10/09/2026
Yoon Skin Hair Treatment ကို ဘူးလား? အထုပ်လား? မေးရင် ကိုယ်ကတော့ အထုပ် team ကပဲ!
အာနိသင်နဲ့ result က အတူတူဆိုပေမဲ့ အထုပ်ကြီးကမှ ပိုတန်တာ... 500 ml ကိုမှ 3 သောင်းကျော်ပဲရှိတာ။ အားရပါးရသုံးရလည်း သုံးရတယ်။
Family size ကြီးမို့ တယောက်တည်းသမားဆို တမေ့တမုန်းသုံးပါလေ။
သုံးနေတာ ကြာပြီ။ သုံးတာတော့ ဘူးနဲ့စသုံးတာပဲ။ အခု အထုပ်နဲ့ပါ ထပ်သုံးဖြစ်နေပါတယ်။
Result ကို တော်တော်ကြိုက်တာ။ ဆံပင်ကလေ ချက်ချင်းပျော့ဖတ်သွားတာ။ ဝပ်အိပြီး ငြိထွေးနေတာအကုန်ရှင်း၊ အရမ်း အရမ်းကိုသုံးလို့ကောင်းတာပါ။
Texture ကလည်း ထူပျစ်ပျစ်မဟုတ်ဘူး။ ဆံပင်မှာ စေးကပ်ကပ်မဖြစ်ဘူး။ တခါတလေ သုံးတာများသွားရင်တောင် အဆီပြန်တာမဖြစ်ဘူးရယ်။
သုံးနေရင်းနဲ့ Weight ပိုရှိလာပြီး၊ အကျွတ်သက်သာလာတာတော့ သိသိသာသာသထိထားမိတယ်။
သူက ပျော့စေတာတခုတည်းမဟုတ်ဘူး၊ ဆံသားအတွင်းထဲအထိ Nourishing လုပ်ပေးတဲ့ Hair Treatment ဆိုတော့ ဆံသားစိုစိုပြောင်ပြောင်နဲ့ အားရှိလာဖို့ စွဲသုံးလို့ တအားအဆင်ပြေပါတယ်။
Botanical Extracts တွေ ထည့်သုံးထားတာ။ Asiatic Dogwood Extract, Chinese Foxglove Extract, Peony Root Extract တို့ပါတယ်။ ဒီ Ingredients တွေက ဆံသားခြော၊က်တာ၊ အဖျားနှစ်ခွဖြစ်တာ၊ ကျွတ်တာတွေကို သက်သာစေတယ်။
အနံ့လည်း ကောင်းတယ်။ ချစ်စရာကောင်းတဲ့ အနံ့လေးတခုပဲ။
ခေါင်းလျှော်ပြီးတဲ့အထိ ဆံပင်မှာ နည်းနည်းသင်းသင်းလေး စွဲကျန်တယ်။
ဒီဈေးနဲ့ ဒီ Quality ကတော့ တကယ်ရှားမှရှားပဲ။ လူကြိုက်များ၊ နာမည်ကြီးတာလည်း မပြောနဲ့၊ တကယ်သုံးရအဆင်ပြေပြီး Result ကောင်းတဲ့ Hair Mask ပါ။
Try ဖို့ စဉ်းစားနေရင်တော့ try ကြည့်လိုက်သင့်ပါပြီ။ Highly Recommend ပေးပါတယ်။
ဘူးက သယ်ရပြုရလွယ်တယ်ဆိုပေမဲ့ အိမ်မှာပဲဆိုရင် အထုပ်ကြီးသာသုံးပါ။
Yoon Skin မှာ ရပါတယ်။