Su Book Shop

Su Book Shop စာဖတ်သူတို့အတွက်
လိုအပ်သောစာအုပ်များကို
အိမ်အရောက်ငွေချေစနစ်နဲ့
ပို့ဆောင်ပေးနေပါပြီ😍
(1)

14/08/2026

ကဲကဲ ဒီအတွဲလေးက အထီးကျန်တယ်လို့ ခံစားရတဲ့ မိန်းကလေးတွေ အတွက် စာအုပ်အတွက် ဆက်လေး

#မှာယူနိုင်ပါပြီ




🥀တစ်ခါတလေကျရင်လည်း ပတ်ဝန်းကျင်က လူတွေဆီက စိတ်ပျက်စရာတွေ၊ အဆိုးမြင်စရာတွေပဲ ဆက်တိုက်ကြုံနေရလို့ ငါပဲ မှားနေတာလား၊ ကမ္ဘာကြ...
14/08/2026

🥀တစ်ခါတလေကျရင်လည်း ပတ်ဝန်းကျင်က လူတွေဆီက စိတ်ပျက်စရာတွေ၊ အဆိုးမြင်စရာတွေပဲ ဆက်တိုက်ကြုံနေရလို့ ငါပဲ မှားနေတာလား၊ ကမ္ဘာကြီးကပဲ ခက်ခဲလွန်းနေတာလားဆိုပြီး စိတ်ဓာတ်ကျဖူးလား….။

ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ အမြင်တွေကို ပြောင်းလဲပေးပြီး ရင်ထဲကို အေးချမ်းမှုအစစ်အမှန် ပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းလေးတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ "ချစ်တဲ့မျက်စိနဲ့ကြည့်ရင်... အကုန်လှတယ်" ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။
ဒီစာအုပ်လေးထဲမှာ အဓိကပြောပြပေးထားတာကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်က အရာရာဟာ ကိုယ်ကြည့်တဲ့ အကြည့်နဲ့ပဲ သက်ဆိုင်နေပြီး၊ ရင်ထဲမှာ အကောင်းမြင်စိတ်လေး မွေးမြူထားမယ်ဆိုရင် ဘဝရဲ့ အလှတရားတွေကို ပိုပြီး မြင်တွေ့လာရလိမ့်မယ်ဆိုတဲ့ အကြောင်းအရာလေးပါ။ တစ်ခါတလေ အသက်အရွယ်ရလာတဲ့အခါ စိတ်နေစိတ်ထားတွေ ပြောင်းလဲလာပြီး၊ ကိုယ့်ရှေ့မှာ မြင်သမျှကို ရှိသရွေ့ အလှအပအဖြစ် လက်ခံတတ်လာတာ၊ မလှပတဲ့အရာတွေထဲက တောင် လှပတဲ့အပိုင်းလေးတွေကို ရှာကြံပြီး ကြည့်တတ်လာတာဟာ အသက်အရွယ်က ပေးတဲ့ သွန်သင်မှုတစ်ခု ဖြစ်တယ်လို့ စာရေးဆရာက လူသားဆန်ဆန်နဲ့ ရင်ထဲရောက်အောင် ရေးဖွဲ့ထားပါတယ်။ ဒါတင်မကသေးပါဘူး၊ လူတွေရဲ့ အချစ်၊ အမုန်းနဲ့ နာကြည်းခြင်းဆိုတဲ့ စိတ်ခံစားချက်တွေကို သိမ်မွေ့တဲ့ အတွေးအမြင်တွေနဲ့ ခွဲခြမ်းစိတ်ဖြာပြထားပြီး၊ ကိုယ့်စိတ်ထဲမှာ လေးလံစေမယ့် အရာတွေကို ဖယ်ရှားပြီး ချစ်တတ်တဲ့ စိတ်အကြည်ဓာတ်လေးတွေ မွေးမြူခြင်းက ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်ကိုပါ ဘယ်လောက်အထိ အေးချမ်းစေလဲဆိုတာကို နားလည်လွယ်တဲ့ စကားလုံးလေးတွေနဲ့ ထိထိမိမိ လမ်းညွှန်ပေးထားတာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့နေ့ရက်တွေကို ပေါ့ပါးအေးချမ်းစွာ ဖြတ်သန်းချင်သူတွေ၊ နှလုံးသားကို အတွေးအမြင်အသစ်တွေနဲ့ ဖြည့်ဆည်းချင်သူတွေအတွက် လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းလေးမလို့ အမြန်ဆုံး အလှမ်းပြင်လိုက်ဖို့ တိုက်တွန်းပါရစေ….။

#စာဖတ်ကြစို့ #စာအုပ်ဆိုင် #မြန်မာစာအုပ်များ
#မျိုးကျော်ဦး #မျိုးကျော်ဦးချယ်ရီစံ #ချစ်တဲ့မျက်စိနဲ့ကြည့်ရင်အကုန်လှတယ်

' အေးလေ၊ လောကကြီးမှာ ဘယ်လိုပျော်အောင် နေရမယ် ဆိုတာကတော့ဟားဗတ် တက္ကသိုလ်ကလည်း သင်မပေးလိုက်ဘူးပေါ့ 'မြသန်းတင့်လွမ်းမောခဲ့ရ...
14/08/2026

' အေးလေ၊ လောကကြီးမှာ
ဘယ်လိုပျော်အောင် နေရမယ် ဆိုတာကတော့
ဟားဗတ် တက္ကသိုလ်ကလည်း သင်မပေးလိုက်ဘူးပေါ့ '

မြသန်းတင့်
လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ
——————————————————————

စာအုပ်များမှာယူလိုပါက အမည်၊နေရပ်လိပ်စာ၊ဖုန်းနံပတ်တို့ဖြင့် Page Cb မှတဆင့် မှာယူနိုင်ပါတယ်ရှင်။

#မြသန်းတင့်
#လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ
30000ကျပ်

ဝယ်ကြအုန်းမှာလား   #နောင့်ရိုးမရာဇာ
13/08/2026

ဝယ်ကြအုန်းမှာလား

#နောင့်ရိုးမရာဇာ

13/08/2026

#တက္ကသိုလ်ဘုန်းနိုင်
#မှာယူနိုင်ပါပြီ

 #နှလုံးသားကိုချည်တဲ့ကြိုး #မယ်ညို
13/08/2026

#နှလုံးသားကိုချည်တဲ့ကြိုး
#မယ်ညို

12/08/2026

အကို့အတွက်ဆို အချိန်အမြဲတမ်းပိုပါတယ်


ပြန်လည် မျှဝေလိုက်ပါတယ်
12/08/2026

ပြန်လည် မျှဝေလိုက်ပါတယ်


ရုန့်ရင်းကြမ်းတမ်းဆဲဆိုနေမှရယ် မဟုတ်ပါဘူး။ စကားပြောတဲ့အခါ ရှေ့နောက်သင့်၏မသင့်၏ မစဥ်းစားဘဲ အဆင်ခြင်မဲ့ ပစ်စလက်ခတ် ပြောဆို...
12/08/2026

ရုန့်ရင်းကြမ်းတမ်းဆဲဆိုနေမှရယ် မဟုတ်ပါဘူး။ စကားပြောတဲ့အခါ ရှေ့နောက်သင့်၏မသင့်၏
မစဥ်းစားဘဲ အဆင်ခြင်မဲ့ ပစ်စလက်ခတ် ပြောဆိုတတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကလည်း သူ့အတွက် လာဘ်ပိတ်တာကို မလွဲမသွေကြုံရတတ်ပါတယ်။ စကားပြောတဲ့အခါ ပါးစပ်ကစည်းကမ်းရှိဖို့ လိုအပ်ပါတယ်။ တစ်ဖက်လူ ကြိုက်လားမကြိုက်လားမသိ ကိုယ်ပြောချင်တာ တရစပ်ပြောတဲ့ပါးစပ်၊ ဝေဖန်ရှုတ်ချစကားတွေပြောတတ်တဲ့ပါးစပ်သမားတွေကို လူတွေက ရှောင်တတ်ကြပါတယ်။

#ကောင်းမြတ်ခေတ်
#သတိ_အာမချောင်ရ
#တန်ဖိုး_၈၀၀၀

12/08/2026

"မျှော်လင့်ချက်များနဲ့ ငြင်းပယ်ခြင်းများ"
( Expectations and Rejections )
***************************************
လူတိုင်းလူတိုင်း ဆက်ဆံရေးတိုင်းမှာ
Expectations တွေဟာ ပုံစံမျိုးစုံနဲ့ ရှိတတ်ကြပါတယ်။

ဥပမာ - မိဘဟာ သားသမီးဆီက ပြန်လည်သိတတ်တာကို လိုချင်တဲ့ မျှော်လင့်ခြင်းတွေရှိမယ်။ ရည်းစားက ကိုယ့်ကိုနားလည်ပြီး အလိုလိုက် ဂရုစိုက်တာကို ခံချင်တဲ့ မျှော်လင့်ချက်တွေ ရှိမယ်။ ကိုယ့်ရဲ့မွေးနေ့ကို မှတ်မိနေစေချင်တာ အလုပ်ရှင်က ကိုယ့်အားထုတ်မှုတွေကို အသိအမှတ်ပြုပြီးချီးကျူးစေချင်တာ စတဲ့ မျှော်လင့်ချက်အမျိုးမျိုးပေါ့လေ။

တချို့သော Expectations တွေဟာ တစ်ဖက်လူထံကနေ ကိုယ့်ဆီကို ပြန်လာမယ့် တုန့်ပြန်မှုတွေ ဖြစ်ချင်ဖြစ်မယ်။ ဒါမှ မဟုတ်လဲ တစ်ဖက်လူဆီမယ် သွားဖြစ်စေချင်နေတဲ့ Outcome တွေကို ကြိုမျှော်လင့်မိတဲ့ Expectations တွေလည်း ဖြစ်ချင်ဖြစ်နေမှာပါပဲ။

ကျွန်မတို့ဟာ ကိစ္စတိုင်းကို အပြုသဘောဆောင်ပြီး အကောင်းဆုံးဖြစ်လာမှာပါလေဆိုတဲ့ Hope နဲ့ကြိုမျှော်လင့်လို့ရတယ်။ သို့သော်ငြား ဖြစ်ကိုဖြစ်လာမယ် ထင်တာပါပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ Expect လုပ်မိတာမျိုးကျ အန္တရာယ် များတတ်ပါတယ်။

ကိုယ်လုပ်နိုင်တာမှန်သမျှ အကောင်းဆုံး ပြုလုပ်ခဲ့ပြီးပြီဆိုရင်ကို ကျွန်မတို့ဟာ အဆင်ပြေသွားမှာပါလေဆိုတဲ့ Hope ထားသင့်ပေသိ တထစ်ချ Expectation မျိုးတော့ မဖန်တီးမိစေဖို့ သတိထားပေးရပါမယ်။ ဥပမာ - သူငါ့ကို ပြန်ချစ်ကိုချစ်မှာ ဆိုတဲ့ မျှော်လင့်ချက်မျိုး မထားမိတဲ့အခါ ချစ်ခြင်းမေတ္တာတွေ သူ့ဆီက ရောက်မလာခဲ့တဲ့အခါမှာလည်း စိတ်ပျက်ခြင်း ဒေါသဖြစ်ခြင်း ဝမ်းနည်းခြင်းတွေ ကြုံရမလာတော့ဘူးပေါ့။

ဒါကြောင့်သာပဲ ကျွန်မခေါင်းစဉ်ထဲမှာကိုက Expectations and Rejections ရေးပြထားခဲ့တာမို့လား။

ရှင်းအောင်ပြောချရရင် လူတိုင်းကတော့ ရှင်တို့ကို ကြိုက်နေမှာ မဟုတ်ဘူးပဲ...။ ဒီလိုကနေပဲ ကျွန်မတို့ဟာ Rejections ဆိုတဲ့ ငြင်းပယ်မှုတွေကို ရင်ဆိုင်လက်ခံရတော့တာပေါ့။

သို့ပေမဲ့ ကိုယ်နားလည်ရမှာတစ်ခုက Rejection ဆိုတာမျိုးဟာ တကယ့်တကယ်များတော့ It's Normal ပါ။ တချို့တွေများဆို မိဘဆီက Rejections ၊ သားသမီးဆီက Rejections စတာတွေများတောင် ပုံမှန် ကိစ္စတစ်ခုလိုပဲ ဘဝတစ်လျှောက်လုံး ကြုံရဆုံရရင်း ဒီလိုပဲ ဖြတ်သန်းကြရတာပါပဲ။

တကယ်များတော့ Rejection တွေဟာ Painful အင်မတန်ဖြစ်တာ ကျွန်မသိသားပဲ။ ကောင်လေးက ကိုယ့်ကိုလမ်းခွဲသွားတာ မနာကျင်ဘဲ နေမလား။ မိဘက ကိုယ့်လုပ်ရပ်ကိုအကောင်းမမြင်တာ မခံစားရဘဲနေမလား။ ပတ်ဝန်းကျင်တစ်ခုလုံးက ကိုယ့်ကိုအမြင်စောင်းပြီး အဆိုးတွေချည်း ဝေဖန်ကုန်ကြတာဟာရော စိတ်မထိခိုက်ဘူးထင်လား။ Rejection တိုင်းဟာ သေးငယ်သည်ဖြစ်စေ၊ ကြီးကျယ်သည်ဖြစ်စေ It's Really Painful ပါ။

သို့ပေမယ့်တို့တွေ နားလည်ရမှာဟာ
You can't make everybody happy.
You can't make everybody like you.

ဆိုတော့ ရှင်တို့ဟာ လူတိုင်း ကိစ္စတိုင်း ဖြစ်ရပ်တိုင်းအပေါ်မယ် ကိုယ်ထင်ရာ မျှောိလင့်ချက်တွေ မထားပါနဲ့။
တစ်ပြိုင်နက်တည်းမှာတော့ ကိုယ့်ဟာကိုယ် သိမ်ငယ်စိတ်ကင်းကင်းနဲ့ ယုံကြည်မှုရှိပြီး အကောင်းဆုံးတွေကိုတော့ မျှော်လင့်(Hope) တတ်ရပါမယ်။ ဒီ့အပြင် မတော်တဆ Rejections တွေရခဲ့ရင်လည်း အရမ်း မခံစားနဲ့ပေါ့လေ။ တို့တွေဟာ ပြီးပြည့်စုံခြင်းမရှိတဲ့ လူသားမျိုးနွယ်တွေချည်းမို့ လူသားပီပီ အငြင်းပယ်ခံရတဲ့ ကိစ္စဟာ ပုံမှန် ကြုံနေကျ စိတ်ကုန်ချင်စရာ ကိုယ်တွေရဲ့ ချဉ်ဖတ် Result တစ်ခုသာဖြစ်ပါတယ်။ ။

#ယုနွယ်လင်း
#ကိုယ်ကမှကိုယ့်လူပါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Su Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category