဖုန်ခါ ပါဝါကက်လဲတာလောက်ပဲ လုပ်တတ်တဲ့ဆိုင်တွေကို ဖယ်ပြီး ဂိမ်းစက်တွေကို သေသေချာချာ ထိထိရောက်ရောက်
ပြုပြင်တဲ့ ဆိုင်ဆိုတာ လက်ချိုးရေရင်တောင် လက်တဖက်စာ မရှိပါဘူး

အဲတော့ ကျနော်တို့လို အရေအတွက်နည်းတဲ့ဆိုင်တွေ အတွက် အပိုစ္စည်းရောင်းချပေးနေတဲ့ ဆိုင်တွေဆိုတာ မရှိကို မရှိတာပါ

ဂိမ်းစက်တခုပျက်လို့ လာပြင်တဲ့အခါ ဘာပျက်မှန်းလဲ သိတယ် ပျက်တာကို ပြင်ရင်ကောင်းမယ်မှန်းလဲ သိတယ် ခက်တာက အဲဒီပျက်နေတာကို အစားထိုးလဲပေးဖို့ ပစ္စည်းမရှိတာပါ ခင်ဗျာ

လက်သည်းခွံလောက်ရှိတဲ့ Microchip တခုကို တရုတ်ပြည်ကနေ ရန်ကုန်ကို မှာယူရတဲ့ ပုံကို ရိုးရိုးလေးပဲ တွေးကြည့်ပေးပါ

ခုလိုအခြေအနေမှာ ဂိမ်းဝါသနာရှင်တွေရဲ့ လိုအပ်ချက်တွေကို ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ဖြည့်ဆည်းပြုပြင်ပေးနိုင်အောင် နဲ့ တတ်နိုင်သမျှ စျေးနှုန်း မှန်ကန် သက်သာအောင် ဆောင်ရွက်ပေးနေပါတယ်

တခါတရံ အပိုပစ္စည်းဝယ်မရ ရှာမရလို့ အချိန်ကြာနေခဲ့ရင် နားလည်ပေးကြပါ

ဂိမ်းနဲ့ ပါတ်သက်ပြီး လိုအပ်တာ ပြုပြင်စရာများရှိရင် ကိုမြတ်သူ ရှိနေတယ်ဆိုတာ

သတိရပေးကြပါ ခင်ဗျာ

ကိုမြတ်သူ 0943075154

Address

Dagon Center 1 , 2nd Floor , Pyay Road, Sanchaung
Yangon
11111

Opening Hours

Monday 09:30 - 18:00
Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00
Saturday 09:30 - 18:00
Sunday 09:30 - 18:00

Telephone

+95943075154

Alerts

Be the first to know and let us send you an email when Ko Myat Thu - Video Game Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ko Myat Thu - Video Game Store:

Shortcuts

Share