Thu Thu Eain online market

Thu Thu Eain online market Trading

30/08/2021
💕 ဘာလို့ အဖျက်စိတ်​တွေက ဆွဲချ​နေလဲ?💕 ကိုယ်လိုချင်တာ​တွေ ရမလာ မ​ရောက်လာ​သေးလဲ?💕 ​ငွေက​ရော ဘာလို့တလ လည်းဒီ​လောက်💕 ​နောက်လလ...
26/08/2021

💕 ဘာလို့ အဖျက်စိတ်​တွေက ဆွဲချ​နေလဲ?
💕 ကိုယ်လိုချင်တာ​တွေ ရမလာ မ​ရောက်လာ​သေးလဲ?
💕 ​ငွေက​ရော ဘာလို့တလ လည်းဒီ​လောက်
💕 ​နောက်လလည်း ဒီ​လောက်ပဲ ရပ်တန့်​နေလဲ???

ငါက ဒီ​လောက်နဲ့ပဲထိုက်တန်တယ် စိတ်ထဲမှာခံစား​နေရလို့
​ငွေဝင်လာလည်း ငါနဲ့မထိုက်တန်ဘူးခံစားရ​တော့
​ရော့အင့် ​ပေးလိုက် ​စျေးဝယ်လိုက် ဝင်လာတဲ့​ငွေကိုသုံးလိုက်ရမှ
စိတ်ချမ်းသာသူ​တွေရှိတယ်

ထီ​ပေါက်ပြီး ​ငွေပြန်ကုန်သွားတာလည်း အဲ့ဒါကို​ပြောတာ
စီးပွားတက်ပြီး ကျန်းမာ​ရေးနဲ့ပြန်ကုန်တာလည်း အဲ့အချက်ပဲ

​နောက်သုံးတဲ့အခါမှာလည်း ကြည်ကြည်ဖြူဖြူ
​ပျော်​ပျော်ရွှင်ရွှင် ​ကျေ​ကျေနပ်နပ်​လေးသုံး
Happy money​ပေါ့

​နောက်​ငွေရှာတဲ့ energyလည်း ​လောဘနဲ့ရှာ
​ဒေါသ ​မောဟနဲ့ ရှာ မမြဲဘူး
​ပျောက်တယ် ကုန်တယ် ပျက်စီးတယ်

နှ​​မြောတဲ့ စိတ်နဲ့ဝယ် မိတ်ကပ်ဘူး​တွေ ထွက်ကျ ကွဲကုန်တာ
ဖြစိဖူးတယ်မလား???ဘာလို့ဆို
ကိုယ်စဝယ်တည်းက ထိုက်တန်တယ် မခံစားရ​တော့
နဲနဲပဲ သုံးရ​သေး
ပျက်စီးသွားတာ😁

ကိုယ်က ဘဝမှာ ထိုက်တန်တယ် ​ပျော်​နေတယ် ခံစားရရင်
​ငွေက တဖြည်းဖြည်း ​နောက်က လိုက်လာလိမ့်မယ်

ကိုယ်တိုင်က dis အထည်​တွေဝတ် ​စျေးသက်သာတာ
လိုက်ရှာ အိပ်ရာစုတ်​တွေနဲ့ အိပ်​နေတာ
ထမင်းပန်းကန်အစုတ်​တွေနဲ့ စားပြီး ပါးစပ်က
ချမ်းသာချင်လို့ မရဘူး​လေ

​နေ့စဥ်ဘဝကို ​ပြောငိးလဲရမယ် habit​တွေက
တဖြည်းဖြည်းနဲ့ ကျမတို့ရဲ့ ဘဝဖြစ်လာတယ်

ဒါ့​ကြောင့် ​နေ့စဥ် ဘယ်လို​နေ ဘယ်လိုထိုင်တယ်ဆိုတာ
အ​ရေးကြီးတယ်

ကိုယ့်ရဲ့ frequencyကို upgradeလုပ်ထားဖို့လိုတယ်
ဒါ့​ကြောင့် တချို့လူ​တွေ ​ငွေရှာပြီး
သူ​ဌေး​ပေမယ့် စည်းစိမ်မခံစားရတာ ဖြစ်တယ်

ကိုယ်က abundance ပါးစပ်ကသာ
I m abundant ​အော်​နေ I m enough​အော်​နေပြီး
အ​ပေါ်က အချက်​တွေ လုပ်​နေလည်း ရွတ်ပြီး
ဘာမှမထူးခြားလာတာ ဘာလို့လဲ??

လက်​တွေ့ actionလည်း ထည့်ရပါမယ်
ပါးစပ်ကလည်း ရွတ် စိတ်ကလည်း ​နေ့စဥ်ဘဝမှာ
Action​လေးထည့် ရင် တဖြည်းဖြည်း ဖြစ်ချင်တာ​တွေ ဖြစ်လာပါမယ်

သူများအတင်း​ပြောရင်လည်း low frequencyပါ​နော်
​အောက်ကပုံ​လေးက အမ​Chaw Su ဆီက saveထားတာ
ဖြစ်မယ် ပုံ​လေးထည့်ထား​ပေးပါတယ်

တူရာတူရာ စုတယ်​တို့ ကိုယ့် vibrationနဲ့ frequcency
နဲ့ ကိုက်ညီတဲ့ အဖြစ်ပျက် ​moneyတို့ Rsတို့ပဲ
ရရှိတတ်ပါတယ်

ကိုယ်ဘယ်မှာ​နေမလဲ ဘာ​တွေဖန်တီးမလဲက
ကိုယ့်အ​ပေါ် မူတည်ပါတယ်

" D.I.Y " ဘုရားက​ဟောခဲ့တာပါ
Do It Yourself .
အတ္တာဟိ အတ္တ​နော နာ​ထော
ကိုယ်ဟာ့ကိုယ်လုပ်ပါ လုပ်နိုင်စွမ်းရှိတာကိုအား​ပေးတာပါတဲ့

With love 💖
Credit

သတိထားမိလား ? သောကနဲ့တွေးပြီး စိုးရိမ်ပူပန်တဲ့အခါကျရင် တော်တော်များများက “တကယ်လို့ ငါအဆင်မပြေရင် ဘယ်လိုလုပ်မလဲ၊ လွဲချော်...
26/08/2021

သတိထားမိလား ?
သောကနဲ့တွေးပြီး စိုးရိမ်ပူပန်တဲ့အခါကျရင်
တော်တော်များများက
“တကယ်လို့ ငါအဆင်မပြေရင် ဘယ်လိုလုပ်မလဲ၊ လွဲချော်သွားရင် ဘယ်လို လုပ်မလဲ “
အရင်ဆုံးစတွေးကြတယ်။

ကျွန်မ client တွေကိုတော့ ပြောင်းပြန်
တွေးခိုင်းတယ်။
ဘာတွေပဲဖြစ်နေပါစေ
“ကျွန်တော် အဆင်ပြေသွားရင်ရော”
“ကျွန်မသည်းခံပြီး ကြိုးစားထားတာတွေ ဖြစ်လာရင်ရော”
“အခုကြုံနေတာတွေက ကျွန်မရဲ့စိတ်ကို ရင့်ကျက်မှုတွေပေးတယ်ဆိုရင်တော့”
“ နောက်ဆုံး အသီးအပွင့်တွေခံစားရရင်ရော”

What if “တကယ်လို့” နောက်မှာခံယူချက်ပြောင်းလဲသွားရုံနဲ့ ကိုယ့်ဘဝမှာလဲ ကိုယ်တွေးထားသလိုတွေဖြစ်လာနိုင်တာပေါ့။


Credit

သတိထားမိလား ?
သောကနဲ့တွေးပြီး စိုးရိမ်ပူပန်တဲ့အခါကျရင်
တော်တော်များများက
“တကယ်လို့ ငါအဆင်မပြေရင် ဘယ်လိုလုပ်မလဲ၊ လွဲချော်သွားရင် ဘယ်လို လုပ်မလဲ “
အရင်ဆုံးစတွေးကြတယ်။

ကျွန်မ client တွေကိုတော့ ပြောင်းပြန်
တွေးခိုင်းတယ်။
ဘာတွေပဲဖြစ်နေပါစေ
“ကျွန်တော် အဆင်ပြေသွားရင်ရော”
“ကျွန်မသည်းခံပြီး ကြိုးစားထားတာတွေ ဖြစ်လာရင်ရော”
“အခုကြုံနေတာတွေက ကျွန်မရဲ့စိတ်ကို ရင့်ကျက်မှုတွေပေးတယ်ဆိုရင်တော့”
“ နောက်ဆုံး အသီးအပွင့်တွေခံစားရရင်ရော”

What if “တကယ်လို့” နောက်မှာခံယူချက်ပြောင်းလဲသွားရုံနဲ့ ကိုယ့်ဘဝမှာလဲ ကိုယ်တွေးထားသလိုတွေဖြစ်လာနိုင်တာပေါ့။

11/07/2021

ကိုဗစ်-၁၉ ဖြစ်လို့ ကိုယ်ပူပြီး နေမကောင်းဖြစ်ရင် ထမင်းကျွေးလို့ရလား?

ဖြစ်နေတာ က ကိုဗစ်-၁၉ ပါ။ တိုက်ဖွိုက် (Typhoid) မဟုတ်ပါ။ ထမင်းကျွေးလို့ရပါတယ်။ လူနာစားနိုင်ရင် အာဟာရ ရှိတာ မှန်သမျှ အကုန်ကျွေးရပါမယ်။

လူနာက ကောင်းကောင်းစားနိုင်ရင် သူစားချင်တာ မှန်သမျှ သန့်ရှင်း လက်ဆပ်ရင် ကျွေးပါ။ အသား၊ ပဲ၊ နို့၊ ကြက်ဥ စတာ တွေကို ပိုကျွေးပါ။

လူနာ က အစာပျော့ပဲ စားနိုင်ရင် ဆန်ပြုတ်၊ မြူစွမ်၊ ကြာဇံပြုတ်၊ ခေါက်ဆွဲပြုတ် (readymade ကို မဆိုလိုပါ) စတာတွေကို ကြက်သားများများ+ ကြက်ဥ ထည့် ပြုတ်ပြီး ကျွေးပါ။ ဆီ ထည့်ပြုတ်ပါ။ (လက်ဖက်စားဇွန်း ၁-၂ ဇွန်းစာ)

လူနာ က အရည် ပဲ သောက် နိုင်တယ် ဆိုရင် လဲ အာဟာရများတဲ့ နို့၊ အာဟာရမှု့န်ကျွေးပါ။ တိုက်ပါ။

ဒါကြောင့် ကိုဗစ်-၁၉ ကြောင့် နေမကောင်းဖြစ်ရင် ထမင်းမကျွေးရဘူး ဆိုတာ လုံးဝ မှားပါတယ်။

အာဟာရပြည့်အောင် စားကြပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

https://t.me/drnyinyikyaw
Cre
ကိုဗစ်-၁၉ ဖြစ်လို့ ကိုယ်ပူပြီး နေမကောင်းဖြစ်ရင် ထမင်းကျွေးလို့ရလား?

ဖြစ်နေတာ က ကိုဗစ်-၁၉ ပါ။ တိုက်ဖွိုက် (Typhoid) မဟုတ်ပါ။ ထမင်းကျွေးလို့ရပါတယ်။ လူနာစားနိုင်ရင် အာဟာရ ရှိတာ မှန်သမျှ အကုန်ကျွေးရပါမယ်။

လူနာက ကောင်းကောင်းစားနိုင်ရင် သူစားချင်တာ မှန်သမျှ သန့်ရှင်း လက်ဆပ်ရင် ကျွေးပါ။ အသား၊ ပဲ၊ နို့၊ ကြက်ဥ စတာ တွေကို ပိုကျွေးပါ။

လူနာ က အစာပျော့ပဲ စားနိုင်ရင် ဆန်ပြုတ်၊ မြူစွမ်၊ ကြာဇံပြုတ်၊ ခေါက်ဆွဲပြုတ် (readymade ကို မဆိုလိုပါ) စတာတွေကို ကြက်သားများများ+ ကြက်ဥ ထည့် ပြုတ်ပြီး ကျွေးပါ။ ဆီ ထည့်ပြုတ်ပါ။ (လက်ဖက်စားဇွန်း ၁-၂ ဇွန်းစာ)

လူနာ က အရည် ပဲ သောက် နိုင်တယ် ဆိုရင် လဲ အာဟာရများတဲ့ နို့၊ အာဟာရမှု့န်ကျွေးပါ။ တိုက်ပါ။

ဒါကြောင့် ကိုဗစ်-၁၉ ကြောင့် နေမကောင်းဖြစ်ရင် ထမင်းမကျွေးရဘူး ဆိုတာ လုံးဝ မှားပါတယ်။

အာဟာရပြည့်အောင် စားကြပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

https://t.me/drnyinyikyaw
Credit

06/07/2021

Covid-19 ကာလ ကိုယ်ခံအားတက်စေပြီး ကုန်ကျစရိတ် သက်သာစေမယ့် အစားအစာများ

(၁) ထမင်း၊ ဆီ၊ ပဲပြုတ် (၁၀ သားလောက် ကို မိသားစု ၃ ယောက် လောက်မျှစားရင် အသားဓါတ်လဲ အတော်အသင့်ရပြီး၊ ကုန်ကျစရိတ်သက်သာစေပါတယ်)

(၂) ထမင်းဆီဆမ်း၊ ကြက်ဥကြော်

(၃) ထမင်းဆီဆမ်း၊ မြေပဲလှော်

(၄) ပေါင်မုန့်၊ ကြက်ဥ

(၅) နွားနို့ နှင့် ပေါင်မုန့်

(၆) ပဲပြုတ်၊ ကောက်ညှင်းပေါင်း

(၇) ပဲဟင်း၊ ထမင်းဆီဆမ်း

အခု ကျွန်တော်ပြောပြထားတာ ဥပမာ သာ ဖြစ်ပါတယ်။ ဆိုလိုတာက ရောဂါကာကွယ်ဖို့ အတွက် လက်ဆေး၊ mask တပ်၊ လူစုလူဝေး ရှောင်ဖို့ လိုသလို၊ အာဟာရပြည့်အောင် စားဖို့ ကလဲ လိုပါတယ်။

အခု လို အချိန်မှာ ဝင်ငွေတွေလဲ အသီးသီး ခက်ခဲနေတော့ ဈေးသက်သက်သာသာ နဲ့ အာဟာရ ဖြစ်ဖို့လိုပါတယ်။

ဒါကြောင့် ဈေးသက်သာပြီး အာဟာရဖြစ်စေတာက တော့ ကြက်ဥ၊ ပဲ အမျိုးမျိုးပါပဲ။ အသားဟင်း နေတိုင်းမချက်ဖြစ်ရင်တောင် ပဲဟင်း ခပ်ပျစ်ပျစ် နဲ့ အရွက်ကြော် တခုခု နဲ့ ထမင်း ကို ဆီ အနည်းငယ်လောက်ဖြင့် နယ်ပြီး စားလဲ အဆင်ပြေပါတယ်။

အရေးကြီးတာ ကတော့ ပြီးပြီးရော ဆိုပြီး ငါးခြောက် နဲ့ ထမင်းစားတာ၊ လက်ဖက် ၁၀၀ တန် အထုပ် နဲ့ ထမင်းစားတာထက်စာရင် ပဲ ၅၀၀ ဖိုး ဝယ်ပြီး ပဲဟင်းချက်ပြီး တစ်အိမ်လုံးစားတာ ပိုပြီး အာဟာရပြည့်ဝစေပါတယ်။

ဈေးကြီးမှ အာဟာရဖြစ်တာ မဟုတ်ပါ။ ကိုယ်နိုင်တဲ့ ဝန်နဲ့ အာဟာပြည့်အောင် စားပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

၀န်ထမ်းဘ၀ မှ စီးပွားရေးလုပ်ငန်းရှင်ဆီသို့--------------------------------------------📣 လူလတ်တန်းစားတော်တော်များများဟာ ဝန...
30/06/2021

၀န်ထမ်းဘ၀ မှ စီးပွားရေးလုပ်ငန်းရှင်ဆီသို့
--------------------------------------------
📣 လူလတ်တန်းစားတော်တော်များများဟာ ဝန်ထမ်းဘဝမှာ စိတ်ညစ်နေကြပေမယ့် ကိုယ်ပိုင်စီးပွားရေးဖက်ကို ဘာလို့မကူးနိုင်ကြတာလဲ ... ❓
📣 ဘာတွေကြောင့်လဲ၊ ဘာတွေကိုကြောက်နေကြတာလဲ..❓
📣 အကယ်၍ ဝန်ထမ်းဘဝကနေ ကိုယ်ပိုင်စီးပွားရေးဖက်ကို ကူးပြောင်းလိုက်ရင် ဘယ်လိုမျိုးအခက်အခဲတွေကို ရင်ဆိုင်ရမှာလဲ ...❓
📣 ဟုတ်ပြီ...ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုမစတင်ခင်ကော ဘာတွေကိုပြင်ဆင်ထားသင့်လဲ...❓

ဟုတ်ကဲ့.. ဒီနေ့မှာတော့ ဝန်ထမ်းဘဝကနေထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကြံရွယ်နေကြတဲ့ မိတ်ဆွေတွေအတွက် ကြုံရမယ့်စိန်ခေါ်မှုတွေနဲ့ မလုပ်ခင် ကြိုတင်ပြင်ဆင်သင့်တဲ့အရာတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

OK ပထမဆုံးအနေနဲ့ ဝန်ထမ်းဘဝကနေထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်မယ့် မိတ်ဆွေအတွက် ကြုံရမယ့်စိန်ခေါ်မှုတွေကို ကြည့်လိုက်ရအောင်....😎

📌 ၁. ရနေကျ ပုံမှန်လစာမရတော့ခြင်း
တကယ်တမ်းကျတော့ ဝန်ထမ်းဘဝဆိုတာဟာ သူများအလုပ်ကို ကြိုးစားလုပ်ပေးနေရပြီး ပုံမှန်လစာယူနေရတဲ့ဘဝ ဖြစ်တယ်။ ဝန်ထမ်းလုပ်နေသမျှတော့ ပုံမှန်လစာတော့ ရှိမှာဖြစ်ပေမယ့် ကိုယ်ပိုင်စီးပွါးရေးစလုပ်တော့မယ်ဆိုရင် ပုံမှန်ဝင်ငွေရယ်လို့ တသမတ်တည်း ရှိချင်မှရှိတော့မယ်။ ရှုံးနိုင်တယ် သို့တည်းမဟုတ် အမြတ်ရနိုင်တယ်။ လူတွေဟာ ပုံမှန်ဝင်ငွေမရတော့မှာ၊ စီးပွားရေးစလုပ်ရင် ရှုံးမှာ ကြောက်ပီး ကိုယ်ပိုင်စီးပွားရေးစတင်ဖို့ တွန့်ဆုတ်ကြပါတယ်။

📌၂. အာမခံချက် မရှိတော့ခြင်း
မိတ်ဆွေသာ ဝန်ထမ်းတစ်ယောက်ဆိုရင် လစဉ်ပုံမှန်ဝင်ငွေရှိတာကို အကြောင်းပြုပီး ကျန်းမာရေးအာမခံ၊ ချေးငွေအာမခံ၊ အငြိမ်းစားအစီအစဉ်တွေ မိတ်ဆွေအတွက်ရှိပေမယ့် ကိုယ်ပိုင်စီးပွားရေးသာလုပ်တော့မယ် ဆိုရင်တော့ ဒါတွေအားလုံးကို မိတ်ဆွေဆုံးရှုံးမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့လုပ်ငန်း အောင်မြင်တယ် မအောင်မြင်ဘူးဆိုတဲ့အချက်ပေါ် မူတည်ပြီး ကွဲပြားသွားမှာဖြစ်ပါတယ်။

📌၃. လစာပြည့်ခွင့်၊ နာမကျန်းခွင့်၊ ရုံးပိတ်ရက် နားရက်များ မရှိတော့ခြင်း
တကယ်လို့မိတ်ဆွေသာ သူများဝန်ထမ်းမဟုတ်တော့ရင် မိတ်ဆွေအတွက် သီးသန့်နားနေချိန်၊အစိုးရ ရုံးပိတ်ရက် စတာတွေရှိတော့မှာမဟုတ်တော့ဘူး။ ( တချိန်လုံးအလုပ်လုပ်နေရမယ်လို့တော့ မဆိုလိုပါ)။ ဒါပေမယ့် မိတ်ဆွေရဲ့လုပ်ငန်းလုပ်ငန်းအောင်မြင်ဖို့အတွက်ဆိုရင်တော့ ပိတ်ရက်တွေနားရက်တွေကို အရင်ကထက်ပိုလျော့ရမယ်ဆိုတာတော့ ကျိန်းသေပါပဲ။

📌 ၄. ဝင်ငွေ သုည ဖြစ်သွားခြင်း
အလီဘာဘာ ကုမ္ပဏီသူဌေးကြီး ဂျက်မားသည်ပင် လုပ်ငန်းစတင်ပီး နှစ်အတော်တန်ကြာတဲ့အထိ အမြတ်စွန်းတစ်စုံတစ်ရာ မရရှိခဲ့ပေ။ ထို့အတူ တခါတလေ မိတ်ဆွေလုပ်ငန်းရဲ့ တစ်လတာအမြတ်ငွေဟာ သာမာန်လခစား ဝန်ထမ်းတစ်ယောက်ထက်တောင် နည်းချင်နည်းနေနိုင်ပေသည်။ မိတ်ဆွေရဲ့လုပ်ငန်း တိုးတက်အောင်မြင်ခြင်းဟာ မိတ်ဆွေရဲ့ကြိုးစားမှုနဲ့ တိုက်ရိုက်အချိုးကျနေတယ်ဆိုတာကိုမမေ့ပါနဲ့။

📣 အပေါ်မှာပြောခဲ့တဲ့ စိန်ခေါ်မှုတွေကိုရင်မဆိုင်နိုင်ကြလို့ပဲ လခစားဝန်ထမ်းတော်တော်များများဟာ ကိုယ်ပိုင်လုပ်ငန်း မစတင်ဖြစ်ပြီး ဝန်ထမ်းဘဝမှာပဲ သောင်တင်နေခြင်းဖြစ်တယ်။

ဒါဆို ဒီလိုမျိုးစိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုကို စတင်ဖို့ ဘယ်လိုမျိုးပြင်ဆင်မှုတွေ လုပ်ကြမလဲ .. ❓
OK. .ဆက်ကြည့်လိုက်ကြတာပေါ့..😎😎

📌ရည်မှန်းချက်ထားပါ
မိတ်ဆွေဟာလောလောဆယ်မှာ ဝန်ထမ်းဘဝနဲ့သာရှိနေသေးပေမယ့် နောက်ဘယ်နှစ်နှစ်ကြာရင် ဘာဖြစ်အောင်လုပ်မယ်ဆိုပြီး ရည်မှန်းချက်ထားပေးပါ။ ရည်မှန်းချက်ချတဲ့နေရာမှာလည်း တိကျတဲ့အချိန်နဲ့ တိကျတဲ့နေရာတစ်ခုကိုမှတ်ပြီး ချမှတ်ထားပါ။

📌 လေ့လာပါ
ကိုယ့်ရည်မှန်းချက်နဲ့ ဆိုင်တဲ့ ဗဟုသုတတွေ ပညာရပ်တွေအပြင် မိတ်ဆွေတွေ အားလုံးကို ကြိုတင်ပြီး လေ့လာမှုတွေ လုပ်ထားပါ။

📌ငွေစုပါ
မိတ်ဆွေမှာရည်မှန်းချက်တခုရှိနေရုံနဲ့ စီးပွားရေးတစ်ခုကို စတင်နိုင်မှာမဟုတ်ဘူးဆိုတာကိုသိထားပါ။ အဲ့ဒီမျှော်မှန်းချက်စိတ်ကူးကို အကောင်အထည်ဖော်ဖို့ သင့်တင့်တဲ့အရင်းအနှီး ငွေပမာဏဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတခုကနေပါဝင်နေတယ်ဆိုတာကို သိထားပါ။ ဒါကြောင့် အဆင်ပြေရင်ပြေသလို ငွေစုပါ။ ကိုယ့်လုပ်ငန်းအတွက် အထောက်အပံ့ဖြစ်နိုင်တဲ့ သူတွေနဲ့မိတ်ဆွေဖွဲ့ပါ။

📌 မိတ်ဆွေဖွဲ့ပါ
ငွေဟာ လူတွေဆီကပဲလာပါတယ်။ ဒါကြောင့် မိတ်ကောင်း ဆွေကောင်းများများဖွဲ့ပါ။

📌 အဆိုးမြင်ဝါဒီများလျစ်လျူပါ
မိတ်ဆွေဟာ လုပ်ငန်းတစ်ခုစတင်တော့မယ်ဟုစိတ်ကူးမိပြီး မိတ်ဆွေရဲ့သူငယ်ချင်းတွေ အပေါင်းအပါတွေနဲ့ တိုင်ပင်တဲ့အခါ "မင်းမလုပ်နဲ့နော်..ဒါကမအောင်မြင်နိုင်ဘူး”စတဲ့အဆိုးမြင်အကြံဉာဏ်တွေနဲ့ ပြောစကားတွေကို လျစ်လျူပါ။ အပြုသဘောဆောင်ပီး ဝေဖန် ကျိုးကြောင်းထောက်ပြတတ်တဲ့ သူတွေနှင့်သာ တိုင်ပင်ပါ။ ဘာလို့လည်းဆိုတော့ နေရာတိုင်းမှာတော့ အဆိုးနဲ့အကောင်းက ဒွန်တွဲနေတာဆိုတော့ အပျက်သဘောဆောင်တဲ့ အကြံဉာဏ်တွေနဲ့ ဘေးစကားတွေကိုသာနားယောင်မိနေရင် မိတ်ဆွေအနေနဲ့ လုပ်ငန်း ဘယ်တော့မှ စတင်လို့ ရတော့မှာမဟုတ်ပေ။

📌အစီအစဉ်ချပါ
ပြောသည့်စကားများလေထဲ ပျောက်သွားတာမျိုးမဟုတ်ပဲ တကယ် အသေးစိတ်အစီစဉ်ချ ရေးဆွဲပါ။ အစီအစဉ်ချဖို့ပျက်ကွက်တာဟာ ကျရှုံးဖို့အတွက်အစီအစဉ်ချတာနဲ့ အတူတူပဲဆိုတာကိုလည်း မမေ့ထားပါနဲ့။

📌 အကောင်ထည်ဖော်ပါ
ဟုတ်ပြီ.. အပေါ်မှာပြောခဲ့တဲ့ အချက်တွေကိုလည်း အားလုံးပြီးအောင်လုပ်ခဲ့ပြီ။ ဒါဆိုလုပ်ငန်းက အောင်မြင်တော့မှာလား။ No. . မိတ်ဆွေဟာ စိတ်ကူးယဉ်အတွက်ကြိုးစားနေတာပဲရှိသေးတာ။ အဲ့ဒါကိုအကောင်အထည်ဖော်ဖို့လိုသေးတယ်။ ဒါကြောင့် အသေးစိတ်အစီအစဉ်တွေရေးဆွဲပြီး ကိုယ့်ရဲ့စိတ်ကူးရည်မှန်းချက်ကို အကောင်အထည်ဖော်ပါ။

📌မွမ်းမံပါ
ဘယ်အလုပ်မဆို အစမှာတော့ အားနည်းချက်တွေအများကြီးနဲ့ ကြုံနိုင်ပါတယ်။ အားလုံး Perfect ဖြစ်အောင်လုပ်ပြီးမှပဲ လုပ်ငန်းကိုစတင်မယ်ဆိုရင်တော့ အဲ့ဒီလုပ်ငန်းဟာ ဘယ်တော့မှစလုပ်နိုင်တော့မှာ မဟုတ်တော့ဘူး။ အချိန်အားဖြင့် အများကြီးကြန့်ကြာနိုင်ပါတယ်။ ဒါကြောင့် အကောင်ထည်ဖော်ရင်း ဖြစ်ပေါ်လာသော အားနည်းချက်တွေကိုသာ စနစ်တကျ မွမ်းမံပြီးလုပ်ငန်းတိုးတက်ရေးအတွက် လုပ်ဆောင်ပါ။

ဒါတွေကတော့ ကိုယ်ပိုင်စီးပွားစလုပ်မယ့် သူတွေအနေနဲ့ တွေ့ရမယ့်စိန်ခေါ်မှုတွေအပြင် ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်လေးတွေကို ဆွေးနွေးပေးသွားတာပဲ ဖြစ်ပါတယ်။
မိတ်ဆွေတွေအနေနဲ့လည်း ကြုံခဲ့ရတဲ့စီးပွားရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ဘယ်လိုမျိုးကျော်ဖြတ်ခဲ့ တယ်ဆိုတာကိုလည်း အောက်က Comment မှာပြောပြသွားဖို့မမေ့ပါနဲ့နော်။

🙏“စိန်ခေါ်မှုတွေအခက်အခဲတွေကိုကျော်လွှားပြီး အောင်မြင်တဲ့လုပ်ငန်းရှင်တွေဖြစ်နိုင်ကြပါစေ”🙏
Created by-----
MYAT KHINE (SUCCESS WAY)
Myat Khine Success Way Management Team
Crd.Beatrix
:
https://m.facebook.com/story.php?story_fbid=759833701506420&id=214559779367151
https://christinekane.com/the-psychology-of-going-from-employee-to-business-owner/
Credit

ဘဝကိုတိုးတက်စေမယ့် ရိုးရှင်းတဲ့ နည်းလမ်း(၉)ခု
----------------------------------------------------
ဒီတခါတော့ ဘ၀ကိုတိုးတတ်စေမဲ့ နည်းလမ်း(၉)ခုကို ပြောပြပါမယ်---

၁။ ကိုယ့်ကိုယ်ကိုယ် တခြားသူတစ်ယောက်ရဲ့နေရာမှာ ဝင်ခံစားကြည့်ပါ။

ကိုယ်ချင်းစာနာမှုနဲ့ ကြင်နာတတ်မှုတွေကို ကိုယ့်ဆီမှာရှိလာအောင် မွေးမြူလို့ရပါတယ်။ တခြားသူတွေရဲ့ အခြေအနေတွေကို စဉ်းစား ပေးမယ်၊ အခက်အခဲတွေကို နားလည်မယ်၊ သူတို့ရဲ့ ခံစားချက်တွေက ကိုယ့်ခံစားချက်တွေလိုပဲ စစ်မှန်မှုရှိတယ်ဆိုတာကိုသိမယ်ဆိုရင် ကိုယ့်ရဲ့ ရှုမြင်ချက်တွေက ပြောင်းလဲတိုးတက်သွားပြီး တခြားသူတွေကို အကူအညီပေးဖို့ လမ်းပွင့်သွားမှာဖြစ်ပါတယ်။

၂။ စူးစမ်းသိချင်စိတ်ရှိပါ။

လေ့လာမှုတွေအရ စူးစမ်းချင်စိတ်ရှိသူတွေဟာ တခြားသူတွေနဲ့ ဆက်ဆံရေးပိုကောင်းကြပြီး ကောင်းကောင်းချိတ်ဆက်နိုင်သူတွေဖြစ်ပါတယ်။ တခြားသူတွေကလည်း သိချင်စိတ်ရှိတဲ့သူတွေကို ပိုမိုခင်မင်ကြပြီး လူမှုရေးပိုင်းအရ ပိုပြီးနီးစပ်ကြပါတယ်။

၃။ ကိုယ့်ရဲ့ ရည်ရွယ်ချက်အမှန်ကိုရှာဖွေပါ။

ကိုယ့်ဘဝရဲ့ရည်မှန်းချက်က တစ်နေ့ကို ၁၀ နာရီ၊ တစ်ပတ် ၅ ရက် နဲ့ နှစ် ၃၀ အလုပ်လုပ်ပြီး အနားယူဖို့မဟုတ်ဘူးဆိုတာကိုကိုယ့်ကိုယ်ကိုယ် မကြာခဏ သတိပေးပါ။

ကိုယ့်ရဲ့ရည်မှန်းချက်အမှန်ဆိုတာ အလုပ်လုပ်နေစဉ်တလျှောက် အချိန်
တစ်ချိန်မှာ အဆင့်တစ်ဆင့်နဲ့ ကိုယ့်အတွက် ပျော်ရွှင်မှုပေးတဲ့ ကိုယ် အမှန်တကယ်လုပ်ချင်တဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ရှာဖွေဖို့ဖြစ်သင့်ပါတယ်။

သို့မှသာ အဆုံးမှာ ကိုယ်လုပ်ဆောင်ခဲ့တဲ့အရာတွေက တခြားသူတွေရဲ့ ဘဝအတွက် ဘယ်လိုအကျိုးကျေးဇူးတွေကိုဖြစ်စေခဲ့လဲ၊ ဘယ်သူတွေ အတွက် ကိုယ်ကပိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့လဲဆိုတဲ့အရာက ကျန်ရှိနေမှာဖြစ်ပါတယ်။

၎။ စိတ်ရှည်သည်းခံမှုကို လေ့ကျင့်ပါ။

စိတ်ရှည်သည်းခံမှုဆိုတာ အခြေအနေတွေက ကိုယ် မထိန်းချုပ်နိုင်လောက်အောင် ကြီးထွားလာတဲ့အခါမှာ ကိုယ့်ကိုစိတ်ငြိမ်အောင်နဲ့ ကိုယ့်ရဲ့ရွေးချယ်မှုတွေကို ပြန် ပြောင်းတွေးတောမိအောင် ကူညီပေးတဲ့ အရည်အသွေး တစ်ခုဖြစ်ပါတယ်။

စိတ်ရှည်မှုကကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စေပြီး ဘဝရဲ့စိတ်ရှုပ်စရာကောင်းတဲ့အချိန်မှာ တခြားသူတွေရဲ့ အပြစ်ကင်းမှုကို ရှုမြင်တတ်လာစေပါတယ်။

၅။ သိမြင်တတ်ကျွမ်းသူတွေဆီကနေ သင်ယူပါ။

အသိဉာဏ်အရှိဆုံးသူတွေဟာ သူတို့ကိုယ်သူတို့ ဘဝဆိုတဲ့ရေကန်ကြီးကြီးမားမားထဲက ငါးအသေးလေးတွေလို့ ရှုမြင်ကြပါတယ်။ သူတို့တွေက အသစ်သစ်သောအရာတွေကို သင်ယူဖို့
အချိတ်အဆက်တွေကို များပြားအောင်ပြုလုပ် ပါတယ်။ ကိုယ်က ဘယ်သူတွေကို လေးစားသလဲ။

ကိုယ်လေးစားရတဲ့ သူတွေနဲ့စကားစမြည်ပြောပါ၊ ကိုယ့်ကိုယ် တိုးတက်စေနိုင်မယ့် အရာတွေအကြောင်းကို မေးမြန်းပါ။

၆။ ငြိမ်းချမ်းမှုနောက်ကို လိုက်ပါ။

ကိုယ့်ကိုယ် စိတ်ပျော်ရွှင်မှုပေးတဲအရာတွေကို လုပ်ဆောင်ပါ။ကိုယ်က ဘာတွေကို လုပ်ရတာကြိုက်သလဲ။ ဘယ်အရာတွေကကိုယ့်ဆီကို ငြိမ်းချမ်းမှုကို ယူဆောင်လာပေးလဲ--
ဥပမာ-ဝါသနာတွေ သဘာဝတရားတွေ သူငယ်ချင်းစတာတွေ
သို့မဟုတ် လေ့ကျင့်ခန်းလုပ်တာ စသဖြင့် ကိုယ့်အတွက် စိတ်ငြိမ်းချမ်းစေတဲ့အရာတွေကို လုပ်ဆောင်ပါ။

၇။ မိမိကိုယ်ကိုယ် သိရှိအောင်လုပ်ပါ။

အကြောင်းအရာတစ်ခုခုကို မတူညီတဲ့ အဖြေရရှိဖို့ ကိုယ့်ခံစားချက်၊ သို့မဟုတ် တခြားသူတွေရဲ့ ခံစားချက် နှစ်ဖက်စလုံးကနေ ရှုမြင်ကြည့်မှ ကိုယ့်ကိုယ်ကိုယ် သိရှိမှုဆိုတာက ဖြစ်ပေါ်လာပါတယ်။

၈။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အတိုင်း မြန်မြန်ဆန်ဆန်လုပ်ဆောင်ပါ။

ကျန်းကျန်းမာမာနေထိုင်ဖို့ လိုအပ်တယ်လို့ ကိုယ်ခံစားမိတဲ့အရာတွေကို လုပ်ဆောင်ခြင်းအားဖြင့် ကိုယ့်ဘဝအတွက် ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အတိုင်း မြန်မြန်ဆန်ဆန် လုပ်ဆောင်ပါ။

ကိုယ်က အလုပ်ခွင်မှာဆိုရင် ပုံမှန်နားချိန်လေးတွေထားပါ၊ ကိုယ်လက်အညောင်းဆန့်ပါ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ၊ အခန်းအပြင်မှာ လမ်းလျောက်ထွက်ပါ။ စိတ်ပါဝင်စားမှု အသစ်တွေ ကိုလုပ်ဆောင်ကြည့်ပါ။ ကိုယ့်ကိုယ့်ကိုယ် ပျော်ရွှင်မှုရှိအောင်လုပ်ပါ။

၉။ ရှေ့ဆက်ပြီး ကျရှုံးမှုတွေရှိနိုင်တယ်ဆိုတာကို လက်ခံပါ။

ကိုယ်က ကျရှုံးမှုကို ကြုံတွေ့တာနဲ့ တစ်ပြိုင်နက် အလွယ်တကူ လက်လျော့တယ်၊ အရှုံးကနေ ပြန်မထနိုင်တဲ့ သူတစ်ယောက်ဆိုရင် အောင်မြင်တဲ့သူတွေရရှိခဲ့တဲ့ အကြီးမားဆုံးသင်ခန်းစာတွေထဲက တစ်ခုကို ကိုယ်က ဆုံးရှုံးနေပါတယ်။

ကျရှုံးမှုဆိုတာက အောင်မြင်မှုကိုသွားတဲ့ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျရုံးမှုတွေကြုံတွေ့နိုင်တယ်ဆိုတာကို အစောပိုင်းတည်း ကလက်ခံပါ။

သို့မှသာ ကျရှုံးမှုတွေကို ဘယ်လိုပဲကြုံရကြုံရ မိမိကိုယ်ကို ယုံကြည်မှု ရှိစွာနဲ့ ရင်ဆိုင်နိုင်မယ်၊ ကိုယ့်ရဲ့အမှားတွေကနေ သင်ယူနိုင်မယ်၊ နည်းလမ်းနောက်တစ်မျိုးနဲ့ ပြန်လည်ကြိုးစားကြည့်နိုင်ပါမယ်နော်။
အောင်မြင်သူတွေ ဖြစ်ကြပါစေလို့.....
Created by---
MYAT KHINE(SUCCESS WAY)
Crd.CEO Myanmar

28/06/2021

Uric acid များတဲ့ သူတွေ ရှောင်သင့်သော အစားအစာများ

ပထမ အနေနဲ့ Uric acid (ယူးရစ်အက်ဆစ်) များရင် ဘာဖြစ်တတ်လဲ ကို အရင်ပြောပြပေးပါမယ်။ အဓိက ကတော့ အဆစ်အမြစ်ရောင်တဲ့ ရောဂါ ၊ ဆေးပညာအရ Gout (ဂေါက်) ရောဂါလို့လည်းခေါ်ပါတယ်။ နောက်တစ်ခု အဖြစ်များတာက တော့ ဆီးကျောက်တည်တာပါ။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာ အထူးကုတွေ က ရှင်းပြပေးပါလိမ့်မယ်။

အခု ကျွန်တော် Uric Acid များတဲ့ သူတွေ ဘာတွေ စားသင့်လဲ။ ဘာတွေ ရှောင့်သင့်လဲ ကို ပြောပြပေးချင်ပါတယ်။

သတိနှင့် စားသင့်သည့်အစားအစာများ

1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။

3. ပင်လယ်စာ များ၊ ငါးသေတ္တာငါး
အစရှိတဲ့ အစားအစာ တွေ ပာာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပခတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

Purine ပါဝင်မှု့ နည်းသောအစားအစာများ(စားသင့်သော အစားအစာများ)

1. ရေများများသောက်ပေးပါ။ ဒါမှ ကျောက်ကပ်က Uric Acid တွေ ကို ဆီးနဲ့ အတူ စွန့်ထုတ်ပေးနိုင်မှ ဆီးကျောက်တည် တာကို ကာကွယ်ပေးနိုင်မှာပါ။ ထို့အပြင် သွေးတွင်း Uric acid ပမာဏ ကို လည်းကျစေပါတယ်။

2. အသီးတော်တော်များများ က purine ဓါတ်ပါဝင်မှု့နည်းတဲ့ အတွက် စားသင့်ပါတယ်။

3. အဆီထုတ်ထားတဲ့ နို့သောက်ပေးပါ။ ဒါပေမယ့် နို့ထဲ မှာ ဗီတာမင် ဒီ (D) ထပ်ထည့်ထားတဲ့ နို့ဆိုရှောင်သင့်ပါတယ်။ ဆီးကျောက်တည်တာပိုဆိုးစေ တတ်လို့ပါ။

4. Cheese

5. ခါကျက်ဥ

6. အစေ့အဆံများ

7. ပေါင်မုန့်၊ ထမင်း၊ အီတလီခေါက်ဆွဲ (Pasta, Spaghetti)

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

ကိုဗစ်-၁၉ positive စဖြစ်ပြီ ဆိုရင် အခုတလော positive case တွေ ပြန်များလာတာ တွေ့ရပါတယ်။ အကြမ်းဖျင်းအားဖြင့် ကိုယ်ခံအားတက်အ...
28/06/2021

ကိုဗစ်-၁၉ positive စဖြစ်ပြီ ဆိုရင်

အခုတလော positive case တွေ ပြန်များလာတာ တွေ့ရပါတယ်။ အကြမ်းဖျင်းအားဖြင့် ကိုယ်ခံအားတက်အောင် စားရမယ့် ပြောပြပေးပါမယ်။

မနက်စာ - ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ နံပြား၊ ပလာတာ၊ ပေါင်မုန့် စတာတွေ ကို ကြက်ဥ၊ ပဲပြုတ်၊ နို့၊ တခုခု နှင့် တွဲစားပါ။

နေ့လည်စာ - ထမင်း နှင့် အသား (သို့) ပဲ (သို့) ကြက်ဥ၊ ဘဲဥ တခုခု ပါအောင် စားပါ။ အရွက်ကြော် က တော့ ဖြစ်နိုင်ရင် စားပေးပါ။

နေ့လည်စာ အဆာပြေ - ပေါင်မုန့်၊ ဘီစကွတ် + နို့ (သို့) ကြက်ဥပြုတ် (သို့) အာဟာရမှုန့် (malted milk/ nutritional milk) (သို့) UHT နို့ဘူးတွေ သောက်ပါ။ အသီးရရင် အသီးပါ စားပေးပါ။

ညစာ - နေ့လည်စာ နှင့် ပုံစံတူ စားပါ

ညဘက် ဗိုက်ဆာလျှင်လဲ - နွားနို့၊ ပဲနို့၊ Malted Milk၊ UHT milk၊ သက်ဆိုင်ရာ အာဟာရမှုန့် စတာတွေ သောက်ပေးပါ။

ရေများများ သောက်ပါ (၂-၃ လီတာ)

အားဆေး အနေ နဲ့ Multivitamin တခုခု သောက်ပါ (ဥပမာ - Supradyn, Sunlife multivitamin ရေဆူဆေးပြား, Spektrum, Well Man, Well Woman, revital, nutrivita စတာတွေ ထဲ က တခုခုသောက်ပါ။)

(မှတ်ချက်- အားဆေး ကြေညာပေးခြင်း မဟုတ်ပါ)

ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်း များကို အများသိပြီးသည့်အတိုင်း ဆက်လက် လိုက်နာ ဆောင်ရွက်ကြပါရန်

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Credit

ကိုဗစ်-၁၉ positive စဖြစ်ပြီ ဆိုရင်

အခုတလော positive case တွေ ပြန်များလာတာ တွေ့ရပါတယ်။ အကြမ်းဖျင်းအားဖြင့် ကိုယ်ခံအားတက်အောင် စားရမယ့် ပြောပြပေးပါမယ်။

မနက်စာ - ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ နံပြား၊ ပလာတာ၊ ပေါင်မုန့် စတာတွေ ကို ကြက်ဥ၊ ပဲပြုတ်၊ နို့၊ တခုခု နှင့် တွဲစားပါ။

နေ့လည်စာ - ထမင်း နှင့် အသား (သို့) ပဲ (သို့) ကြက်ဥ၊ ဘဲဥ တခုခု ပါအောင် စားပါ။ အရွက်ကြော် က တော့ ဖြစ်နိုင်ရင် စားပေးပါ။

နေ့လည်စာ အဆာပြေ - ပေါင်မုန့်၊ ဘီစကွတ် + နို့ (သို့) ကြက်ဥပြုတ် (သို့) အာဟာရမှုန့် (malted milk/ nutritional milk) (သို့) UHT နို့ဘူးတွေ သောက်ပါ။ အသီးရရင် အသီးပါ စားပေးပါ။

ညစာ - နေ့လည်စာ နှင့် ပုံစံတူ စားပါ

ညဘက် ဗိုက်ဆာလျှင်လဲ - နွားနို့၊ ပဲနို့၊ Malted Milk၊ UHT milk၊ သက်ဆိုင်ရာ အာဟာရမှုန့် စတာတွေ သောက်ပေးပါ။

ရေများများ သောက်ပါ (၂-၃ လီတာ)

အားဆေး အနေ နဲ့ Multivitamin တခုခု သောက်ပါ (ဥပမာ - Supradyn, Sunlife multivitamin ရေဆူဆေးပြား, Spektrum, Well Man, Well Woman, revital, nutrivita စတာတွေ ထဲ က တခုခုသောက်ပါ။)

(မှတ်ချက်- အားဆေး ကြေညာပေးခြင်း မဟုတ်ပါ)

ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်း များကို အများသိပြီးသည့်အတိုင်း ဆက်လက် လိုက်နာ ဆောင်ရွက်ကြပါရန်

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Address

Yangon

Telephone

+959956695583

Website

Alerts

Be the first to know and let us send you an email when Thu Thu Eain online market posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thu Thu Eain online market:

Shortcuts

Share