ဖေမြင့်စာအုပ်များ

Call Directions Contact the business

ဖေမြင့်စာအုပ်များ ဆရာဖေမြင့်၏ စာအုပ်များကို online မှ မှာယူနိုင်ပါတယ်.

လောကကြီးထဲ လူ့ဘဝထဲမှာ စိတ်ချမ်းသာပျော်ရွှင်စွာ ရပ်တည် ရှင်သန်နိုင်ရေး အထောက်အကူပေးမည့် အတွေးအခေါ်များ၊ နည်းလမ်းကောင်းမျာ...
21/08/2026

လောကကြီးထဲ လူ့ဘဝထဲမှာ စိတ်ချမ်းသာပျော်ရွှင်စွာ ရပ်တည် ရှင်သန်နိုင်ရေး အထောက်အကူပေးမည့် အတွေးအခေါ်များ၊ နည်းလမ်းကောင်းများကို ရှာဖွေ စုစည်း တင်ပြပေးထားသည့် စာအုပ်

21/08/2026
20/08/2026

ဒုက္ခိတဘဝကို လက်မခံတဲ့ ကောင်လေး

အဲသည်ရွာ‌ကျောင်းက‌လေးမှာ ဆောင်းတွင်းအနွေးပေးသည့် ရှေးမီးဖိုကြီးတစ်ခု ရှိသည်။ ကျောက်မီးသွေးသုံးသည့် ဗိုက်အိုးကျယ် သံမီးဖိုမျိုး။ ကောင်‌လေးတစ်ယောက်က နေ့စဉ် နံနက်‌စောစော လာပြီး မီး‌မွှေးရသည်။ သူ့ဆရာနှင့် သူ့အတန်းဖော်များ လာလျှင် စာသင်ခန်းလေး နွေးနေအောင်ပေါ့။
တစ်မနက် ကျောင်းတက်သူ‌တွေ လာကြသည့်အချိန်မှာ‌တော့ စာသင်‌ကျောင်းကလေးမှာ မီးတွေ တဟုန်းဟုန်း တောက်‌နေတာ တွေ့ကြရသည်။ ကျောင်းထဲမှာ သတိ‌မေ့နေသည့် ကောင်လေးကို သူတို့ ဝိုင်းဝန်းဆွဲထုတ်ကြသည်။ ကောင်‌လေးက သေသလား ရှင်သလား မခွဲခြားနိုင်သည့် အနေအထားမျိုး။ သူ့ခန္ဓာကိုယ် အောက်ပိုင်းက မီး‌တွေ အကြီးအကျယ်‌ လောင်ထားသည်။ သူ့ကို နီးရာနယ်‌မြေဆေးရုံသို့ သယ်ယူခဲ့ကြသည်။
ဆေးရုံခုတင်‌ပေါ်မှာ သတိလစ်တစ်ချက် မလစ်တစ်ချက် ဖြစ်နေသည့်ကြားက ကောင်‌လေး နားထဲမှာ ဆရာဝန့် စကားသံ‌တွေ မသဲမကွဲ ကြား‌နေရသည်။ ဆရာဝန်က သူ့မိခင်အား သူမ၏သား အသက်ရှင်စရာ လမ်းမရှိသည့်အ‌ကြောင်း၊ စင်စစ် ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး ယခု‌လောက် ဆိုးဆိုးဝါးဝါးကြီး လောင်ကျွမ်းပျက်စီးသွားပြီးသည့်နောက်တွင်‌တော့ အသက်ဆက်မရှင်တာသည်ပင် ကောင်းသေးကြောင်း ပြောကြားနေခြင်း ဖြစ်သည်။
သတ္တိကောင်းသည့် သည်ကောင်လေးက သေရမှာကို အလိုမရှိ။ ငါ မသေဘူး၊ အသက်ရှင်ရမယ်ဟု သူအဓိဌာန်ပြုသည်။ တကယ်ပင် သူဆက်အသက်ရှင်လာ‌တော့ ဆရာဝန်အံ့အားသင့်ရသည်။ မသေနိုင်တာ့ဘူးဆိုတာ သေချာသွားသည့်အချိန် ဆရာဝန်နှင့် သူ့မိခင် ဆွေးနွေးပြောဆို‌နေတာ သူ ကြားရပြန်သည်။ သူ့ခန္ဓာကိုယ် အောက်ပိုင်းက အသား‌တွေ အမြောက်အမြား မီးကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ ခြေနှစ်ချာင်းလုံး သုံးမရတော့သဖြင့် တစ်သက်လုံး မစွမ်းမသန် ဒုက္ခိတဘဝဖြင့် နေသွားရလိမ့်မည် ဆိုသည့်အကြောင်း ဖြစ်၏ ။
သည်စကားကြားပြီးသည့်‌နောက် ကောင်လေး တစ်ကြိမ်ထပ်၍ အဓိဌာန်ပြုသည်။ ငါ လမ်းလျှောက်နိုင်ရမယ်၊ ဒုက္ခတဘဝ လုံးဝမရောက်‌စေရ ဟူ၍။
သို့သော် အဓိဌာန်ပြုမည့်သာ ပြုရသည်။ ခါးအောက်ပိုင်း တစ်ခုလုံးက အသက်မဝင်၊ လှုပ်ရှားနိုင်စွမ်းမရှိ ဖြစ်နေသည်။ ကြုံလှီ‌သေးကွေးသော ခြေထောက်နှစ်ချာင်းက အောက်ဘက်မှာ တွဲလောင်းကလေး။

သည်လိုဖြင့် နောက်၌ သူ ဆေးရုံမှဆင်းခွင့်ရခဲ့သည်။ အိမ်တွင် အမေက သူ့ ခြေထောက်ကလေးတွေကို နေ့စဉ် နှိပ်နယ်‌ပေးသည်။ သို့သော် ခြေထောက်‌တွေက ဘာခံစားမှုမျှ မရှိ၊ ဘယ်လိုမှလည်း လှုပ်ရှားခိုင်း၍ မရ၊ လုံးဝ အသုံးမကျဖြစ်နေသည်။
သို့သော် လမ်းထလျှောက်နိုင်ရမည် ဟူသော သန္နိဋ္ဌာန် ခိုင်မာမြဲ ခိုင်မာဆဲပင်။
အိမ်၌ သူ့ကို အိပ်ယာထဲထားလျှင်ထား၊ မဟုတ်လျှင် ဘီးတပ်ကုလားထိုင်၌ ထား‌လေ့ရှိသည်။ နေသာ‌သော တစ်နေ့ အမေက သူ့ကို လေကောင်းလသန့်ရှူရ‌အောင် ဟူ၍ ခြံထဲ တွန်းယူသွားပြီး ထားသည်။ အဲသည်‌နေ့မှာ သူက ကုလားထိုင်ထဲချည်း ထိုင်မနေ‌တော့ဘဲ အောက်သို့ လှိမ့်၍ဆင်းသည်။ အဲသည်‌နောက် ခြေထောက်နှစ်ချောင်းကို ဒရွတ်ဆွဲကာ မြက်ခင်းမှာ ဝမ်းလျားထိုး၍ သွားသည်။
သူတို့မြေကွက်ကို ကာရံထားသည့် အဖြူရာင် ခြံစည်းရိုးတန်းဆီ‌ရောက်အောင် အားခဲပြီး သူသွားသည်။ သည့်‌နောက်တွင် ခဲယဉ်းပင်ပန်းစွာ အားထုတ်ကြိုးပမ်းကာ သူ့ကိုယ်သူ ခြံစည်းရိုးမှာ တွဲပြီးထူသည်။ ပြီးလျှင် ငါ လမ်းလျှောက်နိုင်ရမည်ဟူသော အားမာန်ဖြင့် စည်းရိုးတန်းတစ်လျှောက် သည်တစ်တိုင်မှ ဟိုတစ်တိုင် ဒရွတ်တိုက်လျက် ရွှေ့သည်။ အဲသည်မှစတင်ကာ နေ့စဉ် နေ့တိုင်း သည်အတိုင်း ကြိုးစားအားခဲ၍ လုပ်ရာ ခြံစည်းရိုးတန်း နံဘေးတ‌စ်‌လျှောက်တွင် ချောမွတ်ညီညာသော လမ်းကြောင်းရာတစ်ခုပင် ထင်လာသည်။ သူ့အဖို့ လောက၌ သူ့ခြေထောက်နှစ်ချာင်း အသက်ဝင်လာ‌အောင် လေ့ကျင့် ပျိုးထောင်ဖို့ထက် ပို၍ထက်သန်လိုလားအပ်သော အရာ မရှိခဲ့။
သို့နှင့် နောက်ဆုံး၌၊ နေ့စဉ် နှိပ်နယ်ကုသမှု၊ မဆုတ်မနစ်‌သော စိတ်ဇွဲနှင့် ခိုင်မာသော သန္နိဋ္ဌာန်တို့ဖြင့် ကြိုးစား အားထုတ်မှုများ‌ကြောင့် သူ မတ်တတ်ရပ်နိုင်လာသည်။ သည်‌နောက်တွင် ထော့တီး‌ထော့နဲ့ လမ်းလျှောက်နိုင်လာသည်။ အဲသည်‌နောက် လွတ်လွတ်ကျွတ်ကျွတ်။ အဲသည်‌နောက်တွင်ကား ပြေးနိုင်လာလေသည်။
သူ ကျောင်းသို့ လမ်းလျှောက်သွားသည်။ သည်‌နောက် ပြေးသွားသည်။ နောက်တွင်မူ ပြေးရသည်ကို နှစ်သက်ခြင်း သက်သက်အတွက်‌ကြောင့်ပင် လျှောက်၍ ပြေးလေ‌တော့သည်။
ကောလိပ်‌ကျောင်း ရောက်သည့်အခါ ပြေးခုန်ပစ် အားကစားသမားအဖွဲ့ ထဲမှာ သူ ပါလာသည်။
နောက်တွင်မူ၊ တစ်ချိန်‌သောအခါက အသက်ပင် ရှင်မှာမဟုတ်ဘူးဟု ထင်ခဲ့ရသော၊ အသက်ရှင်သည့်တိုင် ဘယ်နည်းနှင့်မျှ လမ်းလျှောက်နိုင်မည် မဟုတ်ဟု ယူဆခဲ့ရ‌သော၊ ပြေးနိုင်ဖို့ ဆိုသည်ကိုကား နည်းနည်းမျှပင် မျှော်လင့်၍ မရနိုင်ခဲ့သော၊ အလွန်ဇွဲကြီးလှသည့် ထိုကောင်လေး ဂလင်ကန်နင်ဟမ်သည် တစ်ဖက်က ပညာ‌ရေးဘက်တွင် အောင်မြင်ကာ ဒေါက်တာဂလင်ကန်နင်ဟမ် ဟူ၍ ဖြစ်လာသည့်ပြင်၊ တစ်မိုင်အဝေးကို ကမ္ဘာပေါ်တွင် အမြန်ဆုံး‌ပြေးနိုင်သူအဖြစ်လည်း နယူးယောက်မြို့ မေဒီဆင် စကွဲယား ပန်းခြံကြီးထဲတွင် စံချိန်တင် ပြေးပြနိုင်‌ခဲ့‌ေပသည်။

[မူရင်း။ ။ Burt Dublin ၏ The Power of Determination]
(ဆရာဖေမြင့်၏ “နှလုံးသား အာဟာရ ရသစာများ (တတိယတွဲ) မှ)

တစ်ခါက မိုက်ကယ်အိန်ဂျယ်လိုသည် ခရစ်ယာာန် ပုပ်ရဟန်းမင်းကြီး၏ ဗက်တီကင်နန်းမြို့ရှိ ဆစ္စတင်း ဘုရားရှိခိုးကျောင်း မျက်နှာကြက်...
20/08/2026

တစ်ခါက မိုက်ကယ်အိန်ဂျယ်လိုသည် ခရစ်ယာာန် ပုပ်ရဟန်းမင်းကြီး၏ ဗက်တီကင်နန်းမြို့ရှိ ဆစ္စတင်း ဘုရားရှိခိုးကျောင်း မျက်နှာကြက်တွင် ဓမ္မဟောင်းကျမ်းလာ ဖြစ်စဉ်များကို သရုပ်ဖော်သည့် နံရံဆေးရေး ပန်းချီကားကြီးတစ်ခု ရေးဆွဲရသည်။ ဆရာကြီးသည် မျက်နှာကြက်တွင် ကပ်၍ ဆင်ထားသည့် ငြမ်းပေါ်၌ ပက်လက်လှန်ကာ ပန်းချီရေးဆွဲရသည်ဖြစ်ရာ ကာယဒုက္ခ အလွန်ကြီးမားလှ၏။

ပန်းချီကားကြီးမှာ ထာဝရဘုရားသခင် လောကကို ဖန်ဆင်းပုံ၊ အာဒမ်နှင့် ဧဝပုံ စသည်ဖြင့် အဓိကရုပ်ပုံပေါင်း ၃၄၃ ပုံ ပါဝင်သည့် ဧရာမ ကားကြီးဖြစ်၍ တစ်ပုံချင်းကို စိတ်တိုင်းကျ ရေးခြယ်သည်ဖြစ်ရာ ငြမ်းစင်ထက်၌ ပက်လက်ပက်လက်နှင့် စုစုပေါင်း လေးနှစ်မျှ ကြာခဲ့၏။

တစ်နေ့တွင် မျက်နှာကြက်ထောင့်တစ်နေရာ၌ ကတ်ကတ်သတ်သတ် ရေးဆွဲရသည့် ရုပ်ပုံတစ်ပုံကို အနုစိတ် ခြယ်မှုန်းနေစဉ် အနီး၌ လာရောက်ကြည့်ရှုနေသူ မိတ်ဆွေတစ်ဦးက သူ ဒုက္ခခံနေပုံကို မကြည့်နိုင်ဖြစ်လာကာ ကရုဏာနှင့် ပြောသည်။

“ဒီလောက် ထောင့်ကြားထဲမှာဗျာ၊ အောက်က ကြည့်မယ့်သူနဲ့လဲ အဝေးကြီးပဲ၊ ဘာလို့ ဒါလောက်ဒုက္ခခံပြီး အသေးစိတ်လုပ်နေရတာလဲ၊ ပြီးတော့ဗျာ၊ တကယ် လက်ရာ ပီပြင်တယ်၊ မပီပြင်ဘူး ဆိုတာကော ဘယ်သူသိမှာမှတ်လို့” ဟု မိတ်ဆွေက ဆိုသည့်အခါ မိုက်ကယ်အိန်ဂျယ်လိုက တစ်ခွန်းပဲ ပြန်ပြောသည်။

“ငါ သိတာပေါ့ကွ” ဟူ၍။

မှန်သည်။ မိုက်ကယ်အိန်ဂျယ်လိုသည် မိမိအနုပညာကို လေးစားသူ၊ မိမိအလုပ်အပေါ် သစ္စာရှိသူ၊ အနုပညာလုပ်ငန်းအရ မိမိနှင့် ပတ်သက်လာသူများအပေါ် အစဉ် ဖြောင့်မတ်တည်ကြည်သူ ဖြစ်သည်။

သူတစ်ပါး သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မိမိအလုပ်ကို မိမိဘာသာ သိထားသည့် စံချိန်စံညွှန်းထက် မလျော့ပါးစေရ ဟူသော စိတ်ဓာတ်မျိုး သူ့မှာ အမြဲရှိသည်။

ထို့ကြောင့်လည်း နှစ်ပေါင်း ၅၀၀ နီးပါး ကြာပြီးသည့် ယနေ့အချိန်တိုင် ကမ္ဘာက လေးစားနေရသည့် အနုပညာ ပါရမီရှင်ကြီး အဖြစ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

[ ဆရာဖေမြင့်၏ “အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်မှ ]

လူတွေသည် မှန်ရေကန်ထဲက ရွှေငါးများနှင့် တူလှသည်ဟု ပြောလေ့ရှိကြသည်။ ငါးတွေသည် မပြတ် ကူးခတ်နေကြသော်လည်း ဘယ်ခရီးမျှ မရောက်၊ ...
19/08/2026

လူတွေသည် မှန်ရေကန်ထဲက ရွှေငါးများနှင့် တူလှသည်ဟု ပြောလေ့ရှိကြသည်။ ငါးတွေသည် မပြတ် ကူးခတ်နေကြသော်လည်း ဘယ်ခရီးမျှ မရောက်၊ မှန်ရေကန်ထဲမှာ ပတ်ချာလည်၍သာ နေသည်။ လူတွေမှာလည်း အများစုတို့သည် ဘေးက ကြည့်လျှင် အလုပ်များနေသယောင် ထင်ရသော်လည်း တကယ်တမ်း၌ ဘဝအတွက် အစီအစဥ်တကျ ရည်မှန်းချက်ရှိရှိ လှုပ်ရှားနေခြင်း မဟုတ်၊ မရေမရာ မျောပါနေကြခြင်းသာ ဖြစ်၏။
စင်စစ်၊ ဘဝ ဟူသည် ကံစမ်းပွဲ မဟုတ်။ ကံအကောင်းအဆိုးကို မျှော်ကာ ကြုံရာ ကျရာ မျောပါနေဖို့ မဟုတ်။ မိမိဘဝကို ဖန်တီးနိုင်သော အရာသည် ကံကြမ္မာ မဟုတ်၊ မိမိသာလျှင် ဖြစ်ကြောင်း သိထားဖို့ လိုသည်။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ကြောင်း ယုံကြည်လျှင် သည်ဘဝမှာ ငါ ‘ဘာ’ ဖြစ်ရမည် ဟူ၍ ဆုံးဖြတ်ချက် ချနိုင်ပေပြီ။
သည်ဘဝမှာ သင် ‘ဘာ’ဖြစ်ချင်သလဲ၊ သင်ကိုယ်တိုင်ပဲ ရွေးချယ်ရလိမ့်မည်။ တခြားသူ ဆုံးဖြတ် ရွေးချယ်ပေး၍ မရ။
အသက် ၆၀ မှာ သင် ဘာဖြစ်ချင်သလဲ။ အသက် ၇၀ မှာ ဘယ်အနေအထားမျိုးနှင့် ရှိချင်သလဲ။ အသက် ၈၀ မှာကော။
ဘယ်လိုဂုဏ်သရေမျိုးနှင့် ပုဂ္ဂိုလ် ဖြစ်ချင်သလဲ။ ပိုင်ဆိုင်မှုတွေ ဘယ်လောက် ရှိချင်သလဲ။ ဆွေမျိုးအသိုင်းအဝိုင်းက၊ ရပ်ရွာက၊ နိုင်ငံက သင့်အပေါ် ဘယ်လိုသဘောမျိုး ထားရှိစေချင်သလဲ။ စဉ်းစားကြည့်ပါ။ ပီပီသသ မြင်ယောင်ကြည့်ပါ။ ငါ အဲသည်လို ဖြစ်ရမည်၊ ငါ အဲသည်လောက် ဖြစ်ရမည်ဟု စိတ်ထဲမှာ ယုံကြည်လာလျှင် အဲဒါသည် သင့်အတွက် ရေရှည် ရည်မှန်းချက် ဖြစ်ပြီ။
သည်ရည်မှန်းချက် သင့်ခေါင်းထဲမှာ စွဲမြဲနေမည်၊ အခြား အလိုဆန္ဒများ၏ အထက်က လွှမ်းမိုး၍ နေမည် ဆိုလျှင် သည်နှစ်ကာလများအတွင်း သင် လှုပ်ရှားလုပ်ကိုင်သမျှသည် သင့်အာား ပန်းတိုင်ဆီသို့ မသိမသာ ဖြစ်စေ သိသိသာသာ ဖြစ်စေ တွန်းပို့ပေးသော အရာများချည်း ဖြစ်လာလိမ့်မည်။

[ ဆရာဖေမြင့်၏ “အားပြင်းတဲ့ မြားတစ်စင်း” စာအုပ် မှ]

အခွင့်အရေး ရှိမရှိ ဟူသည် ကြည့်မြင်သူပေါ်၌ မူတည်သည်။ အဆိုးမြင်သမားတို့သည် အခွင့်အရေး မြင်ရမည့် နေရာ၌ အခွင့်အရေးကို မမြင်ဘ...
17/08/2026

အခွင့်အရေး ရှိမရှိ ဟူသည် ကြည့်မြင်သူပေါ်၌ မူတည်သည်။ အဆိုးမြင်သမားတို့သည် အခွင့်အရေး မြင်ရမည့် နေရာ၌ အခွင့်အရေးကို မမြင်ဘဲ ၎င်းတို့နောက်က ပြဿနာများ၊ အခက်အခဲများကို မြင်သည်။ အကောင်းမြင်သမားတို့ကား ပြဿနာများ အခက်အခဲများကို ကျော်ကာ ၎င်းတို့ နောက်ဘက်ရှိ အခွင့်အရေးကို မြင်တတ်ကြချေသည်။

(“ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ” စာအုပ်မှ)

ဆရာဖေမြင့်၏ ထုတ်ဝေပြီးစာအုပ် ၄၈ မျိုး
12/08/2026

ဆရာဖေမြင့်၏ ထုတ်ဝေပြီးစာအုပ် ၄၈ မျိုး

Address

No. 1520, Pyi Htaung Hsu Road, North Dagon Township
Yangon
11421

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Telephone

+9595108014

Website

Alerts

Be the first to know and let us send you an email when ဖေမြင့်စာအုပ်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဖေမြင့်စာအုပ်များ:

Shortcuts

Share

Category