Hteteaindralinn

Hteteaindralinn Just forget & run

ဆောင်းတွင်းလဲသုံး နွေလဲသုံး မိုးတွင်းလဲသုံးရပါသော..
29/04/2026

ဆောင်းတွင်းလဲသုံး နွေလဲသုံး မိုးတွင်းလဲသုံးရပါသော..

ဒီတခါ Head To toe Baby Bath လေးအသုံးဝင်ပုံလေး ပြောပြမယ်၊ ခေါင်းလျှော်ရင် double wash လျှော်တာကတော့ တော်”များ” လုပ်ကြပါတယ...
25/04/2026

ဒီတခါ Head To toe Baby Bath လေးအသုံးဝင်ပုံလေး ပြောပြမယ်၊ ခေါင်းလျှော်ရင် double wash လျှော်တာကတော့ တော်”များ” လုပ်ကြပါတယ်။
ပထမတစ်ကြိမ်ကတော့ Baby shampoo or head to toe bathနဲ့သေချာပြောင်အောင် လက်ချောင်းထိပ်လေးတွေနဲ့မဟုတ်လဲ အခုခေတ်စားနေတဲ့ silicon comb လေးနဲ့လျှော်ပေါ့၊ နောက်တစ်ထပ်ကတော့ အခုလဲနွေဆိုတော့ Anti-dandruff shampoo တမျိုးမျိုးနဲ့လျှော်လိုက်တယ်။ Conditioner / hair mask ဆက်သုံးပေါ့။ ကိုယ်က ၁ရက်ခြား၁ခါလျှော်ရမှ😭။ အဲ့တော့ Conditioner ကိုပျင်းတဲ့ချိန်လဲမသုံးနိုင်ဘူး နောက်မှခေါင်းခြောက်ခါနီးမှ leave in conditioner နဲ့ကျုံးချလိုက်တယ်😂အဲ hair mask ဆိုမသုံးတာတောင်အတော်ကြာနေပြီ ၊ ၁ပတ်၁/၂ခါတော့ သုံးသင့်ပါတယ်။ Baby bath ကတော့ အရင်က baby mild တွေကော Johnson’s ရှယ်သုံးတာ oil , powder , wet tissue လဲမပြတ်ဆောင်သုံးတယ်။ အခုတော့ dmp နဲ့ဓါတ်ကျနေတာ ၊ တခါဝယ်၂ဗူးတွဲပိုတန်တယ်ခံစားရတယ်။
ခေါင်းလျှော်မှမဟုတ်ဘူး ရေချိုးလဲသုံးတယ်။ ကျောဝက်ခြံရှိတော့ BHA shower ညဖက်သုံးတာတောင် သူ့ကိုနောက်တကြိမ် ထပ်သုံးသေးတာ။ 🧖🏻‍♀️

ဒီနေ့က beginner Yoga camp  21 days ပြီးမြောက်တဲ့နေ့ပေါ့Boxing, Karate, GYM ဆော့လာတာ Yoga ကျမှ ပိုစ့်တခုနဲ့တခုက ကိုယ့်အတွ...
22/04/2026

ဒီနေ့က beginner Yoga camp 21 days ပြီးမြောက်တဲ့နေ့ပေါ့
Boxing, Karate, GYM ဆော့လာတာ Yoga ကျမှ ပိုစ့်တခုနဲ့တခုက ကိုယ့်အတွက် မလွယ်ကူဘူး။
Yoga ကိုစိတ်မရှည်လို့ကို မ try တာ၊ ရှေ့လက စိတ်ရှူပ်ရတာတွေများလို့ ခုန်တာ၊ပြေးတာတွေလဲ မလုပ်ချင်တာနဲ့ စ try တော့ YouTubeက ဒီ channel လေးနဲ့။ အတော်အဆင်ပြေတာပါ၊ စ try မယ့်သူတွေအတွက် ပြင်းရတာမျိုးမရှိဘူး၊ တချို့ဆို ပိုစ့်ချည်းသပ်သပ်ဆိုတော့ audience ဖက်ကလိုက်လုပ်ဖို့ မလွယ်ရင် ဆက်မလုပ်ချင်ဘူး၊ ဒါလေးကျ ပိုစ့်တခုနဲ့တခုပြောင်းတာကိုမှ တဆင့်ချင်း အသက်ရှုဖို့လဲ ခဏခဏသတိပေးတယ် in person အတူလုပ်နေရသလိုကိုခံစားရတယ်။ သူ့မှာက In Engလိုဆိုရင်တော့ member ကြေးပေး join ရတာမျိုးတွေလဲရှိတယ်။ Hindi ဆိုပေမယ့် Eng ညှပ်ပေးထားတော့ နားလည်လွယ်ပါတယ်။ free တင်ပေးတာတွေနဲ့တင် အများကြီး ကျေနပ်စရာပါ။ join ခဲ့တဲ့ 21 days ကလဲ free ပဲ။
မိနစ် ၂၀-၃၀ ကြားလေးတွေမို့ နေ့တိုင်းလုပ်လည်း အဆင်ပြေတယ်။ 🤍

မြန်မာဆေးတွေကဆားပါတာများတော့ ရေများများပြန်မသောက်မိရင် ရေရှည်မကောင်းလို့ မသောက်ဖြစ်ဘူး။ ဒါပေမယ့် ဆရာခို၊ မဟာဖြေဆေးနဲ့ ပန...
10/04/2026

မြန်မာဆေးတွေကဆားပါတာများတော့ ရေများများပြန်မသောက်မိရင် ရေရှည်မကောင်းလို့ မသောက်ဖြစ်ဘူး။ ဒါပေမယ့် ဆရာခို၊ မဟာဖြေဆေးနဲ့ ပန်းဝတ်မှူန်ကတော့ ၁၂ ရာသီအမြဲသုံးရတယ်😁
ပန်းဝတ်မှုန်က မိန်းကလေးတွေအတွက်လဲ တအားအဆင်ပြေသောပါ၊ အပူငြိမ်းဆေးစထွက်လာကတည်းက နွေရာသီဆိုသောက်တာ ခုနောက်ပိုင်းက အပူအစပ်အစားများလို့ ရာသီမရွေးသောက်နေရပြီ။ အဓိက ချွေးထွက်များတာ၊အပူကန်အပူငုပ်သူတွေ သွေးသန့်ဆေးမသောက်နိုင်တောင် အပူငြိမ်းဆေးတော့နေ့တိုင်းသောက်ပေးသင့်တယ်။
သွေးသန့်ဆေးထပ်ထွက်လာတော့လည်း အဲ့တုန်းက တစ်ပတ်ကိုတစ်ကြိမ်သောက်လာတာ ဒီနှစ်တွေမသောက်ဖြစ်ဘဲ အခုမှပြန်သောက်ဖြစ်တော့တယ်။ ဝမ်းနုတ်ဆေးတွေကကြာရှည်မကောင်းဘူး၊ Detox ဆိုလဲရေသာလျှင်အကောင်းဆုံးဆိုပြီး ရေပဲများများသောက်တာ😁 ဒီသွေးသန့်ဆေးကတော့ ဝမ်းနုတ်ဆေးမဟုတ်လို့ တစ်ပတ်တစ်ကြိမ်သောက်လို့အဆင်ပြေတယ် ၊ အပူအပုတ်ကင်းတယ်၊ အနံ့ကင်းတယ်။ အမျိုးသမီးတွေကျန်းမာရေး အဆင်ပြေတယ်🤍

Normal day in summer 🌞
02/04/2026

Normal day in summer 🌞

Chia Seedကကောင်းတာတော်တော်များတာနော်Omega-3, Calcium, Phosphorus, fibre တွေကြောင့် နှလုံးကော ၊ ဝမ်းချုပ်တာကော၊ အရိုးအဆစ်...
24/03/2026

Chia Seedကကောင်းတာတော်တော်များတာနော်
Omega-3, Calcium, Phosphorus, fibre တွေကြောင့် နှလုံးကော ၊ ဝမ်းချုပ်တာကော၊ အရိုးအဆစ်ကော ဂွဒ်🤩Oat တွေ ဒိန်ချဉ်တွေထဲထည်စားလို့ရ၊ အစေ့လိုက်ချည်းတော့မစားပါနဲ့၊ မနက်စာကို ဘာမှမစားဘဲကော်ဖီ၂ခွက်စာအစား ရေနွေးလေးနဲ့ အခုလိုသောက်တာ ရေရှည်လဲအဆင်ပြေပြီ😋သံပုရာ၊ပျားရည်လဲ ထည့်သောက်လို့ရတယ်နော် မနက်အစောဆိုတော့ ရေနွေးနဲ့ပဲချတယ်🤗

စားဖူးသမျှထဲအကောင်းဆုံး😋🌶️ #ငပိထောင်း #ငပိရည်
16/03/2026

စားဖူးသမျှထဲအကောင်းဆုံး😋🌶️
#ငပိထောင်း
#ငပိရည်

 ဦးရေပြားsensitiveသမားတွေကနေ အဆီပြန်တာ၊ဆံသားခြောက်တာ၊ကြမ်းတာ၊အဖျား၂ခွသုံးလေးခွဖြစ်တာ၊ဘာသုံးသုံးမတည့်တဲ့သူတွေ အကုန်အဆင်ပြ...
07/03/2026


ဦးရေပြားsensitiveသမားတွေကနေ အဆီပြန်တာ၊ဆံသားခြောက်တာ၊ကြမ်းတာ၊အဖျား၂ခွသုံးလေးခွဖြစ်တာ၊ဘာသုံးသုံးမတည့်တဲ့သူတွေ အကုန်အဆင်ပြေသောလေးပါ၊ အရင်ကတော့shampooချည်းသုံးတာ အခုတော့ သူ့ conditionerလေးနဲ့တွဲသုံးတာ ပျော့ပြောင်းပြီး ဆံပင်တချောင်းချင်းကိုဆင်းဆင်းလေးဖြစ်နေတာ၊ ဗူးကြီးကလဲတခါဝယ်ထားရင် ၂ဘဝလောက်သုံးရတဲ့ထိပဲ🙂ဘက်ဂျက်အရကြည့်လဲတန်တယ်။ အနံ့လဲမစူးဘူး ကလေးတွေသူံးပေးလဲအဆင်ပြေတယ်။ ဆံပင်ကျွတ်တာကလေ ပုံမှန်ဆိုလူတစ်ဦးက တစ်နေ့ကို ဆံပင် ၅၀-၁၀၀ ကြားကျွတ်တာပုံမှန်ပါပဲ၊ ဆံပင်ရှည်တဲ့သူတွေကျွတ်တော့ ဆံပင်ကရှည်တော့စုလိုက်ရင် အထွေးလိုက်ကြီးဖြစ်နေ အဲ့ခါကျသောကတွေရောက်နေကြတာ၊ Hair cycle အရကြည့်မယ်ဆိုလဲ ယေဘုယျအားဖြင့် ဆံပင်တွေဟာကြီးထွားမယ်၊ရပ်တန့်မယ်၊ကျွတ်ထွက်မယ်ပေါ့ရှင် အဲ့တော့ကျွတ်တာကသောကရောက်စရာမဟုတ်ဘူးပေါ့။ ခေါင်းလျှော်တဲ့နေ့မှာဆိုလဲ ကျွတ်ရတော့မယ့်ဆံပင်တွေက တခါတည်းလျှော်ရင်းပါတတ်တာကြောင့် ပိုကျွတ်သလိုခံစားရတတ်တာပေါ့၊ ရာသီဥတု ၊အစားသောက်နဲ့ သောကတွေများနေတဲ့ပေါ်လဲမူတည်ပါသေးတယ်။ ရိုးရှင်းတဲ့ဘဝနေထိုင်နည်းကို အခုနောက်ပိုင်းပိုအလေးပေးလာလိူ့(😭တကယ်ကထွေထူးအဆင့်များတာတွေ ပျင်းလာလို့:3) လွယ်ကူရိုးရှင်းတာနဲ့ပဲ ကျန်းမာအောင်ဂရုစိုက်ဖြစ်တယ်ရှင့်🙇🏼‍♀️
ခေါင်းအုံးစွပ်၅ရက်/တပတ် တကြိမ်လဲပေးပါ၊ ဖြစ်နိုင်ရက် cotton,ပိတ်ထပ် ပိုးသားသုံးပါ။ဒါပါပဲရှင်🤗

 Cetaphil တို့ CeraVe တို့ဆိုရင် ထုတ်ပိုးမှု့ပုံစံက သိပ်သဘောမတွေ့လို့ ရှောင်ခွင်းပြီး ဖယ်ဖယ်သွားတာ၊(ဗူးပုံစံကြီးကို ပေါ...
23/02/2026


Cetaphil တို့ CeraVe တို့ဆိုရင် ထုတ်ပိုးမှု့ပုံစံက သိပ်သဘောမတွေ့လို့ ရှောင်ခွင်းပြီး ဖယ်ဖယ်သွားတာ၊(ဗူးပုံစံကြီးကို ပေါတယ်လို့ကိုခံစားရတာကိုယ့်ဟာနဲ့ကိုယ်😞)၂၀၂၂ လောက်တုန်းကတော့ Cetaphil cleanser သုံးဖူးသေးတယ်။ မဆိုးပါဘူးပေါ့ ကိုယ့်အနေနဲ့က Cleanser, facial foamဆိုတာ အညစ်ကြေးပြောင်ရင် ရပြီ။ သူ့ performance အနေနဲ့ထပ်တိုးမျှော်လင့်ရရင် မျက်နှာတခုလုံးက ရေဓါတ်ကို အကုန်စုပ်ယူသလို မခံစားရရင်ရပြီ။
အခုရှိတဲ့ Mentholatum Acnes AHA,BHA,Zinc 🙂တွေပါတဲ့ cleanser ကိုDaily မနက်/ည သုံးလို့မရနိုင်တာနဲ့ပဲ မနက်ဖက်သုံးလို့ရမယ့် cleanser ရှာမယ်ဆိုပြီး ဦးနှောက်ကလေးက ဘာမှမထွက်တော့တာနဲ့ CeraVe ဝယ်ဖြစ်တယ်ဆိုပါတော့၊ ဖြစ်ချင်တော့ oily , combination တွေအများစုသုံးတဲ့ အပြာဗူးကကုန်နေတယ်၊ အဲ့တော့အစိမ်းလေးယူရင်း Promotion နဲ့တိုးတော့ Lotion ပါယူလိုက်တာ။ စပြီရီဗျူးက😂
စကင်typeက မွေးကတည်းကနေ အသက်ကြီးထိ တပုံစံထဲဆိုတာတသတ်မှတ်တည်း မရှိပါဘူး၊ အမြဲပြောင်းနေတာပါ။ ပစ္စည်းပြောင်းသုံးတာမျိုး၊ ဟော်မုန်းပြောင်းတာမျိုးနဲ့ နေရာဒေသအစားအသောင်အလိုက်ပေါ့၊ ဆိုတော့ ခုကအသားက အရမ်းအဆီမပြန်တော့ဘဲ combiလောက်သွားတာတောင် အတော်လေးအဆင်ပြေတယ် သုံးလို့ရတယ်။ ဆိုတော့ အသားခြောက်သူ၊normal သမားကိုမှ အဆီဖုဝက်ခြံသမားဆို must-buyပဲ။ Lotion ကလဲ အဆင်ပြေတယ်။ မတော်မတရားကြီးထည့်လူးရင်တော့ စိမ့်ဝင်ဖို့၇ည ကြာမှာပေါ့🌝။ ကိုယ့်စကင်က မနှစ်က June,July ၂လမှာအတော်ထိခိုက်ထားတာ၊ ၆လလောက်ပြန်အဆင်ပြေဖို့ကို စောင့်ထားရတာ၊ ဒါလေးလဲအကူညီရတယ်။ ဆိုတော့ သုံးကြည့်ပေါ့အဆင်ပြေရင်တော့ ဆက်သုံးပေါ့ ကိုယ့်အနေနဲ့တော့ ကုန်လဲဆက်ရွေးချယ်ဖြစ်အုန်းမှာ🩵

 #ဆီthetဟင်းအနှစ်မအားတဲ့သူတွေ၊ တပတ်လုံး ထမင်းချိုင့်ပြင်ဆင်နေရတဲ့သူတွေ၊ အလုပ်တဖက်နဲ့ ကလေးလဲရှိတဲ့ ခေးမေမေတွေအတွက်ဆို ဒါလ...
11/02/2026

#ဆီthetဟင်းအနှစ်

မအားတဲ့သူတွေ၊ တပတ်လုံး ထမင်းချိုင့်ပြင်ဆင်နေရတဲ့သူတွေ၊ အလုပ်တဖက်နဲ့ ကလေးလဲရှိတဲ့ ခေးမေမေတွေအတွက်ဆို ဒါလေးအိုကေတယ်။

ဟင်းတခါချက်ရင် ဆီသ-တ် နံ့ကြီးက အဝတ်အစားတွေကော လက်တွေကိုယ်တွေမှာကော ဆွဲတာ၊ အဆင်မပြေ၊ အခန်းကျဉ်းကျဉ်းလေးမှာ ချက်ရပြုတ်ရ ဒီထဲပဲစားရ၊ အိပ်ရာခင်းတွေ၊ Towel တွေအနံ့ဆွဲရင် အရမ်းစိတ်မကြည်မလင်ဖြစ်ရတယ်။ နေ့တိုင်းလဲ အချိန်တခုပေးပြီး မပြင်ဆင်ချင်ဘူးအဲ့တော့ တပတ်မှာတခါ ဟင်းအနှစ် (ဆီသ -တ် ထားပြီး ဗူးနဲ့ထည့်ထားလိုက်တယ်) ဆီ၊နနွင်း၊ကြက်သွန်ဖြူ၊နီ၊ဂျင်း၊ ဆီချက်လုပ်ပြီးရင် တပတ်စာ fridge ထဲထား၊ အသားဟင်းမကလို့ ဘယ်ဟင်းချက်ချက်အကုန်အိုကေ၊ ဘာမှမချက်
ချင်လဲ ဒီတိုင်းထမင်းနဲ့စား အေးတယ်😂
ပိတ်ရက်အချိန်ရရင် တခါချက်ဖို့အရေး စွပ်ကျယ်သားလက်တိုလေးဝတ်၊ apron ၊ hair cap သုံး၊ လက်အိတ်တော့မသုံးပါ🌝 ချက်ပြုတ်ပြီးရင် တပတ်လုံး အိပ်ပြီးသုံးပြီးတဲ့အိပ်ယာခင်း၊စောင်၊ရေချိုးတဘတ်၊ခေါင်းသုတ်တဲ့တဘတ် လျှော်စရာရှိတာအကုန်လျှော်။ Kitchenသုံး towel တွေဆီနံ့ပြောင်ပြီး ပိုသန့်အောင် ရေနွေးစိမ်ပြီး လက်နဲ့သေချာလျှော်တယ်။
ကျန်းမာလှပ ငပျင်းလေးဘဝ🤭💓

 ရေမသန့်လို့ ဝက်ခြံထွက်လွယ်သူ၊အသားခြောက်သူ၊ ဆံပင်တအားကျွတ်တဲ့သူတွေတွက် must have ပါပဲ ၊ ပုံထဲမှာပါတဲ့ အဖြူရောင် filter အ...
08/02/2026


ရေမသန့်လို့ ဝက်ခြံထွက်လွယ်သူ၊အသားခြောက်သူ၊ ဆံပင်တအားကျွတ်တဲ့သူတွေတွက် must have ပါပဲ ၊ ပုံထဲမှာပါတဲ့ အဖြူရောင် filter အချောင်းအပြင် shower head မှာရေပိုသန့်စေတဲ့ mineral balls လေးတွေလဲပါလို့ အနံ့နံတဲ့ရေတွေကို အနံ့ဆိုးပျောက်စေတယ် ရေထဲမှာပါတဲ့ကလိုရင်းတွေကို ထပ်ပြီး filter လုပ်ပေးလို့ ရေချိုးပြီးရင် ကြမ်းကြမ်းကြီးဖြစ်မနေတော့ဘူးပေါ့နော့၊ သူ့ရေထွက်ပေါက်က ရေအားပြင်းလို့ ကိုယ့်လိုဆံပင်ထူတဲ့သူခေါင်းလျှော်လဲအဆင်ပြေတယ် ရေအားပြင်းတယ်ဆိုပြီး မကြမ်းဘူးသူ့ရေအားက ရေအားများတယ်ပေါ့ကွယ်။ PH level လဲညှိပေးတယ်။ သူ့ filter ကသူ့အညွှန်းမှာရက်၂၀ ဆို တစ်ချောင်းလဲဆိုပေမယ့် နေရာအလိုက်ရေပေါ်မူတည်တာဆိုတော့ သူတို့လဲ အကြမ်းဖျဉ်း ရက်၂၀ လိူ့ပြောတာနေမယ်၊ ၁လထိတော့ အေးဆေးသုံးလ်ို့ရတယ် ၁လနေမှ လဲတယ်ကိုယ်တော့။

ချွတ်ရတပ်ရလွယ်တယ် ဘာခေါင်းခေါ်လဲတော့မသိဘူး အဲ့ခေါင်းက ဒီတိုင်းတပ်လိုက်ရုံပဲအခြားဘာ adapter မှလဲမလိုဘူး အဆင်ပြေတယ် ကြိုက်၏👍🏻

Address

Yangon
1001

Website

Alerts

Be the first to know and let us send you an email when Hteteaindralinn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share